Saturday, September 27, 2008
20th Anniversary of the Founding of the National League for Democracy
Interview by CNC Media
Posted by Thawngsian Tung
Kamata

Sunday, September 21, 2008
Saturday, September 20, 2008
C N C Monthly Meeting for September
Photo by
Lian Khan Sum (CNC-JAPAN)
Friday, September 19, 2008
Thursday, September 18, 2008
Saturday, September 13, 2008
Gambari to brief Security Council today
| Gambari to brief Security Council today | | | |
| Mizzima News |
| Thursday, 11 September 2008 12:15 |
| United Nations Special Envoy to Burma, Ibrahim Gambari, is poised to meet with Security Council members Thursday morning in New York, according to the office of the Secretary General. In a Wednesday press conference at the U.N. in New York, spokesperson Michele Montas informed reporters that Gambari was due to meet with the Security Council the following morning, after which it is expected he will hold his own press conference regarding his ongoing efforts in Burma. Gambari's mission has recently been decried "a waste of time" by the opposition National League for Democracy, and critics have been further frustrated by the lack of communication from the Special Envoy in the weeks following his visit. Also yesterday, Montas clarified the position of the international body with respect to a petition from elements within Burma's democratic opposition to unseat the junta's representative at the U.N. Though addressing their plea to the Secretary General, Montas pointed out that the Secretary General does not deal with such matters, the correct forum for such a review being the General Assembly's Credentials Committee. "The Secretary-General can only convey this letter to Members of the General Assembly," Montas said of the missive from the opposition camp. "As you know, the matter of credentials is something that is handled by the General Assembly." The Credentials Committee will convene following the opening of the 63rd seating of the General Assembly – due to commence on September 16th. China, Russia and the United States were joined on the committee last year by Angola, Chile, Namibia, Singapore, Suriname and Switzerland. A new slate of nine members is to be appointed at the onset of this year's General Assembly meeting. Gambari left Burma on August 23rd, after which he met with leaders in Thailand and Indonesia before briefing Secretary General Ban Ki-moon in Turin, Italy. He has previously met with, and received the support of, the President of the General Assembly. Posted by Thawng sian Tung |

Friday, September 12, 2008
By NEJ
ပီတာအောင် / ၁၃ စက်တင်ဘာ ၂၀၀၈။ ။
ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အကျယ်ချုပ် တားဆီးမိန့် အယူခံဝင်နိုင်ရေးကိစ္စမှလွဲ၍ နေအိမ် အကျယ်ချုပ် ကျခံနေရသူတဦး ရသင့်သည့် အခွင့်အရေးများ တောင်းဆိုထားမှုကို စစ်အစိုးရက လိုက်လျောလိုက်ပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က ပြောသည်။
ယမန်နေ့၌ ဒေါ်အောင်ဆန်းစုကြည်၏ မိသားစုရှေ့နေ ဦးကြည်ဝင်းက ဒေါ်အောင်ဆန်းစုကြည်နှင့် ထပ်မံသွားရောက်တွေဆုံခဲ့ပြီးနောက် ဦးကြည်ဝင်း၏ ပြန်လည်ပြောပြချက်အရ အန်အယ်လ်ဒီပြော ရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ထိုသို့ပြောဆိုခြင်းဖြစ်သည်။
ဦးဥာဏ်ဝင်းက “အားလုံးနီးပါးရပြီလို့ပဲ ပြောရမှာပဲ။ ရပါတယ်ဆိုတာ နှစ်ဖက်ညှိနှိုင်းပြီးတော့ လိုအပ် သလိုတော့ ဆောင်ရွက်ရတာပေါ့။ ကျန်သေးတာကတော့ အယူခံကိစ္စပဲ။ အယူခံတရားဝင်တင်နိုင်ဖို့၊ တရားဝင်အယူခံဖို့ ဒါတွေက လုပ်နေဆဲတန်းလန်းပါ။ ဒေါ်အောင်ဆန်းစုကြည်က အပြင်ကအစား အစာ ပြန်ပြီးလက်ခံတော့မယ့် အနေအထားလို့ ဦးကြည်ဝင်းက ပြောပါတယ်။ ဘယ်လိုလက်ခံမလဲ ဆိုတာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေါက်တာတင်မျိုးဝင်းတွေ့ပြီးရင် ရိက္ခာသွင်းဖို့ကိစ္စတွေ အဆင်ပြေပြေ ဆောင်ရွက်နိုင်မှာပါ” ဟု ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေး အပြင်ပန်းအားဖြင့် ကောင်းမွန်ကြောင်းနှင့် လာမည့် တနင်္ဂနွေနေ့တွင် ဒေါက်တာတင်မျိုးဝင်းနှင့်တွေ့ရန် ဒေါ်အောင်ဆန်းစုကြည်က လက်ခံထားသည် ဟုလည်း ဦးဥာဏ်ဝင်းက ပြောသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ နေထိုင်သည့် ဒေါ်ခင်ခင် ၀င်းတို့သားအမိကိုလည်း အာဏာပိုင်များက မနက် (၆) နာရီမှ ည (၆) နာရီအတွင်း လွတ်လပ်စွာ သွားလာခွင့်ကို သဘောတူလိုက်ကြောင်း သိရသည်။
အယူခံဝင်ရေးကိစ္စ ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေဦးကြည်ဝင်းတို့ ဆက်လက်ဆောင်ရွက်နေပြီး ဦးကြည်ဝင်း၏ လက်ထောက်အဖြစ် ဦးဥာဏ်ဝင်းနှင့် ဦးလှမျိုးမြင့်တို့ (၂) ဦးကို ခန့်ထားခွင့်တောင်းခံ ထားရာတွင် အာဏာပိုင်တို့က ဦးလှမျိုးမြင့်ကိုသာ ခွင့်ပြုပြီး ဦးဥာဏ်ဝင်းသည် အန်အယ်လ်ဒီပါတီ ၀င်ဖြစ်နေသဖြင့် ပါတီနှင့် မဆက်သွယ်ရဆိုသည့် မူလကန့်သတ်ထားချက်အရ ခွင့်ပြုခဲ့ခြင်းမရှိ ကြောင်း အန်အယ်လ်ဒီက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်သည် မူလကန့်သတ်ခံနေရသည့် တားဆီးမိန့် ဥပဒေနှင့်မဆိုင်ဘဲ ပိတ်ပင်ခံ ထားရသည့် မိသားစုထံမှ ပေးစာများ၊ မဂ္ဂဇင်းများနှင့် အီလက်ထရောနစ်ပစ္စည်းများ သွင်းယူခွင့် အပါအ၀င် ပုဂ္ဂလိက ရပိုင်ခွင့်များရရှိရန် ပြီးခဲ့သည့်လကတည်းက အာဏာပိုင်များထံ တင်ပြတောင်း ဆိုနေခြင်းဖြစ်သည်။
ထိုသို့တောင်းဆိုနေစဉ်အတွင်း ရှေ့နေဦးကြည်ဝင်းကိုသာ လက်ခံတွေ့ဆုံခဲ့ပြီး ပြင်ပ အစားအစာ ပေးပို့သည့် အ၀ယ်တော် ကိုမြင့်စိုး၊ ကုလသမဂ္ဂအထူးကိုယ်စားလှယ်၊ နအဖ ဆက်ဆံရေး ၀န်ကြီးတို့ သာမက သူမ၏ မိသားစု ဆရာဝန် ဒေါက်တာတင်မျိုးဝင်းကိုပါ လက်ခံတွေ့ဆုံခြင်းမပြုခဲ့ပေ။
News posted by Thawngsian Tung

၈၈ မျိုးဆက် ကျောင်းသားများ ရုံးထုတ် မိသားစု ကြားနာခွင့်ရ
ဧရာဝတီ | စက်တင်ဘာ ၁၂၊ ၂၀၀၈
ထင်ရှားသည့် ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်အပါအ၀င် ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့မှ ၃၀ ကျော်ကို စက်တင်ဘာ ၉ ရက် အင်္ဂါနေ့က ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးအနေနှင့် အင်းစိန် အကျဉ်းထောင် အတွင်း၌ ရုံးထုတ်ကြောင်း ရှေ့နေ ဦးညီညီလှိုင် ကပြောပြသည်။
ဦးညီညီလှိုင်က “ကျနော်တို့ကို ထောင် အနှစ် တထောင် ပဲချချ ဖုန်းကွယ်ထားလို့မရပါဘူး၊ ကျနော်တို့ အနေနဲ့ ဥပဒေဘောင် အတွင်းကနေ ဆက်လက်ရင်ဆိုင်သွားမှာဖြစ်ပါတယ်”ဟု ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်က တရားသူကြီး ကို ပြောကြားခဲ့သည်ဟု ဧရာဝတီသို့ ပြောသည်။
ဦးညီညီလှိုင်သည် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့အား စွဲဆိုသည့်အမှုများကို လိုက်ပါဆောင်ရွက်နေသော ရှေ့နေ တဦးဖြစ်သည်။
အင်္ဂါနေ့က မင်းကိုနိုင်နှင့် ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့မှ ၃၄ ဦးကို ပုဒ်မ ၃၃(က)၊ ၁၇(၁) တို့ဖြင့် စွဲဆို၍ ရုံးထုတ်ခြင်း ဖြစ်ပြီး နအဖ ကြေညာချက် ၅/၉၆ အရ အမျိုးသားညီလာခံကို နှောင့်ယှက်ဖျက်ဆီးမှု၊ ပြစ်မှုပုဒ်မ ၁၃၀ (ခ) အရ နိုင်ငံခြား တိုင်းပြည်များအား အကြည်ညိုပျက်စေမှုများဖြင့်လည်း ၎င်းတို့အား စွဲဆိုထားကြောင်း ဦးညီညီလှိုင်က ပြောသည်။
ယင်းပုဒ်မ ၁၃၀(ခ)မှာ ၂၀၀၇ ခုနှစ် ဇန်န၀ါရီလ အတွင်းက မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေး ကောင်စီ၏ ဆုံးဖြတ်ချက်ကို တရုတ်နှင့် ရုရှ နိုင်ငံတို့က ဗီတိုအာဏာသုံး၍ ပယ်ချခဲ့သည့်အပေါ် ဝေဖန်သော ကြောင့် စွဲဆိုသည့် ပုဒ်မ ဖြစ်ကြောင်း သိရသည်။
အင်္ဂါနေ့က ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ရုံးထုတ်သည်ကို မိသားစုဝင်များ အပါအ၀င် တခြားသော မည်သူ တဦး တယေက်ကိုမျှ အသိပေးခြင်းမရှိဟုလည်း ၎င်းက ဆိုသည်။
ယခု ဖမ်းဆီး တရားစွဲဆိုခံထားရသည့် ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့မှ အများစုသည် စစ်အစိုးရ၏ ထောင် ၁၅ နှစ်ကျော် ပြစ်ဒဏ်ချမှတ်ခံရပြီးသူများဖြစ်ပြီး ယမန်နှစ် သြဂုတ်လအတွင်းက လောင်စာဆီဈေးကို အစိုးရက အဆမတန်မြှင့်တင်သည့် အတွက် လမ်းလျှောက် ဆန္ဒပြသောကြောင့် ဖမ်းဆီးခံထားရသူများ ဖြစ်သည်။
ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမြအေး၊ ကိုကျော်မင်းယု(ခ) ကိုဂျင်မီ၊ ကိုမင်းဇေယျ အပါအ၀င် အဆိုပါ ၈၈ မျိုးဆက် ကျောင်းသားများအား ယမန်နှစ်ကဖမ်းဆီးထားပြီး ပုဒ်မအမျိုးမျိုးဖြင့် ပြောင်းလဲစွဲဆို၍ ထောင်သွင်းထားခဲ့သည်မှာ တနှစ် ကျော်ကြာခဲ့ပြီဖြစ်သည်။
၈၈ မျိုးဆက်ကျောင်းသားခေါင်း ကိုမင်းကိုနိုင်အား ပြည်ပ သတင်းမီဒီယာ အင်တာနက် စာမျက်နှာများတွင်ပါရှိသည့် အင်တာဗျူးများ၊ ပြောဆိုမှုများကို အထောက်အထားအဖြစ် တင်ပြစွဲဆိုမှုများလည်းရှိသည်ဟု ဦးညီညီလှိုင် က ပြောသည်။
ပြီးခဲ့သည့် သြဂုတ်လ ၂၇ ရက်က ပထမဆုံးအကြိမ် ရုံးထုတ်ရာတွင် လက်မထိပ်မခတ်ဘဲ ရုံးထုတ်ရန်နှင့် မိသားစု ၀င်များ အပါအ၀င် အများပြည်သူ ကြားနာနိုင်သော တရားစီရင်သည့် တရားရုံးတွင် အမှုစစ်ဆေးရန်တို့ကို ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များက တောင်းဆိုထားသည်။
“မိသားစုတွေ နားထောင်ခွင့်တော့ ရပါပြီ၊ အခုထိတော့ လက်ထိပ်နဲ့ ရုံးထုတ်နေတုန်းပါပဲ”ဟု ရှေ့နေကြီးဦးအောင် သိန်းက ပြောသည်။
ယခု တရားစွဲဆို ထားသူများအား အပြစ်ရှိသူများဟု သတ်မှတ်ထားသောကြောင့် အာဏာပိုင်များအနေနှင့် လွတ်လပ်မျှတ သည့် တရားရုံးအဖြစ်လက်ခံဆောင်ရွက်ရန် သံသယရှိကြောင်းလည်း ၎င်းက ပြောဆိုသည်။
“တရားရုံးရဲ့ ဆုံးဖြတ်ချက်မချမီ ကျနော်တို့က ကိုယ့် ယူဆချက် ထင်မြင်ချက်ပေးလို့တော့ မရဘူး၊ အမှုတခုကို တရားရုံးက စစ်ဆေးလို့မပြီးခင် ဘာမှပြောခွင့်မရှိဘူး၊ အခု ရဲချုပ်က သတင်းစာရှင်းလင်းပွဲတွေမှာ အပြစ်ရှိတယ် လို့ ပြောနေတာတွေရှိ တယ်၊ အဲဒါတောင် လုပ်ခွင့်မရှိဘူး၊ သူတို့က အာဏာပိုင်ဆိုတော့ လုပ်ခွင့်ရရင် ရမှာပေါ့ဗျာ၊ ကျနော်တို့ ရှေ့နေတွေ က အဲဒီလိုကိစ္စမျိုးတွေမှာ ကြိုတင်ပြီးတော့ ကိုယ့်ရဲ့ ယူဆချက် ထင်မြင်ချက်ကို ပေးလို့ မရဘူး၊ သူတို့ဟာ သူတို့ ထုတ်ပြန် ကြေညာတာပေါ့၊ ကျနော်တို့ကတော့ တရားရုံးပေါ်မှာ တင်ထားတော့ တရားရုံး ပုံစံနဲ့ အဓိက သွားရမှာပဲ”ဟု ဦးအောင်သိန်းက ဆက်ပြောသည်။
၈၈ မျိုးဆက်ကျောင်းသားအဖွဲ့မှ ကိုထွန်းမြင့်အောင်၊ ကိုစိုးထွန်းနှင့် ဗုဒ္ဓဟူးနေ့က ဖမ်းဆီးခံရသော မနီလာသိန်း အပါအ၀င် ၉ ဦးအား တရားခံပြေးအဖြစ် အာဏာပိုင်များက သတ်မှတ်ထားပြီး တရားလိုများကို အင်္ဂါနေ့က စစ်ဆေးကြောင်းလည်း သိရသည်။
News Posted by Thawngsian Tung

Thursday, September 11, 2008
Demonstration for Ethnic leader Khun Htun Oo and other Shan leaders' release
Wednesday, September 10, 2008
Hunger Strike in Japan on 10-09-08 infront of UN House
Hunger Strike in Japan on 09-09-08 infront of UN House
Tuesday, September 9, 2008
Hunger Strike in Japan on 08-09-08 infront of UN House
Monday, September 8, 2008
၁၃၇၀ ခု တော်သလင်းလဆန်း (၇) ရက်
၂၀၀၈ ခုနှစ် စက်တင်ဘာလ (၆) ရက်
မာလာရုံကျောင်းတိုက်သို့ ဥပဒေမဲ့ စီးနင်းရှာဖွေဖမ်းဆီးခြင်းအား ပြင်းထန်စွာကန့်ကွက်ရှုတ်ချ
နအဖစစ်အစိုးရ၏ လက်ကိုင်တုတ်များမှ ရန်ကုန်တိုင်း၊ သံလျင်မြို့နယ် ဗိုလ်ချုပ်ရွာရှိ မာလာရုံကျောင်းတိုက်သို့ (၅-၉-၂၀၀၈) ရက်နေ့ နံနက် (၂) နာရီခန့်က ရန်သူ့စခန်းကိုဝင်ရောက်စီးနင်းသည့်အလား ဥပဒေမဲ့စွာ ကျူးလွန်စော်ကားခဲ့ကြပါ သည်။
ကျောင်းတိုက်တစ်ခုလုံးကို တစ်နာရီနီးပါး ရစရာမရှိအောင် မွှေနှောက်ရှာဖွေခဲ့ကြပါသည်။ ထိုသို့စစ်ဆေးရှာဖွေနေစဉ် ကာလတွင်လည်း ကျောင်းနေသံဃာတော် (၁၇) ပါးကို ၀မ်းလျားမှောက်ခိုင်းထားပြီး အကြောင်းပြချက်တစုံတရာမပေးဘဲ ကျောင်း ကိုဝင်ရောက်ရှာဖွေပြီး ကျောင်းထိုင်ဆရာတော် ဦးသီလ၀ံသအပါအ၀င် သံဃာ၁၇ပါးစလုံးကို အတင်းအဓမ္မဖမ်းဆီး ခေါ်ဆောင် သွားခဲ့ပါသည်။
မာလာရုံကျောင်းတိုက်သည် ဗုဒ္ဓသာသနာထွန်းကားပြန့်နှံ့စေရေးအတွက် အထူးတလည်အာရုံထား၍ သာသနာပြုနေ သောကမ္မဋ္ဌာန်းကျောင်းတိုက် တစ်တိုက်ဖြစ်ပါသည်။ ဆရာတော် ဦးသီလ၀ံသသည်လည်း သံဃာငယ်များကိုစာဝါပို့ချကမ္မဋ္ဌာန်းနည်းပြနေသောဆရာတော်တစ်ပါးဖြစ်ပါသည်။
ကျောင်းနေသံဃာငယ်များမှာလည်း ပရိယတ္တိ၊ ပဋိပတ္တိ၊ ပဋိဝေဒ ဟူသည့် သာသနာသုံးရပ်ကို လုံ့လစိုက်၍ ထမ်းရွက်နေသော သံဃာတော်များဖြစ်ပါသည်။
ဤကဲ့သို့သောကျောင်းတိုက်နှင့်ဤကဲ့သို့သောဆရာတော်သံဃာတော်များကို
ယခုကဲ့သို့ပြုမူဆောင်ရွက်ခြင်းသည်ဘာသာသာသနာကိုဖျက်လိုဖျက်ဆီးလုပ်ခြင်း၊
ကျူးလွန်စော်ကားလိုက်ခြင်းပင်ဖြစ်ပါသည်။
ဤလုပ်ရပ်အား မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးမှ ပြင်းထန်စွာ
ကန့်ကွက်ရှုတ်ချလိုက်ပါသည်။
နအဖစစ်အစိုးရအနေဖြင့် ဖမ်းဆီးခေါ်ဆောင်သွားသော ဆရာတော်အား အမြန်ဆုံးပြန်လည်လွှတ်ပေးရန်နှင့် ကျူးလွန် စော်ကားမိခဲ့သမျှကို သံဃာတော်များကျေနပ်သည်အထိ အမြန်ဆုံးဝန်ချတောင်းပန်ရန် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီးက အလေးအနက်တောင်းဆိုလိုက်သည်။
ဤတောင်းဆိုချက်များကို ဖြေရှင်းပေးရန်ပျက်ကွက်ခဲ့ပါက ဖြစ်ပေါ်လာမည့်အကျိုးဆက်အရပ်ရပ်သည် နအဖစစ်အစိုးရ၏ တာဝန်သာဖြစ်သည်ဆိုသည့်အချက်ကိုလည်း ထပ်မံသတိပေးလိုက်သည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီး

ဦးသားညွန့်ဦး - အစီအစဉ်ကိုရယူရန် (MP3)
ဦးသားညွန့်ဦး - နားဆင်ရန် (MP3)
မြန်မာနိုင်ငံကို မကြာခင်က သွားရောက်ခဲ့တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာ
နိုင်ငံဆိုင်ရာ အထူးအကြံပေးအရာရှိ အီဘရာဟင်မ် ဂမ်ဘာရီ (Ibrahim Gambari) ဟာ
စက်တင်ဘာလ ၃ ရက်နေ့က ကုလသမဂ္ဂ အထွေထွေညီလာခံ သဘာပတိဖြစ်သူနဲ့
တွေ့ဆုံပြီး မြန်မာနိုင်ငံခရီးစဉ်ကိစ္စ အသေးစိတ် အစီရင်ခံခဲ့တယ်လို့ သိရပါတယ်။
အပြည့်အစုံကို ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။
မစ္စတာဂမ်ဘာရီကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ခန့်အပ်ခဲ့တာဖြစ်ပေမယ့်
အထွေထွေညီလာခံ ဆုံးဖြတ်ချက်နဲ့ မြန်မာနိုင်ငံအရေးကိစ္စကို ညှိနှိုင်းဆောင်ရွက်ဖို့
တာဝန်ပေးအပ်ထားတာပါ။ ဒါကြောင့်လည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကို ပြီးခဲ့တဲ့
အပတ်က အစီရင်ခံပြီးတဲ့နောက် တနေ့ကတော့ အထွေထွေညီလာခံ သဘာပတိဖြစ်သူ
ဆာဂျင် ကာရင် (Srgian Kerin) ကို နယူးယောက်ခ် ကုလသမဂ္ဂ ဌာနချုပ်ရှိရာမှာပဲ
တွေ့ဆုံပြီး မြန်မာနိုင်ငံခရီးစဉ်ကိစ္စ အသေးစိတ် အစီရင်ခံခဲ့တာပါ။ အထွေထွေညီလာခံ
သဘာပတိဘက်က ဒီတွေ့ဆုံစဉ် တုံ့ပြန်မှုနဲ့ပတ်သက်လို့ မေးမြန်းတော့ အထွေထွေ
ညီလာခံ သဘာပတိရဲ့ ပြောခွင့်ရသူ မစ္စတာ ဂျာနော့စ် တီဇော့ဗ်စကီး (Janos
Tisovszky) က အခုလိုပြောပါတယ်။
"ကုလသမဂ္ဂ အထွေထွေညီလာခံ ဆုံးဖြတ်ချက်တွေအရ မြန်မာနိုင်ငံ အမျိုးသား
ပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးတွေ လေးစားလိုက်နာလာစေ
ဖို့ အထွေထွေညီလာခံအနေနဲ့ ဆက်ပြီးဆောင်ရွက်သွားမယ်လို့ အထွေထွေညီလာခံ
သဘာပတိ ဆာဂျင် ကာရင်က သဘောထား တုံ့ပြန်ခဲ့ပါတယ်။
"မစ္စတာဂမ်ဘာရီ ခရီးစဉ်အတွင်းမှာ သူ အကြံပြုတင်ပြခဲ့တာတွေအတိုင်း တိုးတက်တဲ့
ရလဒ်တွေ ရလာစေဖို့ မြန်မာအစိုးရအနေနဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်နဲ့ အတူ
တကွ နီးနီးကပ်ကပ် အလုပ်ဆက်လုပ်သွားဖို့ကိုလည်း အထွေထွေညီလာခံ သဘာပတိ
က အားပေးတိုက်တွန်းပါတယ်။"
မစ္စတာဂမ်ဘာရီဟာ မြန်မာနိုင်ငံမှာရှိစဉ် မူဝါဒအဆုံးအဖြတ်ပေးနိုင်တဲ့ စစ်အစိုးရ
ထိပ်ပိုင်းစစ်ခေါင်းဆောင်ကိုရော မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း
စုကြည်ကိုပါ တွေ့ဆုံခွင့်မရခဲ့ပါဘူး။ ဒါနဲ့ပတ်သက်လို့ သူ့အပေါ် ဝေဖန်မှုတွေ ဖြစ်ခဲ့ပါ
တယ်။ အထွေထွေညီလာခံ သဘာပတိကတော့ ကုလသမဂ္ဂ ကိုယ်စားလှယ်ရဲ့ ကြိုးပမ်း
မှုတွေအတွက် အစုအဖွဲ့အားလုံးရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ ယုံကြည်စိတ်ချမှု လိုအပ်
တယ်ဆိုတာကို အခုလို အလေးအနက် ထောက်ပြသွားပါတယ်။
"မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်တွေ လုပ်နိုင်ဖို့ အစုအဖွဲ့
အားလုံးရဲ့ ဆက်ပြီး ပူးပေါင်းပါဝင်မှု၊ သန္နိဋ္ဌာန်ခိုင်မာမှုတွေ လိုအပ်တယ်လို့ သဘာပတိ
က အလေးပေးပြောခဲ့ပါတယ်။ အထူးသဖြင့်ဆိုရင် သိသာထင်ရှားတဲ့ ရလဒ်တွေ
ဖြစ်လာစေဖို့ ရည်မှန်းချက်အတွက်ဆိုရင် ဆက်ဆံဆောင်ရွက်မှုတွေကို အလေးအနက်
ထားဖို့နဲ့ ယုံကြည်စိတ်ချမှုတွေ ဖြစ်စေရမယ်လို့ ထောက်ပြသွားပါတယ်။"
အထွေထွေညီလာခံ သဘာပတိအနေနဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကိုယ်စား
ဆောင်ရွက်နေတဲ့ မစ္စတာဂမ်ဘာရီကို ဆက်ပြီး ထောက်ခံနေတယ်လို့ ဆိုသလို မြန်မာ
နိုင်ငံအရေးအတွက် အိမ်နီးချင်း အာဆီယံနိုင်ငံတွေနဲ့ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာ
မိတ်ဆွေများအဖွဲ့ရဲ့ အခန်းကဏ္ဍဟာလည်း အရေးပါတယ်လို့ ပြောသွားပါတယ်။
မစ္စတာဂမ်ဘာရီအနေနဲ့တော့ မကြာခင်မှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီနဲ့ အတွင်း
ရေးမှူးချုပ်ရဲ့ မြန်မာမိတ်ဆွေများအဖွဲ့ အစည်းအဝေးတွေမှာ သူ့ခရီးစဉ်ကိစ္စ ထပ်ပြီး
အစီရင်ခံဦးမယ်လို့ မျှော်လင့်ရပါတယ်။ အခုရက်ပိုင်းအတွင်းမှာတော့ ကုလသမဂ္ဂဘက်
မှာ နိုင်ငံတွေက သံအရာရှိတွေနဲ့ လိုက်လံတွေ့ဆုံ ဆွေးနွေးတာတချို့ ရှိတယ်လို့လည်း
ကြားရပါတယ်။ တချိန်တည်းမှာပဲ မစ္စတာဂမ်ဘာရီကို အခြားလူတဦးနဲ့ အစားထိုးနိုင်
တယ်ဆိုတဲ့ သတင်းတွေကလည်း ရှိနေပါတယ်။ မြန်မာ့အရေးလှုပ်ရှားသူအချို့ကတော့
မစ္စတာဂမ်ဘာရီနေရာမှာ အခြားတဦးအစားထိုးဖို့ ကုလသမဂ္ဂ သံအရာရှိတွေအကြား
ဆွေးနွေးပြောဆို တိုက်တွန်းတာတွေရှိတယ်လို့ သိရပါတယ်။

Sunday, September 7, 2008
News posted by Thawngsian Tung
News posted by Thawngsian Tung
Saturday, September 6, 2008
ဒေါ်စုနှင့် အတူနေသူတဦး ဆေးရုံတင်ထားရ
ကိုစိုး | စက်တင်ဘာ ၆ ၊ ၂၀၀၈
အကျယ်ချုပ်ကျခံနေရသော မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏နေအိမ်တွင် အတူနေ၍ ကူညီလုပ်ကိုင်ပေးနေသည့် ဒေါ်ခင်ခင်ဝင်း၏ သမီးဖြစ်သူသည် ယနေ့တွင် အရေးပေါ်ဆေးကုသမှု ခံယူရကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(အန်အယ်လ်ဒီ)က ပြောသည်။
ဒေါ်ခင်ခင်ဝင်းမှာ ၎င်း၏ သမီးဖြစ်သူကို ဆေးရုံတွင် လိုက်ပါပြုစုနေရကြောင်းနှင့် ဆေးကုသမှုခံယူ ရသည့် အသေးစိတ်အခြေအနေကိုမူ မသိရှိရသေးကြောင်း အန်အယ်လ်ဒီ ပြောခွင့်ရ ဦးဥာဏ်ဝင်း က ပြောသည်။
“ဒီနေ့ ဒေါ်ခင်ခင်ဝင်းရဲ့သမီး ဆေးရုံတက်ရတယ်လို့ သိရပါတယ်၊ ဒေါ်ခင်ခင်ဝင်းလည်း ဆေးရုံမှာပါ၊ အသေးစိတ် အခြေအနေကိုတော့ အသေအချာ မသိရသေးပါဘူး၊ ကျနော်တို့လည်း စုံစမ်းနေဆဲဖြစ်ပါတယ်”ဟု ဦးဥာဏ်ဝင်း က ဧရာဝတီသို့ ပြောသည်။
အဆိုပါ ဒေါ်ခင်ခင်ဝင်းတို့ သားအမိမှာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် စတင်ကျသည့် အချိန်ကပင် အတူနေထိုင်လျှက်ရှိပြီး ဒေါ်အောင်ဆန်းစုကြည်အား ချက်ပြုတ်ကျွေးမွေးနေသူများဖြစ်သည်ဟုလည်း ၎င်းက ပြောဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ၎င်းအား နေ့စဉ်ပုံမှန်ပေးပို့နေသော ဈေးခြင်းကို လက်မခံခဲ့သည်မှာ ၃ ပတ်ခန့် ရှိပြီ ဖြစ်၍ အထူးစိုးရိမ်ကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်၏ ဘ၀လုံခြုံရေးနှင့် အသက်ရှင်သန်နိုင်ရေးတို့အတွက် ဖမ်းဆီး ထိန်းသိမ်းထားသည့် စစ်အစိုးရတွင် တာဝန်ရှိကြောင်း ယမန်နေ့တွင် အန်အယ်လ်ဒီက ကြေညာချက် တစောင် ထုတ်ပြန်ခဲ့သည်။
“ဒေါ်အောင်ဆန်းစုကြည်ရဲ့အခြေအနေနဲ့ပတ်သက်ပြီး အထူးစိုးရိမ်ရကြောင်း ကျနော်တို့ ကြေညာချက်ထုတ်ခဲ့ တာပါ၊ အခုအချိန်မှာ ဒေါ်အောင်ဆန်းစုကြည် ဘာဖြစ်နေတယ်ဆိုတာကို အာဏာပိုင်တွေအပါအ၀င် ဘယ်သူမှ သိနိုင်မှာ မဟုတ်ပါဘူး၊ ဒါ ဟာ ကျနော်တို့အတွက် အလွန် စိုးရိမ်စရာ ဖြစ်ပါတယ်”ဟု ဦးဥာဏ်ဝင်း ကဆိုသည်။
ယမန်နေ့က ထုတ်ပြန်သော ကြေညာချက်တွင် ဒေါ်အောင်ဆန်းစုကြည်သည် စစ်အစိုးရ၏ ဥပဒေနှင့်မညီသော လုပ်ဆောင်ချက်များကို ကန့်ကွက်သည့်အနေဖြင့် ၎င်းအားနေ့စဉ်ပုံမှန်ပေးပို့နေသောဈေးခြင်းကို လက်မခံခြင်းဖြစ် သည်ဟုလည်း ပါရှိသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလ တွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံနေရသည်မှာ ၅ နှစ်ရှိပြီ ဖြစ်သည်။ ၁၉၈၉ ခုနှစ်မှ စ၍ နေအိမ် အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၂ နှစ် ကျော်ပြီ ဖြစ်သည်။Source from Irrawaddy

Thursday, September 4, 2008
Wednesday, September 3, 2008
ဆန္ဒပြနေသည့် ဒေါ်အောင်ဆန်းစုကြည် ကိုယ်အလေးချိန်လျော့ကျ အစာရေစာပြတ်လပ်မည့်အရေး စိုးရိမ်နေရ
By NEJပီတာအောင်/ ၂ စက်တင်ဘာ၂၀၀၈။ ။
ဒေါ်အောင်ဆန်းစုကြည် အကျဉ်းသား ရပိုင်ခွင့်များ အပြည့်အ၀ ရရှိရေးအတွက် ပြင်ပမှ အစားအစာ လက်မခံဘဲ ဆက်လက်ဆန္ဒပြ တောင်းဆိုနေကြောင်းနှင့် ရေရှည်တွင် ကျန်းမာရေး ထိခိုက်မည်ကို စိုးရိမ်ပူပန်မိသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က ပြောသည်။
အန်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက “ကျနော်တို့ ကြားသိသလောက်ဆက်ပြီးတော့ အဲဒီအတိုင်းပဲ ကျင့်သုံးနေတုန်းပဲလို့ သိရတယ်။ ရေရှည်လုပ်ရင်တော့ ရှိတဲ့အစားအသောက်ကတော့ ပြတ်လပ်တာတော့ ဖြစ်လာ မှာပဲလေ။ ဒါကတော့ မလွဲမသွေဖြစ်မယ့်ကိစ္စပဲ။ ကျနော်တို့ ဆရာဝန်သွားတဲ့အခါမှာ လိုအပ်တဲ့ ကျန်းမာရေးကိစ္စ ဆရာဝန်နဲ့ဒေါ်စု ဆွေးနွေးပြီး ဆောင်ရွက်တာ အကောင်းဆုံးဖြစ်မယ်လို့ ပြောချင်တယ်။ စိုးရိမ်ပူပန်မှုကတော့ ဆက်လက်ရှိနေတုန်းပါပဲ“ ဟု ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ် အယူခံဝင်ခွင့်၊ ရှေ့နေ၊ ဆရာဝန်တို့နှင့် တွေ ဆုံခွင့်၊ အိမ်သုံး အီလက်ထရောနစ်ပစ္စည်းများ သွင်းယူခွင့်၊ အတူနေ ဒေါ်ခင်ဝင်းတို့ သားအမိအား လွတ်လပ်စွာ သွားလာခွင့်စသည့်
မူလ ချုပ်နှောင်ခံထားရသည့် ဥပဒေနှင့် မသက်ဆိုင်ဘဲ ကန့်သတ်ခံထားရသည့် အခွင့်အရေးများ ရရှိရန်အတွက် ပြီးခဲ့သည့်သတင်း (၂) ပတ်ကျော်ကတည်းက နအဖ အာဏာပိုင်များထံ ဆန္ဒပြ တောင်းဆိုနေခြင်းဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ် ကျခံနေရသည့်ကိစ္စ အယူခံဝင်နိုင်ရန် တတိယအကြိမ်အဖြစ် ယမန်နေ့က မိသားစုရှေ့နေ ဦးကြည်ဝင်းနှင့် မိနစ်(၃၀) ကြာ တွေ့ဆုံဆွေးနွေးခွင့်ရခဲ့ကြောင်း၊ သူမ၏ ကျန်းမာရေး ကောင်းမွန်သော်လည်း ကိုယ်အလေးချိန်လျော့ကျသွားကြောင်း ဦးဥာဏ်ဝင်းက ဆက်လက်ပြောကြားသည်။
ယမန်နေ့က တွေ့ဆုံရာတွင် ရှေ့နေဦးကြည်ဝင်းက အယူခံလွှာ မူကြမ်းကို ဒေါ်အောင်ဆန်းစုကြည် ဖတ်ရှုလေ့လာနိုင်ရန် ပေးအပ်ခဲ့ကြောင်း၊ နောက်တကြိမ် သွားခွင့်ရသည့်အခါမှ ဒေါ်အောင်ဆန်းစုကြည်၏ အတည်ပြုချက် ရယူကာ အယူခံ နိုင်ရေးကိစ္စ ဆက်လက်ဆောင်ရွက်မည်ဟု သိရသည်။ ထပ်မံသွားခွင့်ရမည့်နေ့ကိုမူ မသိရှိရသေးဟု အန်အယ်လ်ဒီက ပြောသည်။
နအဖစစ်အစိုးရသည် ၂၀၀၃ ခု ဒီပဲယင်း အရေးအခင်းအပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ကို မိသားစု ရှေ့နေ ဦးကြည်ဝင်းနှင့် ပြီးခဲ့သည့် သြဂုတ်လ (၈) ရက် နှင့် (၁၇) ရက်တို့တွင် နှစ်ကြိမ် တွေ့ဆုံခွင့်ပေးခဲ့ပြီးဖြစ်သည်။