Saturday, August 28, 2010

သတင်း - မြန်မာ ညူလက်နက် ရေးရာ စောင့်ကြည့်နေသည့် သံအမတ် သမီး ပါတီ မှ အပြန် တိုက်ပေါ်က ပြုတ်ကျ၍ ကွယ်လွန်၊ ပြည်သူများ က အာဏာသိမ်းမှု ဟု ယုံကြည်ပြီးနောက် ထပ်မံရရှိသည့် နောက်ဆုံးရ သတင်းများ၊ ကာကွယ်ရေးဦးစီးချုပ်ရာထူး အား ဗိုလ်ချုပ်မှုးကြီး သန်းရွှေ လက်လွတ်ဆုံ

 သတင်း - မြန်မာ ညူလက်နက် ရေးရာ စောင့်ကြည့်နေသည့် သံအမတ် သမီး ပါတီ မှ အပြန် တိုက်ပေါ်က ပြုတ်ကျ၍ ကွယ်လွန်၊ ပြည်သူများ က အာဏာသိမ်းမှု ဟု ယုံကြည်ပြီးနောက် ထပ်မံရရှိသည့် နောက်ဆုံးရ သတင်းများ၊ ကာကွယ်ရေးဦးစီးချုပ်ရာထူး အား ဗိုလ်ချုပ်မှုးကြီး သန်းရွှေ လက်လွတ်ဆုံ
မြန်မာ ညူလက်နက် ရေးရာ စောင့်ကြည့်နေသည့် သံအမတ် သမီး ပါတီ မှ အပြန် တိုက်ပေါ်က ပြုတ်ကျ၍ ကွယ်လွန်၊

August 28, 2010 (FNG)
Quantcast

ဟိန်းခိုင်ထွန်း ၊    ၊အထူးသံတမန်အဖြစ် ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး အဖြစ် တာဝန် ထမ်းဆောင်
နေသည့် အဲရစ် ဂျွန် ၏ သမီးဖြစ်သူ အသက် ၁၇ နှစ် အရွယ်ရှိ နစ်ကိုးဂျွန် မှာ ယနေ့ မနက် လင်း
အားကြီး အချိန် ပါတီမှ အပြန်တွင် နယူးယောက် မက်ဟန်တန် ရှိ ၂၂ ထပ်မြင့် သော တိုက်မှ
ပြုတ်ကျ၍ သေ ဆုံးသွားသည် ဟု သတင်းရရှိသည် ။

ဝဲ အစွန် တွင် ဖြစ်သည်
ဘန်ကောက် နိုင်ငံတကာ ကျောင်းတွင် ပညာသင် ယူနေသည့် နစ်ကိုးဂျွန် မှာ မိခင် နိုင်ငံသို့ခေတ္တပြန်လာစဉ်  သူငယ်ချင်း များ၏ သောကြာနေ့ ည ပါတီ မှ အပြန် စနေ နေ့ အာရုဏ် တက် မနက် တွင် ၂၂ ထပ် အမြင့်ရှိ တိုက် ပေါ်မှ ပြုတ်ကျ သေဆုံးခြင်း ဖြစ်သည်။ နစ်ကိုး၏ ဖခင် အဲရစ် ကိုး မှာ ထိုင်းနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး တစ်ဦးဖြစ်ပြီး မြောက်ကိုရီးယားနှင့် မြန်မာ နျူကလီးယား အရေးကိစ္စ နှင့် မြန်မာ ညူဓာတ်ပေါင်းဖို တည်ဆောက်ခြင်း ကိစ္စများ အား စောင့်ကြည့် လေ့လာ ရန် အထူးသံတမန် အဖြစ် အမေရိကန် အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေး ကော်မတီ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ ဆပ်ကော်မတီ ဥက္ကဋ္ဌ ဂျင်မ်ဝက်ဘ် က အဆိုပြုထား သူ တစ်ဦးဖြစ်သည်။ နစ်ကိုး ဂျွန်သည် မြန်မာ နိုင်ငံ သို့ လာရောက် လည်ပတ် ဖူးသည်။
အဲရစ်ဂျွန် သည် ၂၀၀၅ ခုနှစ် မှ ၂၀၀၇ ခုနှစ် ထိ ဒုလက်ထောက် အာရှ နှင့် ပိစိဖိတ် ရေးရာ လက်ထောက် နိုင်ငံ ခြားရေး ၀န်ကြီး အဖြစ် တာဝန် ထမ်းဆောင် နေစဉ် တရုတ် နိုင်ငံဉ် နိုင်ငံခြားရေး ၀န်ကြီး ဦးဥာဏ် ၀င်း နှင့် တွေ့ ဆုံ ခဲ့ဖူးသည်။၎င်းသည် ၁၉၈၉ မှ ၁၉၉၂ အထိ ဘန်ကောက် ရှိ အမေရိကန် သံရုံး တွင် တာဝန်ထမ်းဆောင်နေစဉ် မြန်မာ ဒုက္ခသည် များ အမေရိကန် ထွက်ရှိ နိုင်ရေး ကူညီ ဆောင်ရွက် ပေးခဲ့သူ ဖြစ်သည်။နာဂစ် မုန်တိုင်း တိုက်ခတ်စဉ် က အမေရိကန် မှ ကူညီထောက်ပံ့သည့် ပစ္စည်းများ ကို စစ်လေယာဉ် နှင့် တင်ဆောင်ပြီး မြန်မာ နိုင်ငံ သို့ လာရောက် ခဲ့သူ ဖြစ်ကာ နာဂစ် ဒေသ သို့ လည်း USAID မှ ဆန်တန်ချိန် တစ်သောင်း ကူညီရာတွင် ရောက်ရှိ ခဲ့ဖူးသည်။ ၎င်း သည် ကိုရီးယား ရေးရာ ကျွမ်းကျင် သူ ဖြစ်သည်။ နစ်ကိုး အဲရစ် မှာ နယူးမြို့ လည် တိုက်မြင့်များ ပေါ်မှ အရုဏ် တက်ချိန် ရှုခင်း ကို ဓာတ်ပုံရိုက်ကူးရန် ပြင်ဆင်နေစဉ် ပြုတ်ကျ သေဆုံး ခဲ့ခြင်းဖြစ်သည်။သူမ၏ မိခင် မှာ လည်း Visual Artist တစ်ယောက်ဖြစ်သည်။ နစ်ကိုး သည်  လာမည့် တနင်္လာနေ့ တွင် အမေရိကန် ဉ် ဒီဇိုင်း ပညာ ရပ် နှင့် ပတ်သက် ၍ တက္ကသိုလ် တက်ရန်ပြင် ဆင် နေစဉ် ကွယ်လွန် သွားခြင်းဖြစ်သည်။

ပြည်သူများ က အာဏာသိမ်းမှု ဟု ယုံကြည်ပြီးနောက် ထပ်မံရရှိသည့် နောက်ဆုံးရ သတင်းများ

August 28, 2010 (FNG)

Quantcast

Latest ၂(က) ပထမ အသုတ် ပြုတ်/နား များ ထဲမှ ဒုတိယ ဗိုလ်ချုပ်ကြီး အုန်းမြင့်၊ ဒုတိယ ဗိုလ်ချုပ်ကြီး
သာအေး ၊ ဒုတိယ ဗိုလ်ချုပ်ကြီး တင်အေး နှင့်  ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်လှိုင် တို့ အား  အကျယ်ချုပ်
ဖြင့် ဖမ်းဆီး ထားသည် ဟု သတင်းရရှိသည် (မြန်မာ စံတော် ချိန် ညနေ ၃ နာရီ) အတည်မပြု နိုင်သေး
၂(ခ) ပြုတ်/နား များ  နှင့် ရွေးကောက် /ကျောခိုင်း (ဥပမာ – ဦးခင်မောင်ဆွေ) တို့ မှာ စတ္ထုထ အင်အားစု အဖြစ်
ပေါ်လာ နိုင်ဖွယ်ရှိ


၁(က) ပိတ်ထား သော ၀ဘ်ဆိုက်( အင်တာနက် စာမျက်နှာ) များ အားလုံးနီး
ပါးပြန်ပွင့် နေ

၁ (ခ)ဒုတိယ ဗိုလ်ချုပ်ကြီး သူရမြင့်အောင် အား ကာကွယ်ရေးဦးစီးချုပ် ရာထူး ပေးသော
ကြောင် ဗိုလ်ချုပ်ကြီး သိန်စိန် ၊ ဗိုလ်ချုပ် သာအေး အပါအ၀င် ပထမ အသုတ် ပြုတ်/နား များက
မကျေနပ် (DSA အကွဲ အပြဲဖြစ် နိုင်)
၁။ ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ၏ မြေးဖြစ်သူ ဖိုးလပြည့် ၏ မိုဘိုင်းဖုန်းသည် ဆက်သွယ်ခေါ် ယူ၍  မရ တော့
ဟု သတင်းရရှိသည်။
၂။ဗိုလ်ချုပ်မှုးကြီး သန်းရွှေ သမက်ဖြစ်သူ ဦးတေဇ လည်း ပျောက်ဆုံးနေ ( လေယာဉ် ကွင်းများ တွင် လုံခြုံရေးတင်းကျပ်)
၃။J-Donut (ရွှေဘုံသာလမ်း – အထက်) အပါအ၀င် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ၏ပိုင်ဆိုင်မှုများ တွင်
လုံခြုံမှု မရှိ ဗုံးပေါက် မည် ဟု ကောလဟာလ ထွက်ပေါ်
၎။ပြည်ပ ငွေကြေး ပေါက် ဈေးများ အနည်းငယ် မြင့်တက် (အမေရိကန် 1 ဒေါ်လာ – မြန်မာကျပ်ငွေ 1020)
၂-(၁)  ဒုတိယ ဗိုလ်ချုပ်ကြီး သူရမြင့်အောင် က သောကြာနေ့  ကတ်ဘိနက် အရေးပေါ် အစည်းအဝေး
တွင် ဗိုလ်ချုပ်မှုးကြီး ရာထူး လက်ခံ (အတည်ပြုမရသေး)
ထပ်မံရရှိသည့် သတင်း များ ကို အချိန် နှင့် တပြေးညီ တင်ဆက်မည် ဖြစ်သည်

ကာကွယ်ရေးဦးစီးချုပ်ရာထူး အား ဗိုလ်ချုပ်မှုးကြီး သန်းရွှေ လက်လွတ်ဆုံးရှုံး

August 28, 2010 (FNG)



တပ်တွင်းပူးပေါင်းကြံစည်အာဏာသိမ်းမှုတစ်ခုကြောင့်ရာထူးမှဖယ်ရှားခံလိုက်ရသည့်ပူပူနွေးနွေး အိန္ဒိယပြန်ဗိုလ်ချုပ်မှုးကြီးသန်းရွှေယခင်တစ်ပါတီအာဏာရှင်ဟောင်းဦးနေ၀င်းကွယ်လွန်ပြီးတစ်ပတ်
ခန့်အကြာတွင်ကာကွယ်ဝန်ကြီးဌာနမှအရာရှိတစ်ဦးနှင့်စကားပြောရာသေသည်အထိစစ်ဝတ်စုံကို
မချွတ်ဟု  (စစ်သား ဘ၀ ကိုမြတ်နိုး ၍ ပြောခြင်း မဟုတ်)ပြောခဲ့သည့် ဗိုလ်ချုပ်မှုးကြီးသန်းရွှေမှ ကောက်ကာငင်ကာ မြန်မာ နိုင်ငံ ၏ ခောတ်သစ် သမိုင်း တွင် အာဏာအရှိဆုံးဖြစ်သည့် ကာကွယ်ရေး ဦးစီးချုပ်ရာထူး ကိုစွန့် လွှတ် ခဲ့ ခြင်း ကြောင့် ပြည်သူများ ကသို့ လော……သို့ လော ….အတွေး ပွား နေကြသည်။
ထိုသို့  အတွေးပွားသူများ တွင် ရွေးကောက်ပွဲ လိုလားသည့် ဆောင်းပါးများ ရေးသည့် ပြည်တွင်းစာရေးဆရာ တစ်ဦးကပင်တောင်အမေရိက တိုက် စစ်အာဏာသိမ်းမှု များ နှင့် ခပ်ဆင်ဆင် တူသည် ဟု မှတ် ချက်ပေး ပြောကြားသွားသည်။
ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ၏ ကာ/ချုပ် ရာ ထူးစွန့် လွှတ်ခြင်း နှင့် ပတ်သက်၍  ကာကွယ်ရေး
ဝန်ကြီးဌာန တွင်နှစ် သုံးဆယ် ကျော် တာဝန် ထမ်းဆောင် ခဲ့ဖူးသည့် အငြိမ်းစားအရာရှိ
ဗိုလ်မှုး တင်အောင် က 'ခင်ဗျား  တို့ မှတ်မိလား တော့ မသိဘူး ဒါ ဗိုလ်သန်းရွှေ အိန္ဒိယ
သွားတုန်းက အာဏာသိမ်း တယ် ဆို တဲ့ Line Up (လူစာရင်း)ပဲ ဟု Freedom News Group သို့ ပြောသည်။
ဗိုလ်ချုပ်မှုးကြီး သန်းရွှေ နှင့် ထိပ်တန်း စစ်ခေါင်းဆောင် များ ဆိုင်းမဆင့် ဗုံမပါ နှုတ် ထွက်
သွားခြင်း နှင့် ပတ် သက်၍ပြည်သူများ ၏ သဘောထား အမြင် များ ကို စနေ နေ့ ညနေတွင် စောင့်မျှော် ဖတ်ရှု ပါ။



jacknet

Friday, August 27, 2010

cncletterhead

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ရာထူးမှ အနားယူပြီ

cncletterhead
မဇ္ဈိမသတင်းဌာန | သောကြာနေ့၊ သြဂုတ်လ ၂၇ ရက် ၂၀၁၀ ခုနှစ် ၁၉ နာရီ ၄၀ မိနစ်


ချင်းမိုင် (မဇ္ဈိမ) ။ ။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒုဗိုလ်ချုပ်ကြီး မောင်အေးတို့ ရာထူးမှ နားခြင်းအပါအဝင် တပ်မတော်ထိပ်တန်း စစ်ဘက်ရာထူးများတွင် အပြောင်းအရွေ့များ ယနေ့ ဖြစ်ပွားသည်။

ယခင် စစ်ရေးချူပ် ဒုဗိုလ်ချုပ်ကြီး သူရမြင့်အောင်က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဖြစ်လာပြီး အခြားသော ကစထမှူးတဦးဖြစ်သော ဒုဗိုလ်ချုပ်ကြီးကိုကိုမှာ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဖြစ်လာသည်။

နံပါတ် ၃ အဆင့်ဖြစ်သော ကြည်းရေလေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး သူရရွှေမန်း၏နေရာတွင် ယခင် စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ဖြစ်လာသည်။

ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး၏ ရာထူးဖြစ်သော စစ်ထောက်ချုပ်ရုံးသို့ ယခင် နေပြည်တော်တိုင်းမှူး ဗိုလ်ချုပ်ဝေလွင် ရာထူးတိုးမြှင့် ရောက်ရှိလာသည်။

ဒုဗိုလ်ချုပ်ကြီး အဆင့်ရှိသူအများစု ရာထူးမှ နှုတ်ထွက်သွားပြီး တိုင်းမှူးအများစု အပါအဝင် ဗိုလ်ချုပ်အဆင့် ရှိသူများ ရာထူးတက်သည်။

ရာထူးမှ နှုတ်ထွက်သွားသူများသည် ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်လိမ့်မည်ဟု မျှော်လင့်ရသည်။

အောက်တွင် ရာထူးဟောင်းနှင့် ရာထူးသစ်များကို ပြသထားသည်။ အသေးစိတ်ကို ဆက်လက် စုံစမ်းလျှက်ရှိသည်။


လက်ရှိရာထူး ယခင်ရာထူး
ကြည်းရေလေညှိနှိုင်းရေးမှူး ကစထမှူး(၂) ဒုဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်
စစ်ရေးချုပ် ကမ်းရိုးတန်းတိုင်းမှူး ဗိုလ်ချုပ် ခင်ဇော်ဦး
စစ်ထောက်ချုပ်ရုံး နေပြည်တော်တိုင်းမှူး ဗိုလ်ချုပ်ဝေလွင်
စစ်ရာထူးခန့်ချုပ် ရန်ကုန်တိုင်း တိုင်းမှူး ဗိုလ်ချုပ်ဝင်းမြင့်
ရန်ကုန်တိုင်း တပ်မ ၇၇ တပ်မှူး ဗိုလ်မှူးကြီး ထွန်းသန်း
တပ်မတော် ထောက်လှမ်းရေး ဌာနချုပ်ရုံး အနောက်တောင်တိုင်း တိုင်းမှူး ဗိုလ်ချုပ်ကျော်ဆွေ
ကာကွယ်ရေး ပစ္စည်းထုတ်လုပ်ရေး အရာရှိချုပ် ကာကွယ်ရေး ဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်သိန်းဌေး
ကာကွယ်ရေး ဝန်ကြီးဌာန စစ်ဆင်ရေး အထူးအဖွဲ့မှူး (၁) အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မြင့်စိုး
ကာကွယ်ရေး ဝန်ကြီးဌာန စစ်ဆင်ရေး အထူးအဖွဲ့မှူး အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်သန်းထွဋ်
ကာကွယ်ရေး ဝန်ကြီးဌာန စစ်ဆင်ရေး အထူးအဖွဲ့မှူး (၃) တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် လှမင်း
ကာကွယ်ရေး ဝန်ကြီးဌာန စစ်ဆင်ရေး အထူးအဖွဲ့မှူး (၄) အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် သက်နိုင်ဝင်း
ကာကွယ်ရေး ဝန်ကြီးဌာန စစ်ဆင်ရေး အထူးအဖွဲ့မှူး (၅) အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်တင်ငွေ


ဂျီမေးလ်မှ ဖုန်းခေါ်နိုင်ပြီ၊ အမေရိကန်၊ ကနေဒါ အခမဲ့ဖြစ်၊ မြန်မာနိုင်ငံသို့ တစ်မိနစ် ၃၅ ဆင့်ကျမည်

cncletterhead
အင်တာနက် Search engine (ရှာဖွေရေး အင်ဂျင်) ကုမ္ပဏီများအနက် ကမ္ဘာ့အကြီးဆုံး ကုမ္ပဏီနှင့် လူသုံးအများဆုံး အခမဲ့ ဂျီမေးလ်ဝန်ဆောင်မှု ပေးသည့် ဂူးဂဲလ် Google သည်လည်း VOIP စီးပွားရေးနယ်ပယ် သို့ယနေ့မှ စတင်ဝင်ရောက်ပြီ ဖြစ်သည်။

ဂူဂဲလ် ကုမ္ပဏီသည် ယမန်နေ့မှ စတင်စမ်းသပ်သုံးစွဲနေပြီး ယနေ့ တရားဝင်ဖွင့်လှစ် ကြေညာလိုက်သည့် ဂူးဂဲလ်၏ ၀န်ဆောင်မှု အသစ်တွင် မိမိ၏ ဂျီမေးလ် အကောင့်မှ နိုင်ငံအသီးသီးရှိ ကြိုးဖုန်း (landline phone)၊ မိုဘိုင်းဖုန်းများသို့ ခေါ်ဆိုနိုင်မည်ဖြစ်သည်။ ယခုစတင်လိုက်သည့် ၀န်ဆောင်မှု အသစ်ဖြင့် အမေရိကန်နှင့် ကနေဒါနိုင်ငံများသို့ အခမဲ့ခေါ်ဆိုနိုင်မည် ဖြစ်ပြီး အခြားနိုင်ငံ အသီးသီးသို့ ခေါ်ဆိုမှုနှုန်းထားများကိုမူ ဂူးဂဲလ်ဝက်ဆိုက် https://www.google.com/voice/rates တွင်ကြည့်ရှုနိုင်သည်။
မြန်မာနိုင်ငံရှိ ဖုန်းများသို့ ခေါ်ဆိုပါက တစ်မိနစ် ၃၅ ဆင့်(ကျပ် ၃၅၀ ၀န်းကျင်) ကျသင့်မည်ဖြစ်သည်။ စင်္ကာပူသို့ခေါ်ဆိုလျင် ၂ဆင့်(၂၀ ကျပ်ဝန်းကျင်) သာကျသင့်မည်ဟု သိရသည်။

ယခုဝန်ဆောင်မှုကို သုံးစွဲလိုပါက ရှေးဦးစွာ မိမိဂျီမေးလ် စဖွင့်သည့်အခါ ၀န်ဆောင်မှု အသစ်ကို သုံးစွဲလိုခြင်းရှိမရှိ မေးမြန်းသည့် မေးခွန်းပေါ်လာမည်ဖြစ်သည်။ ထို မေးခွန်းမေးသည့် new! make phone call from Gmail အားကလစ်လုပ်ပြီးနောက် ဂျီမေးလ်၏ voice and video chat ဆော့ဝဲကိုအင်စတောလ် လုပ်ရမည် ဖြစ်သည်။ အင်စတောလ် လုပ်ပြီးနောက်တွင် အင်တာနက် ဘရောက်ဆာအား တကြိမ်ပိတ်ပြီး ပြန်ဖွင့်သည်မှ စတင်ကာ သုံးစွဲနိုင်ပြီဖြစ်သည်။

ယခု ဂျီမေးလ် အင်တာနက်ဖုန်းမှ ရန်ကုန်ရှိဖုန်းသို့ ခေါ်ဆိုကြည့်သည့်အခါ +17607058888 အ၀င် နံပါတ်ဖြင့် ဖုန်းမြည်လာသည်ကို တွေ့ရသော်လည်း မိမိ၏ မေးလ်အကောင့်ထဲတွင် ငွေမဖြည့်ထားသည့် အတွက် ယခုလောလောဆယ် ပြောဆိုမရသေးဟု ရန်ကုန်မြို့မှ သုံးစွဲသူ တစ်ဦးကပြောသည်။

အင်တာနက်ကွန်ရက်ကို အသုံးပြုပြီး ကြိုးဖုန်း၊ မိုဘိုင်းဖုန်းများဆီသို့ ခေါ်ဆိုသည့် နည်းပညာကို voice over internet protocol VOIP ဟုခေါ်ဆိုပြီး လွန်ခဲ့သည့် ဆယ်စုနှစ် တစ်စုအတွင်း တရှိန်ထိုးကြီးထွားလာရာ ယခုအခါ ရန်ကုန်မြို့တွင် စင်္ကာပူ အခြေစိုက် Pfingo အင်တာနက်ဖုန်းဖြင့် ကမ္ဘာ့နိုင်ငံအသီးသီးသို့ ခေါ်ဆိုသည့် ၀န်ဆောင်မှုကို အင်တာနက်ဆိုင် အများစုက ၀န်ဆောင်မှုပေးလျက်ရှိကြသည်။

နိုင်ငံအပေါ်မူတည်ပြီး အနည်းဆုံး တစ်မိနစ်ကို ကျပ် ၅၀မှ အများဆုံးကျပ် ၅၀၀ အထိပေးရသော်လည်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ဖုန်းဖြင့် ပြည်ပသို့ခေါ်ဆိုလျင် တစ်မိနစ် အနည်းဆုံး ကျပ် ၉၀၀မှ အများဆုံးကျပ် ၄၅၀၀ အထိကျသင့်မည် ဖြစ်သည်။ VOIP စနစ်ဖုန်းခေါ်ဆိုသည့် ၀န်ဆောင်မှုများ ပေါ်လာပြီးနောက် ပြည်ပသို့ မြန်မာ့ဆက်သွယ်ရေး ဖုန်းဖြင့်ခေါ်ဆိုမှု မရှိသလောက် နည်းသွားသည်ဟု ရန်ကုန်မြို့ခံများက ပြောသည်။

Pfingo အင်တာနက် ဖုန်းစနစ်ကဒ်ဖြည့်သွင်းမှုကို ယခင်က စင်္ကာပူနိုင်ငံ သို့မဟုတ် အွန်လိုင်းမှ ငွေပေးချေနိုင်သော်လည်း ယခုအခါ ကြိုတင်ငွေပေးကဒ်များအား ရန်ကုန်မြို့ကွန်ပျူတာပစ္စည်း ရောင်းချသည့် ဆိုင်များတွင်လည်း ၀ယ်ယူရရှိနိုင်ပြီဖြစ်သည်။ စင်္ကာပူ ၁၂ ဒေါ်လာတန် Pfingo ကဒ်တစ်ကဒ်ကို ကျပ်ငွေ ၈၇၀၀ ဖြင့်ရောင်းချလျက်ရှိသည်ဟု သိရသည်။

လွန်ခဲ့သည့် ဆယ်စုနှစ် တစ်ခုအတွင်း အင်တာနက်သုံးစွဲမှု ပျံ့နှံ့လာခြင်းနှင့် အတူ VOIP စနစ် ပေါ်ပေါက်လာခြင်းကြောင့် ကမ္ဘာ့အနှံ့မှ တယ်လီဖုန်းဆက်သွယ်ရေး ကုမ္ပဏီကြီးများ၏ ၀င်ငွေသိသာစွာ လျော့ကျသွားခဲ့ရပြီး အဆိုပါကုမ္ပဏီကြီးများ ရေရှည်ရပ်တည်ရေးအတွက် နည်းလမ်းရှာကြံလျက်ရှိကြသည်။

ဘန်ကောက်မြို့တွင် နေထိုင်သည့် ဗြိတိန်နိုင်ငံသား ကုမ္ပဏီဝန်ထမ်းတစ်ဦးက မိသားစုရှိရာ အင်္ဂလန်သို့ ဖုန်းဆက်သွယ်ရန် ယခင် တစ်လလျင် ဒေါ်လာ ၁၀၀မှ ၁၅၀ ထိသုံးစွဲခဲ့ရသော်လည်း အင်တာနက်နှင့် VOIP ပေါ်ထွက်လာပြီးနောက်တွင် အင်တာနက် ဆက်သွယ်မှု အဖိုးအခမှ လွဲ၍ ဖုန်းဆက်သွယ်မှု အတွက် တပြားတချပ်မျှ သုံးစွဲစရာ မလိုတော့ဟုပြောဆိုသည်။

Thursday, August 26, 2010

၂၀၁၀ ရွေးကောက်ပွဲ သုံးသပ်ချက်


၂၀၁၀ ရွေးကောက်ပွဲကို နအဖမှ ၁၉၉၀ ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သည့် အတွေ့ အကြုံပေါ်တွင် မူတည်၍ ကြိမ်းသေနိုင်ရန် စီစဉ်နေသည်ကို ရွေးကောက်ပွဲ နီးကပ်လာသည် နှင့်အမျှ ထင်ရှားလာသည်။ ထင်ရှားသည့် ဥပမာများမှာ ----

(၁) ရွေးကောက်ပွဲဝင်မည့် အတိုက်အခံနိုင်ငံရေး ပါတီများထဲမှ နိုင်ငံရေး အတွေ့အကြုံ ရင့်ကျက်သည့် ဦးသုဝေခေါင်းဆောင်သည့် ဒီမိုကရက်တစ်ပါတီ (မြန်မာ) ၏ ပါတီဝင်များ စာရင်းကို ရွေးကောက်ပွဲ ကော်မီရှင်သို့ ပေးအပ်ရပြီး ၎င်းကော်မီရှင်က ထောက်လှန်းရေးကို တဆင့်ပေးပို့၍ ပါတီဝင်များ၏ ကိုယ်ရေးရာဇဝင်ကို တအိမ်တက်ဆင်း လိုက်လံကောက်ယူပြီး ဓာတ်ပုံရိုက် မှတ်တမ်းတင်ခြင်းကို ပြုလုပ်လျှက်ရှိခြင်း။ လူပေါင်းသန်းနှင့်ချီ၍ အဖွဲ့ဝင်ဖြစ် နေသော ကြံ့ဖွံ့ပါတီဝင်များကိုမူ ထိုကဲ့သို့ ပြုလုပ်ခြင်း မရှိခြင်း။ ဤလုပ်ရပ်သည် အတိုက်အခံ ပါတီဝင်များကို ၎င်းပါတီမှ ကြောက်လန့်၍ နှုတ်ထွက်စေခြင်း၊ နှုတ်ထွက်ရန် ဖိအားပေးခြင်း၊ သွယ်ဝိုက်၍ ချိမ်းခြောက်ခြင်းဖြစ်သည်။


(၂) NLD ပါတီ ရွေးကောက်ပွဲဝင်ရန် မှတ်ပုံမတင်ခြင်းကို သဘောတူလက်ခံခဲ့ပြီးမှ တစင် ထောင်ခဲ့သည့် အမျိုးသားဒီမိုကရေစီအင်အားစု National Democratic Forces (NDF) ပါတီ ခေါင်းဆောင် ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်းတို့ အုပ်စုအား အစိုးရက ပါတီမှတ်ပုံ တင်ခြင်းကို လက်ခံအတည်ပြုပြီးခါမှ ရွေးကောက်ပွဲကော်မီရှင်က ၎င်းတို့အား နေပြည်တော်သို့ ခေါ်ယူပြီး အုပ်ချုပ်သူများနှင့် ပူးပေါင်းလုပ်ပါ့မည် နောက်နောင် ဤသို့သော် ပြစ်မှုကို ကျူးလွန် မည်မဟုတ်ပါဟု ဝန်ခံလက်မှတ် ရေးထိုး၍ အသနားခံစာတင်ရမည်ဟု ဦးချိုးလိုက်ခြင်းသည် ရွေးကောက်ပွဲကော်မီရှင်၏ သခင်အားရ ကျွန်ပါးဝလုပ်ရပ်ဖြစ်ပြီး NDF ခေါင်းဆောင်ပိုင်းတွင် ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်နိုင်သည့် အခြေအနေကို ဂုဏ်သိက္ခာညှိုနွမ်းသွားစေရန် တမင်ရည် ရွယ်၍ ပြုလုပ်ခြင်းဖြစ်သည်။ အကယ်၍ ဒေါက်တာသန်းငြိမ်းတို့က လက်မှတ်မထိုးနိုင်ဟု ငြင်းလျှင် ရွေးကောက်ပွဲကော်မီရှင်က ၎င်းတို့ကို ပေးအပ်ထားသော အာဏာကို သုံး၍ ဦးခင်မောင်ဆွေတို့ (၄) ဦးကို ရွေးကောက်ပွဲဝင်ခွင့်ကို ပိတ်ပင်ရန် ရည်ရွယ်ပုံရသည်။ NDF ခေါင်းဆောင်များ NLD နောက်ခံရှိသဖြင့် ရွေးကောက်ပွဲတွင် နိုင်နိုင်ချေရှိနေခြင်းကို တမင်ရိုက် ချိုးခြင်းသာဖြစ်သည်။

(၃) ရခိုင်ပြည်နယ် မြေပုံမြို့တွင် ကြံ့ဖွတ်ပါတီဖွင့်ပွဲသို့ အနောက်ပိုင်းတိုင်းမှုး ဗိုလ်ချုပ်သောင်း အေး လိုက်ပါပြီး တမြို့လုံးကို ၎င်းအမိန့်ဖြင့် ကြံ့ဖွတ်အလံများစိုက်ထူ၍ ကြိုဆိုခိုင်းခဲ့သည်။ မြေပုံမြို့နယ်ကြံ့ဖွတ်ပါတီစည်းရုံးရေးအတွက် ငွေကျပ်သိန်း (၂၀)၊ တယ်လီဖုန်းအလုံး (၁၅) လုံး၊ ဆိုင်ကယ် (၂) စီး၊ စပိဘုတ် (၁) စီးကို ပေးအပ်သွားခဲ့သည်ကို ကြည့်လျှင် ၎င်းငွေကြေး ပစ္စည်းများသည် နိုင်ငံတော်ပိုင် ငွေကြေးပစ္စည်းများသာဖြစ်သည်၊ ဗိုလ်ချုပ်သောင်းအေး ပိုင်မဟုတ်။ ထိုအချက်က နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ အခန်း (၃) အပိုဒ် (၁၅) (ဈ) ၌ "နိုင်ငံတော်ပိုင်ငွေကြေး၊ အဆောက်အအုံ၊ ယာဉ်ပစ္စည်းတို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ရယူသုံးစွဲသည့် အဖွဲ့အစည်းဖြစ်ကြောင်း တွေ့ရှိခြင်း" ရှိလျှင် ကော်မီ ရှင်က မှတ်ပုံတင်ခွင့်ပြုခဲ့ခြင်းကို ပယ်ဖျက်ရမည်ဟု အတိအလင်းဆိုထားသည်။ သို့ရာတွင် ရွေးကောက်ပွဲကော်မီရှင်က စုံစမ်းစစ်ဆေးခြင်းကိုသော်၎င်း၊ အရေးယူဆောင်ရွက်ခြင်းကို သော်၎င်း အလျဉ်းမတွေ့ရပေ။

(၄) တဖက်မှလည်း ဥပဒေအခန်း (၃) အပိုဒ် (၁၅) (စ) ၌ နိုင်ငံခြားတိုင်းပြည် တစ်ခုခု၏ အစိုးရ သို့မဟုတ် ဘာသာရေး အဖွဲ့အစည်း သို့မဟုတ် အခြားအဖွဲ့အစည်း တစ်ခုခု သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးထံမှ ငွေကြေး၊ ပစ္စည်း၊ အခြားအထောက်အပံ့တို့ကို တိုက်ရိုက် ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ရယူသုံးစွဲခြင်း၊ သို့မဟုတ် ယင်းတို့၏ သြဇာခံယူခြင်းပြုသည့် အဖွဲ့အစည်းဖြစ်ကြောင်း တွေ့ရှိလျှင် မှတ်ပုံတင်ခွင့် ပြုခဲ့ခြင်းကို ပယ်ဖျက်ရမည်ဟု ဆိုထား ပြန်သည်။ ဤအချက်သည် အတိုက်အခံ နိုင်ငံရေးပါတီများအား ပြည်ပရှိ ဒီမိုကရေစီ လိုလားသော နိုင်ငံများ၊ မျိုးချစ်မြန်မာများ၊ အဖွဲ့အစည်းများက ငွေကြေးပံ့ပိုးပေးမှုကို ဗြောင်ပိတ်ပင်လိုက်ခြင်းဖြစ်ပြီး တဖက်မှလည်း ၎င်းတို့ကြံ့ဖွတ်ပါတီကို နိုင်ငံတော် ဘဏ္ဍာထဲမှ လိုအပ်သလောက်ကို ထောက်ပံ့ပြီး အနိုင်ရရန် အရှက်ကင်းမဲ့စွာဖြင့် ပြုလုပ်နေခြင်းဖြစ်သည်။(၅) တိုင်းရင်းသားပါတီများနှင့် ပတ်သက်၍လည်း ဒေါက်တာတူးဂျာဦးစီးသည့် ကချင်တိုးတက် ရေးပါတီ (KSPP) နှင့် ရှမ်းပြည်မြောက်ပိုင်း တိုးတက်ရေးပါတီ (NSPP) တို့အား ပါတီတည် ထောင်ခွင့် လျှောက်ထားသော်လည်း တည်ထောင်ခွင့်မပေးပဲ ဆိုင်းငံ့ထားပြီး မကြာသေးခင် ကမှ မှတ်ပုံတင်သည့် စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီက ကချင်ပြည်နယ် (UDPKS) ကိုမူ ချက်ချင်းမှတ်ပုံတင်ခွင့် ချပေးလိုက်သည်။ အဘယ်ကြောင့် ချပေးခဲ့သည်ကို လေ့လာ ကြည့်သောအခါ ၎င်းပါတီကို နအဖနှင့် ကြံ့ဖွတ်ပါတီက ထူထောင်ပေးခဲ့ပြီး ၎င်း UDPKS ပါတီ ခေါင်းဆောင်တို့မှာ ယ္ခင်ကြံ့ဖွတ်အသင်းဝင်များဖြစ်သည်။ တဖန် ကချင်ပြည်နယ် ဗန်းမော်မြို့ နယ်တွင်လည်း မှတ်ပုံတင်မရှိသူများကို ရွေးကောက်ပွဲအမှီ မှတ်ပုံတင် လုပ်ပေးမည် ဖြစ်ကြောင်း ပြောကြားပြီး ဝန်ကြီးချုပ်ဦးသိန်းစိန်နှင့် ဗိုလ်ချုပ်လွမ်းမောင်တို့က စည်းရုံးရေး ဆင်းလျှက်ရှိသည်။ ယ္ခုအချိန်ထိ တရားဝင်စည်းရုံးရေးဆင်းနေသည်မှာ ကြံ့ဖွတ်ပါတီတခု တည်းသာဖြစ်သည်။

(၆) ဒုတိယပညာရေးဝန်ကြီး ဦးအောင်မျိုးမင်းက ဘာသာခြားတက္ကသိုလ်တွင် ကျောင်းသား ကျောင်းသူများအား " အနာဂါတ် နိုင်ငံတော်မှာ ကျောင်းသားကျောင်းသူတွေ သွေးထွက်သံယို ဖြစ်တာ မမြင်ချင်ရင် ကြံ့ဖွတ်ကို မဲပေးပါ" ဟု ပြောကြားချက်သည်၊ ငါတို့အာဏာမရလျှင် အာဏာပြန်သိမ်းမည်ဟု ဆိုလိုသည်။ ထိုကြောင့် ၁၉၉၀ ခုနှစ်တုံးကလို ၎င်းတို့ မနိုင်လျှင် အာဏာအပ်မည်မဟုတ်ဟု သုံးသပ်သည်။

ရွေးကောက်ပွဲ ကျင်းပရန်ရက်သည် (၃) လ မပြည့်၊ ထို (၃) လမပြည့်တပြည့် ကာလတွင် နိုင်ငံရေးပါတီများက မှတ်ပုံတင်ခြင်း၊ အဖွဲ့ဝင်စာရင်းကို အသေးစိတ်တင်ပြခြင်း၊ ကိုယ်စားလှယ်လောင်းအတွက် ရွေးကောက်ပွဲဝင်ကြေးများပေးသွင်းခြင်း၊ စည်းရုံးရေးအတွက် အခန်းများငှါးရမ်းရခြင်း၊ ရွေးကောက်ပွဲကောက်မီရှင်ကို (၇) ရက်ကြို၍ အကြောင်းကြားရခြင်း၊ လမ်း၊ ရပ်ကွက်များတွင် ဟောပြောခွင့်မရခြင်း၊ ကျောင်းခန်းမများ၊ ဘုန်းကြီးကျောင်း ဓမ္မာရုံ များတွင် ဟောပြောခွင့်ကို ပိတ်ပင်ခံထားရခြင်းများ ကြုံတွေနေရစဉ် တဖက်မှလည်း ကြံ့ဖွတ် ပါတီက နယ်မြေတိုင်းတွင် တံခါးမရှိ ဓားမရှိ၊ အစစ်အဆေးကင်းရှင်းစွာ စည်းရုံးရေး ဆင်းနေခြင်း၊ နေပြည်တော်တွင် အစိုးရပေးထားသော အဆောက်အဦကြီးတွင် ကြံ့ဖွတ်ပါတီ ရုံးကို ဖွင့်လှစ်ပြီး အစိုးရထောက်ပံ့ငွေများ၊ မော်တော်ယဉ်များ၊ အဆောက်အဦများကို သုံးစွဲချင်တိုင်း သုံးစွဲခွင့်ရနေသလို ကြံ့ဖွတ်အသင်းဝင် (၈) သန်းကျော်ကို ကြံ့ဖွတ်ပါတီ အမာခံများအဖြစ် အသွင်ပြောင်းပြီး ကြံ့ဖွတ်အသင်းရုံးခန်းများကို ကြံ့ဖွတ်ပါတီရုံးခန်းများ အဖြစ် အသုံးပြုခွင့်ရနေပေသည်။ ထို့ပြင် ကြံ့ဖွတ်ပါတီ ဥက္ကဋ္ဌ ဦးသိန်းစိန်သည် နိုင်ငံတော် ဝန်ကြီးချုပ် ရာထူးကိုလည်းယူထားသဖြင့် အစိုးရသည် ကြံ့ဖွတ်ပါတီ ရွေးကောက်ပွဲ မစခင်ကတည်းက ဖြစ်နေသဖြင့် ၎င်းအစိုးရသည် ကြံ့ဖွတ်ပါတီ အနိုင်ရရန် နည်းမျိုးစုံဖြင့် အစိုးရအာဏာကို အသုံးပြုကာ တဖက်သတ်အသုံးချ အနိုင်ယူမည့်ပွဲဟု သုံးသပ်မိသည်။

(၇) စာပေစီစစ်ရေးတွင် ရေတပ်မှ ဒုဗိုလ်မှုးကြီး မျိုးမြင့်မောင် တာဝန်ယူပြီးနောက်ပိုင်း စာနယ်ဇင်းများကို ပိုမိုတင်းကြပ်စွာ ပြုလုပ်လာခဲ့ပြီး ရွေးကောက်ပွဲဆိုင်ရာ ဝေဖန်မှုများကို ဗြောင်းပိတ်ပင်ခဲ့သည်။ ထို့ပြင် အစိုးရထုတ်သတင်းစာများက " မည်သူမဆို နိုင်ငံတော်တည် ငြိမ်းရေး၊ ရပ်ရွာအေးချမ်း သာယာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို ထိခိုက်ပျက်ပြားစေရန် လှုံ့ဆော်ခြင်း၊ ဆန္ဒပြခြင်း၊ ဟောပြောခြင်း သို့မဟုတ် ရေးသားဖြန့်ဝေခြင်း" ပြုလုပ်လျှင် ထောင်ဒဏ် ၅ နှစ်မှ နှစ် ၂၀ အထိ ကျခံရမည်။ ကျူးလွန်သော အဖွဲ့ကိုလည်း ဖျက်သိမ်းမည် ဟု ဖော်ပြခဲ့သည်။ အထက်ပါ အချက်သည် ရွေးကောက်ပွဲတွင် လွတ်လပ်စွာ ပြောဆိုစည်းရုံး ခွင့်ကို တိုက်ရိုက်ခြိမ်းခြောက် ဟန့်တားမှုပင်ဖြစ်သည်။ နိုင်ငံရေးပါတီများသည် အတိုက်အခံ နိုင်ငံရေးသမားများ၏ အားနည်းချက်များကို ထောက်ပြဝေဖန်ပိုင်ခွင့်ရှိသည်။ ထိုမှသာ မည်သူ မှန်သည်၊ မည်သူမှားသည်၊ မည်သူကရိုးသားတည်ကြည်သည်၊ မည်သူက ကလိန်ကကျစ် ဆိုသည်ကို လူအများက သိကြမည်ဖြစ်သည်။ မည်သူက ရပ်ရွာတိုးတက်ရေးကို လုပ်နိုင်မည်။ တိုင်းပြည်တိုးတက်ရေးကို လုပ်နိုင်မည်။ စီးပွားရေးစံနစ်ကို ကောင်းမွန်စွာနားလည်သည် တို့ကို သိမှသာ ပြည်သူက မည်သူ့ကို မဲပေးရမည်ကို ပြုလုပ်နိုင်ကြမည်ဖြစ်သည်။ သို့ရာတွင် နအဖမှ အခန်း (၃) အပုဒ် ၁၅ (ဃ) ၌ "လူမျိုးရေး သို့မဟုတ် ဘာသာရေး သို့မဟုတ် လူတစ်ဦးချင်း သို့မဟုတ် လူအများနှင့် ပတ်သက်၍ ပဋိပက္ခဖြစ်ပေါ်စေနိုင်သည့် သိက္ခာနှင့် ကိုယ်ကျင့် တရားကို ထိခိုက်စေနိုင်သည့် ရေးသားမှု၊ ဟောပြောမှု သို့မဟုတ် စည်းရုံးလှုံ့ဆော်မှု ပြုလုပ်ခြင်း" ကို ပြုလုပ်ခဲ့လျှင် ၎င်းပါတီအား မှတ်ပုံတင်ခွင့် ပြုခဲ့ခြင်းကို ပယ်ဖျက်ရမည်ဟု ဆိုးထားခဲ့သည်။

ရွေးကောက်ပွဲဆိုသည်မှာ မည်သူမှန်သည် မည်သူမှားသည်၊ မည်သူက ကိုယ်ကျင့် တရား ကောင်းသည်၊ မည်သူက မကောင်း၊ မည်သူက နိုင်ငံရေး၊ စီပွားရေး၊ လူမှုရေးအမြင် ရှိသည်တို့ကို တဖွဲ့နှင့် တဖွဲ့ နှိုင်းယှဉ် စကားစစ်ထိုးသော ပွဲဖြစ်သည်။ ထိုသို့ပြောကြားရာတွင် လူဖြစ်သဖြင့် ပုဂ္ဂိုလ်ရေးများ၊ ယ္ခင်က ပြုလုပ်ခဲ့သော အပြစ်အနာအဆာများ၊ ဆုံးဖြတ်ချက် အမှားရှိပါက အတိုက်အခံဖက်မှ ၎င်းအချက်များကို တင်ပြပိုင်ခွင့်ရှိသည်။ သို့မှသာ ပြည်သူက မိမိရွေးချယ်မည့်သူသည် အရည်အချင်းရှိသူ တည်ကြည်သူအဖြစ် သိနိုင်မည်ဖြစ်သည်။ သို့ရာတွင် အထက်ပါပြဋ္ဌာန်းထားချက်အရ သူခိုးကို ခိုးပါသည်ဟုပြောခဲ့သော်၊ သိက္ခာနှင့် ကိုယ်ကျင့်တရားကို ထိခိုက်စေသည်ဟု စွဲချက်ဖြင့် အရေးယူခံရတော့မည်ဖြစ်သည်။

(၈) ပို၍ဆိုးသည်မှာ ရွေးကောက်ပွဲရက် သတ်မှတ်ပြီးနောက် နာဂစ်မုန်တိုင်းသင့်ဒေသများသို့ ကယ်ဆယ်ရေးပြန်လည်ထူထောင်ရေး ကူညီလုပ်ကိုင်ပေးနေသည့် သုံးပွင့်ဆိုင် အမာခံအုပ်စု ခေါ် Tripartite Core Group (TCG) တွင် ကုလသမဂ္ဂ၊ အရှေ့တောင်အာရှနိုင်ငံ၊ အိမ်နီးချင်း နိုင်ငံများနှင့် မြန်မာလူမှုရေးအဖွဲ့များ ပါဝင်သည်။ ၎င်း TCG အုပ်စုကို ၎င်းတို့လုပ်ငန်းစဉ် ဖြစ်သည့် ပြန်လည်ထူထောင်ရေးကိစ္စပြီးပြီဖြစ်ကြောင်း ထိုမှတဆင့် ဖွံ့ဖြိုးရေးကို ဆက်လက် ပြီး အစိုးရမှ လုပ်ဆောင်သွားမည်ဟု နအဖမှ ပြောဆိုပြီး အဖွဲ့လုပ်ငန်းကို ရပ်ဆိုင်း အဆုံးသတ်စေခဲ့သည်။ နာဂစ်မုန်တိုင်းတွင် အသက်ရှက်ကျန်ရစ်သူ ၈၀၀,၀၀၀ ခန့်မှာ ယနေ့ ထိ မလုံမခြုံသေးရာ အမိုးအကာတို့ဖြင့် နေထိုင်နေကြရတုံးဖြစ်သည်။ TCG ၏ နေရာတွင် လူမှုရေးဝန်ကြီးဋ္ဌာနနှင့် ထောက်ပံ့ရေးနှင့် ပြည်လည်နေရာချထားဋ္ဌာနတို့မှ တာဝန်ယူရပြီး နာဂစ်လွန်ပြန်လည်ထူထောင်ရေး အလုပ်တို့ လုပ်ရမည်ဖြစ်သော်လည်း နအဖမှ မလိုအပ် တော့ဟုဆိုသည်။

ထိုကဲ့သို့ ကူညီမှုကို ရပ်ဆိုင်းလိုက်သဖြင့် လူမှုရေးကူညီမှု ပြုလုပ်နေသည့်သူများ ကိုယ့်တိုင်းပြည် ကိုယ်ပြန်ကြရသည်။ ဗီဇာအသစ်လျှောက်သူများအနည်းဆုံး (၄) လမှ ၂ နှစ်အထိ ပြည်ဝင်ခွင့်ရရန်စောင့်ရသည်။ ထိုကြောင့် နာဂစ်ဒါဏ် ခံစားနေရသော ဒုက္ခသည် များကို ကူညီပံ့ပိုးမှုများ၊ များစွာကျဆင်းသွားခဲ့ရပြီး ဖွံ့ဖြိုးတိုးတက်ရေး ဖြစ်မလာဘဲ ပို၍ အတိဒုက္ခရောက်ကြရသည်။ TCG ထွက်သွားပြီးနောက် နိုင်ငံခြားမှ ကူညီသူများကို ဗီဇာထုတ် ပေးမှု ၁၀ပုံ တပုံကိုသာ ခွင့်ပြုခဲ့သည့်အတွက် နိုင်ငံခြားမှ ကူညီသူ အဖွဲ့များ များစွာနည်းပါး သွားခဲ့ရသည်။ ဤသို့ပြုလုပ်ခြင်းမှာ အကြောင်း ၂ ချက်ကြောင့် ဖြစ်နိုင်သည်။ ပထမအချက်မှာ ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်သူများကို အကြမ်းဖက်နှိမ်နင်းမှုများ၊ ရွေးကောက်ပွဲတွင် ခြိမ်းခြောက်မှုများ၊ အတိုက်အခံပါတီတို့အား အစိုးရမှ နှောက်ယှက်မှုများကို နုင်ငံခြားသားများ မသိစေနိုင်ရန် ရည်ရွယ်ပုံရသည်ဟု လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ အာရှဋ္ဌာနလက်ထောက် ဒါရိုက်တာ Phil Robertson က ပြောကြားခဲ့သည်။

နောက်တချက်မှာ နိုင်ငံခြားထောက်ပံ့မှု ပြတ်တောက်၍ ငတ်မွတ်ဆာလောင်နေသော ဒုက္ခသည်များကို ကြံ့ဖွတ်ပါတီမှ စားကြွင်းစာကျန်များပေး၍ ၎င်းတို့ပါတီကို မဲပေးရေးအတွက် အခွင့်အရေးတရပ်အဖြစ် လုပ်ဆောင်ရန်ဖြစ်သည်။ တချက်ခုတ် ၂ ချက်ပြတ်ဖြစ်သည်။ မဲဆန္ဒ ပေးပွဲ မမျှတမှု၊ ညစ်ပတ်မှုတို့ကို သတင်းပေးပို့နိုင်သည့် နိုင်ငံခြား ဝန်ထမ်းများကို ပြည်တွင်း၌ နည်းနိုင်သမျှ နည်းအောင်ပထုတ်လိုက်ပြီး ကူညီထောက်ပံ့မှု မရသဖြင့် ငတ်မွတ်အတိဒုက္ခ ရောက်နေကြနေသူများကို ငွေကြေး အစားအသောက်၊ အိမ်သောက်ပစ္စည်းတို့ဖြင့် မဲဆွယ် စည်းရုံးခွင့်ကို တဖက်သတ် ကြံ့ဖွတ်ပါတီက ရရှိတော့မည်ဖြစ်သည်။

နိဂုံးအားဖြင့် ၂၀၁၀ ရွေးကောက်ပွဲသည် ကြံ့ဖွတ်ပါတီလွတ်လွတ်ကျွတ်ကျွတ် မဲ အပြတ်အသတ် နိုင်ရရေးကို ဦးတည်စီစဉ်ထားသည့် ဖွဲ့ဖြစ်သည်။ ဗိုလ်သန်းရွှေက ၁၉၉၀ ရွေးကောက်ပွဲ ရှုံးနိမ့်မှုကို သင်္ခန်းစာယူ၍ ၂၀၁၀ တွင် မဲအပြတ်အသတ်ဖြင့် အနိုင်ရရန် စံနစ်တကျ ဒေါင့်စုံမှစဉ်းစား တွေးခေါ်ပြီး မနိုင် နိုင်အောင်ညစ်နည်းပေါင်းစုံဖြင့် ပြုလုပ်ထား ကြောင်း ထင်ရှားစွာတွေ့နေရသည်။

(၁) ရွေးကောက်ပွဲဥပဒေနှင့် NLD ပါတီကို ကန့်သတ်လိုက်ခြင်း။
(၂) ရွေးကောက်ပွဲကော်မီရှင်ကို အလုံးစုံအာဏာကုန်ပေး၍၎င်း ကော်မီရှင်၏ ဆုံးဖြတ်ချက် သည် အပြီးဖြစ်စေရမည် စောဒကတက်ပိုင်ခွင့်မရှိဟု နအဖကိုယ်စား တဖက်လှည့် ညစ်ပတ် နည်းသုံးစွဲခြင်း။
(၃) လူထုကြည်ညိုသော ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ မျိုးဆက်ကျောင်းသား ခေါင်း ဆောင်များ၊ ခွန်ထွန်ဦး၊ ဗိုလ်ချုပ်ဆေထင်စသော တိုင်းရင်းသားခေါင်းဆောင်များကို ထိန်းသိမ်း ထားခြင်း၊ စည်းရုံးရေးစွမ်းရည် ပြည့်ဝသောနိုင်ငံရေးသမားများကို ထောင်သွင်းအကျဉ်းချ ထားခြင်း။
(၄) တိုင်းရင်းသားများ ထောက်ခံသည့် ခေါင်းဆောင်များ ပါတီမှတ်ပုံတင်ခြင်းကို လက်မခံဘဲ ချန်လှပ်ထားခြင်း။
(၅) အတိုက်အခံပါတီများအား စည်းရုံးရေးဆင်းခြင်းကို ကန့်သတ်ချက်မျိုးစုံဖြင့် ပိတ်ပင် ထားခြင်း။
(၆) တိုင်းပြည်ကဏ္ဍ၊ အဆောက်အဦတို့ကို ကြံ့ဖွတ်ပါတီတခုတည်းကိုသာ အသုံးပြုခွင့်ပေး ခြင်းနှင့် အစိုးရရေဒီယိုရုပ်မြင်သံကြားတို့မှ ကြံ့ဖွတ်ပါတီအတွက် ဂရိုဘယ်များ ချမှတ်ပြီး အသံလွှင့်ပေးခြင်းတို့ကိုလျို့ဝှက်စွာ စီစဉ်ထားခြင်း။
(၇) ကြံ့ဖွတ်အသင်းသည် နိုင်ငံရေးပါတီမဟုတ် ထို့ကြောင့် ၎င်းအသင်းသည် လူထုစည်းဝေး ပွဲကြီးများ ပြုလုပ်ခြင်း၊ ဝန်ထမ်းများကို အသင်းဝင် အဖြစ် အတင်းအဓမ္မ ဝင်စေခြင်း။ အသင်းဝင်များကို အခွင့်ထူးပေး၍ ချီးမြှောက်ခြင်းတို့ဖြင့် မြို့နယ်တိုင်းတွင် အစိုးရစားရိတ်ဖြင့် ရုံးခန်းများဖွင့်လှစ်၍ လူထုကို တဖက်သတ်စည်းရုံးခဲ့ပြီးမှ ရွေးကောက်ပွဲကျင်းပခါနီးတွင် ကြံ့ဖွတ်အသင်းမှ ကြံ့ဖွတ်ပါတီသို့ ပြောင်းလဲလိုက်ခြင်းသည် အရှက်ကင်းမဲ့၊ ဂုဏ်သိက္ခာ မရှိသော လုပ်ရပ်ဖြစ်သည်။ ထိုသို့ဗြောင်လိမ်ဗြောင်စားလုပ်သည့် ရွေးကောက်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခြင်းသည် မည်သည့်အကျိုးကျေးဇူးမျှ ရနိုင်လိမ့်မည်မဟုတ်ချေ။

နိုင်ငံရေးပါတီများအနေနှင့် ပြုလုပ်နိုင်သည့်နည်းမှာ

(၁) ရွေးကောက်ပွဲ စည်းရုံးရေးကာလ (၃) လအတွင်း လူထုကို တတ်နိုင်သမျှ ထိုးဖောက် စည်းရုံးရန်။
(၂) ရွေးကောက်ပွဲရောက်ရန် နီးကပ်သည်နှင့် တပြိုင်တည်း သပိတ်မှောက်၍ တရားမျှတသည့် ရွေးကောက်ပွဲ မဖြစ်နိုင်ကြောင်း ညီညွတ်စွာ ထုတ်ဖေါ်ပြောဆို၍ သပိတ်မှောက်ကြရန်။
(၃) မိမိစည်းရုံးထားသည့် လူထုနှင့် ရွေးကောက်ပွဲမှသည် လူထုလှုပ်ရှားမှုသို့ ဆိုသည့် အသွင် ပြောင်းလဲပစ်ရန်။
(၄) NLD ပါတီ CRPP တို့နှင့် တွဲဘက်၍ ကြားဖြတ်အစိုးရတရပ်ဖွဲ့စည်းနိုင်ရန်အတွက် ကြိုတင် ညှိုနှိုင်းထားကြရန် လိုအပ်သည်။ အတိုက်အခံများ မည်ကဲ့သို့မျှ မနိုင်ရန် နည်းမျိုးစုံသုံး၍ ဗြောင်ညစ်ပတ်ထားသော ရွေးကောက်ပွဲအား လူထုတိုက်ပွဲဖြင့်သာ တိုက်၍ လူထုအစိုးရတရပ် ပေါ်ပေါက်လာရန် ပြုလုပ်ကြဘို့ အချိန်ရောက်ပြီဟု တိုက်တွန်းလိုက်ရပေသည်။


http://imisszogam.blogspot.com/

88 Generation Leaders Remain Defiant

88 Generation Leaders Remain Defiant

By BA KAUNG Wednesday, August 25, 2010      The IRAWADDY

Three years since their arrests in August 2007, the imprisoned leaders of the 88 Generation Students group are unchanged in their common view that the conditions for the coming election are unacceptable, according to their family members and friends.
According to a political dissident in Rangoon, nine student leaders, including the prominent figures Min Ko Naing and Ko Ko Gyi, remain committed to the "Maubin Declaration," an accord they reached in Maubin prison in 2008 before they were transferred to different prisons across Burma.
According to the agreement, the group will not lend its support to a general election if the ruling junta does not make the process all-inclusive and does not release all political prisoners without conditions.
Speaking to The Irrawaddy on Wednesday, Ko Aung, the younger brother of Ko Ko Gyi. said, "My brother has not changed his position on that agreement since my last prison visit in February."
Both Min Ko Naing, 47, and Ko Ko Gyi, 48, had each spent nearly 15 years in jail as political prisoners until they were released in the years 2004 and 2005 respectively. The two student leaders were rearrested in 2007 for taking part in demonstrations against a hike in fuel prices and are currently serving 65-year sentences in different prisons in Shan State in northern Burma.
Another group member, Htay Kywe, who is jailed in western Burma, also relayed a message during a family prison visit this month that the election would be "insignificant" without the participation of pro-democracy leader Aung San Suu Kyi. In a recent letter to a friend in Rangoon, Htay Kywe said he was spending his time reading books on political science and economics.
Soe Tun, a 39-year-old former political prisoner and a member of the 88 Generation group, who has been in hiding since 2007, said that there is as yet no sign of jailed student leaders being freed and that the opposition parties will suffer defeats in the coming election.
"Instead, the regime will increase suppression of its political opponents," he said in a recent audio message to The Irrawaddy. However, he emphasized the importance of opposition groups not attacking pro-democracy parties contesting the election.
The regime election laws bar all political prisoners, including Suu Kyi, from the voting process. The US government recently said the election would be lacking in legitimacy without the release of political prisoners.
The Thailand-based NGO, Assistance Association for Political Prisoners in Burma (AAPP), has estimated that more than 2,000 political prisoners are currently languishing in Burmese jails.
On Tuesday, the Burmese military authorities released more than 100 people from jail, none of whom were political prisoners, said AAPP.

 

FW: စစ်အစိုးရ ကြေညာချက် နာဂ NLD ကန့်ကွက်

cncletterhead

စစ်အစိုးရ ကြေညာချက် နာဂ NLD ကန့်ကွက်
ဇာနည်မာန် August 24 ဧရာဝတီ

 စစ်အစိုးရ ထုတ်ပြန် ကြေညာခဲ့သော စစ်ကိုင်းတိုင်းရှိ မြို့နယ် ၃ မြို့နယ်ကို နာဂဒေသ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ သတ်မှတ်ခြင်းနှင့် ပတ်သက်၍ နာဂအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ကန့်ကွက် လိုက်သည်ဟု သိရသည်။

စစ်ကိုင်းတိုင်းအတွင်းရှိ လေရှီးမြို့နယ်၊ လဟယ်မြို့နယ်နှင့် နန်းယွန်းမြို့နယ်တို့ကို နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဖြစ် သတ်မှတ်ရာတွင် နာဂလူမျိုးများ ရွေးချယ်ထားသည့် ကိုယ်စားလှယ်များနှင့် ဆွေးနွေးညှိနှိုင်း ခြင်းမရှိဘဲ စစ်အစိုးရ လက်အောက်တွင် အကန့်အသတ်ဖြင့်သာ နေထိုင်ရမည် ဖြစ်သောကြောင့် ကန့်ကွက် ရခြင်းဖြစ်သည်ဟု နာဂအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးစောဆ က ဆိုသည်။

"သူတို့ခွဲတာမှာ နာဂအများစုရှိတဲ့ နယ်မြေတွေလည်း မပါဘူး။ သူတို့ သတ်မှတ်တဲ့နေရာတွေက နာဂ တိုင်းရင်းသားတွေရဲ့ သြဇာသက်ရောက်မှု ဘာမှမရှိတဲ့နေရာတွေ။ ဒီကိစ္စမှာလည်း နာဂတိုင်းရင်းသား ခေါင်းဆောင်တွေက ဘာမှ မသိကြရဘူး။ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရတယ်လို့ ပြောပေမယ့် တကယ်တမ်းကျရင် ဘာမှ ထူးခြားမှုမရှိနိုင်ဘူး" ဟု ဦးစောဆက ပြောသည်။

စစ်အစိုးရက နာဂ အပါအ၀င်၊ ၀၊ ကိုးကန့်၊ ပအို့ဝ်နှင့် ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ များနှင့် ရုံးစိုက်ရာမြို့များ သတ်မှတ်ခြင်းကို သြဂုတ် ၂၀ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

ယခုကဲ့သို့ သတ်မှတ်ပေးခြင်းသည် တိုင်းရင်းသားများက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများ တောင်းဆိုခဲ့ကြသည်ကို စစ်အစိုးရအနေဖြင့် လိုက်လျောသည်ဟု ထင်မှတ်စရာ ရှိသော်လည်း လက်တွေ့တွင်မူ အပေါ်ယံ ဟန်ပြမျှသာ ဖြစ်သည်ဟု ဦးစောဆ က ဆိုသည်။

သူက "သူတို့ပေးတဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေး ဆိုတာက စစ်အစိုးရရဲ့ ဗဟိုအဖွဲ့ကနေ လူတွေရွေးပြီး အုပ်ချုပ်ဖို့ ခန့်ထားတာ။ ကျနော်တို့ တိုင်းရင်းသားတွေ တောင်းဆိုခဲ့ကြတဲ့ ဖယ်ဒရယ်ပြည်ထောင်စုကို လုပ်ပေးလိုက်တာ မဟုတ်ဘူး။ ကိုယ့်တိုင်းရင်းသား ထဲက သဘောတူညီမှုနဲ့ ရွေးထားတဲ့သူ တယောက်မှ မပါဘူး။ နောက် နာဂ နယ်မြေက သမိုင်းဝင် နယ်နိမိတ် ရှိပြီးသား။ ဒီမြို့နယ် ၃ ခုတည်း ရှိတာ မဟုတ်ဘူး" ဟု ပြောသည်။

နာဂတိုင်းရင်းသား အများစုနေထိုင်ကြသည့် ဒေသများမှာ စစ်ကိုင်းတိုင်း မြောက်ပိုင်းရှိ တမူး၊ မော်လိုက်၊ ဖောင်းပြင်၊ ဟုမ္မလင်း၊ လေရှီး၊ လဟယ်၊ ခန္တီး၊ နန်းယွန်းနှင့် တနိုင်းမြို့နယ်တို့ ဖြစ်သည်။

နာဂတောင်တန်းဒေသသည် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသဖြင့် စီးပွားရေး၊ ပညာရေး၊ လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု နှောင့်နှေးလျှက်ရှိရာ အိမ်နီးချင်း အိန္ဒိယနိုင်ငံသို့ ပညာသင်ရန်နှင့် အလုပ်လုပ်ကိုင်ရန် ရွှေ့ပြောင်းနေထိုင်ကြသော နာဂ တိုင်းရင်းသားများလည်း ရှိနေသည်။

ထိုသို့ ရောက်ရှိနေသော နာဂ များကို မြန်မာအာဏာပိုင်များက လာမည့်ရွေးကောက်ပွဲတွင် ပြန်လာ၍ မဲပေးရမည်ဟု ဖိအားပေး ပြောဆိုခြင်းများ ပြုနေကြောင်း သိရသည်။

လေရှီးဒေသမှ အိန္ဒိယသို့ ပညာသင်လာသည့် နာဂအမျိုးသားတဦးက "အိမ်ကိုလာပြီး ကျနော့်ကို ပြန်လာမဲပေးရမယ်ဆိုပြီး အမေ့ကို ပြောတယ်တဲ့။ မပြန်ရင် အိမ်ကို လယ်ကိုသိမ်းမယ်ပြောတယ်။ ကျနော်က ဒီမှာ ကျောင်းတက်နေတာဆိုတော့ ဘယ်လိုပြန်ရမလဲနော်။ မပြန်ရင်လည်း အိမ်၊ လယ် သိမ်းမှာစိုးတာပေါ့။ မဲကတော့ မပေးချင်ပါဘူး။ ကျနော်တို့အတွက် ဘာမှ အကျိုးမရှိဘူးလေ" ဟု ပြောပြသည်။

ထိုသို့ ခြိမ်းခြောက်ခေါ်ယူမှုများကြောင့် နေရပ်သို့ ခေတ္တ ပြန်လိုသူ နာဂတိုင်းရင်းသားများလည်း ရှိနေပြီး ခြိမ်းခြောက်မှုများမှာ ရွေးကောက်ပွဲကာလအတွင်း ယာယီသာဖြစ်၍ တစုံတရာ အကျိုးသက်ရောက်မှု မရှိနိုင်ဟု ထင်မြင်သုံးသပ် သူများလည်း ရှိကြောင်း သူက ဆိုသည်။

စစ်အစိုးရက လာမည့် နိုဝင်ဘာ ၇ ရက်နေ့တွင် ရွေးကောက်ပွဲပြုလုပ်ရန် တရားဝင်ကြေညာထားသည်။

ဦးစောဆ က "စစ်အစိုးရ ကျင်းပမယ့် ရွေးကောက်ပွဲဟာ ပြည်သူရဲ့ဆန္ဒလည်း ဘာမှမပါဘူး။ ပြည်သူတွေကို အမှန်တကယ် ကိုယ်စားပြုတဲ့သူတွေလည်း မပါဘူး။ တဖက်သတ်ကျတဲ့အပြင် စစ်အစိုးရက ပြည်သူတွေကို ခြိမ်းခြောက်တာတွေလုပ်ပြီး သူ့ရဲ့ ကြံ့ဖွံ့ပါတီကိုပဲ အနိုင်ရအောင် လုပ်ထားတာဖြစ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဆန့်ကျင်တာကို ကျနော်တို့က ထောက်ခံတယ်။ ပြည်သူအားလုံးကလည်း ၀ိုင်းဆန့်ကျင်ကြဖို့ လိုတယ်" ဟု ပြောသည်။

Voice of Burma


Your friend send News Links from The New Era online Journal


ရွေးကောက်ပွဲကို ကျောခိုင်းရန်လိုအပ်ဟု ဦးဝင်းတင် ပြောကြား

http://www.khitpyaing.org/index.php?route=detail&id=3800

Your friend send News Links from The New Era online Journal


ရွေးကောက်ပွဲကို ကျောခိုင်းရန်လိုအပ်ဟု ဦးဝင်းတင် ပြောကြား

http://www.khitpyaing.org/index.php?route=detail&id=3800

Tuesday, August 24, 2010

Latest Burma Army Shae-up (The Irrawaddy: Burmese & English Versions)

cncletterhead

 
http://www.irrawaddy.org/bur/index.php/news/1-news/3903-2010-08-24-10-45-53

ဧရာဝတီ
သြဂုတ် ၂၅၊ ၂၀၁၀

ရွေးကောက်ပွဲဝင်ရန် ဗိုလ်ချုပ်ကြီးများ အနားပေးခံရ

ရန်ပိုင်

ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ရန် အတွက်ဟု ဆိုကာ စစ်ဆင်ရေး အထူးအဖွဲ့မှူး (ကစထမှူး) အပါအ၀င် ထိပ်တန်း စစ်ဘက် အရာရှိကြီးများကို ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က လက်ရှိ တာဝန်မှ အနားပေး လိုက်ကြောင်း သိရသည်။

စစ်ဆင်ရေး အထူးအဖွဲ့မှူး (ကစထ မှူး) များဖြစ်သည့် ဒုတိယ ဗိုလ်ချုပ်ကြီး အုန်းမြင့်၊ ဒုတိယ ဗိုလ်ချုပ်ကြီး သာအေး၊ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်ဆွေ၊ ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော် တို့အပြင် တပ်မတော် စစ်ဆင်ရေးနှင့် စာရင်းစစ်ချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး မောင်ရှိန်၊ တပ်မတော် စစ်လက်နက် ပစ္စည်း ထုတ်လုပ်ရေး အရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး တင်အေး၊ လေကြောင်းရန်
ကာကွယ်ရေး အရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်လှိုင် တို့ကို ရာထူးမှ အနားပေးခြဲ့ခင်း ဖြစ်သည်ဟု နေပြည်တော် စစ်တပ် အသိုင်းအဝိုင်းနှင့် နီးစပ်သူ တဦးက ဧရာဝတီသို့ပြောသည်။

"ဒုတိယ ဗိုလ်ချုပ်ကြီး ၄ ယောက်ကလွဲရင် ကျန်တဲ့လူတွေ အကုန်ပါတာ၊ ရုတ်တရက်ကြီးဆိုတော့ ဗိုလ်ချုပ်ကတော် အဘွား ကြီး တချို့ဆိုရင် ထင်မထားလို့ အံ့သြပြီး ငိုတောင် ငိုကြတယ်၊ တပ်ထဲမှာ နာဂစ် မွှေနေပြီလို့ ပြောနေကြတယ်"ဟု၎င်းက ဆိုသည်။

ကစထ မှူးကြီးများဖြစ်သည့် ဒုတိယ ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်နှင့် ဒုတိယဗိုလ်ချုပ်ကြီး ကိုကို အပါအ၀င် တပ်မတော် လေ့ကျင့် ရေး အရာရှိ ချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ စစ်ရေးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး သူရ မြင့်အောင် တို့သာ စစ်တပ် အတွင်း လက်ရှိ ရာထူးများဖြင့် ကျန်ရစ်ခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။

ထိုသို့ ဒုတိယ ဗိုလ်ချုပ်ကြီးများ၏ အပြောင်းအရွှေ့နှင့်ပတ်သက်၍ အမိန့်ကြေညာစာကို စစ်တိုင်းများနှင့် စစ်ဒေသများသို့ တရားဝင် ထုတ်ပြန်ခြင်းမရှိဘဲ ယင်း ကစထမှူး ဒုတိယ ဗိုလ်ချုပ်ကြီးများကိုသာ ပေးအပ်ကြောင်း၊ နောင်တွင် စစ်ဆင်ရေးအထူးအဖွဲ့(ကစထ) ဆိုသည့် ရာထူးတာဝန်များကို ထားရှိတော့မည် မဟုတ်ဟု ကြားသိရကြောင်း အဆိုပါ နီးစပ်သူကဆိုသည်။

၁၉၈၈ ခုနှစ် စစ်တပ်မှ အာဏာသိမ်းပြီးသည့် နောက်ပိုင်း စစ်တပ်ထဲတွင် ဗိုလ်ချုပ်များ ပေါများလာသောကြောင့် စစ်ဆင်ရေး အထူး အဖွဲ့(ကစထ)ကို ၆ ဦး အထိ တိုးချဲ့ဖွဲ့စည်းခဲ့သည်။

ဒုတိယ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်မှာ နောင်တချိန်တွင် ဒုတိယ ကာကွယ်ရေး ဦးစီးချုပ်ဖြစ်လာနိုင်ပြီး ဒုတိယ ဗိုလ်ချုပ်ကြီး လှဋ္ဌေးဝင်းကို စစ်လက်နက်ပစ္စည်း ညွန်ကြားရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး တင်အေး၏ နေရာတွင် ခန့်အပ်လိမ့်မည် ဆိုသည့် ခန့်မှန်းချက်များလည်း စစ်တပ်အတွင်း ထွက်ပေါ်နေကြောင်း သိရသည်။

ရာထူးမှ အနားပေးခြင်းခံခဲ့ရသည့် တခြားသော စစ်ဘက်ဆိုင်ရာ အရာရှိများသည် ကြံဖွံပါတီ ကိုယ်စားလှယ်လောင်းများအဖြစ် သတ်မှတ်ထားသည့် မြို့နယ်များတွင် စည်းရုံးရေး ဆင်းရန်သွားရောက်နေပြီဖြစ်ကြောင်း၊ ရှမ်းပြည်မြောက်ပိုင်း မန်ကပ်မြို့နယ်ရှိ တပ်မတော်လေ့ကျင့်ရေး သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ရခိုင်လူမျိုး ဗိုလ်မှူးချုပ် လှမောင်တင် ဆိုလျှင် ရာထူးမှ
အနားပေး ခြင်းခံရပြီး ရခိုင်ပြည်နယ် အတွင်း စည်းရုံးရေး ဆင်းရန် စေလွှတ်ထားကြောင်း သိရသည်။

တခြား စစ်တပ်အသိုင်းအဝိုင်းနှင့် နီးစပ်သူ တဦးကလည်း ကရင်ပြည်နယ် သံတောင်မြို့ရှိ ဘုရင့်နောင် တိုက်ခိုက်ရေး သင်တန်း ကျောင်းမှ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် မြင့်နောင်၊ စစ်ဆင်ရေး ကွပ်ကဲမှု စစ်ဌာနချုပ်များမှ စကခ မှူးများဖြစ်သည့် ကျောက်မဲမြို့ အခြေစိုက် စကခ(၁)မှ စကခမှူး ဗိုလ်မှူးချုပ် စံမြင့်ဦး အပါအ၀င် ကလေးမြို့အခြေစိုက် စကခ(၁၀)မှ စကခမှူး၊
ရေးမြို့အခြေစိုက် စကခ(၁၉)တို့မှ ဗိုလ်မှူးချုပ် အဆင့်ရှိ (စကခ)မှူး ၂ ဦး ကိုမူ နိုင်ငံခြားရေး ၀န်ကြီးဌာနသို့ ပြောင်းရွှေ့လိုက်သည်ဟု ပြောသည်။

"ဒီလူတွေက အခုလက်ရှိ ရာထူးတွေမှာ ကြာပြီ၊ ရာထူးလည်း မတက်၊ တိုင်းမှူးလည်းမဖြစ်နဲ့ အပြောင်းအရွှေ့ထွက်တော့ သဘော ကျနေကြတယ်"ဟု ၎င်းက ဆိုသည်။

ယင်းဗိုလ်မှူးချုပ် လေးဦးကို နိုင်ငံခြားတိုင်းပြည်များတွင် သံတမန်ရာထူးခန့်အပ်လိမ့်မည်ဟု ထင်ကြောင်း၊ လက်ရှိ အင်္ဂလန်နိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီး ဗိုလ်မှူးချုပ်ဟောင်း ဦးနေ၀င်း၊ ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးခင်မောင်စိုး အပါအ၀င်
တခြားသံအမတ်ကြီး လေးဦးကို ပြန်လည်ခေါ်ယူထားသည်ဟု စစ်တပ်အသိုင်းအဝိုင်းနှင့် နီးစပ်သူက ပြောသည်။

လစ်လပ်သွားသည့် ထိုရာထူးအဆင့်ဆင့်ကို လက်ရှိတာဝန်ထမ်းဆောင်နေသည့် တိုင်းမှူးများ၊ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် ဆင်းထားသည့် ဗိုလ်မှူးကြီးများဖြင့် အစားထိုးမည်ဖြစ်ကြောင်း သိရသည်။

စစ်တပ်အတွင်း ရာထူးအပြောင်းအရွှေ့များ မပြုလုပ်သည်မှာ တနှစ်နီးပါးရှိပြီ ဖြစ်သည့်အတွက် စစ်ဘက်ဆိုင်ရာ အရာရှိကြီးများ တက်ရောက်ရသည့် နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ် (NDC)ကိုလည်း ပြီးခဲ့သည့် နှစ် စက်တင်ဘာလကတည်း ထပ်မံဖွင့် လှစ်ခြင်း မရှိပေ။

နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်ကို ဗျူဟာမှူး အဆင့်ရှိသည့် ဗိုလ်မှူးကြီးများသာ တက်ရောက်ခွင့်ရှိပြီး ယခင်က ရန်ကုန်မြို့ တွင် ထားရှိသော်လည်း နောက်ပိုင်းတွင် နေပြည်တော်သို့ ပြောင်းရွှေ့ဖွင့်လှစ်ထားသည်။

အစိုးရသည် ယခင်က စစ်တပ်အတွင်း ရာထူးအပြောင်းအရွှေ့ များကို အထူးစီမံကိန်းများ အကောင်အထည် ဖော်ရေးအဖွဲ့ ညှိနှိုင်း အစည်းအဝေး (လေးလပတ် အစည်းအဝေး) များအပြီးတွင် ပုံမှန်ထုတ်ပြန်လေ့ရှိသည်။

နောက်ဆုံး ရရှိသော သတင်းများအရ ပူးတွဲညှိနှိုင်း ကွပ်ကဲရေးမှူး(ကြည်း၊ ရေ ၊ လေ) ဗိုလ်ချုပ်ကြီး သူရရွှေမန်း နှင့် အတွင်းရေးမှူး (၁) ဗိုလ်ချုပ်ကြီး သီဟ သူရ တင်အောင်မြင့်ဦး တို့ကိုလည်း ရာထူးမှ အနားပေးပြီး ရွေးကောက်ပွဲဝင်ရန် စီစဉ်နေသည်ဟု ကာကွယ်ရေး ၀န်ကြီးဌာန အသိုင်းအ၀ိုင်းတွင် ပြောဆိုနေကြကြောင်း သိရသည်။ ယင်း ဗိုလ်ချုပ်ကြီး ၂ ဦးသတင်းနှင့် ပတ်သက်၍
အတည်ပြုချက် ရယူနိုင်ခြင်း မရှိသေးပေ။

----------------------------------------------------------

http://www.irrawaddy.org/highlight.php?art_id=19292

The Irrawaddy
August 25, 2010

More Senior Officers Reportedly Resign to Join USDP

by Yan Pai

In a major shake-up within the Burmese military leadership, several high-ranking senior officers have reportedly resigned in order to join the junta's proxy political party, the Union Solidarity and Development Party (USDP).

According to army sources, the officers include Lt-Gen Thar Aye, Lt-Gen Ohn Myint, Lt-Gen Myint Swe and Lt-Gen Khin Zaw—all of whom are chiefs of the regime's bureau of special operations, which oversee the regional military commands.

Others included Lt-Gen Maung Shein, defense services inspection and auditor general, Lt-Gen Tin Aye, chief of ordnance production for Burma's armed forces, and Lt-Gen Myint Hlaing, chief of air defense.

If confirmed, this would be the second batch of high-ranking military officials to leave their posts to work for the USDP led by the junta's Prime Minister Thein Sein and other former military officials.

The latest unconfirmed reports say the regime's No.3 Gen Shwe Mann and Gen Tin Aung Myint Oo, the regime's No.4 and Secretary (1), are also expected to resign their army posts and stand as USDP candidates in the November election.

Lt-Gen Min Aung Hlaing and Lt-Gen Ko Ko who are also heads of bureau of special operations, Lt-Gen Hla Htay Win, armed forces training chief, and Lt-Gen Thura Myint Aung, adjutant general, are reportedly not on the list of resignations.

It is rumored that Min Aung Hlaing is expected to become the deputy commander-in-chief of the army and that Hla Htay Win will fill the position vacated by Tin Aye.

There has not yet been any official announcement of the reported resignations, which are said to have occurred last Wednesday. The positions for bureau of special operations may no longer exist, said an army source.

The retired military officials are expected to stand as USDP candidates in the November election. The USDP, led by Prime Minister Thein Sein, claims to have a membership of 20 million people and is Burma's largest political party. USDP candidates have already began organizing campaigns in constituencies which they will be contesting in the election.

In a related development, some other military officials were recently transferred to the Ministry of Foreign Affairs. A source said that Brig-Gen Myint Naung in Karen State, Brig-Gen San Myint Oo in Shan State and two other officers ranking as Brigadier Generals were assigned to the ministry.

These four military officers are expected to be assigned to postings in Burmese embassies abroad. The Burmese ambassador to the United Kingdom, ex-Brig Gen Ne Win, ambassador to Vietnam Khin Maung Soe and four other Burmese ambassadors in foreign countries have been recalled to Burma.

The diplomatic postings left vacant by the recall would be filled by current military regional commanders in the army and other senior military officials, sources said.


Myanmar Election 2010

cncletterhead



ကိုယ်စားလှယ်လောင်းများ

From Myanmar Election 2010

Jump to: navigation, search






























































































  • ရွေးကောက်တင်မြှောက်သည့်ကိုယ်စားလှယ်စုစုပေါင်း - ၄၉၈
  1. ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် - ၃၃၀
  2. အမျိုးသားလွှတ်တော်ကိုယ်စားလှယ် - ၁၆၈


  • တပ်မတော်သားကိုယ်စားလှယ်(လွှတ်တော်နှစ်ရပ်ပေါင်း) - ၁၁၀+၅၆ = ၁၆၆




  1. မြန်မာ
  2. အင်္ဂလိပ်




  • ရွေးကောက်ပွဲ ဥပဒေ/နည်းဥပဒေများ
  1. ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေ
  2. နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ
  3. နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းနည်းဥပဒေ
  4. အမျိုးသားလွှတ်တော်ရွေးကောက်ပွဲဥပဒေ
  5. အမျိုးသားလွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ
  6. ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ
  7. ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ
  8. တိုင်းဒေသကြီးလွှတ်တော်(သို့မဟုတ်)ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲဥပဒေ
  9. တိုင်းဒေသကြီးလွှတ်တော်(သို့မဟုတ်)ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ









cncletterhead

news on Aug 21