Posted by Thawngsian Tung (CNC-Japan)
Thursday, October 29, 2009
Sunday, October 25, 2009
မြန်မာ့နိုင်ငံရေးထဲ ဒေါ်စု ပါဝင်နိုင်၊ ၀န်ကြီးချုပ်သိန်းစိန် ပြောဆို
Posted by Thawngsian Tung (CNC-Japan)
Source : VOA
မြန်မာနိုင်ငံအတွင်း အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ဆောင်ရွက်နိုင်မယ်လို့ မျှော်လင့်ထားတဲ့အကြောင်း မြန်မာစစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်က အာဆီယံ ခေါင်းဆောင်တွေကို ပြောဆိုသွားပါတယ်။ ဒီနေ့ ပြီးဆုံးသွားတဲ့ အာဆီယံ ထိပ်သီးဆွေးနွေးပွဲကနေ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ဘာတွေများ ရလဒ် ထွက်ခဲ့သလဲ၊ မြန်မာအစိုးရကရော နိုင်ငံရေး ပြောင်းလဲမှုအတွက် အာဆီယံကို ဘယ်လို ကတိက၀တ်တွေများ ပေးခဲ့သလဲ၊ အာဆီယံ ထိပ်သီးဆွေးနွေးပွဲရှိတဲ့ ထိုင်းနိုင်ငံ ချအမ်းမြို့မှာ ရောက်နေတဲ့ ဗွီအိုအေ၀ိုင်းတော်သား ကိုသိန်းထိုက်ဦးကို ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။
ကိုသိန်းထိုက်ဦးခင်ဗျား၊ အာဆီယံ အစည်းအဝေးက ဒီနေ့ နောက်ဆုံး ပြီးသွားပြီဆိုတော့ အာဆီယံ အစည်းအဝေးကြီးကနေ ဒေသနဲ့ပတ်သက်လို့ ဘယ်လိုအကြောင်းအချက်တွေကို ဆုံးဖြတ်ချက် ချနိုင်ခဲ့ပါသလဲ၊ အထူးသဖြင့် မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ရော ဘာတွေများ ဆွေးနွေးဖြစ်ခဲ့ကြပါသလဲ။
“ဟုတ်ကဲ့၊ ဒီနေ့ ၁၅ ကြိမ်မြောက် အာဆီယံ ထိပ်သီးစည်းဝေးပွဲကတော့ ပြီးသွားပါပြီ။ ထုံးစံအတိုင်း အာဆီယံ အဖွဲ့ဝင် ၁၀ နိုင်ငံနဲ့ ဆွေးနွေးဘက်နိုင်ငံ ၆ နိုင်ငံကြားမှာ လွတ်လပ်တဲ့ ကုန်သွယ်ရေုးဆိုင်ရာ သဘောတူညီချက်တွေ ချမှတ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်တဲ့ ခြေလှမ်းတွေ၊ ရာသီဥတု ပြောင်းလဲလာမှုနဲ့ ကမ္ဘာတ၀န်း ကြုံနေရတဲ့ စီးပွားရေး အကျပ်အတည်းတွေကို ဘယ်လိုရင်ဆိုင် ဖြေရှင်းမလဲဆိုတဲ့ ကိစ္စတွေကို သဘောတူလက်မှတ်တွေ ဒီနေ့ တော်တော်လေး ရေးထိုးဖြစ်ကြတာ တွေ့ရပါတယ်။
“မြန်မာနိုင်ငံနဲ့ ပတ်သက်လို့တော့ ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာ စစ်အစိုးရက ချမှတ်ထားတဲ့ ပြစ်ဒဏ်ကို စစ်အစိုးရဘက်က လျှော့ကောင်းလျှော့မယ်ဆိုပြီး ဂျပန်နိုင်ငံဘက်က ပြောခဲ့တဲ့ သတင်းတွေ ထွက်လာခဲ့တော့ ဒီကိစ္စက တော်တော်လေး စိတ်ဝင်စားခဲ့ပါတယ်။ ထိုင်းဝန်ကြီးချုပ် အဘီဆစ် ၀ိတ်ချာချီဝ (Abhisit Vejjajiva) ကတော့ ဗိုလ်ချုပ်ကြီးသိန်းစိန်ဘက်က ပြောကြားချက်နဲ့ ပတ်သက်ပြီး အခုလိုပြောပါတယ်။
“မြန်မာစစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိတွေ့ဆွေးနွေးမှုတွေ ရှိနေတယ်ဆိုတာကို အတည်ပြု ပြောဆိုခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးမှာ အခန်းကဏ္ဍတခုက ပါဝင်နိုင်မယ်လို့ သူ့အနေနဲ့ အကောင်းမြင် မျှော်လင့်တဲ့အကြောင်း ပြောဆိုသွားတယ်ဆိုပြီး ထိုင်းဝန်ကြီးချုပ် အဘီဆစ် ၀ိတ်ချာချီဝက ပြောသွားပါတယ်။”
တဆက်တည်းပဲ အာဆီယံ ကြေညာချက်ထဲမှာ ကျနော် သတိထားမိသလောက် ၂၀၁၀ ရွေးကောက်ပွဲကို တရားမျှတဖို့ဆိုပြီး တွန်းအားပေးထားတာ တွေ့ရပါတယ်။ အာဆီယံ ခေါင်းဆောင်တွေကလည်း ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး တွန်းတွန်းတိုက်တိုက် ပြောနေတဲ့အခါကြတော့ မြန်မာအစိုးရဘက်က ဗိုလ်ချုပ်ကြီးသိန်းစိန်ကရော ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဘယ်လိုမျိုး ကတိတွေများ ပေးတာရှိသေးလဲ ခင်ဗျ။
“ဒီကိစ္စနဲ့ပတ်သက်ပြီး ထိုင်းဝန်ကြီးချုပ် အဘီဆစ် ၀ိတ်ချာချီဝကို မေးကြည့်တော့ ဗိုလ်ချုပ်ကြီးသိန်းစိန်က အာဆီယံနဲ့ ဆွေးနွေးဘက် နိုင်ငံတွေရဲ့ ဆွေးနွေးပွဲတွေမှာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ဖြစ်ပေါ်တိုးတက် ပြောင်းလဲမှုတွေနဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ရှင်းပြခဲ့တယ်လို့ ပြောပါတယ်။ ဒေါ်အောင်ဆန်းကြည်ကို အမျိုးသား ပြန်လည်သင့်မြတ်ရေးမှာ အခန်းကဏ္ဍတခုက ပါဝင်နိုင်မယ်လို့ မျှော်လင့်တဲ့အကြောင်း ပြောပေမဲ့ တကယ်တမ်းကြတော့ ရွေးကောက်ပွဲမှာ ပါဝင်ခွင့် ပေးမယ်၊ မပေးဘူးဆိုတာကို တိတိကျကျ ပြောမသွားပါဘူး။ ထိုင်းဝန်ကြီးချုပ် အဘီဆစ် ၀ိတ်ချာချီဝကတော့ ဗိုလ်ချုပ်ကြီးသိန်းစိန်ဘက်က ပြောကြားတာနဲ့ ပတ်သက်ပြီး အခုလိုပြောသွားပါတယ်။
“မြန်မာစစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်က ရွေးကောက်ပွဲ ဥပဒေကို စတင် ပြင်ဆင်နေပြီဆိုတဲ့အကြောင်း ရှင်းပြခဲ့ပြီး ဒီရွေးကောက်ပွဲဟာ အများလက်ခံနိုင်တဲ့ မျှတပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲတခု ဖြစ်ဖို့အတွက် နိုင်ငံတကာက လိုလားတယ်ဆိုတာ သူတို့အနေနဲ့ သိရှိတဲ့အကြောင်း၊ အသိအမှတ် ပြုတဲ့အကြောင်း ၀န်ခံပြောဆိုခဲ့တယ်လို့ ထိုင်းဝန်ကြီးချုပ်က ပြောသွားပါတယ်။
“ဒါပေမဲ့ ဒီရွေးကောက်ပွဲမှာ သက်ဆိုင်ရာ အဖွဲ့အစည်းပေါင်းစုံ ပါဝင်ခွင့်ပေးတာကို နိုင်ငံတကာက လိုလားနေတယ်ဆိုတာ သူ့အနေနဲ့ သိရှိကြောင်း ပြောသွားပါတယ်။ ဒါပေမဲ့ ဘယ်အဖွဲ့အစည်းတွေ ဘယ်လောက်အထိ ပါဝင်ခွင့်ပေးမယ်၊ ယုတ်စွအဆုံး မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုတွေကို မြင်ချင်တဲ့အတွက် ထိုင်းဝန်ကြီးချုပ်က သူကိုယ်တိုင် မြန်မာနိုင်ငံကို သွားပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ချင်ပါတယ်လို့ ပြောတာကိုတောင်မှ မြန်မာစစ်အစိုးရဘက်က တိတိကျကျ ပြန်လည်ဖြေကြားတယ် ဆိုတာမျိုး ထိုင်းဝန်ကြီးချုပ်အနေနဲ့ ပြောသွားတာ မတွေ့ရပါဘူး။
“ဗိုလ်ချုပ်ကြီးသိန်းစိန်ကလည်း တိတိကျကျ ကတိပေးသွားတာမျိုး ဘာမှမရှိပါဘူး။ သူတို့အနေနဲ့ နိုင်ငံတကာရဲ့ သဘောဆန္ဒ၊ အာဆီယံနိုင်ငံတွေရဲ့ သဘောဆန္ဒကို သိတယ်ဆိုတာလောက်ပဲ ပြောသွားတာ ကြားရပါတယ်။”
အာဆီယံကလည်း မြန်မာနိုင်ငံအပေါ် အပြုသဘော ဆက်ဆံရေးမူကို တောက်လျှောက် ကျင့်သုံးခဲ့တယ်၊ အခုဆိုရင် အနောက်နိုင်ငံတချို့ ဆိုရင်လည်း သူတို့ရဲ့ မူဝါဒ ပေါ်လစီက ဒီလိုပေါ်လစီတွေ ဖြစ်လာတဲ့အခါကြတော့ အခု ဒီ အာဆီယံ အစည်းအဝေးမှာ မြန်မာအစိုးရကို အာဆီယံအနေနဲ့ ဘယ်လောက်အထိ မြန်မာနိုင်ငံမှာ ပြောင်းလဲရေးအတွက် တွန်းအားတွေ ပေးနိုင်လဲ၊ ဖျောင်းဖျနိုင်တယ်လို့ ယူဆလို့ရလဲခင်ဗျ။
“ထိုင်းဝန်ကြီးချုပ် အဘီဆစ် ၀ိတ်ချာချီဝ ပြောသွားတာကတော့ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ဒေသတွင်း နိုင်ငံတွေတင် မဟုတ်ဘဲနဲ့ ဒေသပေါင်းစုံက နိုင်ငံတွေနဲ့ ထိတွေ့ဆက်ဆံရေးကို သူတို့ ဆက်ပြီး တွန်းအားပေးသွားမယ်၊ မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ပေါ်အောင် လုပ်သွားမယ်လို့ ပြောသွားပါတယ်။ ဒါပေမဲ့လည်း အာဆီယံနိုင်ငံတွေက နိုင်ငံတကာက အာရုံစိုက်တဲ့ အစည်းအဝေး ကာလမျိုးတွေမှာတော့ မြန်မာနိုင်ငံက လူ့အခွင့်အရေး အကြောင်းကို ကျယ်ကျယ်လောင်လောင် ပြောတတ်ပြီးတော့ နောက်ပိုင်းမှာ အဖျားရှူးသွားတတ်တဲ့ အစဉ်အလာတွေလည်း ရှိပါတယ်။
“ဥပမာ အာဆီယံကိုယ်တိုင်က ဦးတည်ချက် တခုတည်းအောက်မှာ သွားနေတယ် ဆိုပေမဲ့ လူထုအဓိက လူ့အဖွဲ့အစည်း၊ Civil Society အဖွဲ့အစည်းမျိုးတွေကို အာဆီယံအဖွဲ့ဝင်နိုင်ငံ တော်တော်များများက အသိအမှတ် မပြုနိုင်သေးတာတွေ၊ ဒီအခက်အခဲတွေ ရှိနေတယ် ဆိုတာကိုလည်း ထိုင်းဝန်ကြီးချုပ် အဘီဆစ် ၀ိတ်ချာချီဝ ကိုယ်တိုင် ၀န်ခံသွားပါတယ်။
“အဲဒီတော့ ဒေသတွင်း နိုင်ငံတွေကြားမှာ ဒီမိုကရေစီ ဖွံ့ဖြိုးမှုတို့၊ လူထုအဓိက အဖွဲ့အစည်းတွေကို အသိအမှတ်ပြုဖို့ အခက်အခဲတွေ ရှိနေတဲ့အချိန်မှာ မြန်မာနိုင်ငံကို ပြောင်းလဲလာအောင် အာဆီယံကိုယ်တိုင် လုပ်နိုင်ဖို့ ဆိုတာကတော့ တော်တော် အလှမ်းဝေးတယ်လို့ ပြောရမှာပါ။”
အာဆီယံ ထိပ်သီးဆွေးနွေးပွဲ ကျင်းပတဲ့ ထိုင်းနိုင်ငံမှာ ရောက်ရှိ သတင်းယူနေတဲ့ ကိုသိန်းထိုက်ဦးကို ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

Aung San Suu Kyi: Ambassador of Conscience
Posted by Thawngsian Tung (CNC-Japan)
During U2's 2009 tour, the band invited fans to wear masks of Burmese activist Aung San Suu Kyi's face.
Sunday, October 18, 2009
မင်းကိုနိုင် ၏ မွေးနေ့အထိမ်းအမှတ်
Posted by Thawngsian Tung (CNC-Japan)
Photos : Lian Khan Sum (CNC-Japan)
အောက်တိုဘာလ (၁၈)ရက် ၂ဝဝ၉ ခုနှစ်(တနင်္ဂနွေနေ့)
အောက်တိုဘာလ ၁၈ ရက်နေ့တွင် ကျရောက်သော ကျောင်းသားခေါင်းဆောင် မင်းကိုနိုင် ၏ မွေးနေ့အထိမ်းအမှတ်အဖြစ် တိုကျို ၊အိခဲဘုကုရို တိုရှီမာကု ကူမင်စင်တာ (၄) ထပ်တွင် ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီအင်အားစုများနှင့် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားမဂ္ဂများအဖွဲ့ချုပ် (နိုင်ငံခြားရေးရာကော်မတီ) တို့ ပူးပေါင်းကျင်းပခဲ့ရာ ဖိတ်ကြားထားသော အဖွဲ့အစည်းအသီးသီး ဂျပန်လူမျိုးများ ၊ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများ ၁၅၀ခန့်တက်ရောက်ခဲ့ပါတယ်။ ။
Thursday, October 15, 2009
Obama Wins Nobel Prize
Posted by Thawngsian Tung (CNC-Japan)
နယူးဒေလီ ။ ။ အမေရိကန် သမ္မတ ဘားရက် ဟူစိန် အိုဘားမားကို နိုင်ငံတကာ သံတမန်ရေးနှင့် ပြည်သူချင်း ပူးပေါင်းဆောင်ရွက်ရေး မြှင့်တင်ရန် ကြိုးပမ်းအားထုတ်မှုကြောင့် ၂၀၀၉ ခု ကမ္ဘာ့နိုဘယ်လ် ငြိမ်းချမ်းရေး ဆုရှင်အဖြစ် နော်ဝေအခြေစိုက် နိုဘယ်လ်ဆုချီးမြှင့်ရေး ကော်မတီက ယနေ့ ရွေးချယ်လိုက်သည်။

နိုဘယ်ဆုရှင် အိုဘာမား (ဓာတ်ပုံကို ဒေါက်တာ လန်းဘတ်)
နျူကလီးယားကင်းမဲ့ရာ ကမ္ဘာကြီးအတွက် သူ၏ အမြင်နှင့် လုပ်ရပ်၊ နိုင်ငံတကာ ပဋိပက္ခများအပေါ် ဖြေရှင်းရာ၌ တွေ့ဆုံဆွေးနွေးရေးနှင့် ညှိနှိုင်းဆောင်ရွက်ရေးဖြင့် အလေးထားမှုကြောင့် ရွေးချယ်ရခြင်းဖြစ်ကြောင်း နိုဘယ်လ် ကော်မတီက ပြောသည်။
”ကမ္ဘာ့စိန်ခေါ်မှုများကို တုံ့ပြန်ရန်အတွက် ကျွန်ုပ်တို့အားလုံး ကျရာတာဝန် ထမ်းဆောင်ဖို့ အချိန်ကျရောက်နေပြီ” ဟု မစ္စတာ အိုဘားမား၏ ပြောဆိုချက် မှန်ကန်ကြောင်း ကော်မတီက ယနေ့ထုတ် ကြေညာချက်တွင် ဖော်ပြထားသည်။
စစ်အစိုးရအပေါ် ချမှတ်လိုက်သည့် မူဝါဒအသစ်နှင့်ပတ်သက်၍ ၄၄ ကြိမ်မြောက် အမေရိကန်သမ္မတ အိုဘားမားကို မြန်မာ့အရေး စောင့်ကြည့်လေ့လာသူနှင့် စိတ်ဝင်စားသူ အများအပြားက ချီးကျူးကြသည်။
ယခင် အမေရိကန် သမ္မတ ဂျော့ဘွတ်ရှ်နှင့် မတူသော အိုဘားမားသည် စစ်အစိုးရအပေါ် ပိတ်ဆို့အရေးယူမှုများ ဆက်ထားပြီး အဆက်အဆံ ပြုလုပ်သွားမည်။
လူ့အခွင့်အရေးနှင့် ဒီမိုကရေစီရေးတွင် စစ်အစိုးရမှ တိုးတက်မှု ပြသနိုင်ပါက လိုက်လျောညီထွေရှိမည့် ပိတ်ဆို့မှုလျှော့ချရေးကို ပြုလုပ်သွားမည်ဖြစ်သည်။
သူသည် သမ္မတသက်တမ်း ထမ်းဆောင်ရင်း ကမ္ဘာ့နိုဘယ်လ် ငြိမ်းချမ်းရေးဆု ရရှိသည့် တတိယမြောက် အမေရိကန် သမ္မတ ဖြစ်လာသည်။ ယခင်က သမ္မတ ရုစဘဲ့ (၁၉၀၆ ခုနှစ်) နှင့် သမ္မတ သောမတ်စ် ဝူဒရို ဝဲလ်ဆွန် (၁၉၁၉ ခုနှစ်) တို့ ရရှိခဲ့သည်။
ထို့အပြင် သမ္မတဟောင်း ဂျင်မီကာတာ (၂၀၀၂ ခုနှစ်) နှင့် ဒုသမ္မတဟောင်း အယ်လ်ဂိုး (၂၀၀၇ ခုနှစ်) တို့လည်း ၎င်းဆု ရရှိခဲ့သေးသည်။
Wednesday, October 14, 2009
ဂျပန် ဒု-နိုင်ငံခြားရေး ဝန်ကြီးက မြန်မာတက်ကြွ လှုပ်ရှားသူများကို တွေ့ဆုံ
Posted by Thawngsian Tung (CNC-Japan)
မဇ္ဈိမ (နယူးဒေလီ)။ ။ ဂျပန်အစိုးရက မြန်မာနိုင်ငံ အပေါ် အသစ်တဖန် စိတ်ဝင်စားလာပုံ အနေဖြင့် ဂျပန် ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး တီဆူရိုဖူကူယာမာ (Tesuro Fukuyama) က ဗုဒ္ဓဟူးနေ့က မြန်မာတက်ကြွ လှုပ်ရှားသူများနှင့် မြန်မာပြည် ဆိုင်ရာ ဂျပန်မူဝါဒအကြောင်း ဆွေးနွေးခဲ့သည်။
ဂျပန် ဒုတိယ နိုင်ငံခြားရေး ဝန်ကြီးက ပြည်ပရောက် ဒီမိုကရေစီ အဖွဲ့အစည်းများ၏ ညွန့်ပေါင်း အဖွဲ့ဖြစ်သော ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ (NCUB) အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင်ကို ဗုဒ္ဓဟူးနေ့က ဖိတ်ခေါ် တွေ့ဆုံခဲ့သည်။
တိုကျိုရှိ NCUB ကိုယ်စားလှယ်ဖြစ်ပြီး အစည်းအဝေးတွင် ဦးမောင်မောင်နှင့်အတူ တက်ရောက်ခဲ့သည့် ဒေါက်တာမင်းညိုက " ဖူကူယားမားက မြန်မာပြည်အရေးကို ထောက်ခံအားပေးဖို့ သူ အတိုက်အခံဘဝနဲ့ကို တက်ကြွနေတာ" ဟု ပြောသည်။
ဂျပန်နိုင်ငံကို ရာစုနှစ် တဝက်ကျော် အုပ်ချုပ်ခဲ့သော လစ်ဘရယ် ဒီမိုကရက်တစ်ပါတီကို အနိုင်ယူပြီးနောက် သြဂုတ်လ အတွင်း ကျင်းပခဲ့သော ရွေးကောက်ပွဲများအပြီး ဂျပန်ဒီမိုကရက်တစ်ပါတီ (DPJ) က အစိုးရဖွဲ့နိုင်ခဲ့သည်။
ယခင်ကမူ ဂျပန်နိုင်ငံသည် ခပ်မဆိတ် သံတမန်ရေး နည်းလမ်းများကို အသုံးပြုပြီး စစ်အစိုးရက ထိတ်လန့်ဖွယ် လူ့အခွင့်အရေး ချိုးဖောက်မှုများ ပြုလုပ်နေသည့်တိုင် မကြာခဏပင် ဝေဖန် ပြောကြားခြင်း မပြုခဲ့ပါ။
သို့သော် မြန်မာ့အရေးနှင့် စပ်လျဉ်းပြီး အကြီးအကျယ် ပြောခဲ့သည့် ယခုအစိုးရသစ်ကမူ မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားမှုကို ပိုမိုထောက်ခံမှုများ ပြုလုပ်လာလိမ့်မည်ဟု ဒီမိုကရေစီရေး လှုပ်ရှားနေသည့် အဖွဲ့များက အကျယ်အပြန့် မျှော်လင့်နေ ကြသည်။
Source :
Sunday, October 11, 2009
မတရားဖမ်းဆီး အကျဉ်းချထားသည့် အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး တောင်းဆိုဆန္ဒပြပွဲ ဓာတ်ပုံမှတ်တမ်း.
Posted by Thawngsian Tung (CNC-Japan)
Photos : Lian Khan Sum (CNC-Japan)
ဂျပန်နိုင်ငံ တိုကျိုမြို့ Otsuka ပန်းခြံမှ Ikebukuro ပန်းခြံအထိ ချီတက် ဆန္ဒပြခဲ့ကြပါတယ်။
Friday, October 9, 2009
အာဆီယံ ခေါင်းဆောင်များ နှင့် အိုဘားမား တွေ့ ဆုံ မည့် အစီအစဉ် တွင် မြန်မာ ၀န်ကြီးချုပ် တက် ရောက်မည်
Posted by Thawng Sian Tung (CNC-Japan)
Channel News Asia
Top Myanmar official will be at Obama-ASEAN talks
နိုဝင်ဘာ လထဲတွင် ကျင်းပမည့် အမေရိကန် သမ္မတ အိုဘားမား နှင့် အာဆီယံ ခေါင်းဆောင်များ တွေ့  ဆုံပွဲ သို့ မြန်မာ စစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် တက်ရောက်မည် ဟု Channel
News Asia သတင်းတွင် ဖေါ်ပြထားသည်။
ကနဦး သတင်းများအရ မြန်မာ စစ်အစိုးရ တာဝန်ရှိသူများတက်ရောက် မည် ဟု မထင်ကြောင်း
အိမ်ဖြူတော် ပြောခွင့်ရ ပုဂ္ဂိုလ် ရောဘတ် ဂစ်က ယနေ့ မနက် အစောပိုင်းတွင် ပြောကြားခဲ့သော်
လည်း နောက်ပိုင်းတွင် မြန်မာ စစ်အစိုးရ ခေါင်းဆောင် တစ်ဦးတက် ရောက်မည် ဟု နေပြည်တော်
မှ သတင်းထုတ်ပြန် ခဲ့သည်။
အာရှ – ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင် ရွက်မှု အစီအစဉ် (APEC) အစည်းအဝေးကို စင်္ကာပူ
တွင် နိုဝင်ဘာလလယ် ၌ ကျင်းပချိန် တွင် သမ္မတ အိုဘားမားက အာဆီယံ ခေါင်းဆောင်များ နှင့်
ပထမ ဦးဆုံး အကြိမ် တွေ့ ဆုံမည် ဖြစ်သည်။
ယခင်လ က မြန်မာ စစ်အစိုးရ အဖွဲ့ ဝင် ၀န်ကြီး တစ်ဦး ဖြစ်သူ သိပ္ပံ နှင့် နည်းပညာ ၀န်ကြီး
ဦးသောင်း သည် အမေရိကန် နိုင်ငံ နယူးယောက် ၌ အာရှ-ပစိဖိတ် ရေးရာ ဆိုင်ရာ ဒု လက်ထောက်
နိုင်ငံခြားရေး ၀န်ကြီး Kurt Campbell နှင့် တွေ့ ဆုံခဲ့သည်။
ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် သည် အမေရိကန် သမ္မတ တစ်ဦး နှင့် ပထမ ဦးဆုံးအကြိမ် တွေ့ 
ဆုံ မည့် မြန်မာ စစ်ခေါင်းဆောင် တစ်ဦးဖြစ်လာ နိုင်ဖွယ်ရှိသည်။
ဒေါ်အောင်ဆန်းစုကြည်သတင်း ပြည်သူများ အထူးစိတ်ဝင်စား
Posted by Thawng Sian Tung (CNC-Japan)
NEJ
နေအိမ်အကျယ်ချုပ် ကျခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် အနောက်တိုင်းသံတမန်များ တွေ့ဆုံခွင့်ရခြင်း၊ နအဖဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်က ဒေါ်အောင်ဆန်းစုကြည်အား နှစ်ကြိမ်တိုင် တွေ့ဆုံခဲ့သည့် သတင်းများကို ရန်ကုန်နှင့် မန္တလေးမြို့ခံများအပါအ၀င် ပြည်သူတို့က အလွန်စိတ်ဝင်တစားရှိနေကြပြီး ဝေဖန်သုံးသပ်ပြောဆိုနေကြသည်။
ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်၊ ဗြိတိန်နှင့်သြစတြေးလျ သံရုံးတို့မှ အကြီးအကဲများနှင့် ယနေ့တွေ့ဆုံခွင့်ရပြီး အောက်တိုဘာ (၃) ရက်နှင့် (၇) ရက်တို့တွင် နအဖဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်နှင့် စိမ်းလဲ့ကန်သာဧည့်ရိပ်သာတွင် တွေ့ဆုံခဲ့သည်။
ယင်းသို့တွေ့ဆုံမှုများသည် မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့တားမြစ်မှုများ ရုပ်သိမ်းပယ်ဖျက်ရေးကိစ္စနှင့်ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ စက်တင်ဘာ (၂၅) ရက်တွင် စာပေးပို့ခဲ့ပြီးနောက်ပိုင်း ပေါ်ပေါက်လာခြင်းဖြစ်သည်။
အဆိုပါစာတွင် အရေးယူပိတ်ဆို့မှုများ ရုပ်သိမ်းရေး ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုများ ချမှတ်နေသည့် နိုင်ငံအစိုးရများ၏ သဘောထားကို သိရှိနားလည်ရန် လိုအပ်သောကြောင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံမှူးကြီး၊ မြန်မာနိုင်ငံဆိုင်ရာ အီးယူ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ ကိုယ်စားလှယ်သံအမတ်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျ သံအမတ်ကြီးတို့နှင့် ဆွေးနွေးရန် ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံခွင့်တောင်းထားသည်။
ယနေ့ ဒေါ်အောင်ဆန်းစုကြည်နှင့် အနောက်တိုင်းသံတမန်များ တွေ့ဆုံမှုနှင့်ပတ်သက်၍ ရန်ကုန်အခြေစိုက် သတင်းဂျာနယ် တခုမှ အယ်ဒီတာတဦးက “ခုလိုတွေ့ခွင့်ရတာဟာ ဒေါ်အောင်ဆန်းစုကြည် ဗိုလ်ချုပ်မှူးကြီးဆီရေးတဲ့စာကို အလေးအနက် ထားလာတယ်လို့ မြင်ပါတယ်။ ပြီးတော့ နအဖမှာလည်း အပြောင်းအလဲကို ရှာလာရပြီလို့ထင်တယ်။ အရင်ကလို တဖက်သတ်တင်းခံနေလို့ မဖြစ်နိုင်တော့ဘူး။ ၂၀၁၀ မတိုင်ခင် သူတို့အတွက် ထွက်ပေါက်လဲရှာလာတယ်လို့မြင်တယ်။ အဓိက အမေရိကန်ရဲ့လက်ကမ်းလာမှုမှာ သူတို့ဘက်ကလည်း တခုခုပြန်လုပ်ပြရတော့မယ်လေ” ဟု ပြောသည်။
အမေရိကန်အစိုးရက မြန်မာစစ်အစိုးရနှင့် တိုက်ရိုက်ဆက်ဆံပြောဆိုမှုများ ပြုလုပ်သွားမည်ဖြစ်ပြီး တဖက်၌လည်း ပိတ်ဆို့တားမြစ်မှုကို ဆက်လက်ထားရှိမည့် ပေါ်လစီသစ်တရပ်ကို စက်တင်ဘာ (၂၈) တွင် တရားဝင်ကြေညာခဲ့သည်။
“အဓိကလုပ်ပြလို့ကောင်းတာကတော့ ဒေါ်စုနဲ့မိမိတို့ ဆွေးနွေးပါတယ်ဆိုတာမျိုးက သံတမန်ရေးအရဆို အကောင်းဆုံး ပြကွက်ပဲလေ။ အဓိက ဒေါ်စုတင်ပြထားတာတွေပဲ လုပ်ပေးဖို့များမှာပါ။ နောက်ပြီး ဒေါ်စုနဲ့ ပါတီစီအီးစီတွေ တွေ့ဆုံခွင့်ရပြီး
အဖွဲ့ချုပ်ရဲ့ရှေ့မူဝါဒတွေ ဆွေးနွေးနိုင်မယ်ထင်ပါတယ်။ ရွေးကောက်ပွဲဝင်ရေး မ၀င်ရေး၊ အခြေခံဥပဒေကို မပြင်စေဘဲနဲ့ ၀င်ကြမလားပေါ့” ဟု အဆိုပါအယ်ဒီတာက ပြောသည်။
နအဖ၀န်ကြီး ဦးအောင်ကြည်နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံခဲ့မှုနှင့် ပတ်သက်၍လည်း ပြည်သူများက ပြည်ပရေဒီယို အသံလွှင့်ဌာနများမှ တဆင့်ကြားသိရသဖြင့် မည်သို့ဖြစ်လာနိုင်မည်ကို စိတ်ကူးတွေးတော ပြောဆိုနေကြကြောင်း ကျောက်တံတားမြို့နယ်မှ အငြိမ်းစားရဲအရာရှိတဦးက ပြောသည်။
၎င်းက “ကျနော်တို့ ပြည်တွင်းဂျာနယ်တွေကိုလည်း ဖတ်တယ်လေ။ ပြီးခဲ့တဲ့ ဆဲဗင်းဒေးသတင်းဂျာနယ်မှာ ဦးအောင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုတွေ့တယ်။ ကျနော်တို့က ဒေါ်စုလွတ်မြောက်ပြီး တိုင်းပြည်တခုခုပြောင်းလဲသွားမယ့် အခြေအနေကိုပဲ လိုလားနေတော့ သူ့ကို ဂျာနယ်မှာတွေ့လိုက်ရင်ပဲ အခုလိုတွေ့ဆုံမှုတွေကနေ တခုခု ထူးခြားလာမလားလို့ စိတ်ဝင်စားနေမိတယ်” ဟု ပြောသည်။
မန္တလေးမှ အိမ်မြေပွဲစားတဦးက “ကျနော်တို့ကတော့ စီးပွားရေးသမားဆိုတော့ စီးပွားရေးကိစ္စတွေ တိုးတက်လာမယ့် အရိပ်အယောင်တွေ တွေ့ချင်တယ်ဗျ။ တနိုင်ငံလုံးရဲ့ အမျိုးသားရေးကိစ္စပဲ၊ ကျနော်တို့ကတော့ အပြောင်းအလဲတခုကို အရမ်းကို မျှော်လင့်တယ်” ဟု ပြောသည်။
ရခိုင်ပြည်နယ် အမ်းမြို့မှ ကြံ့ဖွံ့အဖွဲ့ဝင်တဦးကလည်း ၎င်းတို့မြို့တွင် အစိုးရအသံလွှင့်ဌာနများထက် ပြည်ပအသံလွှင့်ဌာနများကို အားထားနေရပြီး ထိုအသံလွှင့်ဌာနများကြောင့် မြန်မာနိုင်ငံတွင် ဖြစ်ပျက်နေသည်များကို မြန်မြန်ဆန်ဆန်သိရကြောင်း ပြောသည်။
“ကျနော်က ကြံ့ဖွံ့အဖွဲ့ဝင်ဖြစ်ပေမယ့် အခြေအနေတခုကြောင့်ပါ။ ကျနော်သိချင်တာက ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ကြည်နဲ့ တွေ့သလို ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ရော တွေ့ဖို့ရှိသလား၊ တွေ့ရင်ကော ဘာတွေဖြစ်လာမလဲ။ ပြောင်းလဲမှုမရှိတဲ့ တွေ့ဆုံမှုတွေနဲ့တော့ ပြည်သူတွေရဲ့ မျှော်လင့်ချက်ကို ရိုက်မချိုးဖို့လိုပါတယ်” ဟု ပြောသည်။
Thursday, October 8, 2009
သံဃာတော်များ ထပ်မံသပိက်မှောက်သွားမည်လို့လည်းသတင်တွေထွက်နေ
Posted by Thawng Sian Tung (CNC-Japan)
မွန်ပြည်နယ်တွင်အာဏာပိုင်များကနိုဝင်ဘာအရေးအခင်းထပ်မံပေါ်ပေါက်လာမည်ကိုစိုးရိမ်သဖြင့်အခုတလောမှာလုံခြုံရေးတွေတင်းကြပ်ထားပြီး သံဃာတော်များ ထပ်မံသပိက်မှောက်သွားမည်လို့လည်းသတင်တွေထွက်နေပါသည်။
Sunday, October 4, 2009
ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည် တွေ့ဆုံ
Posted by Thawng Sian Tung (CNC-Japan)
ဒေါ်အောင်ဆန်းစုကြည်ကို စက်တင်ဘာ (၃) ရက် ယနေ့ နေ့လယ်ပိုင်းတွင် နအဖဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်က စိမ်းလဲ့ကန်သာဧည့်ဂေဟာတွင် တွေ့ဆုံခဲ့ကြောင်း အန်အယ်လ်ဒီပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောသည်။ယနေ့ နေ့လယ် (၁) နာရီခန့်တွင် တွေ့ဆုံခြင်းဖြစ်ပြီး (၄၅) မိနစ်ကြာခန့် တွေ့ဆုံခဲ့သည်ဟု ဦးဉာဏ်ဝင်းက ပြောသည်။
ယခုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည်တို့ တွေ့ဆုံသည့်ကိစ္စနှင့် ပတ်သက်၍ ဦးဉာဏ်ဝင်းက “ကျနော်တို့ သေချာတော့မသိဘူး။ ထင်မြင်ချက်ပေးရရင်တော့ မကြာခင်က တိုက်ရိုက် ဗိုလ်ချုပ်မှူးကြီးဆီ ရေးတဲ့စာနဲ့ ဆက်စပ်မှုရှိတယ်လို့ ထင်တယ်။ ဆန်ရှင်ကိစ္စပါ” ဟု ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ထားမှုများ ရုပ်သိမ်းပယ်ဖျက်ရေးကိစ္စနှင့်ပတ်သက်ပြီး စက်တင်ဘာ (၂၅) ရက်တွင် နအဖဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ စာရေးသားပေးပို့ခဲ့သည်။
အဆိုပါစာတွင် အရေးယူပိတ်ဆို့ထားမှုများ ရုပ်သိမ်းရေးကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ထားမှုများအားလုံးကို သိရှိနားလည်စေရေး၊ မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ထားမှုကြောင့် နစ်နာရမှု အတိုင်းအတာကို သိရှိနားလည်စေရေးနှင့် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုများ ချမှတ်နေသည့် နိုင်ငံအစိုးရများ၏ သဘောထားကို သိရှိနားလည်စေရေးကို ဦးစွာဆောင်ရွက်ရန် လိုအပ်သည်ဟု ဖော်ပြထားသည်။
အန်အယ်လ်ဒီပါတီ ဗဟိုအလုပ်အမှုဆောင်တဦးဖြစ်သူ ဦးခင်မောင်ဆွေက “ဒေါ်စုတောင်းထားတဲ့အချက် ရှိတယ်လေ။ ဆန်ရှင်နဲ့ပတ်သက်တဲ့ကိစ္စတွေကို စဉ်းစားကြဖို့ အဓိကအချက် (၃) ချက်ကို တောင်းထားတယ်။ အဲဒီအကြောင်းအရာတွေကိုပဲ စကားပြောဖို့ဖြစ်မှာပါ။ မှန်းဆလို့ရတာပေါ့လေ။ ဆန်ရှင်ရုပ်သိမ်းရေးကိစ္စကို အချက်အလက်တွေရနိုင်အောင် နအဖနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုလားပါတယ်ဆိုတဲ့ စာထုတ်ပြန်ပြီးတဲ့နောက်မှာ တရားဝင်စာပို့တာရော ကျနော်တို့အဖွဲ့ချုပ်က ကြေညာချက်ထုတ်ပြန်တာရော၊ ပတ်ပလစ်ကိုရော၊ ကမ္ဘာ့မီဒီယာတွေမှာရော ပါကုန်တော့ အစိုးရဘက်ကရော အရေးယူဆောင်ရွက်မယ်ဆိုရင် ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်နဲ့တွေ့ရင် ပထမဦးဆုံး ဒီကိစ္စကိုပဲ ဖြေရှင်းကြမယ်လို့ ထင်ပါတယ်” ဟု ပြောသည်။
ဆန်ရှင်ရုပ်သိမ်းရေးသည် ၁/၂၀၀၇ တုန်းက ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ထုတ်ပြန်ထားသည့်အမိန့်ကို ပြန်၍ တခြားနည်းလမ်းနှင့် ဆက်သွယ်ဖြေကြားသည့် သဘောမျိုးဖြစ်နေသဖြင့် ဗိုလ်ချုပ်မှူးကြီးဘက်ကလည်း အရေးယူဆောင်ရွက်လိမ့်မည်ဟု မျှော်လင့်နေချိန်လည်းဖြစ်ပါသည်ဟု ဦးခင်မောင်ဆွေက ပြောသည်။
၂၀၀၇ ခု၊ အောက်တိုဘာ (၄) ရက်တွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးရန် နအဖရုပ်မြင်သံကြားမှတဆင့် ကြေညာချက်တရပ် ထုတ်လွှင့်ခဲ့သည်။
ယင်းထုတ်လွှင့်ချက်တွင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ထိပ်တိုက်ရင်ဆိုင်ရေး၊ အလုံးစုံပျက်သုန်းရေး၊ မြန်မာနိုင်ငံအား စီးပွားရေးအဆက်အသွယ်ဖြတ်တောက်ရေး အပါအ၀င် အလုံးစုံပိတ်ဆို့ရေးတို့ကို စွန့်လွှတ်ရန်နှင့် ထိုသို့စွန့်လွှတ်ပါက ၎င်းနှင့်တွေ့ဆုံဆွေးနွေးမည်ဟု ကြေညာခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်ကလည်း အဆိုပါအချက်များကို သူ့အနေဖြင့် လုပ်ဆောင်ထားခြင်းမရှိကြောင်း၊ သက်ဆိုင်ရာနိုင်ငံများ၏ သဘောထားသာဖြစ်ကြောင်း ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်မှတဆင့် သဘောထားထုတ်ပြန်ပြောဆိုခဲ့သည်။
၂၀၀၇ ခု အောက်တိုဘာ (၂၅) ရက်တွင် နအဖ ဆက်ဆံရေးဝန်ကြီးဦးအောင်ကြည်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ စိမ်းလဲ့ကန်သာအစိုးရဧည့်ဂေဟာတွင် တွေ့ဆုံခဲ့သည်။
Sourve :
Friday, October 2, 2009
ဒေါ်အောင်ဆန်းစုကြည် အမှုအယူခံ တိုင်းရုံးက ပယ်ချ
Posted by Thawng Sian Tung (CNC-Japan)
မုံပီး
နယူးဒေလီ (မဇ္ဈိမ)။ ။ ခရိုင်တရားရုံးက ဒေါ်အောင်ဆန်းစုကြည်အပေါ် ပြစ်ဒဏ် စီရင်ခဲ့သည်ကို တိုင်းတရားရုံး၌ အယူခံဝင်ခဲ့ရာ ယနေ့တွင် တရားရုံးက ပယ်ချလိုက်ပြီ ဖြစ်သည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ကို ပြီးခဲ့သည့် သြဂုတ်လ ၁၁ ရက်နေ့တွင် အင်းစိန်ထောင် တွင်း မြောက်ပိုင်းခရိုင် တရားရုံးက ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့ပြီး၊ စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ညွှန်ကြားချက်ကြောင့် ပြစ်ဒဏ်ကို ထက်ဝက်လျှော့ကာ နေအိမ်တွင် ဆိုင်းငံ့ပြစ်ဒဏ်ဖြင့် နေထိုင်ရန် ဆုံးဖြတ်ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများအဖွဲ့က အမှုကို တိုင်းတရားရုံးသို့ အယူခံတင်သွင်းရာ ပြီးခဲ့သည့်လ ၁၈ ရက်နေ့တွင် နှစ်ဖက်ရှေ့နေများ လျှောက်လဲချက် ပေးခဲ့ကြပြီးနောက် ယနေ့တွင် စီရင်ချက်ချမည်ဟု ချိန်းဆိုခဲ့ရာမှာ အယူခံကို ပယ်ချလိုက်ခြင်း ဖြစ်သည်။
''အောက်တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို အတည်ပြုတယ်ဆိုပြီး တိုင်းရုံးက ပြောတယ်။ ဒါပေမဲ့ ကောင်းတာက ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဟာ အသက်မရှိတော့ဘူးလို့ ဒီကနေ့ တရားရုံးက ပြောတယ်။ လုံးဝ ယုတ္တိမရှိဘူးလို့ ပြောတယ်'' ဟု ယနေ့ တရားရုံးအခြေအနေကို လေ့လာစောင့်ကြည့်နေသူတဦးက မဇ္ဈိမကို ပြောသည်။
ပြီးခဲ့သည့် မေလဆန်းတွင် အမေရိကန်နိုင်ငံသား မစ္စတာ ဂျွန်ဝီလျံ ရက်တော ဆိုသူသည် ရန်ကုန် အင်းလျားကန် ဘေးတွင် တည်ရှိသည့် ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ် ကျခံနေရသည့် နေအိမ်အတွင်း တိတ်တဆိတ် ဝင်ရောက်ခဲ့သည်ကို ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံဥပဒေအရ အရေးယူ၍ တရားစွဲခဲ့ပြီး ခရိုင်တရားရုံးက ပြစ်ဒဏ်စီရင်ခဲ့ခြင်း ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက ထို ဥပဒေမှာ ပျက်ပြယ်ပြီး ဖြစ်သော ဥပဒေအဖြစ် တရားရုံးတွင် ခုခံချေပ ခဲ့ကြသေးသည်။
''၇၄ ဥပဒေကို မရှိတော့ဘူးလို့ ပြောတာ ကောင်းပါတယ်။ နောက်ပိုင်းမှာ လာမယ့် အမှုတွေအတွက် ရှင်းသွားတာပေါ့။ အခုဟာက ဥပဒေဆိုင်ရာ ထက် နိုင်ငံရေးအမှုဖြစ်တယ်။ အဲဒါကြောင့် အခုလို အသိအမှတ်ပြုတာ ကောင်းပါတယ်'' ဟု တရားရုံးအခြေအနေ လေ့လာ စောင့်ကြည့်သူက ဆိုသည်။
ခရိုင်တရားရုံး ဆုံးဖြတ်ချက်အတိုင်း တိုင်းတရားရုံးက ဆက်လက် အတည်ပြုပါက ဗဟိုတရားရုံးချုပ်သို့ ဆက်လက် အယူခံသွားမည်ဟု အစောပိုင်း ဆက်သွယ် မေးမြန်းချက်တရပ်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေတဦးဖြစ်သူ ဦးဥာဏ်ဝင်းက မဇ္ဈိမကို ပြောဆိုခဲ့သည်။
မြန်မာ့လွတ်လပ်ရေး သူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်သည် လွန်ခဲ့သည့် ၂၀ ခန့်တွင် ၁၄ နှစ်ခန့် အကျယ်ချုပ် ကျခံခဲ့ရသည်။
အတိုက်အခံ အင်အားစုများကမူ စစ်အစိုးရသည် ဒေါ်အောင်ဆန်းစုကြည်အား ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ လူမြင်ကွင်းမှ ပျောက်ကွယ်နေစေ ရန် ဆက်လက် ချုပ်နှောင်ထားလိုပြီး၊ အများပြည်သူအကြား သူမ၏ ကျော်ကြားမှုကို စိုးရိမ်နေသည်ဟု ဝေဖန်သုံးသပ်ကြသည်။
မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင်က အနောက်ကမ္ဘာ ဦးဆောင်သည့် ပြစ်ဒဏ်ခတ် အရေးယူမှုများ အဆုံးသတ်ရန် အတွက် ပူးပေါင်း ဆောင်ရွက်ရန် ဆန္ဒရှိကြောင်း ကမ်းလှမ်းသည့်စာကို မကြာသေးခင်က စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ ပေးပို့ ခဲ့သေးသည်။ သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် ပူးတွဲ ဆောင်ရွက်ရန်ကို သံသယရှိသူ ဗိုလ်ချုပ်မှူးကြီး အနေဖြင့် အဆိုပါ ကမ်းလှမ်းချက်ကို တုံ့ပြန်ဖွယ် မရှိကြောင်း လေ့လာသုံးသပ်သူများက ယုံကြည်ခဲ့ကြသည်။
Subscribe to:
Posts (Atom)