Sunday, December 27, 2009

ညီညွတ်သောတိုင်းရင်းသားများအဖွဲ့ အစည်း(ဂျပန်)(၆)နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနား(တိုကျို)

cncletterhead
ညီညွတ်သောတိုင်းရင်းသားများအဖွဲ့ အစည်း(ဂျပန်)AUN-Japan၏ (၆)နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ် အခမ်းအနားကို တိုကျိုမြို့  တာကါဒါနိုဘာဘာ ရှိ Seikatsu Center ၌ ညနေ ၁၈း၃၀ နာရီ မှ ၂၁း၀၀နာရီ အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။ ညီလာခံ အခမ်းအနား၏ သဘာပတိများအဖြစ် AUN-Japan ဥက္ကဋ္ဌ ဦးဇော်မင်းခိုင် မှတာဝန်ယူပြီး အခမ်းအနားမှုး အဖြစ် မိုင်းကျော်ဦးမှ တာဝန်ယူဆောင်ရွက်ခဲ့ကြပါသည်။ သဘာပတိမှ အဖွင့် အမှာစကားပြောကြားပြီးသည့်နောက် တက်ရောက်လာကြသည့် တိုင်းရင်းသား လူမျိုးစု ခေါင်းဆောင်နှင့် ကိုယ်စားလှယ် အသီးသီးတို့ မှ နှုတ်ခွန်းဆက် အမှာစကား အသီးသီးပြောကြားခဲ့ကြပါသည်။ဖိတ်ကြားထားသည့် မဟာမိတ် အဖွဲ့ အစည်းဖြစ်သော KNU-Japan ကိုယ်စားလှယ် စောမျိုးခိုင်ရှင်း ၊ OKOJ ဥက္ကဋ္ဌ စောလှကြီး တို့ မှ တက်ရောက် အမှာစကားပြောကြားခဲ့ကြပါသည်။

ညီညွတ်သောတိုင်းရင်းသားများအဖွဲ့ အစည်း(ဂျပန်)၏ (၂၀၀၈.၂၀၀၉)ခုနှစ် အလုပ်အမှုဆောင်ကော်မတီ ၏ တစ်နှစ်တာ လုပ်ငန်း အစီရင်ခံစာကို အထွထွေအတွင်းရေးမှုး မိုင်းကျော်ဦးမှ ဖတ်ကြားတင်သွင်းပြီးနောက် ရေးရာကော်မတီဝင်များမှ တစ်တာ လုပ်ငန်းဆောင်ရွက်ချက်များ အားသာချက် အားနည်းချက်များကို တင်ပြအစီရင်ခံခဲ့ကြပါသည်။

၂၀၀၉ / ၂၀၁၀ ခုနှစ် အလုပ်အမှုဆောင် ကော်မတီဝင်အမည်စာရင်းများကို AUN-Japan ၏ ၂၀၀၉/ ၂၀၁၀ အလှည့်ကျ ဥက္ကဋ္ဌ စိုင်းစီဝမ်း အား လွှဲပြောင်းပေးအပ်ပြီး အထွေထွေအတွင်းရေးမှုး မိုင်းကျော်ဦးမှ လည်း ၂၀၀၉/၂၀၁၀ ခုနှစ် ရွေးချယ်ခံရသည့် အထွေထွေအတွင်းရေးမှုး မင်းဝင်းတေဇ အား လုပ်ငန်းတာဝန်များကို လွှဲပြောင်းပေးအပ်ခဲ့ပါသည်။ ဆက်လက်ပြီး ၂၀၀၉/၂၀၁၀ ခုနှစ် ဥက္ကဋ္ဌ အသစ် စိုင်းစီဝမ်း မှ အမှာစကား ပြောကြားပြီး အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည်။

Friday, December 25, 2009

စစ်ဗိုလ်ချုပ်ကြီးများ တုန်လှုပ်ခြောက်ခြားနေ

cncletterhead
၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ ပိုင်ဆိုင်မှု စာရင်းများ တင်ပြရန် တောင်းဆိုမည့် သတင်းကြောင့် စစ်ဗိုလ်ချုပ်ကြီးများ တုန်လှုပ်ခြောက်ခြားနေ

၂၀၁၀မှာစစ်အစိုးရရဲ့ တဖက်သက် စိတ်တိုင်းကျ ရေးဆွဲအတည်ပြုထားတဲ့ နာဂစ် အခြေခံဥပဒေအရ ပြုလုပ်မဲ့ ရွေးကောက်ပွဲမှာ ပါဝင်အရွေးခံကြမဲ့ အမတ်လောင်းတွေဟာ မိမိတို့ရဲ့ ချမ်းသာကြွယ်ဝတဲ့ ပိုင်ဆိုင်မှုစာရင်းကို တင်ပြကြရမယ်ဆိုတဲ့ သတင်း ထွက်ပေါ်လာတာကြောင့် စစ်ဗိုလ်ချုပ်ကြီးများအပါအဝင် ဝန်ကြီး၊ ဒုဝန်ကြီးများ ဌာနဆိုင်ရာ ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်နေကြတဲ့ မသမာတဲ့ နည်းလမ်းပေါင်းစုံကြောင့် ချမ်းသာလာကြတဲ့ ပုဂ္ဂိုလ်တွေဟာ ဘာလုပ်ရမှန်း မသိလောက်အောင် တုန်လှုပ်ခြောက်ခြားနေကြပါတယ်။

လက်ရှိ စစ်အဏာသိမ်း အစိုးရထဲက လါဘ်ငွေအနည်းဆုံးရတဲ့ သိပ်မချမ်းသာသေးတဲ့ တယောက်ယောက်ကများ ဒီကိစ္စကို အစဆွဲထုတ်တာလား။ ဒါမှမဟုတ် တပ်ချုပ်ကြီးသန်းရွှေက စာရင်း ကင်းလွတ်ခွင့်မှာ သူ့ကိုယ့် သူထည့်သွင်းထားပြီး ကိုယ်လွတ်ရုန်းဘို့ စီစဉ်ထားတာကြောင့်လား။ (သန့်ရှင်းလွတ်လပ်တဲ့ ရွေးကောက်ပွဲကို သူက ကျင်းပပေးမယ်လို့ ကမ္ဘာသိ ပြောဆိုထားတာကြောင့် တပ်ချုပ်ကြီးက ဒီလိုကင်းလွတ်ခွင့်ကို လက်မခံဘဲ ပြင်းပြင်းထန်ထန် ကန့်ကွက်ပြီး သူ့မိသားစုရဲ့ ခိုးဝှက်၊ လုယက်၊ အနုကြမ်းစီး၊ ဓါးပြတိုက်ရာက ရလာတဲ့ကြွယ် ဝချမ်းသာမှုစာရင်းကို မချွင်းမချန်ဘဲ ရွေးကောက်ပွဲ ကော်မရှင်က တဆင့် မြန်မာပြည်သူလူထုကြီးကို အသိ ပေးလိမ့်မယ်လို့ ကောလဟာလ သတင်းများ ထွက်ပေါ်နေပါတယ်။)

စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖေါ် ကျင့်သုံးနေကြတဲ့ ပြည်သူလူထုက လွတ်လပ်စွာရွေး ကောက်တင်မြောက်ထားတဲ့ အစိုးရတိုင်းဟာ မိမိတို့ရဲ့ ပိုင်ဆိုင်မှုတွေကို လိပ်ပြာသန့်သန့်နဲ့ ပြည်သူလူထုကို ကြေငြာတင်ပြရဲပါတယ်။ ဒီလိုအလေ့အထတွေကို မြန်မာ စစ်အာဏာရှင်ကြီးများ ဂါဝရတရားအပြည့်ရိုသေ ကိုင်းရှိုင်းအလေးထားတဲ့ တရုတ်နိုင်ငံမှာတောင် စတင်ကြင့်သုံးနေပါပြီ။ အိမ်နီးချင်းနိုင်ငံအချို့မှာလည်း ဒီလို ပိုင်ဆိုင်မှုတွေကို သတ္တိရှိရှိ ပြည်သူလူထုကို ကြေငြာတင်ပြနေကြတာ ဆယ်စုနှစ် (၂) နှစ်ရှိနေပါပြီ။ ဒီမို ကရေစီစနစ် ခိုင်မာနေပြီဖြစ်တဲ့ နိုင်ငံ အတော်များများမှာတော့ ဒီအလေ့အကျင့်က အဆန်း မဟုတ်တော့ပါဘူး။

၂၀၁၀ရွေးကောက်ပွဲ ဝင်စရာမလိုဘဲ တိုက်ရိုက်ခန့်ထားခံကြရမဲ့ သမတ၊ ဒုသမတတွေ၊ ကာကွယ်ရေးဦစီး ချုပ်တွေရော၊ ပိုင်ဆိုင်မှု စာရင်း တင်ပြခြင်းမှ ကင်းလွတ်ခွင့်ရှိနေတယ်လို့ ပြောဆိုနေကြပါတယ်။ ဘယ်လိုဘဲဖြစ်ဖြစ် လက်ရှိ စစ်အာဏာရှင်တွေနဲ့ မိသားစုတွေရဲ့ ပိုင်ဆိုင်မှု (ခန့်မှန်း) စာရင်းကို ပြည်သူတွေ သိထားသင့်ပါတယ်။ (ဒီစာရင်းကို ၎င်းတို့နဲ့ နီးစပ်တဲ့ စစ်အရာရှိကြီး တဦးမှ ခန့်မှန်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။)

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ။ ။ သားသမီး(၈)ယောက်ရှိပါတယ်။ တယောက်ကိုအနည်းဆုံး အမေရိကန်ဒေါ် လာ(၁၀)သန်းခန့် ချမ်းသာနေကြပါတယ်။ မိသားစု(၁၀)ယောက်ဆိုတော့ အမေရိကန်ဒေါ်လာသန်း (၁၀၀)ခန့်ရှိနေပါတယ်။ ဥပမာ…..ရန်ကုန်ပြည်လမ်းမကြီးပေါ် မာလာဆောင်ရှေ့ရှိ ကမာရွတ်မယကရုံးဝင်း ကြီးကို သမီးအလတ်ဖြစ်တဲ့ မပြုံး(ခ)ပြုံးပြုံးရွှေကို နာမည်လွှဲပေးခဲ့ပါတယ်။ ကာလပေါက်ဈေးမြန်မာကျပ်ငွေ သိန်းပေါင်းတစ်သိန်းခန့် ( အမေရိကန်ဒေါ်လာ ၁၀သန်းခန့် ) တန်ကြေးရှိပါတယ်။ ဒါ့အပြင် IBC အဆောက် အဦးဘေးရှိ အစိုးရပိုင် ကန်သာယာဆေးရုံဝင်းနဲ့ အခြားအင်းယားကန်ဘေးရှိ တပ်မတော်ပိုင်မြေကွက်များ ကိုလည်းသမီး မသြ(ခ)ကြည်ကြည်ရွှေ နာမည်ပေါက်များအဖြစ် လုပ်ဆောင်ပြောင်းလဲပေးခဲ့ရပါတယ်။ Myanmar Infotech ရုံးဖွင့်ထားတဲ့ပြည်လမ်းကခြံကို သားလတ်ဖြစ်တဲ့ ထွန်းနိုင်ရွှေ ( စွန့်လွှတ်ဟန်ဆောင် ထားသူ ) ကပိုင်ဆိုင်ပါတယ်။

ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး။ ။သမီးတစ်ဦး မွေးစားထားပေမဲ့ တူ၊ တူမတွေ အလွန်များလှပါတယ်။ ဒီမိသားစုတွေရဲ့ ပိုင်ဆိုင်မှုတွေကလည်း အမေရိကန်ဒေါ်လာ သန်းပေါင်း(၁၀၀)ထက် မလျော့ပါဘူး။ သမီး ဖြစ်သူ နန္ဒာအေး ဟာ၊ Queen Star ကုမ္ပဏီကိုပိုင်ဆိုင်ထားပြီး Computer နဲ့ IT ပစ္စည်းများကို လိုင်စင်မဲ့ အခွန်မဲ့ တင်သွင်းခွင့် ရရှိထားတာကြောင့် တနှစ်ကို ဒေါ်လာသန်း(၂၀)ခန့် အမြတ်အစွန်း ရရှိနေသူတဦးပါ။ ဒါအပြင် နန္ဒာအေးဟာ ဦးအောင်သောင်းရဲ့ သားဖြစ်သူ ဗိုလ်မှူး ပြည်အောင်နဲ့ အိမ်ထောင်ပြုလိုက်တဲ့အတွက် ချမ်းသာကြွယ်ဝမှုကိုတော့ တွက်ချက်လို့ မရနိုင်အောင်ပါဘဲ။

ဗိုလ်ချုပ်ကြီးသူရရွှေမန်း။ ။ သား(၂)ယောက်ရှိပါတယ်။ အကြီးဖြစ်တဲ့ တိုးအောင်မန်းဟာ ဇေကမ္ဘာခင်ရွှေ ရဲ့သမီးနဲ့ လက်ထပ်ယူထားပြီး စီးပွားရေး သောင်းကျန်းမှုမှာတော့ ထိပ်ခေါင်စာရင်းဝင်ပါဘဲ။ နိုင်ငံတော်ပိုင် ကရဝိတ်ဟိုတယ်နဲ့ မြရိပ်ညို ဟိုတယ်တွေကို နိုင်ငံတော် အမည်ကနေ ကိုယ်ပိုင်အမည် ပြောင်းလဲပိုင်ဆိုင်ထား ပါတယ်။ အငယ်ဖြစ်သူ အောင်သက်မန်းကတော့ ပြည်သူ့ချဉ်ဖတ် တေဇနဲ့ ထူးကုမ္ပဏီမှာ အတူတကွ ပူး ပေါင်းပြီး သံယံဇာတ အားလုံးကို သိမ်းကျုံး ရယူ ရောင်းစားနေသူတဦးပါ။ ကြွယ်ဝမှုတွေကတော့ အဲ့ဒီ့မိသားစု တွေမှာ ခန့်မှန်း အမေရိကန်ဒေါ်လာသန်း (၁၀၀၀) ခန့်ရှိပါတယ်။

ဒါ့ကြောင့် စစ်အာဏာသိမ်းအဖွဲ့ဝင် ဝန်ကြီး ဒုဝန်ကြီး တိုင်းမှူးနဲ့ ဗိုလ်ချုပ်ကြီးတွေ အရေအတွက်ဟာ (၃၀၀) ခန့်ရှိပါတယ်။ ပျမ်းမျှတစ်ဦးလျှင် ဒေါ်လာ(၁၀)သန်းနဲ့တွက်ပါက စုစုပေါင်း အမေရိကန်ဒေါ်လာ သန်းပေါင်း (၃၀၀၀)ခန့်ရှိပါတယ်။ အဲဒီငွေပမာဏနဲ့ မြန်မာတစ်နိုင်ငံလုံးကို (၂၄)နာရီ မီးလင်းအောင် လုပ်လို့ရပါတယ်။ လမ်းတွေပြင်လို့ရပါတယ်။ ဆေးရုံတွေပြင်လို့ရပါတယ်။ စာသင်ကျောင်းတွေ ပြင်ဆင် တိုးချဲ့ဆောက်လုပ် နိုင်ပါတယ်။

ရိုးရိုးသားသားနဲ့ ရှာဖွေထားတာမဟုတ်ဘဲ နိုင်ငံပိုင်ငွေကြေးတွေကို မတရားတဲ့နည်းလမ်းပေါင်းစုံသုံးပြီး လိမ်လည်ရယူထားတာကြောင့် ၂၀၁၀ရွေးကောက်ပွဲမတိုင်ခင် ပိုင်ဆိုင်မှုစာရင်းကို တိုင်းပြည်နဲ့ပြည်သူလူ ထုထံကြေငြာတင်ပြရန် အထူး ကြောက်ရွံ့နေကြခြင်းသာ ဖြစ်ပါကြောင်း တင်ပြအပ်ပါတယ်။

လေးစားစွာဖြင့်၊
သူရဲကောင်း။


Wealthy Generals afraid to declare their asset
and property in coming election.

News on the grapevine cause big shock for rich Generals, Ministers and Deputy Ministers in junta as rumor said everyone plan to participate in coming election are to declare their personal and family’s assets and properties. Corrupted junta’s members suspect some of not very wealthy jealous fellow member instigate that issue to provoke the riches.

We all understand that every democratically elected government in good intention for People and State must dare to practice in declaring their assets and properties with clear conscience. Such was even introduced and practice in People Republic of China and neighboring countries were matured in that system for more than two decades. Actually that system is not a peculiar but a routine practice in many countries of the world.

Now in Burma, only for the candidates intended to participate in election are eligible for declaring their assets and properties so according to illegitimate constitution drawn by junta that President, Vice President and Commander in Chief of Army are not necessary to be the elected members of People’s Assembly and they are excluded or exempted to declare their assets and properties.

We roughly learnt the assets and properties of junta’s members which are obviously can see by general public (but excluding of jewelries and foreign currencies in other countries banks) and following are some excerpts;

(1) Senior General Than Shwe and family.

General Than Shwe has eight sons and daughters. Each one of them is rich in the amount of not less than US$ 10 millions. So for their family of ten members are roughly rich in amount of US$ 100 millions. Some example for our calculation is that one of the General Than Shwe’s daughters Ma Pyone took free of charge for 2 acres plot of Kamayut Township administration office own by Ministry of Home Affairs in Pyay Road in front of old Rangoon University. That compound worth more than US$ 10 millions. They also took the State own former Kan-Thar-Yar hospital on the bank of Inya lake next to IBC building and many others State and army own plots and compounds around in the area of Inya lake without paying any single cent but all in free of charge. Office of Myanmar InfoTech in Pyay road is also own by Tun Naing Shwe, son of U Than Shwe.

(2) General Maung Aye and family.

He has only one daughter but an army of nephews and nieces are sharing the advantages of opportunities thus all his own assets could reach to US$ 100 millions easily. His daughter Nandar Aye own Queen Star company, which is importing computers, accessories and IT related goods without permit and import duty so benefit is definite that they can make US$ 20 millions profit annually. Nandar Aye also married to Lieutenant Commander Pye Aung, son of Myanmar’s notorious Ali Barber U Aung Thaung so their wealth is uncountable.

(3) General Thura Shwe Mann and family.

He has two sons. Elder son Toe Aung Mann married to daughter of Zay Kabar Khin Shwe. State own properties of Karaweik Palace and Mya-Yeik-Nyo hotel are already change the ownership to them with payment for free of charge. Younger son Aung Thet Mann is associated with notorious Tayza, the most hated creature in the country by people, and running Htoo Company, which is grabbing all State own forest and all resources thus their family assets exceeding the amount of over the US$ 1000 millions.

There are altogether of Generals, Ministers, Deputy Ministers and Regional Commanders, which can reach to at least 300 persons and if calculation make base on the minimum amount of US$ 10 millions per person, total sum will be in US$ 3000 millions. If that entire amount is used for the development of the country, we can get electricity running for 24 hours in every corner of the country, all the roads in best condition and hospitals can be competitive with famous ones in neighboring countries.

All that money in the hands of junta’s family are never been earned by their legal income but all are stealing from the State coffer.

Regards,
Thu Ye Kaung.Justify Full

Tuesday, December 22, 2009

ဒေါ်စုအမှု အယူခံ ဗဟိုတရားရုံး လက်ခံ

cncletterhead
ချင်းမိုင်(မဇ္ဈိမ) ။ ။ ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက လွှတ်ပေးမည်ဟု ကောလာဟလများ ထွက်ပေါ်နေချိန်တွင် ဗဟို တရားရုံးချုပ်က သူမအပေါ် ချမှတ်ထားသော ပြစ်ဒဏ် ပြင်ဆင်ပေးရန်အတွက် အယူခံ တင်သွင်းခြင်းကို ယနေ့ လက်ခံ လိုက်သည်။

ယနေ့နံနက် ၁၁ နာရီခန့်တွင် လျှောက်လဲချက်ကို ဗဟို တရားရုံးချုပ်က ကြားနာခဲ့ပြီးနောက် အသက် ၆၄ နှစ် အရွယ် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ၁၈ လဖြင့် ဆိုင်းငံ့ ပြစ်ဒဏ်ချထားသည်ကို ပြင်ဆင်ရန် လျှောက်လဲထားမှုအပေါ် လက်ခံကြားနာရန် ညနေ ၃ နာရီကျော်တွင် အမိန့် ချမှတ်လိုက်ခြင်း ဖြစ်သည်။

“တရားရုံးချုပ်က လက်ခံလိုက်ပါပြီ။ ဒီနေ့အမှုက ဒေါ်စု၊ ဒေါ်ဝင်းမမတို့သားအမိ တက်တယ်။ အစိုးရဘက်က တက်တယ်” ဟု ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေတဦးဖြစ်သူ ဦးဥာဏ်ဝင်းက ပြောသည်။ သို့သော် မည်သည့် နေ့ရက်တွင် နှစ်ဖက် အပြီးသတ် လျှောက်လဲချက် ပေးရမည်ကိုမူ ထုတ်ပြန်ခြင်း မရှိသေးပေ။

လျှောက်လဲချက် လက်ခံလိုက်ခြင်း အပေါ် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်ဘက်၏ ရှေ့နေများက အကောင်းမြင်လျက်ရှိပြီး တရားဥပဒေပါ အချက်အလက်များကို ကျယ်ပြန့်စွာ တင်ပြခွင့်ရခြင်းဟု ဦးဥာဏ်ဝင်းက ပြောသည်။

အတိုက်အခံ ခေါင်းဆောင်၏ ရှေ့နေများက စီရင်ချက်ချရာတွင် ကိုးကားခဲ့သော ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံဥပဒေမှာ ပျက်ပြယ်ပြီး ဖြစ်သဖြင့် ယင်း ဥပဒေအရ စီရင်ခြင်းမှာလည်း တရားမဝင်ကြောင်း အမှုပြင်ဆင်ချက်တွင် တင်ပြထားသည်။

တရားလိုအစိုးရ ရှေ့နေများဘက်က ၁၉၇၄ ခု အခြေခံဥပဒေသည် ရပ်ဆိုင်းသွားသော်လည်း တချို့သာ ပျက်ပြယ်သွားခြင်း ဖြစ်သည်ဟု ပြန်လည်၍ စောဒကတက်ခဲ့ကြသည်။

အင်လျားကန်စောင်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ အိမ်အတွင်းသို့ အမေရိကန် နိုင်ငံသားတဦး ယခုနှစ် မေလဆန်းတွင် ခိုးဝင်ခဲ့သည်ကို ဧည့်ခံမှုဖြင့် မြောက်ပိုင်း ခရိုင်တရားရုံးက ပြစ်ဒဏ်ချမှတ်ခဲ့သည်။

ပြစ်ဒဏ်ကို ပြင်ဆင်ပေးရန် ခရိုင်ထက် တဆင့်မြင့် ရန်ကုန်တိုင်း တရားရုံးတွင် သူမ၏ ရှေ့နေများက အယူခံ တင်သွင်းခဲ့ရာ ပယ်ချခံရပြီးနောက် ဗဟို တရားရုံးချုပ်သို့ ဆက်လက် တင်သွင်းခဲ့သည်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ အချုပ်အနှောင်ဘဝဖြင့် ၁၄ နှစ်ကျော် ဖြတ်သန်းနေခဲ့ရသော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူးက နိုင်ငံခြား တိုင်းပြည်များ၏ ပိတ်ဆို့ အရေးယူများ ဖယ်ရှားရေး ပါဝင်ဆောင်ရွက်မည်ဟု စာရေးသား ပေးပို့ပြီးနောက် ပါတီသက်ကြီးပိုင်း ခေါင်းဆောင်များနှင့် တွေ့ဆုံခွင့်ပြုခြင်းနှင့် စစ်အစိုးရဘက်က ကိုယ်စားလှယ် စေလွှတ်မှုများ ပိုမိုလုပ်လာခဲ့ပြီးနောက် အကျယ်ချုပ်မှ လွှတ်ပေးနိုင်သည်ဆိုသော ကောလာဟလများ နိုင်ငံရေး အသိုင်းအဝိုင်းတွင် ဖြစ်ထွန်းနေသည်။

အန်အယ်ဒီ ရုံးချုပ်တွင်လည်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာလျှင် ရုံးထိုင်နိုင်ရန် ရုံးခန်း ပြင်ဆင်မှုများ ပြုလုပ်လာနေသည်။


Tuesday, December 15, 2009

ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေများတွေ့၊ အဖွဲ့ချုပ် ခေါင်းဆောင်များနှင့်လည်း တွေ့မည်

cncletterhead


ချင်းမိုင်(မဇ္ဈိမ) ။ ။ ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက လွှတ်ပေးမည်ဟု ကောလာဟလများ ထွက်ပေါ်နေချိန်တွင် ဗဟို တရားရုံးချုပ်က သူမအပေါ် ချမှတ်ထားသော ပြစ်ဒဏ် ပြင်ဆင်ပေးရန်အတွက် အယူခံ တင်သွင်းခြင်းကို ယနေ့ လက်ခံ လိုက်သည်။

ယနေ့နံနက် ၁၁ နာရီခန့်တွင် လျှောက်လဲချက်ကို ဗဟို တရားရုံးချုပ်က ကြားနာခဲ့ပြီးနောက် အသက် ၆၄ နှစ် အရွယ် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ၁၈ လဖြင့် ဆိုင်းငံ့ ပြစ်ဒဏ်ချထားသည်ကို ပြင်ဆင်ရန် လျှောက်လဲထားမှုအပေါ် လက်ခံကြားနာရန် ညနေ ၃ နာရီကျော်တွင် အမိန့် ချမှတ်လိုက်ခြင်း ဖြစ်သည်။

“တရားရုံးချုပ်က လက်ခံလိုက်ပါပြီ။ ဒီနေ့အမှုက ဒေါ်စု၊ ဒေါ်ဝင်းမမတို့သားအမိ တက်တယ်။ အစိုးရဘက်က တက်တယ်” ဟု ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေတဦးဖြစ်သူ ဦးဥာဏ်ဝင်းက ပြောသည်။ သို့သော် မည်သည့် နေ့ရက်တွင် နှစ်ဖက် အပြီးသတ် လျှောက်လဲချက် ပေးရမည်ကိုမူ ထုတ်ပြန်ခြင်း မရှိသေးပေ။

လျှောက်လဲချက် လက်ခံလိုက်ခြင်း အပေါ် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်ဘက်၏ ရှေ့နေများက အကောင်းမြင်လျက်ရှိပြီး တရားဥပဒေပါ အချက်အလက်များကို ကျယ်ပြန့်စွာ တင်ပြခွင့်ရခြင်းဟု ဦးဥာဏ်ဝင်းက ပြောသည်။

အတိုက်အခံ ခေါင်းဆောင်၏ ရှေ့နေများက စီရင်ချက်ချရာတွင် ကိုးကားခဲ့သော ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံဥပဒေမှာ ပျက်ပြယ်ပြီး ဖြစ်သဖြင့် ယင်း ဥပဒေအရ စီရင်ခြင်းမှာလည်း တရားမဝင်ကြောင်း အမှုပြင်ဆင်ချက်တွင် တင်ပြထားသည်။

တရားလိုအစိုးရ ရှေ့နေများဘက်က ၁၉၇၄ ခု အခြေခံဥပဒေသည် ရပ်ဆိုင်းသွားသော်လည်း တချို့သာ ပျက်ပြယ်သွားခြင်း ဖြစ်သည်ဟု ပြန်လည်၍ စောဒကတက်ခဲ့ကြသည်။

အင်လျားကန်စောင်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ အိမ်အတွင်းသို့ အမေရိကန် နိုင်ငံသားတဦး ယခုနှစ် မေလဆန်းတွင် ခိုးဝင်ခဲ့သည်ကို ဧည့်ခံမှုဖြင့် မြောက်ပိုင်း ခရိုင်တရားရုံးက ပြစ်ဒဏ်ချမှတ်ခဲ့သည်။

ပြစ်ဒဏ်ကို ပြင်ဆင်ပေးရန် ခရိုင်ထက် တဆင့်မြင့် ရန်ကုန်တိုင်း တရားရုံးတွင် သူမ၏ ရှေ့နေများက အယူခံ တင်သွင်းခဲ့ရာ ပယ်ချခံရပြီးနောက် ဗဟို တရားရုံးချုပ်သို့ ဆက်လက် တင်သွင်းခဲ့သည်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ အချုပ်အနှောင်ဘဝဖြင့် ၁၄ နှစ်ကျော် ဖြတ်သန်းနေခဲ့ရသော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူးက နိုင်ငံခြား တိုင်းပြည်များ၏ ပိတ်ဆို့ အရေးယူများ ဖယ်ရှားရေး ပါဝင်ဆောင်ရွက်မည်ဟု စာရေးသား ပေးပို့ပြီးနောက် ပါတီသက်ကြီးပိုင်း ခေါင်းဆောင်များနှင့် တွေ့ဆုံခွင့်ပြုခြင်းနှင့် စစ်အစိုးရဘက်က ကိုယ်စားလှယ် စေလွှတ်မှုများ ပိုမိုလုပ်လာခဲ့ပြီးနောက် အကျယ်ချုပ်မှ လွှတ်ပေးနိုင်သည်ဆိုသော ကောလာဟလများ နိုင်ငံရေး အသိုင်းအဝိုင်းတွင် ဖြစ်ထွန်းနေသည်။

အန်အယ်ဒီ ရုံးချုပ်တွင်လည်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာလျှင် ရုံးထိုင်နိုင်ရန် ရုံးခန်း ပြင်ဆင်မှုများ ပြုလုပ်လာနေသည်။

Friday, December 11, 2009

ချင်းဒုက္ခသည်များ အိန္ဒိယတွင် ခွဲခြား ဆက်ဆံခံနေရဟု အစီရင်ခံစာက ဆို

cncletterhead

ဆလိုင်းပီပီ
နယူးဒေလီ (မဇ္ဈိမ)။ ။ အိန္ဒိယနိုင်ငံတွင် ပြည်တွင်းဒုက္ခသည် ဥပဒေတရပ် မရှိခြင်းကြောင့် အိန္ဒိယရှိ မြန်မာ ဒုက္ခသည်များမှာ ခွဲခြား ဆက်ဆံခံနေရကြောင်း ဝါရှင်တန် အခြေစိုက် ဆော်သြရေး အဖွဲ့တခုဖြစ်သည့် နိုင်ငံတကာ ဒုက္ခသည်အဖွဲ့ကြီး (Refugee International) က ယမန်နေ့က ပြောဆိုလိုက်သည်။

အိန္ဒိယတွင် ဒုက္ခသည် ဥပဒေတရပ် မရှိခြင်းကြောင့် အများစု ချင်းအမျိုးသားများဖြစ်သော မြန်မာ ဒုက္ခသည်များသည် ခွဲခြား ဆက်ဆံခံရခြင်း၊ အခြေခံ လိုအပ်ချက်များ လုံလောက်စွာ မရရှိခြင်း စသော အခက်အခဲမျိုးစုံကို ခံနေကြရသည်ဟု ယမန်နေ့ထုတ် RI ၏ (အိန္ဒိယ-မြန်မာ ဒုက္ခသည်များအတွက် ကွက်လပ်ကို ဖြည့်ဆီးပေးပါ) ‘India: Close the Gap for Burmese Refugees’ ဟူသည့် အစီရင်ခံစာတွင် ရေးသားထားသည်။

''အခြေခံအားဖြင့် နယူးဒေလီတွင် ခွဲခြား ဆက်ဆံမှုများ ကျယ်ပြန့်စွာ ရှိနေခြင်းကြောင့်၎င်း၊ မီဇိုရမ် ပြည်နယ်တွင် နိုင်ငံခြားသားများကို သတိထား ဆက်ဆံခြင်းကြောင့်၎င်း၊ ဒုက္ခသည်များမှာ နှောင့်ယှက်ခံရခြင်း၊ တိုင်းပြည်မှ နှင်ထုတ်ခံရခြင်း စသည့် ဒုက္ခမျိုးစုံကို ကြုံတွေ့နေကြရသည်'' ဟု အစီရင်ခံစာတွင် ရေးသားထားသည်။

ဤအစီရင်ခံစာသည် ၂ဝဝ၉ ခုနှစ် နိုဝင်ဘာလအတွင်း ချင်းဒုက္ခသည်များ၏ အခြေအနေများကို သွားရောက်ဆန်းစစ် လေ့လာခဲ့ပြီး ရေးသားထားခြင်း ဖြစ်သည်ဟု RI က ပြောသည်။

အိန္ဒိယသည် မြန်မာ ဒုက္ခသည်များအတွက် မိတ်ဆွေနိုင်ငံတခု ဖြစ်သော်လည်း ဒုက္ခသည်များ၏ အခွင့်အရေးကို အကာအကွယ်ပေးနိုင်သည့် ကောင်းမွန်သင့်တော်သည့် ဒုက္ခသည်ဥပဒေတရပ် မရှိခြင်းကြောင့် ပြဿနာများ ဆက်လက်ဖြစ်ပွားအောင် လုပ်ပေးနေသလိုဖြစ်ပြီး ချင်းနှင့် အခြား မြန်မာဒုက္ခသည်များအပေါ် ကျူးလွန်စော်ကားမှုများ ပိုမို လုပ်ဆောင်အောင် အားပေးနေသလို ဖြစ်နေသည်ဟု အဆိုပါအဖွဲ့က ပြောသည်။

''ဒုက္ခသည် အဆင့်အတန်းတရပ် မရှိခြင်းကြောင့်၎င်း၊ ခွဲခြားဆက်ဆံ ခံရခြင်းများကြောင့်၎င်း၊ အိန္ဒိယရှိ ချင်းဒုက္ခသည်များမှာ အခြေခံလိုအပ်သော အိုးအိမ်၊ ကျန်းမာရေး၊ ပညာရေးလိုအပ်ချက်များအတွက် လုံလောက်သည့် ဝင်ငွေများ မရရှိဘဲ ဖြစ်နေသည်'' ဟု အစီရင်ခံစာက ပြောသည်။

မြန်မာဒုက္ခသည်များကို အကူအညီများပေးနေသည့် ဥပဒေရေးရာ အစိုးရမဟုတ်သော အဖွဲ့တခုဖြစ်သည့် လူမှုရေးနှင့် ဥပဒေရေးရာ သတင်းအချက်အလက် ဗဟိုဌာန (SLIC) မှ အစီအစဉ် အရာရှိတဦးဖြစ်သော နီးရူး (Neeru) က နယူးဒေလီတွင် နေထိုင်သော မြန်မာဒုက္ခသည်များအပေါ် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက် စော်ကားမှုများရှိကြောင်း တိုင်တန်းမှုများကို သူတို့ရုံးက လက်ခံရရှိခဲ့သည်ဟု ပြောသည်။

သူမ၏ ရှေ့နာမည်တခုကိုသာ မဇ္ဈိမသတင်းဌာနကို ပြောကြားခဲ့သည့် နီးရူးက ထိုသို့ဖြစ်ပွားခဲ့သော အမှုအခင်းပေါင်း မည်မျှဖြစ်ပွားခဲ့သည်ကို၎င်း၊ ကိစ္စရပ်တခုချင်း၏ အသေးစိတ်ဖြစ်ရပ်များကို၎င်း ထုတ်ဖော်ပြောကြားခြင်း မပြုဘဲ ထိုအမှုအခင်းအများစုသည် ဒုက္ခသည်များ ညဘက်ဈေးသွားစဉ် လမ်းပေါ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ အချို့ အနည်းစုသော အမှုအခင်းများမှာ အနောက်ဒေလီရှိ သူတို့လုပ်ငန်းခွင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟုသာ ပြောသည်။

ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံကြီးဖြစ်သော အိန္ဒိယသည် ၁၉၅၁ ခုနှစ် ဒုက္ခသည် ကွန်ဗင်းရှင်းကို လက်မှတ်ရေးထိုးထားသော နိုင်ငံတခု မဟုတ်ပါ။ ဒုက္ခသည်များအဖြစ် သတ်မှတ်ရန်နှင့် အကာအကွယ်ပေးရန် ပြည်တွင်းဥပဒေတရပ်လည်း မရှိပါ။

သို့သော် အိန္ဒိယအစိုးရသည် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ကို နယူးဒေလီမြို့တွင် ရုံးဖွင့်လှစ်ခွင့်ပေးထားပြီး မြို့တော်တွင် နေထိုင်သော ဒုက္ခသည်များကိုသာ အကန့်အသတ်ဖြင့် ဝန်ဆောင်မှုပေးနိုင်သည်။ အဆိုပါ UNHCR ကို အိန္ဒိယအစိုးရက ဒေလီမြို့ပြင်ပတွင် လုပ်ငန်းများ လုပ်ကိုင်ခွင့် ပေးမထားပါ။

ဤသို့ UNHCR လက်လှမ်းမမီသည့် ချင်းဒုက္ခသည် ၅ သောင်းမှ တသိန်းခန့်မှာ မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပြည်နယ်များဖြစ်သော မီဇိုရမ်နှင့် မဏိပူ ပြည်နယ်များတွင် နေထိုင်နေကြသည်။

''UNHCR ၏ အကန့်အသတ်နှင့်သာ လုပ်ဆောင်နိုင်မှုကြောင့် ချင်းဒုက္ခသည်များမှာ လူမှုရေးလုံခြုံမှု မရှိတော့ဘဲ အကာအကွယ်မဲ့နေကာ မိမိဘာသာ အားကိုးနေကြရသည်'' ဟု RI ၏ အစီရင်ခံစာတွင် ရေးသားထားသည်။

UNHCR ၏ ၂၀၀၉ ခုနှစ် စက်တင်ဘာ သတင်းလွှာအရ နယူးဒေလီတွင် နေထိုင်သော သူတို့ အစောင့်ရှောက်ခံ ဒုက္ခသည်ပေါင်းမှာ ၁၂၁၅၉ ဦးရှိပြီး၊ ထိုအထဲမှ ၂၇၅၂ ဦးသာ မြန်မာလူမျိုးများဖြစ်သည်ဟု ဆိုသည်။

သို့သော် RI ၏ အပြောအရ UNHCR က အသိအမှတ်ပြု မှတ်ပုံတင်ထားခြင်းခံရသူနှင့် ထိုသို့ မှတ်ပုံတင်ရန် စောင့်ဆိုင်းနေသည့် မြန်မာ ဒုက္ခသည်ပေါင်းမှာ ဦးရေ ၃၀၀၀ မှ ၄၀၀၀ အထိရှိပြီး အများစုမှာ မြန်မာနိုင်ငံ အနောက်မြောက်ဒေသမှ ချင်းတိုင်းရင်းသားများ ဖြစ်သည်ဟု ဆိုသည်။

ချင်းနှင့် အခြား မြန်မာဒုက္ခသည်များ နှိမ်ချ ဆက်ဆံခံရခြင်းနှင့် ကျူးလွန်စော်ကားခြင်းများ လျော့နည်း သက်သာရေးအတွက် ထိုဒုက္ခသည်များအပေါ် ဥပဒေဆိုင်ရာ အဆင့်အတန်းတရပ် သတ်မှတ်ပေးရန်နှင့် အကာအကွယ်ပေးရန် RI က အိန္ဒိယအစိုးရကို တောင်းဆိုလိုက်သည်။

လွန်ခဲ့သော ဆယ်စုနှစ် ၄ စုအတွင်း မြန်မာစစ်တပ်၏ လူ့အခွင့်အရေး ဖောက်ဖျက် ကျူးလွန်မှုများကြောင့် ချင်းလူမျိုးဒုက္ခသည်များ မိမိတို့ အိုးအိမ်များကို စွန့်ခွာ ထွက်ပြေးလာခဲ့ကြရသည်။ ထိုသို့ ဒုက္ခသည်များ ထွက်ပြေးလာမှုသည် သွေးထွက်သံယိုများလှသည့် ၁၉၈၈ ခုနှစ် လူထုအုံကြွမှုကြီး အပြီးတွင် ပိုမို များပြားလာခဲ့သည်ဟု အစီရင်ခံစာက ဆိုသည်။

ဤသို့ မြန်မာစစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် အဓမ္မ လုပ်အားပေး ခိုင်းစေခြင်းများသာ မကသေးဘဲ မြန်မာနိုင်ငံ အနောက်ပိုင်းရှိ ချင်းပြည်နယ်သည် ၂၀၀၆ ခုနှစ်က ဝါးသုဉ်းခြင်းနှင့် ကြွက်ကျခြင်းတို့ကြောင့် စားနပ်ရိက္ခာ အကျပ်အတည်းကိုလည်း ကျယ်ပြန့်စွာ ကြုံတွေ့ခဲ့ရသည်ဟု ဆိုသည်။ ယင်းကပ်ဘေးတွင် ကြွက်များ အဆမတန် ပွားလာပြီး သီးနှံစိုက်ခင်းများနှင့် သိုလှောင်ထားသော ရိက္ခာသီးနှံများကိုပါ စားသောက် ဖျက်ဆီးပစ်ခဲ့ကြသည်။

''ဤအငတ်ဘေးကြောင့် မိသားစု အများအပြားမှာ မြန်မာနိုင်ငံတွင်း ဆက်လက် အသက်ရှင်သန်ရန် မဖြစ်နိုင်ကြတော့သဖြင့် တိုင်းပြည်တွင်းမှ ထွက်ပြေးလာခဲ့ကြရသည်'' ဟု RI အစီရင်ခံစာတွင် ဆက်လက် ရေးသားထားသည်။

မြန်မာဒုက္ခသည် ထောင်ပေါင်းများစွာ ခိုလှုံနေထိုင်ကြသည့် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပြည်နယ်များသို့ UNHCR ကို သွားရောက်ခွင့် ပေးပါရန်လည်း အိန္ဒိယနိုင်ငံကို RI က တိုက်တွန်းထားသည်။

မြန်မာဒုက္ခသည်များကို အကာအကွယ် ပေးနိုင်မည့် ပြည်တွင်းဒုက္ခသည် ဥပဒေတရပ် ပြဋ္ဌာန်းနိုင်ရေးအတွက် အိန္ဒိယနိုင်ငံကို ကူညီပါရန် အမေရိကန် ပြည်ထောင်စု အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းကို RI က တောင်းဆိုလိုက်သည်။ နယူးဒေလီနှင့် အိန္ဒိယ အရှေ့မြောက်ပြည်နယ်များတွင် နေထိုင်ကြသော ချင်းဒုက္ခသည်များကို အကူအညီများ တိုးမြှင့် ပေးအပ်ရန်နှင့် ချင်းလူမျိုးရပ်ရွာအခြေခံ အဖွဲ့အစည်းများနှင့် အိန္ဒိယ လူထုအခြေပြု အဖွဲ့အစည်းများကို ထောက်ပံ့ ပေးကမ်းပါရန်လည်း RI က တောင်းဆိုထားသည်။

(မုံပီး တည်းဖြတ်သည်။)

Sunday, November 29, 2009

Tuesday, November 24, 2009

Burma VJ ၂၀၀၉ ခုနှစ် အော်စကာဆုအတွက် ပဏာမ ရွေးချယ်ခံရ

cncletterhead
နယူးဒေလီ (မဇ္ဈိမ)။ ။ သံဃာတော်များ ဦးဆောင်သည့် ၂၀၀၇ ခုနှစ် ဆန္ဒပြပွဲများကို စစ်အစိုးရက ရက်စက်စွာ နှိမ်နင်းခဲ့ပုံအကြောင်း ရိုက်ကူးထားသည့် မှတ်တမ်းတင် ရုပ်ရှင်ကားမှာ လာမည့်နှစ် အကယ်ဒမီဆုအတွက် ပဏာမ ရွေးချယ်ခံရပြီး အမည်စာရင်း တင်သွင်းထားခြင်း ခံရပြီ ဖြစ်သည်။

မြန်မာပြည်သူများ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် ဒီမိုကရေစီရေးအတွက် သတ္တိပြောင်မြောက်စွာ တိုက်ပွဲဝင်ခဲ့ပုံအကြောင်း မှတ်တမ်းတင် ရိုက်ကူးထားသည့် ရုပ်ရှင်ကားကို ၂၀၀၉ ခုနှစ်အတွင်း ပြသခဲ့ပြီး ယင်းကို ၂၀၁၀ ခုနှစ် အကယ်ဒမီဆုအတွက် ပဏာမ ရွေးချယ်ထားခြင်း ဖြစ်ကြောင်း အမေရိကန် ရုပ်ရှင်အနုပညာနှင့် သိပ္ပံအကယ်ဒမီအဖွဲ့ကြီး၏ အပြောအရ သိရသည်။

ဒါရိုက်တာ ဒင်းနစ် အင်ဒါးစ် အိုစ်တီဂါဒ် (Danish Anders Ostergaard) ရိုက်ကူးသော Burma VJ ရုပ်ရှင်ကားကို မှတ်တမ်းတင် ဇာတ်လမ်းရုပ်ရှင် (Documentary Feature) အမျိုးအစားအတွက် ပဏာမ ရွေးချယ်သော ဇာတ်ကား ၁၅ ထဲတွင် ထည့်သွင်းရွေးချယ်ထားသည်ဟု Beverly Hills ရှိ အကယ်ဒမီအဖွဲ့ကြီးက ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ကြေညာသည်။ အဆိုပါ ပဏာမ ၁၅ ကားကို ၈၂ ကြိမ်မြောက် အကယ်ဒမီဆုပေးပွဲအတွက် ဆက်လက်၍ မဲပေးရွေးချယ်သွားမည်။

Burma VJ မှတ်တမ်းတင် ဇာတ်လမ်းရုပ်ရှင်ကားသည် ၂ဝဝ၇ ခုနှစ် စက်တင်ဘာလ ဆန္ဒပြပွဲများအတွင်း သတင်းသမားများနှင့် အတိုက်အခံတို့ စစ်အစိုးရ၏ အုပ်ချုပ်မှုအောက်တွင် စွန့်စားလှုပ်ရှားခဲ့ရပုံအကြောင်း အသားပေး ဖော်ပြရိုက်ကူးထားခြင်း ဖြစ်သည်။ ဤဆန္ဒပြပွဲကို နောင်တွင် `ရွှေဝါရောင်တော်လှန်ရေး´ ဟု ခေါ်ဝေါ်ခဲ့ကြသည်။ ဤမှတ်တမ်းတင် ရုပ်ရှင်ကားသည် ယခုအထိ ‘World Cinema Documentary Film Editing Award’, ‘Golden Gate Persistence of Vision Award’ အပါအဝင် နိုင်ငံတကာ ရုပ်ရှင်ဆုပေါင်း ၃၃ ခု ရရှိထားပြီဖြစ်ပြီး EFA Documentaire 2009 –Prix Arte အတွက်လည်း အမည်စာရင်း တင်သွင်းထားခြင်း ခံရပြီးဖြစ်သည်။

Burma VJ မှတ်တမ်းတင်ကားအတွက် ၈ဝ ရာခိုင်နှုန်းမျှသော ဗီဒီယိုကလစ်များကို ပေးပို့ခဲ့သည့် ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) ထိုင်းဗျူရိုရုံး အကြီးအကဲ ဦးတိုးဇော်လတ်က ယခုကဲ့သို့ အကယ်ဒမီဆုအတွက် ပဏာမ ရွေးချယ်ခံရခြင်းအတွက် သူ့အနေဖြင့် ဂုဏ်ယူမိကြောင်း ပြောသည်။

''အခုတော့ မြန်မာပြည်သူတွေ ခံစားနေရတဲ့ ဆင်းရဲဒုက္ခတွေဟာ နိုင်ငံတကာ မီဒီယာတွေတင်မက ရုပ်ရှင်တွေထဲမှာလည်း အသားပေးဖော်ပြတာ ခံနေရပါပြီ။ ဒါဟာ မြန်မာနိုင်ငံတွင်း သတင်းအမှောင်ချမှု ရှိနေကြောင်း နိုင်ငံတကာအဆင့်မှာပါ သိရှိအောင် လုပ်ရေးအတွက် ကျနော်တို့ရဲ့ သန္နိဋ္ဌာန်ကို အောင်မြင်စွာ ဖြည့်ဆည်းဆောင်ရွက်ပေးလိုက်တာပဲ ဖြစ်ပါတယ်'' ဟု ဦးတိုးဇော်လတ်က ပြောသည်။

ဤရုပ်ရှင်ကားသည် အော်စလိုအခြေစိုက် DVB ၏ ၂၇ နှစ် အရွယ်ရှိ လျှို့ဝှက်သတင်းထောက် ဂျိုရှူးဝါး (Joshua) အကြောင်း အခြေခံရိုက်ကူးထားခြင်း ဖြစ်သည်။ သူသည် မြန်မာနိုင်ငံ မြို့တော်ဟောင်း ရန်ကုန်ရှိ လမ်းများပေါ်တွင် ၂ဝဝ၇ ခုနှစ် စက်တင်ဘာ အုံကြွမှုအတွင်း ဗီဒီယို ကင်မရာ အငယ်စားကလေးများဖြင့် ရိုက်ကူးမှတ်တမ်းတင်ခဲ့သည်။

သူက မည်သို့မည်ပုံ မှတ်တမ်းတင် ရုပ်ရှင်ကို ရိုက်ကူးခဲ့ကြောင်းနှင့် ဤမှတ်တမ်းတင် ဗီဒီယိုရုပ်ရှင်များကို နိုင်ငံတကာ မီဒီယာများဖြစ်သော CNN, BBC, Aljazeera တို့မှတဆင့် ဂြိုဟ်တုမှတဆင့် မြန်မာနိုင်ငံသို့ ပြန်လည်လွှင့်ထုတ်ပေးခဲ့ပုံ အကြောင်းများကို ရိုက်ကူးတင်ဆက်ထားခြင်း ဖြစ်သည်။

''ညှဉ်းပမ်းနှိပ်စက်ခံရမယ့် အန္တရာယ်နဲ့ ထောင်သွင်းအကျဉ်းချခံရမယ့် အန္တရာယ်တွေ ရှိနေပေမယ့် မြန်မာနိုင်ငံက သတ္တိပြောင်မြောက်ပြီး ငယ်ရွယ်တဲ့ သတင်းထောက်တွေက တံခါးပိတ်ထားတဲ့ သူတို့နိုင်ငံက သတင်းတွေကို ပြည်ပကို ပေးပို့နိုင်အောင် စာနယ်ဇင်းလုပ်ငန်းရဲ့ အနှစ်သာရအတိုင်း နေထိုင်လုပ်ကိုင်ခဲ့ကြပါတယ်'' ဟု Burma VJ ဝဘ်ဆိုဒ်တွင် ဖော်ပြထားသည်။

ဗီဒီယိုသတင်းထောက် အများအပြားသည် ဆန္ဒပြပွဲအတွင်း လမ်းမများပေါ်တွင် ရိုက်ကူးမှတ်တမ်းတင်နေစဉ် မြန်မာနိုင်ငံ လုံခြုံရေးအဖွဲ့များ၏ ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရသည်ဟု ဦးတိုးဇော်လတ်က ပြောသည်။

ဤရုပ်ရှင်ကား အမျိုးအစားအတွက် ကားပေါင်း ၈၉ ကားထဲမှ ပဏာမ ရွေးချယ်ခံခဲ့ရသော ၁၅ ကားမှာ “The Beaches of Agnes,” “Burma VJ,” “The Cove,” “Every Little Step,” “Facing Ali,” “Food, Inc.,” “Garbage Dreams,” “Living in Emergency: Stories of Doctors Without Borders,” “The Most Dangerous Man in America: Daniel Ellsberg and the Pentagon Papers,” “Mugabe and the White African,” “Sergio,” “Soundtrack for a Revolution,” “Under Our Skin,” “Valentino The Last Emperor,” and “Which Way Home,” တို့ ဖြစ်သည်။

ပဏာမ ရွေးချယ်ခံထားရသော ၁၅ ကားထဲမှ ၂ဝဝ၉ ခုနှစ် ထူးချွန်ရုပ်ရှင် အောင်မြင်မှု အကယ်ဒမီဆုအတွက် နောက်ဆုံးဆန်ခါတင် ၅ ကားကို မှတ်တမ်းတင်ရုပ်ရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက ဆက်လက်ရွေးချယ်မည်ဖြစ်သည်။

၈၂ ကြိမ်မြောက် အကယ်ဒမီဆုအတွက် ဤသို့ ဆန်ခါတင်ရွေးချယ်ခံရသော စာရင်းကို ၂ဝ၁ဝ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ကြေညာမည်ဖြစ်သည်။ ဆုပေးပွဲကိုမူ မတ်လ ၇ ရက်နေ့တွင် လော့စ်အိန်ဂျလိစ်မြို့ Hollywood & Highland Center ရှိ ကိုဒတ်ဇာတ်ရုံ (Kodak Theatre) ကြီးတွင် ကျင်းပပေးအပ်မည်ဖြစ်သည်။

ရွှေဂုံတိုင် ကြေညာစာတမ်း နှီးနှောဖလှယ်ပွဲမှတ်တမ်းများ

cncletterhead
Posted by Thawngsian Tung (CNC-Japan)
Photos : Lian Khan Sum (CNC-Japan)

Monday, November 16, 2009

ရိုးရာခွာဒိုပွဲတော်ကို ဇိုမီးအမျိုးသားများ နယူးဒေလီတွင် ကျင်းပ (ရုပ်သံသတင်း)

cncletterhead
ရိုးရာခွာဒိုပွဲတော်ကို ဇိုမီးအမျိုးသားများ နယူးဒေလီတွင် ကျင်းပ (ရုပ်သံသတင်း)

Wednesday, November 11, 2009

စွမ်းအားရှင်လူမိုက် များ ၏ ဥပဒေမဲ့ ရမ်းကား သည့် အ ဖြစ် အပျက်

cncletterhead
Posted by Thawngsian Tung (CNC-Japan)
စစ်ကိုင်း တိုင်း ကလေးမြို့နယ် နည်းပညာ တက် က သိုလ် (ကလေး) အနီး ရှိ ရပ် ဝေး ကျောင်းသား များ အဓိက ခြေချ ရာ ထိုမာ ကျေး ရွာ အုပ် စု သာယာဝတီ ရွာ ရှိ ခရစ်ယာန် ဘာသာဝင် နည်းပညာ ကျောင်းသား များ ၏ အ ဆောင် တစ်ခု ဆောက် လုပ် ရန် စုဆောင်း ထား သော အိမ် ဆောက် ပစ်စည်း များ သို လှောင် ရာ မိုးကာ တဲ တစ် ခု ကို ကျောင်း ပိတ် ချိန်ကို အခွင့် ကောင်း ယူ ပြီး လူ ရမ်းကား တစု မှ သော့ ဖောက် ၀င် ရောက် ဖျက်ဆီး သွား ကြောင်း နိုဝင်ဘာလ ၁၀ ရက် နေ့ တွင် ထို နေရာ သို့ ရောက် ရှိ ခဲ့ သူ ကျောင်းသား တစ်ဦး ထံ မှ သိ ရှိ ရ ပါ သည်။ ယင်း အဆောင် သည် အဆောင် နေ ကျောင်းသား များ ဘုရား ၀တ် ပြု ခြင်း များ ပြု လုပ် နိုင် ရန် နှင့် ရပ်ဝေး မှ လာ သော ဆင်းရဲ ခက်ခဲ သည့် ကျောင်းသား များ စရိတ်သက်သာ စွာ ဖြင့် နေထိုင် ကျောင်းတက် နိုင် ရန် ရည် ရွယ် ထား ခြင်း ဖြစ် သည်။
ယင်း အ ဆောင် ကို ဆောက် လုပ် နိုင် ရန်အတွက် ကျောင်းသူ ကျောင်းသား များ က သူး တို့ ၏ မုန့် ဖိုး ထဲ မှ ခွဲ ထုတ် စုဆောင်း ခဲ့ ကြ သည် မှာ ၉ နှစ် ကျော် ကြာ ပြီ ဖြစ် သည်။ ၂၀၀၅ ခုနှစ် တွင် မြေ ကွက် များ ၀ယ် ယူ နိုင် ပြီ ဖြစ် ရာ ယင်း နေရာ တွင် အုတ်မြစ် ကို လည်း စနစ် တကျ ချ နိုင် ခဲ့ သည်။ သို့ သော် ၂၀၀၆ နှင့် ၂၀၀၇ ခုနစ် များ ၌် အခက် အခဲ အ မျိုးမျိုး ကြောင့် ဆက်လက် မ ဆောက် လုပ် နိုင် တော့ ပေ။ ယင်း သို့ ဖြင့် ၂၀၀၈ ခုနစ် နိုဝင်ဘာလ ၂၇ နေ. ၌ အုတ်မြစ် ပေါ် ၌တိုင် ထောင် ကာ ဆက်လက် ဆောက် လုပ် ခဲ့ ရာ ကလေး မယက ဥက္ကဌ ဥိး ကိုကိုလတ် ဦးဆောင် ၍ မ တရား တားမြစ် လာ သဖြင့် ဆောက် လက် စ ကို လက် စ မ သတ် တော့ ပဲ ချက်ချင်း ရပ် နား ခဲ့ ကြ သည်။ ယင်းကဲ့ ရပ် နား ခဲ့ သော် လည်း စစ် အစိုးရ အလိုကျ ပြုမူ လုပ် ဆောင် ကြ သည့် ကြံ့ဖွံ့ နှင့် စွမ်းအားရှင်လူမိုက် များ က ကျောင်းသား များ လုပ် အားဖြင့် ထောင် ထား သော တိုင် အား လုံး ကို ဥပဒေ မဲ့ လစု လူဝေး အားကူး ၍ အာဏာ ပိုင် များ ၏ မြောက် ပေး မှု ဖြင့် ဆွဲံလှဲ ပြီး တိုင်ထောင် ရန် ချ ထားသော သံ ဖိနပ် အုတ် ခုံ များ ကို လည်း ထုခွဲ ဖျက်ဆီး ခဲ့ ကြ သည်။ ထိုပြင် အိမ် ဆောက် ရန် နှစ် ရှည် လရှည် စု ဆောင်း ထား သော သစ် သား များ ကို သာယာဝတီ ဥက္ကဌ အိမ် သို့ နွား လှည်း ဖြင့် မတရား သဖြင့် သိမ်း ဆည်း သယ် ဆောင် သွား ကြ သည်။ အဆိုပါ အဖြစ် အပျက် နှင့် ပတ်သက် ၍ ကလေးမြို့ ဒကစ မှုး ထံ တိုင် ကြား ခဲ့သော်လည်း ယနေ့ တိုင် အောင် တရား မျှတ သည့် ဖြေရှင်း ချက် တစုံတခု မှ ထွက် မ လာ ခဲ့ ပေ။ ယင်း ကဲ့သိုံ ဖျက်ဆိး ခံ ရ မှု နှင့် ပတ်သက် ၍ မျက်မြင် ကျောင်းသား တစ် ဦး က ဖျက်ဆိး ခဲံ့ သည့် ပစ္စည်းတန်ဖိုး မှာ ကျပ် သိန်း ပေါင်း ၂၀ ကျော် ရှိ ကြောင်းပြော ကြား ခဲ့ ပါ သည်။

သို့ဖြစ်၍ ဖျက်ဆီး သိမ်းဆည်း မထား ပဲကျန် နေ ခဲ့ သည့် သစ်သား စ များ ကို ထိန်းသိမ်း သိုလှောင် ရန် မိုးကာ တဲ တစ်ခု ကို June 6 နေ့ တွင် ကျောင်းသား များ က ဆောက် လုပ် ခဲ့ ရာ ဦး ကိုကိုလတ် မှ ထပ် မံ တားဆိး လာ ပြန် သဖြင့် တဲ ကို အ ပြီး တိုင် မ ဆောက် ရ ပဲ ရပ် နား ခဲ့ ရ ပြန် ပါ သည်။ မိုးကာ တဲ ဆောက်လုပ် ခြင်း နဲ့ ပတ်သက် ၍ တာဝန် ရှိ သူ ကျောင်းသား တချို့ ကို ကျောင်း အုပ် ကြိး ကို ဖိအား ပေး ခြိမ်းခြောက် စေ ခဲ့ သည် မှ ကြံ့ ဖွံ့၊ စွမ်းအားရှင် စ သည့် စစ် အစိုးရ တုတ် ကိုင် များ နှင့် ကျောင်း သား များ ပြဿနာ မည် ကို စိုး၇ိမ် လာ သဖြင့် ဖျက်ဆီး ခြင်း များ မပြု ပဲ နေ ခဲ့ ရာ မှ ယခု လ အ တွင်း ဤ ကဲ့သို့ ပြု မူ လာ ခဲ့ ကြ ခြင်း ဖြစ် သည်။ ယခု တကြိမ် ဖျက်ဆီး မှု နဲ့ ပတ် သက် ပြီး ယင်း နေရာ သို့ ရောက် ရှိ သူ ကျောင်းသား တစ် ဦး က " တိုင် နှစ် ခု ကို ဓား နှင့် ပြတ် အောင် ခုတ် ထား တာ တွေ့ ရ တယ်။ တခြား တိုင် တွေ လည်း ခုတ် ထား တာ တွေ့ ရ တယ်။ ပြတ် အောင် တော့ မ ခုတ် ဘူး။ အပေါ် မှာ မိုး ထား တဲ့ မိုးကာ တွေ အ ကုန် ဆွဲ ဖြဲ ခံ ရ တယ်။ " ဟု ဆက်လက် ပြော ကြား ခဲ့ ပါ သည်။

"ရွာ သား တွေ မေး ကြည့် မယ် လုပ် တော့ မေး လို့ သိပ် မ ရ ဘူး။ ကျောင်းသား တွေ နဲ့ ပြသ နာ တက် မှာ ကြောက် တယ် ထင် တာ ပဲ။ ဘယ် သူ တွေ ဖျက်ဆီး တာ ၊ ဘယ် ချိန် မှာ ဖျက် တာ တို့ မ သိ ရ ဘူး ဗျ။ " ဟု ဖြစ် ပျက် ပုံ ကို ဆက်လက် ရှင်း ပြခဲ့ ပါ သည်။


၂၀၀၈ ခုနှစ် နိုဝင်ဘာလ တွင် မြို့နယ် နှင့် ကျေးရွာ အာဏာပိုင် များ ပူးပေါင်း ဖျက်ဆိး သော အိမ် ဆောက် ပစ်စည်း တန်းဖိုး ကျပ် သိန်း ပေါင်း ၂၀ ကျော် နှင် စာ လျှင် ယခု ပျက်ဆိး မှု ပမာဏ မှာ မ ပြောပ လောက် ကြောင်း အဆိုပါ ကျောင်းသား ထံ မှ သိရှိ ရ ပါ သည်။

ယင်း အဖြစ် အပျက် များ ကို သုံးသပ် ကြည့် မည် ဆို ပါ က ဗိုလ် ချုပ် သာအေး၊ ဗိုလ် မှုးချူပ် ဟုန်းငိုင်း နှင့် ဗိုလ် မှုး ချုပ် ၀င်းမြင့် တို့ ၏ November လ ပထမ ပတ် တွင် သွား ရောက် ခဲ့ ကြ သည့် အ နှစ် နှစ် ဆယ် အတွင်း ပထမ ဆုံး အကြိမ် ဘာသာရေး ခေါင်း ဆောင် များ နှင့် တွေ့ ဆုံ ၍် ချင်းတောင် ဒေသ၏ ထောက်ခံ မှု ရ ရှိရေးအတွက ရွေး ကောက် ပွဲ အကြို စည်းရုံးရေး ခရိး စဉ် အတွင်း ဗိုလ် ချုပ် သာအေး မှ ဘာသာရေး ခေါင်ဆောင် များ အပေါ် ပြောဆို ဟော ကြား ခဲ့ သည့် သမ္မာ ကျမ်း စာ ထဲ မှ ခရစ်ယာန် ယုံကြည် မှု နှင် ဆိုင် သော ဘုန်းကြီး စာ ချ တရား များ သည် အ ပေါ်ရံ သက်သက် သာ ဖြစ် ကြောင်း ချင်းတောင် ခြေ ရှိ Technological University of Kalay ကျောင်း ရှိရာ သာယာဝတီရွာ
မှ ကြံ့ဖွံ့ နှင့် စွမ်းအားရှင်လူမိုက် များ ၏ ဥပဒေမဲ့ ရမ်းကား သည့် အ ဖြစ် အပျက် များ က သက် သေ ပြ ခဲ့ ပြီ ဖြစ် သည်။
News by Moses

Monday, November 9, 2009

ယနေ့ တွေ့ မြင်ရသော မြန်မာပြည်သူလူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်

cncletterhead
Posted by Thawngsian Tung (CNC-Japan)

သန်းရွှေအရေးပေါ်ဆေးဝါးကုသမှုခံယူရ

cncletterhead
Posted by Thawngsian Tung (CNC-Japan)
၎င်း၏မြေးဖြစ်သူစိန်မျောက်မျောက်ဓားထိုးခံရလို့ပန်းလှိုင်ဆေးရုံရောက်
မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးသန်းရွှေမှာ နေပြည်တော်ရှိ ၎င်း၏လုံခြုံရေး
တင်းကျပ်စွာချထားသော အိမ်မှာပင် ၂၉ ရက်နေ့ ည ကတည်းက အရေးပေါ်ဆေးဝါးကုသမှု
ခံယူနေရ ကြောင်း သတင်းရရှိသည်။

ကိုယ်တစ်ခြမ်းသေ အာရုဏ်ကြောများရပ်ဆိုင်းသည့် ဝေဒနာ ကဲ့သို့ ရောဂါတစ်
မျိုး ဗုဒ္ဓဟူနေ့ ညကတည်းက စတင်ဖြစ်ပွားခဲ့သောကြောင့် ရန်ကုန် မြို့ ရှိစစ်ဆေးရုံမှ
ဆရာဝန်များ နှင့် စင်္ကာပူ နိုင်ငံမှ သမားတော် တစ်ဦးအရေးပေါ်လာရောက်ကုသခံရ
သည် ဟု သတင်းရရှိသည်။

ရန်ကုန် နှင့် နေပြည်တော် တွင် လုံခြုံရေးများ တင်းကျပ်စွာချထားပြီး ဗိုလ်ချုပ်မှုးကြီး
သန်းရွှေ ၏ ကျန်းမာရေး အတွက် ရန်ကုန် စစ်ဆေးရုံ မှ ဆရာဝန်များက အချိန်ပြည့်စောင့်
ရှောက်ပေးရသည် ။

အသက် ၇၆ နှစ်အရွယ်ရှိပြီ ဖြစ်သော ဗိုလ်ချုပ်မှုးကြီးသန်းရွှေသည် အောက်တိုဘာလ ၂၆
ရက် (တနင်္လာ)နေ့ မနက် က ထိုင်းနိုင်ငံ ဟွာဟင်းတွင် ကျင်းပသည့် ၁၅ ကြိမ်မြောက်အာ
ဆီယံ ထိပ်သီးအစည်း အဝေးကို တက်ရောက်ပြီး ပြန်လာသည့် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး
သိန်းစိန်အား နေပြည်တော် လေဆိပ် တွင် သွားရောက် ကြိုဆိုပြီး နောက်တစ်နေ့ တွင်
လေဖြတ်ရောဂါ ဖြစ်ပွားခြင်းဖြစ်သည်။

ဗိုလ်ချုပ်မှုးကြီး သန်းရွှေ အရေးပေါ်ဆေးဝါးကုသခံရခြင်းနှင့်ပတ်သက်၍သတင်းမျိုးစုံထွက်ပေါ်
နေသော်လည်း အတည် မပြုနိုင်သေးသည့် သတင်းတစ်ရပ် အရ
၎င်း ၏ မြေးဖြစ်သူ နေရွှေသွေးအောင်မှာ အောက်တိုဘာလ ၂၇ ရက်နေ့ မနက်က ရန်ကုန်
လေဆိပ် အနီးရှိ ရမဒါ ဟိုတယ် အနီးတွင် ဓားထိုးခံရသည် ဟု သိရသည်။

စိုးရိမ်ဖွယ်ရာ ရှိသော ဗိုလ်ချုပ်မှုးကြီး သန်းရွှေ၏ ကျန်းမာရေး နှင့် ပတ်သက်၍ ရန်ကုန်အ
ခြေစိုက် စာနယ်ဇင်းဆရာ တစ်ဦးက အမေရိကန်က လက်ထောက် နိုင်ငံခြားရေးဝန်ကြီး
ကတ် ကမ်ဘယ်လ် လာဖို့ ရှိတယ်လေမတွေ့ မကောင်းတွေ့မကောင်းလို့တမင်နေမကောင်း
ချင်ယောင်ဆောင်တာလားမသိဘူး “ဟု သုံးသပ်ပြောကြးသည်။

ဗိုလ်ချုပ်မှုးကြီး သန်းရွှေသည် ၂၀၀၆ ခုနှစ်က စင်္ကာပူ နိုင်ငံရှိဆေးရုံတစ်ခုတွင် သွားရောက်ဆေးကုသမှုခံယူခဲ့ရသည်။
longwalktofreedom.wordpress.com/မှကူးယူဖေါ်ပြသည်

Sunday, November 8, 2009

ထိတွေ့ဆက်ဆံရေးမူဝါဒ မြန်မာဗိုလ်ချုပ်ကြီးများ လက်ထဲ ရောက်သွားပြီလော

cncletterhead
Posted by Thawngsian Tung (CNC-Japan)
မဇ္ဈိမသတင်းဌာန
မြန်မာစစ်အစိုးရနှင့် ထိတွေ့ဆက်ဆံရေးမူဝါဒကို ထုတ်ဖော်ကြေညာခဲ့ပြီးနောက် အမေရိကန်သမ္မတ မစ္စတာ အိုဘားမား အစိုးရသည် ၁၄ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် သူ၏ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ တဖွဲ့ကို နေပြည်တော်သို့ စေလွှတ်လိုက်သည်။

ပထဝီဝင်နိုင်ငံရေးအရ ပြိုင်ဆိုင်မှုများရှိလာ၍လည်းကောင်း၊ အမေရိကန်မူဝါဒဟောင်းဖြစ်သော အထီးကျန် ပစ်ပယ်ထားခြင်းနှင့် ဒဏ်ခတ်အရေးယူခြင်းမှာ မြန်မာနိုင်ငံတွင်း ဒီမိုကရေစီအပြောင်းအလဲများ ဖြစ်ပေါ်လာအောင် မစွမ်းဆောင်နိုင်၍လည်းကောင်း၊ အမေရိကန်မူဝါဒ ရေးဆွဲသူများသည် အခြားရွေးစရာ လမ်းမရှိတော့ဘဲ ဆုပေးဒဏ်ပေးစနစ်ကိုသာ ကျင့်သုံးရန် ရွေးချယ်ခဲ့ကြရသည်။ သို့သော် မြန်မာဗိုလ်ချုပ်ကြီးများကို အနည်းဆုံး မကြာခင်ကာလ၌ ဒဏ်ပေးရန် အကြောင်းမရှိ၍ လောလောဆယ် အမြတ်ထွက်မည့်သူမှာ နေပြည်တော်ရှိ အစိမ်းရောင် ယူနီဖောင်းဝတ် ဗိုလ်ချုပ်ကြီးများသာ ဖြစ်သည်။

အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကတ်ကင်းဘဲလ်နှင့် ဒုလက်ထောက် နိုင်ငံခြားရေးဝန်ကြီး စကော့မာဆီယယ်သည် သူတို့၏ မြန်မာနိုင်ငံသို့ အချက်အလက် ရှာဖွေရေး ၂ ရက်ကြာ ခရီးစဉ်ကို မကြာခင်က အဆုံးသတ်ခဲ့သည်။ ဤခရီးစဉ်အတွင်း သူတို့သည် ဝန်ကြီးချုပ်သိန်းစိန်နှင့် ဝန်ကြီးဦးသောင်း အပါအဝင် စစ်အစိုးရအရာရှိများနှင့် တွေ့ဆုံခဲ့သည်။ ဦးသောင်းကို အမာလိုင်း သမားတဦးဟု လူအများက သိရှိကြပြီး၊ စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ လူယုံတော်လက်ရုံးတဦးလည်း ဖြစ်သည်။

အဆိုပါ ခရီးစဉ်အတွင်း သူတို့သည် အထိန်းသိမ်းခံ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ထိပ်တန်းခေါင်းဆောင်များ၊ အတိုက်အခံ တိုင်းရင်းသားအဖွဲ့အစည်း ခေါင်းဆောင်များ၊ စစ်အစိုးရ လိုလားသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း (USDA) ကိုယ်စားလှယ်များ စသည်တို့နှင့်လည်း တွေ့ဆုံခဲ့သည်။ USDA ကို အတိုက်အခံ တက်ကြွလှုပ်ရှားသူများကို အကြမ်းဖက် တိုက်ခိုက်နှိမ်နင်းတတ်သူများအဖြစ် ကြာမြင့်စွာကတည်းကပင် သိရှိထားကြသည်။

သို့သော် မကြာခင်ကာလအတွင်း ထူးခြားသော အပြောင်းအလဲများ ဖြစ်ပေါ်လာရေးမှာမူ အတော်ပင် အခွင့်အလမ်း နည်းပါးနေဆဲ ရှိသေးသည်။ နှစ်ဖက်လုံးတွင် ကွဲလွဲချက်များက ကြီးမားစွာ တည်ရှိနေဆဲ ဖြစ်သည်။ ဗိုလ်ချုပ်ကြီးများဘက်က သူတို့နှင့် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော ပိတ်ဆို့ဒဏ်ခတ်မှုများကို အမေရိကန်နှင့် သူ့မဟာမိတ်များက ရုပ်သိမ်းပေးစေလိုသည်။ အငြင်းပွားဖွယ် ဖွဲ့စည်းပုံ အခြေခံဥပဒေအပေါ် စောဒက မတက်ဘဲ လာမည့် ၂ဝ၁ဝ ရွေးကောက်ပွဲကို လက်ခံအသိအမှတ်ပြုစေလိုသည်။

အဆိုပါ ဖွဲ့စည်းပုံကို စောဒကတက်စရာ တပုံကြီးနှင့် ၂ဝဝ၈ ခုနှစ် မေလက ကျင်းပခဲ့သော ပြည်သူ့ဆန္ဒခံယူပွဲဖြင့် အတည်ပြုထားခြင်း ဖြစ်သည်။ သို့သော် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် တိုင်းရင်းသား နိုင်ငံရေးပါတီများ အပါအဝင်ဖြစ်သော သူတို့၏ မဟာမိတ်အဖွဲ့အစည်းများကမူ ဤဖွဲ့စည်းပုံသည် စစ်တပ်ကြီးစိုးမှုကို တရားဝင် အတည်ဖြစ်အောင် ရည်ရွယ်ရေးဆွဲထားသည့် ဖွဲ့စည်းပုံတရပ်သာဖြစ်ပြီး၊ ထိုဖွဲ့စည်းပုံအောက်တွင် ကျင်းပမည့် ရွေးကောက်ပွဲဆိုသည်မှာလည်း အတုအယောင်သာ ဖြစ်လိမ့်မည်ဟု ထင်မြင်ယူဆကြသည်။

နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (SPDC) ဟု ခေါ်သော စစ်ကောင်စီကမူ တိုင်းပြည်အပေါ် ကျရောက်လာမည့် အကျိုးသက်ရောက်မှု အားလုံးကို လျစ်လျူရှုကာ နိုင်ငံတကာ သံတမန်ရေးကစားပွဲတွင် ဝင်ရောက်ကစားရန် ရည်ရွယ်ထားပုံရသည်။ သူတို့က တရုတ်ဖဲချပ်ကိုပြပြီး အမေရိကန်ကို ဆွယ်ခြင်း ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ အိမ်နီးချင်းနိုင်ငံများမှ သူတို့လိုချင်သော ထောက်ခံမှု ရနိုင်သည်ဆိုသည်ကိုမူ စစ်အစိုးရ ကောင်းစွာ သိသည်။ အထူးသဖြင့် ကုလသမဂ္ဂလုံခြုံရေး ကောင်စီတွင် ဗီတိုအာဏာပိုင်ဆိုင်ထားသော တရုတ်နိုင်ငံထံမှ ထိုသို့သော ထောက်ခံမှုမျိုး ရရှိနိုင်သည်။

အကယ်၍ မည်သူ့ကို ဆရာတင်ရမည်ကို အတင်းအကျပ် ရွေးချယ်ခိုင်းသည့် အခြေအနေမျိုးနှင့် ကြုံလာလျှင်မူ မြန်မာဗိုလ်ချုပ်ကြီးများသည် အမေရိကန်နှင့် အမေရိကန်၏ ဒီမိုကရေစီ မဟာမိတ်များကို ပစ်ပယ်ကာ ရွေးချယ်ထားသော အထီးကျန် မူဝါဒဆီသို့ ပြန်လှည့်မည့် အခြေအနေမျိုး ရှိနေသည်။

မိမိဘာသာ ခန့်အပ်ထားသော ဒိုင်လူကြီးဖြစ်သည့် အမေရိကန်နိုင်ငံကလည်း သူတို့၏ မူဝါဒ ပြန်လည်သုံးသပ်ခြင်း လုပ်ငန်းမှ ရေတိုအတွင်း ရလဒ်များများစားစား ထွက်ပေါ်လာလိမ့်မည်ဟု မျှော်လင့်မထားပါ။ တဆင့်ပြီးတဆင့် သွားရမည့် လုပ်ငန်းစဉ်တရပ်သာ ဖြစ်သည်ဟု အကြောက်အကန် ပြောနေဆဲ ဖြစ်သည်။ သို့သော် မည်သို့ပင်ဆိုစေ ဤချဉ်းကပ်မှုသစ်၏ မြင့်မြတ်သော ရည်ရွယ်ချက်ကိုတော့ ရှုပ်ထွေးမသွားစေသင့်ပါ။ ဤမူဝါဒသစ်အရ မြန်မာနိုင်ငံကို ဒီမိုကရေစီနိုင်ငံအဖြစ်သို့ ပြောင်းလဲရာတွင် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်၊ တိုင်းရင်းသား လူမျိုးစုများနှင့် စစ်အစိုးရတို့အကြား တွေ့ဆုံဆွေးနွေးမှု လမ်းကြောင်းမှတဆင့် ပြောင်းလဲရေးလမ်းကို အကူအညီပေးသွားရေး ဖြစ်သည်။

ထို့ပြင် အမေရိကန်က မြန်မာနိုင်ငံနှင့် ထိတွေ့ဆက်ဆံမှု မူဝါဒသစ်ကို တိုးတက်ကျင့်သုံးမည့် အရိပ်အယောင် လက္ခဏာများကို မြင်တွေ့နေရပြီဖြစ်သည်။ ဥရောပသမဂ္ဂကလည်း ဤကမ္ဘာ့အင်အားလွန် နိုင်ငံကြီး၏ လမ်းကြောင်းအတိုင်း လိုက်တော့မည်မှာ သေချာသလောက်ပင် ရှိနေသည်။

ဤနေရာတွင် ပေါ်ထွက်လာသည့် မေးခွန်းမှာ အမေရိကန်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေကဲ့သို့ နိုင်ငံခြားသား မုန်းတီးရေး ရောဂါစွဲကပ်နေသော၊ အတ္တကြီးသော၊ သက်ဦးဆံပိုင် အာဏာရှင်ဖြစ်သော လူတဦး၏ စဉ်းစားပုံစဉ်းစားနည်းကို ပြောင်းလဲလာအောင် လုပ်နိုင်ပါ့မလားဟူသည့် မေးခွန်းပင်ဖြစ်သည်။ အစွပ်အစွဲတွေ တလှေကြီး ရှိခဲ့သော ၂ဝဝ၈ ခုနှစ် မေလ ဖွဲ့စည်းပုံဥပဒေ ဆန္ဒခံယူပွဲတုန်းကကဲ့သို့ပင် နောက်တကြိမ် ရွေးကောက်ပွဲများ လုပ်မလာအောင် စစ်အစိုးရကို သူတို့ ဟန့်တားနိုင်ပါ့မလား။ စိုးရိမ်ဖွယ်ကောင်းလှသည့် မြောက်ကိုရီးယားနိုင်ငံနှင့် စစ်ရေးအဆက်အဆံများ ရပ်တန့်သွားအောင် လုပ်နိုင်ပါ့မလား။ မေးခွန်းများက တပုံတပင်ရှိသည်။

ထို့ပြင် အကယ်၍များ စစ်အစိုးရက ဖွဲ့စည်းပုံ အခြေခံဥပဒေရေးရာ ပြဿနာများကို ဆွေးနွေးညှိနှိုင်းရန် ငြင်းဆန်ခဲ့လျှင်၊ အထူးသဖြင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ၁၉၉ဝ ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရခဲ့ခြင်းကို ငြင်းဆန်ခဲ့လျှင် အတိုက်အခံများဘက်ကရော ဘာလုပ်မည်လဲဆိုသည့် မေးခွန်းမျိုးများ ဖြစ်သည်။

မစ္စတာ အိုဘားမားအစိုးရက မြန်မာနိုင်ငံနှင့်၊ အနိမ့်ဆုံးအားဖြင့် မြန်မာ့ဒီမိုကရေစီ အတိုက်အခံများအပေါ် အကောင်းဆုံး ရည်ရွယ်ချက်များ ထားရှိသည့်တိုင် နေပြည်တော်ရှိ စစ်အစိုးရဘက်က အသာစီးရနေဦးမည့် အနေအထားမျိုးပင် ရှိနေသည်။

သမ္ထတ အိုဘားမာူးမန်မာခေၝင်းဆောင်နဲႛ တြေႛဖိုႛ အစီအစဉ်ရြိ

cncletterhead
Posted by Thawngsian Tung (CNC-Japan)
အမေရိကန်သမ္ထတ Barack Obama ဟာ လာမယ့ိုံဝင်ဘာလ ၁၅ ရက်နေႛ စကဿာပိုံင်ငံမြာူပလြုပ်မယ့် APEC ခေၞ အာရြ-ပစိဖိတ် စီးပြားရေး ပူးပေၝင်းဆောင်ရက်ြမဆြိုင်ရိာံစ်ြပတ်လည်ထိပ်သီး အစည်းအဝေးကို တက်ရောက်တဲ့အခၝမြာူမန်မာအပၝအဝင် အာစီယိုံိံင်ငံတေကြ ခေၝင်းဆောင်တေနြဲႛ ေတၾႛဆံုဖုိႛရႀိတယ္လုိႛ သိရပၝတယ္။

မစၤတာအုိဘားမားကို ဇန္နဝၝရီလ ၁၈ နေႚညတငြ် ကဵင်းပသော ကဵမ်းသင်္စာကဵိန်ဆိုပြဲအဋ္ဌကိတြငြ် မိန်ႚခနြ်းေူပာုကားနေပုံဖစ်ပၝသည်။ (Photo: AFP)

APEC ထိပ်သီးဆြေးြေိံးပြဲအတငြ်း အာစီယံ ၁ဝိုံင်ငံက ခေၝင်းဆောင်တေနြဲႛ သီူးခား တြေႛဆုံမြာူဖစ်တယ်လိုႛ အာစီယံရေးရာ အမေရိကန် သံအမတ်ဋ္ဌကီး Scot Marciel က နိုဝင်ဘာလ ၇ ရက်နေ့က ေဴပာလိုက္တာပၝ။ Mr. Scot Marciel ဟာ သမၳတ Obama နဲႛ အာစီယံ ထိပ်သီးခေၝင်းဆောင်တြေ တြေႛဆုံမယ့်ကိင်္စကို ဋ္ဌကိတြင်စီစဉ်ဖိုႛအတကြ် အာစီယံ ၁ဝိုံင်ငံက သံတမန်တေနြဲႛ ဖိလစ်ပိုင်မြာ ဆြေးြေိံး ညၟိံငြ်းနေတာူဖစ်ပၝတယ်။

ဒီ APEC အစည်းအဝေးကိုမန်မာစစ်အစိုးရကိုယ်စား ဝန်ဋ္ဌကီးခဵပြ် ဗိုလ်ခဵပ်ြဋ္ဌကီးသိန်းစိန် တက်ရောက်မယ်လိုႛ ဖိလစ်ပိုငိုံင်ငံကူမန်မာသံအမတ် ဦးမင်းလင်ြက အေပီသတင်းဌာနကိုေူပာပၝ တယ်။ ဒၝပေမယ့် သမ္ထတ Obama ဟာ ဗိုလ်ခဵပ်ြဋ္ဌကီးသိန်းစိန်နဲႛ သီူးခား တြေႛဆုံဖိုႛ ရြိမရြိဆိုတာကို တော့ ထုတ်ဖော်ေူပာဆိုတာ မရႀိပၝဘူး။ ဴမန္မာႎုိင္ငံနဲႛ ပတ္သက္တဲ့ အေမရိကန္မူဝၝဒ အေူပာင်းအလဲ ကို အူပသြဘောဆောင်တဲ့အတကြ် ဋ္ဌကိဆြိုေုကာင်း ဦးမင်းလင်ြကေူပာပၝတယ်။

၁၉၆၆ ခိုံစ်ြကူမန်မာဝန်ဋ္ဌကီးခဵပြ် ဗိုလ်ခဵပ်ြဋ္ဌကီးနေဝင်း အမေရိကန်ူပည်ထောင်စုကို သြားရောက်ခဲ့စဉ်တုန်းက အမေရိကန်သမ္ထတ Johnson နဲႛ တြေႛဆုံခဲ့္ဘပီးနောက် အခုတဋ္ဌကိမ်ဟိာံစ်ြပေၝင်းမဵားစြာအတငြ်း နောက်ထပ်တဋ္ဌကိမ် အမေရိကန်နဲႛူမန်မာ ၂ိုံင်ငံ အစိုးရအဆင့်ူမင့် ခေၝင်းဆောငိံစြ်ဦး တြေႛဆုံမြာူဖစ်ပၝတယ်။

ဖိလစ်ပိုငိုံင်ငူံခားရေးဝန်ဋ္ဌကီး Alberto Romulo ကေူပာဆိုရာမြာ ဴမန္မာႎုိင္ငံနဲႛ ပတ္သက္တဲ့ အေမရိကန္မူဝၝဒ အေဴပာင္းအလဲကုိ အာစီယံအဖၾဲႛအေနနဲႛ ႒ကိႂဆိုေဳကာင္းနဲႛ ကဵန္တဲ့ မိမိတုိႛ အာစီယံႎုိင္ငံေတၾအေနနဲႛလည္း ဴမန္မာစစ္အစိုးရနဲႛ ဆက်ဆံရေး လုပ်နေတဲ့ တခဵိန်တည်းမြာပဲူမန်မိာိုံင်ငံ ဒီမိုကရေစီူပြူပင်ေူပာင်းလဲဖိုႛအတကြ်ူမန်မာစစ်အစိုးရကို တောက်လ္တွောက် တိုက်တနြ်း နေပၝတယ်လိုႛေူပာဆိုခဲ့ပၝတယ်။

Wednesday, November 4, 2009

အမေရိကန် ကိုယ်စားလှယ်အဖွဲ့ကို တိုင်းရင်းသား ခေါင်းဆောင်များ ဘာတွေ တင်ပြခဲ့ကြလဲ

cncletterhead
Posted by Thawngsian Tung (CNC-Japan)
Source : Mizzima News
ဖနိဒါ
(ဦးပူကျင့်ရှင်းထန်နှင့် ဦးအေးသာအောင်တို့နှင့် ဆက်သွယ် မေးမြန်းချက်)
မဇ္ဈိမ (ချင်းမိုင်)။ ။ အရှေ့အာရှနဲ့ ပစိဖိတ်ဒေသရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းဘဲလ် Mr. Kurt Campbell နှင့် သူ၏လက်ထောက် စကော့ မာဆီယယ် (Scot Marciel) တို့သည် ဒေါ်အောင်ဆန်း စုကြည်၊ အန်အယ်ဒီ ဗဟို အလုပ် အမှုဆောင် အဖွဲ့ဝင်များ၊ တိုင်းရင်းသား ခေါင်းဆောင်များ၊ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် အပါအဝင် စစ်အစိုးရ အရာရှိများနှင့်လည်း ၂ ရက်ကြာ ခရီးစဉ်အတွင်း တွေ့ဆုံခဲ့ပြီး ယနေ့ညတွင် ရန်ကုန်မှ ပြန်လည် ထွက်ခွာသွားသည်။

အမေရိကန် သံတမန်ကြီးများနှင့် တွေ့ဆုံခဲ့သူများ အနက်မှ ဇိုမီးနှင့် ရခိုင် တိုင်းရင်းသား ခေါင်းဆောင် ၂ ဦးကို မဇ္ဈိမက ဆက်သွယ် မေးမြန်းထားသည်။

--------------------------------------------------------------

ဦးပူကျင့်ရှင်းထန် (ဇိုမီး အမျိုးသား ကွန်ကရက်)

ဒီနေ့ အမေရိကန် ကိုယ်စားလှယ်တွေနဲ့ အန်ကယ်တို့ ဘယ်လောက်ကြာအောင် တွေ့ဆုံဖြစ်ခဲ့ကြလဲရှင်။

ကျနော်တို့ ၁ မှာ တွေ့ဖို့။ နည်းနည်း နောက်ကျသွားတယ်။ ၂ နာရီခွဲလောက်မှ တွေ့ဖြစ်တယ်။ တနာရီခွဲလောက်ကြာ တွေ့တယ်။

တိုင်းရင်းသား ခေါင်းဆောင်တွေ အားလုံး ဘယ်နှစ်ယောက် တက်ရောက်ခဲ့ကြပါသလဲရှင်။

တိုင်းရင်းသားခေါင်းဆောင်တွေ ၈ ယောက်တွေ့တယ်။ အမေရိကန် ကိုယ်စားလှယ်ဘက်က ၄ ယောက်။ သံရုံးက ၂ ယောက် တွေ့ပါတယ်။

ကျနော်ပါတယ်။ ဦးအေးသာအောင် (ရခိုင်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်)၊ နိုင်ထွန်းသိန်း (မွန်အမျိုး သားဒီမိုကရေစီပါတီ)၊ စိုင်းစောအောင် (အက်စ်အန်အယ်ဒီ)၊ ဦးရွှေအုန်း (ဝါရင့်ရှမ်းနိုင်ငံရေးသမား)၊ ဦးမျိုးသန့် (ရိုဟင်ဂျာအဖွဲ့) ကလို့ သိတယ်။ ကချင် ဦးစဘွဲဂျွမ်နဲ့ ကယန်းအဖွဲ့က ဒေါက်တာ စိုင်းမွန်သာ ရဲ့ဇနီး ဒေါ်ရေဘက္ကာတို့ ပါတယ်။ ဒေါ်ရေဘက္ကာက ဘယ်အဖွဲ့ကမှ မဟုတ်ဘူးလို့တော့ သိတယ်။

အမေရိကန် ကိုယ်စားလှယ်တွေကို ဘယ်လို အကြောင်းအရာတွေ တင်ပြခဲ့ပါသလဲရှင်။

ကျနော်တို့က အခြေခံဥပေဒကို သဘောမကျတဲ့ အကြောင်း။ တိုင်းရင်းသားတွေကို ကိုယ်စားပြုပြီး ပြောနေတဲ့လူတွေ ဖြစ်တဲ့အကြောင်း။ ဒီ ဥပဒေစာအုပ်မှာ တိုင်းရင်းသားတွေအတွက် ကာကွယ်တဲ့ ပုဒ်မတွေ တခုမှ မပါဘူး။ မယုံရင် ကြည့်ပါ ဆိုပြီးတော့ စာအုပ်နဲ့အတူ ပြခဲ့တယ်။ သူတို့က ကျနော် တို့မှာလဲ ရှိပါတယ်လို့ ပြောတယ်။

ဒီနေ့ထိ နိုင်ငံရေး အကျဉ်းသားတွေကို မလွတ်ပေးသေးဘူး။ နိုင်ငံရေး လှုပ်ရှားသူတွေ ဖမ်းခံနေရတယ်။ ဒေါ်စု အပါအဝင် ခွန်းထွန်းဦး၊ ၈၈ ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်တို့ကို လွတ်ပေးဖို့ တင်ပြတာပါ။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေစာအုပ်ထဲက ဘယ်ပုဒ်မ ဘယ်လို အချက်တွေကို ထောက်ပြခဲ့ပါသလဲရှင်။

ပုဒ်မ ၄၄၁ က လွတ်တော်ကိုယ်စားလှယ် ပထမဆုံး အစည်းအဝေး လုပ်တဲ့အခါမှာ ဒီဥပဒေ အတည် ဖြစ်တယ် ဆိုတာကို လိုချင်လို့ ရွေးကောက်ပွဲ လုပ်တယ်ဆိုတာ ပထမဆုံးပြတယ်။ ဒုတိယမှာတော့ အခြေခံမူဆိုတာ ပုဒ်မ ၆ (s) မှာ မြန်မာပြည်နိုင်ငံရေးမှာ စစ်တပ်က ဦးဆောင်ရမယ်ဆိုတာ ပါတယ်။ ပုဒ်မ ၄၄၅ မှာလည်းဘဲ စစ်အစိုးရလုပ်တဲ့ အရာအားလုံးကို နောက်လာမဲ့ အစိုးရက တရားစွဲလို့ မရအောင် တားမြစ်ထားတာတွေလည်း ရှိတယ်။ နောက်ပြီးတော့ ၅၉ (D)မှာက နိုင်ငံတော်သမတသည် (စစ်ထွက်) လူဖြစ်ရမယ်ဆိုတော့ စစ်ထွက်မဟုတ်ရင် သမတလုပ်လို့ မရဘူးဆိုတာ ပြောထားတယ်။ အဆိုးဆုံးက ၄၁၃ (D) မှာ အဲဒီ သမတကို လိုအပ်ရင် စစ်တပ်က အာဏာ သိမ်းပိုင်ခွင့် ပေးတယ်။ ဒါတွေ တင်ပြတယ်။

တခြား အပစ်ရပ်အဖွဲ့၊ ငြိမ်းချမ်းရေး အဖွဲ့တွေအကြောင်း အစုံတရာ တင်ပြတာတို့ ရှိပါသလားရှင်။

စစ်အစိုးရက အပစ်အခတ်ရပ် အဖွဲ့တွေ ညီလာခံမှာ တင်ပြတဲ့အချက်တွေကို လုံးဝ ဂရုမစိုက်ဘူးဆိုတဲ့ အကြောင်း ပြောတယ်။ နောက်ပြီးတော့ ကိုးကန့်မှာ ဖြစ်နေတဲ့ စစ်ပွဲဖြစ်နေတာဟာ လူမျိုးစုတွေကို လက်နက်ချပါ။ မချဘူးဆိုရင် နယ်ခြားစောင့်တပ်လုပ်ခိုင်းတယ် ဆိုတာတွေ တင်ပြတယ်။

အမေရိကန်အစိုးရ ကိုယ်စားလှယ်နဲ့ တွေ့ဆုံမှုအပေါ်မှာ အားရကျေနပ်မှု ရှိပါသလားရှင်။

ဒီလိုတွေ့ဆုံမှုအပေါ် အမေရိကန်ဘက်က ဘာမှပြန်ပြောတာ မရှိပေမဲ့ ဒါက အစကလေးပါ။ နောက်ပြန် လာမယ်လို့ပြောတယ်။ စကားအထူးအဆန်း မပြောပေမဲ့ အရင်တခါမှ မဖြစ်ဖူးတာ အခုလို ဖြစ်နေ တယ်ဆိုတော့ ကောင်းမယ်လို့ ထင်တာပါဘဲ။ မျော်လင့်ချက်တော့ ရှိပါတယ်။


ဦးအေးသာအောင် (ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)

အမေရိကန် ကိုယ်စားလှယ်တွေနဲ့ ဒီနေ့ တွေ့ဆုံမှုမှာ ဘယ်သူတွေက ဘာတွေ တင်ပြခဲ့ပါသလဲရှင်။

ကျနော်အရင်ပြောတယ်။ အဓိကတော့ အခုလာတဲ့ခရီးစဉ်ကို ကြိုဆိုတဲ့အကြောင်း ဒါပေမဲ့ နအဖနဲ့ အမေရိကန်ကိုယ်စားလှယ်တွေ၊ ကျနော်တို့ တိုင်းရင်းသားခေါင်းဆောင်တွေ၊ အန်အယ်ဒီတွေ တွေ့ဆုံ တာနဲ့ မပြီးသေးဘူး။ နိုင်ငံရေးဖြစ်ပေါ်တိုးတက်ဖို့ဆိုတာက နအဖနဲ့ အန်အယ်ဒီ အပါအဝင် တိုင်းရင်း သားတွေ ဆွေးနွေးညှိနိုင်းဆောင်ရွက်နိုင်မှ တိုးတက်မယ်ဆိုတဲ့အကြောင်း။

တခြားတိုင်းရင်းသားခေါင်းဆောင်တွေကရော ဘာတွေ တင်ပြခဲ့ပါသလဲရှင်။

ကချင်က ဦးစဘွဲဂျွမ်ကနေ ကချင်ပြည်နယ်ကအကြောင်း တင်ပြတာက ကေအိုင်အိုက နအဖနဲ့ ၉ ကြိမ် လောက် ဆွေးနွေးခဲ့တဲ့ အကြောင်းတွေ။ နောက်ဆုံး ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို ပင်လုံစာချုပ်နဲ့ ပတ် သက်ပြီး တင်ပြထားတဲ့အကြောင်းတွေ အခြေခံပြီးတော့ ပြောတယ်။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ တချို့ခေါင်းဆောင်တွေကတော့ ငြိမ်းချမ်းရေးယူခဲ့စဉ်က နအဖနဲ့ သဘောတူခဲ့တဲ့ အချက်အလက် တွေ၊ အခုဖြစ်နေတဲ့ Border Guard ပြောင်းဖို့ လုပ်နေတဲ့အကြောင်းတွေ ပြောတယ်။

မွန်အမျိုးသားဒီမိုကေရစီအဖွဲ့က နိုင်စောအောင်နဲ့ ဦးရွှေအုန်းတို့ကတော့ စာတစောင် ထုတ်ပေးလိုက်တယ်။

အန်ကယ်အနေနဲ့ ဒီလို အမေရိကန်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံမှုအပေါ် အားရကျေနပ်မှုရှိလား။

ကျနော်အနေနဲ့ အားရမှုရှိတယ်လို့ မပြောနိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ တွေ့ဆုံမှုသည် အမေရိ ကန်က ဘယ်လောက်ဘဲ ကြိုးစားပေမဲ့၊ အန်အယ်ဒီတို့၊ တိုင်းရင်းသားတို့ ဘယ်လောက်ဘဲ လိုက် လျော လိုက်လျော၊ နအဖက ပြောင်းလဲလိုတဲ့ ဆန္ဒမရှိရင် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေးအဆင့် ကျော်မှာမဟုတ်ဘူး။ နအဖ အနေနဲ့ အမေရိကန်နဲ့ ဆက်ဆံရေးကောင်းဖို့နဲ့ ပိတ်ဆို့မှုကို ရုပ်သိမ်းဖို့ လောက်ဘဲ ရည်ရွယ်တာဘဲ။

ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ခဲ့တာနဲ့ ပတ်သက်ပြီးတော့ အမေရိကန်တွေက တစုံတရာ ပြောပြတာများ ရှိလားရှင်။

အမေရိကန် ကိုယ်စားလှယ်က ပြောတယ်။ ကျနော်တို့ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ဒီလိုတွေ့တဲ့ အပေါ်မှာ ဝမ်းသာအားရတဲ့အကြောင်း ဒေါ်စုက သတင်းပါးလိုက်တယ်တဲ့။


Thursday, October 29, 2009

cncletterhead
Posted by Thawngsian Tung (CNC-Japan)

Sunday, October 25, 2009

မြန်မာ့နိုင်ငံရေးထဲ ဒေါ်စု ပါဝင်နိုင်၊ ၀န်ကြီးချုပ်သိန်းစိန် ပြောဆို

cncletterhead
Posted by Thawngsian Tung (CNC-Japan)
Source : VOA
မြန်မာနိုင်ငံအတွင်း အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ဆောင်ရွက်နိုင်မယ်လို့ မျှော်လင့်ထားတဲ့အကြောင်း မြန်မာစစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်က အာဆီယံ ခေါင်းဆောင်တွေကို ပြောဆိုသွားပါတယ်။ ဒီနေ့ ပြီးဆုံးသွားတဲ့ အာဆီယံ ထိပ်သီးဆွေးနွေးပွဲကနေ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ဘာတွေများ ရလဒ် ထွက်ခဲ့သလဲ၊ မြန်မာအစိုးရကရော နိုင်ငံရေး ပြောင်းလဲမှုအတွက် အာဆီယံကို ဘယ်လို ကတိက၀တ်တွေများ ပေးခဲ့သလဲ၊ အာဆီယံ ထိပ်သီးဆွေးနွေးပွဲရှိတဲ့ ထိုင်းနိုင်ငံ ချအမ်းမြို့မှာ ရောက်နေတဲ့ ဗွီအိုအေ၀ိုင်းတော်သား ကိုသိန်းထိုက်ဦးကို ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။

ကိုသိန်းထိုက်ဦးခင်ဗျား၊ အာဆီယံ အစည်းအဝေးက ဒီနေ့ နောက်ဆုံး ပြီးသွားပြီဆိုတော့ အာဆီယံ အစည်းအဝေးကြီးကနေ ဒေသနဲ့ပတ်သက်လို့ ဘယ်လိုအကြောင်းအချက်တွေကို ဆုံးဖြတ်ချက် ချနိုင်ခဲ့ပါသလဲ၊ အထူးသဖြင့် မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ရော ဘာတွေများ ဆွေးနွေးဖြစ်ခဲ့ကြပါသလဲ။

“ဟုတ်ကဲ့၊ ဒီနေ့ ၁၅ ကြိမ်မြောက် အာဆီယံ ထိပ်သီးစည်းဝေးပွဲကတော့ ပြီးသွားပါပြီ။ ထုံးစံအတိုင်း အာဆီယံ အဖွဲ့ဝင် ၁၀ နိုင်ငံနဲ့ ဆွေးနွေးဘက်နိုင်ငံ ၆ နိုင်ငံကြားမှာ လွတ်လပ်တဲ့ ကုန်သွယ်ရေုးဆိုင်ရာ သဘောတူညီချက်တွေ ချမှတ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်တဲ့ ခြေလှမ်းတွေ၊ ရာသီဥတု ပြောင်းလဲလာမှုနဲ့ ကမ္ဘာတ၀န်း ကြုံနေရတဲ့ စီးပွားရေး အကျပ်အတည်းတွေကို ဘယ်လိုရင်ဆိုင် ဖြေရှင်းမလဲဆိုတဲ့ ကိစ္စတွေကို သဘောတူလက်မှတ်တွေ ဒီနေ့ တော်တော်လေး ရေးထိုးဖြစ်ကြတာ တွေ့ရပါတယ်။


“မြန်မာနိုင်ငံနဲ့ ပတ်သက်လို့တော့ ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာ စစ်အစိုးရက ချမှတ်ထားတဲ့ ပြစ်ဒဏ်ကို စစ်အစိုးရဘက်က လျှော့ကောင်းလျှော့မယ်ဆိုပြီး ဂျပန်နိုင်ငံဘက်က ပြောခဲ့တဲ့ သတင်းတွေ ထွက်လာခဲ့တော့ ဒီကိစ္စက တော်တော်လေး စိတ်ဝင်စားခဲ့ပါတယ်။ ထိုင်းဝန်ကြီးချုပ် အဘီဆစ် ၀ိတ်ချာချီဝ (Abhisit Vejjajiva) ကတော့ ဗိုလ်ချုပ်ကြီးသိန်းစိန်ဘက်က ပြောကြားချက်နဲ့ ပတ်သက်ပြီး အခုလိုပြောပါတယ်။

“မြန်မာစစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိတွေ့ဆွေးနွေးမှုတွေ ရှိနေတယ်ဆိုတာကို အတည်ပြု ပြောဆိုခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးမှာ အခန်းကဏ္ဍတခုက ပါဝင်နိုင်မယ်လို့ သူ့အနေနဲ့ အကောင်းမြင် မျှော်လင့်တဲ့အကြောင်း ပြောဆိုသွားတယ်ဆိုပြီး ထိုင်းဝန်ကြီးချုပ် အဘီဆစ် ၀ိတ်ချာချီဝက ပြောသွားပါတယ်။”

တဆက်တည်းပဲ အာဆီယံ ကြေညာချက်ထဲမှာ ကျနော် သတိထားမိသလောက် ၂၀၁၀ ရွေးကောက်ပွဲကို တရားမျှတဖို့ဆိုပြီး တွန်းအားပေးထားတာ တွေ့ရပါတယ်။ အာဆီယံ ခေါင်းဆောင်တွေကလည်း ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး တွန်းတွန်းတိုက်တိုက် ပြောနေတဲ့အခါကြတော့ မြန်မာအစိုးရဘက်က ဗိုလ်ချုပ်ကြီးသိန်းစိန်ကရော ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဘယ်လိုမျိုး ကတိတွေများ ပေးတာရှိသေးလဲ ခင်ဗျ။

“ဒီကိစ္စနဲ့ပတ်သက်ပြီး ထိုင်းဝန်ကြီးချုပ် အဘီဆစ် ၀ိတ်ချာချီဝကို မေးကြည့်တော့ ဗိုလ်ချုပ်ကြီးသိန်းစိန်က အာဆီယံနဲ့ ဆွေးနွေးဘက် နိုင်ငံတွေရဲ့ ဆွေးနွေးပွဲတွေမှာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ဖြစ်ပေါ်တိုးတက် ပြောင်းလဲမှုတွေနဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ရှင်းပြခဲ့တယ်လို့ ပြောပါတယ်။ ဒေါ်အောင်ဆန်းကြည်ကို အမျိုးသား ပြန်လည်သင့်မြတ်ရေးမှာ အခန်းကဏ္ဍတခုက ပါဝင်နိုင်မယ်လို့ မျှော်လင့်တဲ့အကြောင်း ပြောပေမဲ့ တကယ်တမ်းကြတော့ ရွေးကောက်ပွဲမှာ ပါဝင်ခွင့် ပေးမယ်၊ မပေးဘူးဆိုတာကို တိတိကျကျ ပြောမသွားပါဘူး။ ထိုင်းဝန်ကြီးချုပ် အဘီဆစ် ၀ိတ်ချာချီဝကတော့ ဗိုလ်ချုပ်ကြီးသိန်းစိန်ဘက်က ပြောကြားတာနဲ့ ပတ်သက်ပြီး အခုလိုပြောသွားပါတယ်။

“မြန်မာစစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်က ရွေးကောက်ပွဲ ဥပဒေကို စတင် ပြင်ဆင်နေပြီဆိုတဲ့အကြောင်း ရှင်းပြခဲ့ပြီး ဒီရွေးကောက်ပွဲဟာ အများလက်ခံနိုင်တဲ့ မျှတပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲတခု ဖြစ်ဖို့အတွက် နိုင်ငံတကာက လိုလားတယ်ဆိုတာ သူတို့အနေနဲ့ သိရှိတဲ့အကြောင်း၊ အသိအမှတ် ပြုတဲ့အကြောင်း ၀န်ခံပြောဆိုခဲ့တယ်လို့ ထိုင်းဝန်ကြီးချုပ်က ပြောသွားပါတယ်။

“ဒါပေမဲ့ ဒီရွေးကောက်ပွဲမှာ သက်ဆိုင်ရာ အဖွဲ့အစည်းပေါင်းစုံ ပါဝင်ခွင့်ပေးတာကို နိုင်ငံတကာက လိုလားနေတယ်ဆိုတာ သူ့အနေနဲ့ သိရှိကြောင်း ပြောသွားပါတယ်။ ဒါပေမဲ့ ဘယ်အဖွဲ့အစည်းတွေ ဘယ်လောက်အထိ ပါဝင်ခွင့်ပေးမယ်၊ ယုတ်စွအဆုံး မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုတွေကို မြင်ချင်တဲ့အတွက် ထိုင်းဝန်ကြီးချုပ်က သူကိုယ်တိုင် မြန်မာနိုင်ငံကို သွားပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ချင်ပါတယ်လို့ ပြောတာကိုတောင်မှ မြန်မာစစ်အစိုးရဘက်က တိတိကျကျ ပြန်လည်ဖြေကြားတယ် ဆိုတာမျိုး ထိုင်းဝန်ကြီးချုပ်အနေနဲ့ ပြောသွားတာ မတွေ့ရပါဘူး။

“ဗိုလ်ချုပ်ကြီးသိန်းစိန်ကလည်း တိတိကျကျ ကတိပေးသွားတာမျိုး ဘာမှမရှိပါဘူး။ သူတို့အနေနဲ့ နိုင်ငံတကာရဲ့ သဘောဆန္ဒ၊ အာဆီယံနိုင်ငံတွေရဲ့ သဘောဆန္ဒကို သိတယ်ဆိုတာလောက်ပဲ ပြောသွားတာ ကြားရပါတယ်။”

အာဆီယံကလည်း မြန်မာနိုင်ငံအပေါ် အပြုသဘော ဆက်ဆံရေးမူကို တောက်လျှောက် ကျင့်သုံးခဲ့တယ်၊ အခုဆိုရင် အနောက်နိုင်ငံတချို့ ဆိုရင်လည်း သူတို့ရဲ့ မူဝါဒ ပေါ်လစီက ဒီလိုပေါ်လစီတွေ ဖြစ်လာတဲ့အခါကြတော့ အခု ဒီ အာဆီယံ အစည်းအဝေးမှာ မြန်မာအစိုးရကို အာဆီယံအနေနဲ့ ဘယ်လောက်အထိ မြန်မာနိုင်ငံမှာ ပြောင်းလဲရေးအတွက် တွန်းအားတွေ ပေးနိုင်လဲ၊ ဖျောင်းဖျနိုင်တယ်လို့ ယူဆလို့ရလဲခင်ဗျ။

“ထိုင်းဝန်ကြီးချုပ် အဘီဆစ် ၀ိတ်ချာချီဝ ပြောသွားတာကတော့ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ဒေသတွင်း နိုင်ငံတွေတင် မဟုတ်ဘဲနဲ့ ဒေသပေါင်းစုံက နိုင်ငံတွေနဲ့ ထိတွေ့ဆက်ဆံရေးကို သူတို့ ဆက်ပြီး တွန်းအားပေးသွားမယ်၊ မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ပေါ်အောင် လုပ်သွားမယ်လို့ ပြောသွားပါတယ်။ ဒါပေမဲ့လည်း အာဆီယံနိုင်ငံတွေက နိုင်ငံတကာက အာရုံစိုက်တဲ့ အစည်းအဝေး ကာလမျိုးတွေမှာတော့ မြန်မာနိုင်ငံက လူ့အခွင့်အရေး အကြောင်းကို ကျယ်ကျယ်လောင်လောင် ပြောတတ်ပြီးတော့ နောက်ပိုင်းမှာ အဖျားရှူးသွားတတ်တဲ့ အစဉ်အလာတွေလည်း ရှိပါတယ်။

“ဥပမာ အာဆီယံကိုယ်တိုင်က ဦးတည်ချက် တခုတည်းအောက်မှာ သွားနေတယ် ဆိုပေမဲ့ လူထုအဓိက လူ့အဖွဲ့အစည်း၊ Civil Society အဖွဲ့အစည်းမျိုးတွေကို အာဆီယံအဖွဲ့ဝင်နိုင်ငံ တော်တော်များများက အသိအမှတ် မပြုနိုင်သေးတာတွေ၊ ဒီအခက်အခဲတွေ ရှိနေတယ် ဆိုတာကိုလည်း ထိုင်းဝန်ကြီးချုပ် အဘီဆစ် ၀ိတ်ချာချီဝ ကိုယ်တိုင် ၀န်ခံသွားပါတယ်။

“အဲဒီတော့ ဒေသတွင်း နိုင်ငံတွေကြားမှာ ဒီမိုကရေစီ ဖွံ့ဖြိုးမှုတို့၊ လူထုအဓိက အဖွဲ့အစည်းတွေကို အသိအမှတ်ပြုဖို့ အခက်အခဲတွေ ရှိနေတဲ့အချိန်မှာ မြန်မာနိုင်ငံကို ပြောင်းလဲလာအောင် အာဆီယံကိုယ်တိုင် လုပ်နိုင်ဖို့ ဆိုတာကတော့ တော်တော် အလှမ်းဝေးတယ်လို့ ပြောရမှာပါ။”

အာဆီယံ ထိပ်သီးဆွေးနွေးပွဲ ကျင်းပတဲ့ ထိုင်းနိုင်ငံမှာ ရောက်ရှိ သတင်းယူနေတဲ့ ကိုသိန်းထိုက်ဦးကို ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

Aung San Suu Kyi: Ambassador of Conscience

cncletterhead
Posted by Thawngsian Tung (CNC-Japan)
During U2's 2009 tour, the band invited fans to wear masks of Burmese activist Aung San Suu Kyi's face.
cncletterhead
Posted by Thawngsian Tung (CNC-Japan)
2009-22-Oct-news

SPDC Constitution 2008

cncletterhead
Posted by Thawngsian Tung (CNC-Japan)
21440264 SPDC Constitution 2008

Sunday, October 18, 2009

မင်းကိုနိုင် ၏ မွေးနေ့အထိမ်းအမှတ်

cncletterhead
Posted by Thawngsian Tung (CNC-Japan)
Photos : Lian Khan Sum (CNC-Japan)

More Pictures
အောက်တိုဘာလ (၁၈)ရက် ၂ဝဝ၉ ခုနှစ်(တနင်္ဂနွေနေ့)
အောက်တိုဘာလ ၁၈ ရက်နေ့တွင် ကျရောက်သော ကျောင်းသားခေါင်းဆောင် မင်းကိုနိုင် ၏ မွေးနေ့အထိမ်းအမှတ်အဖြစ် တိုကျို ၊အိခဲဘုကုရို တိုရှီမာကု ကူမင်စင်တာ (၄) ထပ်တွင် ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီအင်အားစုများနှင့် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားမဂ္ဂများအဖွဲ့ချုပ် (နိုင်ငံခြားရေးရာကော်မတီ) တို့ ပူးပေါင်းကျင်းပခဲ့ရာ ဖိတ်ကြားထားသော အဖွဲ့အစည်းအသီးသီး ဂျပန်လူမျိုးများ ၊ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများ ၁၅၀ခန့်တက်ရောက်ခဲ့ပါတယ်။ ။

Thursday, October 15, 2009

Obama Wins Nobel Prize

cncletterhead
Posted by Thawngsian Tung (CNC-Japan)
နယူးဒေလီ ။ ။ အမေရိကန် သမ္မတ ဘားရက် ဟူစိန် အိုဘားမားကို နိုင်ငံတကာ သံတမန်ရေးနှင့် ပြည်သူချင်း ပူးပေါင်းဆောင်ရွက်ရေး မြှင့်တင်ရန် ကြိုးပမ်းအားထုတ်မှုကြောင့် ၂၀၀၉ ခု ကမ္ဘာ့နိုဘယ်လ် ငြိမ်းချမ်းရေး ဆုရှင်အဖြစ် နော်ဝေအခြေစိုက် နိုဘယ်လ်ဆုချီးမြှင့်ရေး ကော်မတီက ယနေ့ ရွေးချယ်လိုက်သည်။


နိုဘယ်ဆုရှင် အိုဘာမား (ဓာတ်ပုံကို ဒေါက်တာ လန်းဘတ်)

နျူကလီးယားကင်းမဲ့ရာ ကမ္ဘာကြီးအတွက် သူ၏ အမြင်နှင့် လုပ်ရပ်၊ နိုင်ငံတကာ ပဋိပက္ခများအပေါ် ဖြေရှင်းရာ၌ တွေ့ဆုံဆွေးနွေးရေးနှင့် ညှိနှိုင်းဆောင်ရွက်ရေးဖြင့် အလေးထားမှုကြောင့် ရွေးချယ်ရခြင်းဖြစ်ကြောင်း နိုဘယ်လ် ကော်မတီက ပြောသည်။

”ကမ္ဘာ့စိန်ခေါ်မှုများကို တုံ့ပြန်ရန်အတွက် ကျွန်ုပ်တို့အားလုံး ကျရာတာဝန် ထမ်းဆောင်ဖို့ အချိန်ကျရောက်နေပြီ” ဟု မစ္စတာ အိုဘားမား၏ ပြောဆိုချက် မှန်ကန်ကြောင်း ကော်မတီက ယနေ့ထုတ် ကြေညာချက်တွင် ဖော်ပြထားသည်။

စစ်အစိုးရအပေါ် ချမှတ်လိုက်သည့် မူဝါဒအသစ်နှင့်ပတ်သက်၍ ၄၄ ကြိမ်မြောက် အမေရိကန်သမ္မတ အိုဘားမားကို မြန်မာ့အရေး စောင့်ကြည့်လေ့လာသူနှင့် စိတ်ဝင်စားသူ အများအပြားက ချီးကျူးကြသည်။

ယခင် အမေရိကန် သမ္မတ ဂျော့ဘွတ်ရှ်နှင့် မတူသော အိုဘားမားသည် စစ်အစိုးရအပေါ် ပိတ်ဆို့အရေးယူမှုများ ဆက်ထားပြီး အဆက်အဆံ ပြုလုပ်သွားမည်။

လူ့အခွင့်အရေးနှင့် ဒီမိုကရေစီရေးတွင် စစ်အစိုးရမှ တိုးတက်မှု ပြသနိုင်ပါက လိုက်လျောညီထွေရှိမည့် ပိတ်ဆို့မှုလျှော့ချရေးကို ပြုလုပ်သွားမည်ဖြစ်သည်။

သူသည် သမ္မတသက်တမ်း ထမ်းဆောင်ရင်း ကမ္ဘာ့နိုဘယ်လ် ငြိမ်းချမ်းရေးဆု ရရှိသည့် တတိယမြောက် အမေရိကန် သမ္မတ ဖြစ်လာသည်။ ယခင်က သမ္မတ ရုစဘဲ့ (၁၉၀၆ ခုနှစ်) နှင့် သမ္မတ သောမတ်စ် ဝူဒရို ဝဲလ်ဆွန် (၁၉၁၉ ခုနှစ်) တို့ ရရှိခဲ့သည်။

ထို့အပြင် သမ္မတဟောင်း ဂျင်မီကာတာ (၂၀၀၂ ခုနှစ်) နှင့် ဒုသမ္မတဟောင်း အယ်လ်ဂိုး (၂၀၀၇ ခုနှစ်) တို့လည်း ၎င်းဆု ရရှိခဲ့သေးသည်။

Wednesday, October 14, 2009

cncletterhead
Posted by Thawngsian Tung (CNC-Japan)

ဂျပန် ဒု-နိုင်ငံခြားရေး ဝန်ကြီးက မြန်မာတက်ကြွ လှုပ်ရှားသူများကို တွေ့ဆုံ

cncletterhead
Posted by Thawngsian Tung (CNC-Japan)
မဇ္ဈိမ (နယူးဒေလီ)။ ။ ဂျပန်အစိုးရက မြန်မာနိုင်ငံ အပေါ် အသစ်တဖန် စိတ်ဝင်စားလာပုံ အနေဖြင့် ဂျပန် ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး တီဆူရိုဖူကူယာမာ (Tesuro Fukuyama) က ဗုဒ္ဓဟူးနေ့က မြန်မာတက်ကြွ လှုပ်ရှားသူများနှင့် မြန်မာပြည် ဆိုင်ရာ ဂျပန်မူဝါဒအကြောင်း ဆွေးနွေးခဲ့သည်။

ဂျပန် ဒုတိယ နိုင်ငံခြားရေး ဝန်ကြီးက ပြည်ပရောက် ဒီမိုကရေစီ အဖွဲ့အစည်းများ၏ ညွန့်ပေါင်း အဖွဲ့ဖြစ်သော ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ (NCUB) အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင်ကို ဗုဒ္ဓဟူးနေ့က ဖိတ်ခေါ် တွေ့ဆုံခဲ့သည်။

တိုကျိုရှိ NCUB ကိုယ်စားလှယ်ဖြစ်ပြီး အစည်းအဝေးတွင် ဦးမောင်မောင်နှင့်အတူ တက်ရောက်ခဲ့သည့် ဒေါက်တာမင်းညိုက " ဖူကူယားမားက မြန်မာပြည်အရေးကို ထောက်ခံအားပေးဖို့ သူ အတိုက်အခံဘဝနဲ့ကို တက်ကြွနေတာ" ဟု ပြောသည်။

ဂျပန်နိုင်ငံကို ရာစုနှစ် တဝက်ကျော် အုပ်ချုပ်ခဲ့သော လစ်ဘရယ် ဒီမိုကရက်တစ်ပါတီကို အနိုင်ယူပြီးနောက် သြဂုတ်လ အတွင်း ကျင်းပခဲ့သော ရွေးကောက်ပွဲများအပြီး ဂျပန်ဒီမိုကရက်တစ်ပါတီ (DPJ) က အစိုးရဖွဲ့နိုင်ခဲ့သည်။

ယခင်ကမူ ဂျပန်နိုင်ငံသည် ခပ်မဆိတ် သံတမန်ရေး နည်းလမ်းများကို အသုံးပြုပြီး စစ်အစိုးရက ထိတ်လန့်ဖွယ် လူ့အခွင့်အရေး ချိုးဖောက်မှုများ ပြုလုပ်နေသည့်တိုင် မကြာခဏပင် ဝေဖန် ပြောကြားခြင်း မပြုခဲ့ပါ။

သို့သော် မြန်မာ့အရေးနှင့် စပ်လျဉ်းပြီး အကြီးအကျယ် ပြောခဲ့သည့် ယခုအစိုးရသစ်ကမူ မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားမှုကို ပိုမိုထောက်ခံမှုများ ပြုလုပ်လာလိမ့်မည်ဟု ဒီမိုကရေစီရေး လှုပ်ရှားနေသည့် အဖွဲ့များက အကျယ်အပြန့် မျှော်လင့်နေ ကြသည်။

Source :

Sunday, October 11, 2009

မတရားဖမ်းဆီး အကျဉ်းချထားသည့် အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး တောင်းဆိုဆန္ဒပြပွဲ ဓာတ်ပုံမှတ်တမ်း.

cncletterhead
Posted by Thawngsian Tung (CNC-Japan)
Photos : Lian Khan Sum (CNC-Japan)
ဂျပန်နိုင်ငံ တိုကျိုမြို့ Otsuka ပန်းခြံမှ Ikebukuro ပန်းခြံအထိ ချီတက် ဆန္ဒပြခဲ့ကြပါတယ်။

Friday, October 9, 2009

cncletterhead
Posted by Thawng Sian Tung (CNC-Japan)
20820694-8-Oct-news
cncletterhead
Posted by Thawng Sian Tung (CNC-Japan)
20766383-7Oct-news

အာဆီယံ ခေါင်းဆောင်များ နှင့် အိုဘားမား တွေ့ ဆုံ မည့် အစီအစဉ် တွင် မြန်မာ ၀န်ကြီးချုပ် တက် ရောက်မည်

cncletterhead
Posted by Thawng Sian Tung (CNC-Japan)
Channel News Asia
Top Myanmar official will be at Obama-ASEAN talks

နိုဝင်ဘာ လထဲတွင် ကျင်းပမည့် အမေရိကန် သမ္မတ အိုဘားမား နှင့် အာဆီယံ ခေါင်းဆောင်များ တွေ့  ဆုံပွဲ သို့ မြန်မာ စစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် တက်ရောက်မည် ဟု Channel
News Asia သတင်းတွင် ဖေါ်ပြထားသည်။

ကနဦး သတင်းများအရ မြန်မာ စစ်အစိုးရ တာဝန်ရှိသူများတက်ရောက် မည် ဟု မထင်ကြောင်း
အိမ်ဖြူတော် ပြောခွင့်ရ ပုဂ္ဂိုလ် ရောဘတ် ဂစ်က ယနေ့ မနက် အစောပိုင်းတွင် ပြောကြားခဲ့သော်
လည်း နောက်ပိုင်းတွင် မြန်မာ စစ်အစိုးရ ခေါင်းဆောင် တစ်ဦးတက် ရောက်မည် ဟု နေပြည်တော်
မှ သတင်းထုတ်ပြန် ခဲ့သည်။
အာရှ – ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင် ရွက်မှု အစီအစဉ် (APEC) အစည်းအဝေးကို စင်္ကာပူ
တွင် နိုဝင်ဘာလလယ် ၌ ကျင်းပချိန် တွင် သမ္မတ အိုဘားမားက အာဆီယံ ခေါင်းဆောင်များ နှင့်
ပထမ ဦးဆုံး အကြိမ် တွေ့ ဆုံမည် ဖြစ်သည်။

ယခင်လ က မြန်မာ စစ်အစိုးရ အဖွဲ့ ဝင် ၀န်ကြီး တစ်ဦး ဖြစ်သူ သိပ္ပံ နှင့် နည်းပညာ ၀န်ကြီး
ဦးသောင်း သည် အမေရိကန် နိုင်ငံ နယူးယောက် ၌ အာရှ-ပစိဖိတ် ရေးရာ ဆိုင်ရာ ဒု လက်ထောက်
နိုင်ငံခြားရေး ၀န်ကြီး Kurt Campbell နှင့် တွေ့ ဆုံခဲ့သည်။

ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် သည် အမေရိကန် သမ္မတ တစ်ဦး နှင့် ပထမ ဦးဆုံးအကြိမ် တွေ့ 
ဆုံ မည့် မြန်မာ စစ်ခေါင်းဆောင် တစ်ဦးဖြစ်လာ နိုင်ဖွယ်ရှိသည်။

ဒေါ်အောင်ဆန်းစုကြည်သတင်း ပြည်သူများ အထူးစိတ်ဝင်စား

cncletterhead
Posted by Thawng Sian Tung (CNC-Japan)
NEJ
နေအိမ်အကျယ်ချုပ် ကျခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် အနောက်တိုင်းသံတမန်များ တွေ့ဆုံခွင့်ရခြင်း၊ နအဖဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်က ဒေါ်အောင်ဆန်းစုကြည်အား နှစ်ကြိမ်တိုင် တွေ့ဆုံခဲ့သည့် သတင်းများကို ရန်ကုန်နှင့် မန္တလေးမြို့ခံများအပါအ၀င် ပြည်သူတို့က အလွန်စိတ်ဝင်တစားရှိနေကြပြီး ဝေဖန်သုံးသပ်ပြောဆိုနေကြသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်၊ ဗြိတိန်နှင့်သြစတြေးလျ သံရုံးတို့မှ အကြီးအကဲများနှင့် ယနေ့တွေ့ဆုံခွင့်ရပြီး အောက်တိုဘာ (၃) ရက်နှင့် (၇) ရက်တို့တွင် နအဖဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်နှင့် စိမ်းလဲ့ကန်သာဧည့်ရိပ်သာတွင် တွေ့ဆုံခဲ့သည်။

ယင်းသို့တွေ့ဆုံမှုများသည် မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့တားမြစ်မှုများ ရုပ်သိမ်းပယ်ဖျက်ရေးကိစ္စနှင့်ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ စက်တင်ဘာ (၂၅) ရက်တွင် စာပေးပို့ခဲ့ပြီးနောက်ပိုင်း ပေါ်ပေါက်လာခြင်းဖြစ်သည်။

အဆိုပါစာတွင် အရေးယူပိတ်ဆို့မှုများ ရုပ်သိမ်းရေး ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုများ ချမှတ်နေသည့် နိုင်ငံအစိုးရများ၏ သဘောထားကို သိရှိနားလည်ရန် လိုအပ်သောကြောင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံမှူးကြီး၊ မြန်မာနိုင်ငံဆိုင်ရာ အီးယူ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ ကိုယ်စားလှယ်သံအမတ်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျ သံအမတ်ကြီးတို့နှင့် ဆွေးနွေးရန် ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံခွင့်တောင်းထားသည်။

ယနေ့ ဒေါ်အောင်ဆန်းစုကြည်နှင့် အနောက်တိုင်းသံတမန်များ တွေ့ဆုံမှုနှင့်ပတ်သက်၍ ရန်ကုန်အခြေစိုက် သတင်းဂျာနယ် တခုမှ အယ်ဒီတာတဦးက “ခုလိုတွေ့ခွင့်ရတာဟာ ဒေါ်အောင်ဆန်းစုကြည် ဗိုလ်ချုပ်မှူးကြီးဆီရေးတဲ့စာကို အလေးအနက် ထားလာတယ်လို့ မြင်ပါတယ်။ ပြီးတော့ နအဖမှာလည်း အပြောင်းအလဲကို ရှာလာရပြီလို့ထင်တယ်။ အရင်ကလို တဖက်သတ်တင်းခံနေလို့ မဖြစ်နိုင်တော့ဘူး။ ၂၀၁၀ မတိုင်ခင် သူတို့အတွက် ထွက်ပေါက်လဲရှာလာတယ်လို့မြင်တယ်။ အဓိက အမေရိကန်ရဲ့လက်ကမ်းလာမှုမှာ သူတို့ဘက်ကလည်း တခုခုပြန်လုပ်ပြရတော့မယ်လေ” ဟု ပြောသည်။

အမေရိကန်အစိုးရက မြန်မာစစ်အစိုးရနှင့် တိုက်ရိုက်ဆက်ဆံပြောဆိုမှုများ ပြုလုပ်သွားမည်ဖြစ်ပြီး တဖက်၌လည်း ပိတ်ဆို့တားမြစ်မှုကို ဆက်လက်ထားရှိမည့် ပေါ်လစီသစ်တရပ်ကို စက်တင်ဘာ (၂၈) တွင် တရားဝင်ကြေညာခဲ့သည်။

“အဓိကလုပ်ပြလို့ကောင်းတာကတော့ ဒေါ်စုနဲ့မိမိတို့ ဆွေးနွေးပါတယ်ဆိုတာမျိုးက သံတမန်ရေးအရဆို အကောင်းဆုံး ပြကွက်ပဲလေ။ အဓိက ဒေါ်စုတင်ပြထားတာတွေပဲ လုပ်ပေးဖို့များမှာပါ။ နောက်ပြီး ဒေါ်စုနဲ့ ပါတီစီအီးစီတွေ တွေ့ဆုံခွင့်ရပြီး
အဖွဲ့ချုပ်ရဲ့ရှေ့မူဝါဒတွေ ဆွေးနွေးနိုင်မယ်ထင်ပါတယ်။ ရွေးကောက်ပွဲဝင်ရေး မ၀င်ရေး၊ အခြေခံဥပဒေကို မပြင်စေဘဲနဲ့ ၀င်ကြမလားပေါ့” ဟု အဆိုပါအယ်ဒီတာက ပြောသည်။

နအဖ၀န်ကြီး ဦးအောင်ကြည်နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံခဲ့မှုနှင့် ပတ်သက်၍လည်း ပြည်သူများက ပြည်ပရေဒီယို အသံလွှင့်ဌာနများမှ တဆင့်ကြားသိရသဖြင့် မည်သို့ဖြစ်လာနိုင်မည်ကို စိတ်ကူးတွေးတော ပြောဆိုနေကြကြောင်း ကျောက်တံတားမြို့နယ်မှ အငြိမ်းစားရဲအရာရှိတဦးက ပြောသည်။

၎င်းက “ကျနော်တို့ ပြည်တွင်းဂျာနယ်တွေကိုလည်း ဖတ်တယ်လေ။ ပြီးခဲ့တဲ့ ဆဲဗင်းဒေးသတင်းဂျာနယ်မှာ ဦးအောင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုတွေ့တယ်။ ကျနော်တို့က ဒေါ်စုလွတ်မြောက်ပြီး တိုင်းပြည်တခုခုပြောင်းလဲသွားမယ့် အခြေအနေကိုပဲ လိုလားနေတော့ သူ့ကို ဂျာနယ်မှာတွေ့လိုက်ရင်ပဲ အခုလိုတွေ့ဆုံမှုတွေကနေ တခုခု ထူးခြားလာမလားလို့ စိတ်ဝင်စားနေမိတယ်” ဟု ပြောသည်။

မန္တလေးမှ အိမ်မြေပွဲစားတဦးက “ကျနော်တို့ကတော့ စီးပွားရေးသမားဆိုတော့ စီးပွားရေးကိစ္စတွေ တိုးတက်လာမယ့် အရိပ်အယောင်တွေ တွေ့ချင်တယ်ဗျ။ တနိုင်ငံလုံးရဲ့ အမျိုးသားရေးကိစ္စပဲ၊ ကျနော်တို့ကတော့ အပြောင်းအလဲတခုကို အရမ်းကို မျှော်လင့်တယ်” ဟု ပြောသည်။

ရခိုင်ပြည်နယ် အမ်းမြို့မှ ကြံ့ဖွံ့အဖွဲ့ဝင်တဦးကလည်း ၎င်းတို့မြို့တွင် အစိုးရအသံလွှင့်ဌာနများထက် ပြည်ပအသံလွှင့်ဌာနများကို အားထားနေရပြီး ထိုအသံလွှင့်ဌာနများကြောင့် မြန်မာနိုင်ငံတွင် ဖြစ်ပျက်နေသည်များကို မြန်မြန်ဆန်ဆန်သိရကြောင်း ပြောသည်။

“ကျနော်က ကြံ့ဖွံ့အဖွဲ့ဝင်ဖြစ်ပေမယ့် အခြေအနေတခုကြောင့်ပါ။ ကျနော်သိချင်တာက ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ကြည်နဲ့ တွေ့သလို ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ရော တွေ့ဖို့ရှိသလား၊ တွေ့ရင်ကော ဘာတွေဖြစ်လာမလဲ။ ပြောင်းလဲမှုမရှိတဲ့ တွေ့ဆုံမှုတွေနဲ့တော့ ပြည်သူတွေရဲ့ မျှော်လင့်ချက်ကို ရိုက်မချိုးဖို့လိုပါတယ်” ဟု ပြောသည်။

Thursday, October 8, 2009

cncletterhead
Posted by Thawng Sian Tung (CNC-Japan)
20746887 11 October Matching

သံဃာတော်များ ထပ်မံသပိက်မှောက်သွားမည်လို့လည်းသတင်တွေထွက်နေ

cncletterhead
Posted by Thawng Sian Tung (CNC-Japan)
မွန်ပြည်နယ်တွင်အာဏာပိုင်များကနိုဝင်ဘာအရေးအခင်းထပ်မံပေါ်ပေါက်လာမည်ကိုစိုးရိမ်သဖြင့်အခုတလောမှာလုံခြုံရေးတွေတင်းကြပ်ထားပြီး သံဃာတော်များ ထပ်မံသပိက်မှောက်သွားမည်လို့လည်းသတင်တွေထွက်နေပါသည်။

Sunday, October 4, 2009

ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည် တွေ့ဆုံ

cncletterhead
Posted by Thawng Sian Tung (CNC-Japan)
ဒေါ်အောင်ဆန်းစုကြည်ကို စက်တင်ဘာ (၃) ရက် ယနေ့ နေ့လယ်ပိုင်းတွင် နအဖဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်က စိမ်းလဲ့ကန်သာဧည့်ဂေဟာတွင် တွေ့ဆုံခဲ့ကြောင်း အန်အယ်လ်ဒီပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောသည်။

ယနေ့ နေ့လယ် (၁) နာရီခန့်တွင် တွေ့ဆုံခြင်းဖြစ်ပြီး (၄၅) မိနစ်ကြာခန့် တွေ့ဆုံခဲ့သည်ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ယခုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည်တို့ တွေ့ဆုံသည့်ကိစ္စနှင့် ပတ်သက်၍ ဦးဉာဏ်ဝင်းက “ကျနော်တို့ သေချာတော့မသိဘူး။ ထင်မြင်ချက်ပေးရရင်တော့ မကြာခင်က တိုက်ရိုက် ဗိုလ်ချုပ်မှူးကြီးဆီ ရေးတဲ့စာနဲ့ ဆက်စပ်မှုရှိတယ်လို့ ထင်တယ်။ ဆန်ရှင်ကိစ္စပါ” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ထားမှုများ ရုပ်သိမ်းပယ်ဖျက်ရေးကိစ္စနှင့်ပတ်သက်ပြီး စက်တင်ဘာ (၂၅) ရက်တွင် နအဖဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ စာရေးသားပေးပို့ခဲ့သည်။

အဆိုပါစာတွင် အရေးယူပိတ်ဆို့ထားမှုများ ရုပ်သိမ်းရေးကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ထားမှုများအားလုံးကို သိရှိနားလည်စေရေး၊ မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ထားမှုကြောင့် နစ်နာရမှု အတိုင်းအတာကို သိရှိနားလည်စေရေးနှင့် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုများ ချမှတ်နေသည့် နိုင်ငံအစိုးရများ၏ သဘောထားကို သိရှိနားလည်စေရေးကို ဦးစွာဆောင်ရွက်ရန် လိုအပ်သည်ဟု ဖော်ပြထားသည်။

အန်အယ်လ်ဒီပါတီ ဗဟိုအလုပ်အမှုဆောင်တဦးဖြစ်သူ ဦးခင်မောင်ဆွေက “ဒေါ်စုတောင်းထားတဲ့အချက် ရှိတယ်လေ။ ဆန်ရှင်နဲ့ပတ်သက်တဲ့ကိစ္စတွေကို စဉ်းစားကြဖို့ အဓိကအချက် (၃) ချက်ကို တောင်းထားတယ်။ အဲဒီအကြောင်းအရာတွေကိုပဲ စကားပြောဖို့ဖြစ်မှာပါ။ မှန်းဆလို့ရတာပေါ့လေ။ ဆန်ရှင်ရုပ်သိမ်းရေးကိစ္စကို အချက်အလက်တွေရနိုင်အောင် နအဖနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုလားပါတယ်ဆိုတဲ့ စာထုတ်ပြန်ပြီးတဲ့နောက်မှာ တရားဝင်စာပို့တာရော ကျနော်တို့အဖွဲ့ချုပ်က ကြေညာချက်ထုတ်ပြန်တာရော၊ ပတ်ပလစ်ကိုရော၊ ကမ္ဘာ့မီဒီယာတွေမှာရော ပါကုန်တော့ အစိုးရဘက်ကရော အရေးယူဆောင်ရွက်မယ်ဆိုရင် ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်နဲ့တွေ့ရင် ပထမဦးဆုံး ဒီကိစ္စကိုပဲ ဖြေရှင်းကြမယ်လို့ ထင်ပါတယ်” ဟု ပြောသည်။

ဆန်ရှင်ရုပ်သိမ်းရေးသည် ၁/၂၀၀၇ တုန်းက ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ထုတ်ပြန်ထားသည့်အမိန့်ကို ပြန်၍ တခြားနည်းလမ်းနှင့် ဆက်သွယ်ဖြေကြားသည့် သဘောမျိုးဖြစ်နေသဖြင့် ဗိုလ်ချုပ်မှူးကြီးဘက်ကလည်း အရေးယူဆောင်ရွက်လိမ့်မည်ဟု မျှော်လင့်နေချိန်လည်းဖြစ်ပါသည်ဟု ဦးခင်မောင်ဆွေက ပြောသည်။

၂၀၀၇ ခု၊ အောက်တိုဘာ (၄) ရက်တွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးရန် နအဖရုပ်မြင်သံကြားမှတဆင့် ကြေညာချက်တရပ် ထုတ်လွှင့်ခဲ့သည်။

ယင်းထုတ်လွှင့်ချက်တွင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ထိပ်တိုက်ရင်ဆိုင်ရေး၊ အလုံးစုံပျက်သုန်းရေး၊ မြန်မာနိုင်ငံအား စီးပွားရေးအဆက်အသွယ်ဖြတ်တောက်ရေး အပါအ၀င် အလုံးစုံပိတ်ဆို့ရေးတို့ကို စွန့်လွှတ်ရန်နှင့် ထိုသို့စွန့်လွှတ်ပါက ၎င်းနှင့်တွေ့ဆုံဆွေးနွေးမည်ဟု ကြေညာခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း အဆိုပါအချက်များကို သူ့အနေဖြင့် လုပ်ဆောင်ထားခြင်းမရှိကြောင်း၊ သက်ဆိုင်ရာနိုင်ငံများ၏ သဘောထားသာဖြစ်ကြောင်း ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်မှတဆင့် သဘောထားထုတ်ပြန်ပြောဆိုခဲ့သည်။

၂၀၀၇ ခု အောက်တိုဘာ (၂၅) ရက်တွင် နအဖ ဆက်ဆံရေးဝန်ကြီးဦးအောင်ကြည်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ စိမ်းလဲ့ကန်သာအစိုးရဧည့်ဂေဟာတွင် တွေ့ဆုံခဲ့သည်။

Sourve :

Friday, October 2, 2009

ဒေါ်အောင်ဆန်းစုကြည် အမှုအယူခံ တိုင်းရုံးက ပယ်ချ

cncletterhead
Posted by Thawng Sian Tung (CNC-Japan)

မုံပီး
နယူးဒေလီ (မဇ္ဈိမ)။ ။ ခရိုင်တရားရုံးက ဒေါ်အောင်ဆန်းစုကြည်အပေါ် ပြစ်ဒဏ် စီရင်ခဲ့သည်ကို တိုင်းတရားရုံး၌ အယူခံဝင်ခဲ့ရာ ယနေ့တွင် တရားရုံးက ပယ်ချလိုက်ပြီ ဖြစ်သည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ကို ပြီးခဲ့သည့် သြဂုတ်လ ၁၁ ရက်နေ့တွင် အင်းစိန်ထောင် တွင်း မြောက်ပိုင်းခရိုင် တရားရုံးက ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့ပြီး၊ စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ညွှန်ကြားချက်ကြောင့် ပြစ်ဒဏ်ကို ထက်ဝက်လျှော့ကာ နေအိမ်တွင် ဆိုင်းငံ့ပြစ်ဒဏ်ဖြင့် နေထိုင်ရန် ဆုံးဖြတ်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများအဖွဲ့က အမှုကို တိုင်းတရားရုံးသို့ အယူခံတင်သွင်းရာ ပြီးခဲ့သည့်လ ၁၈ ရက်နေ့တွင် နှစ်ဖက်ရှေ့နေများ လျှောက်လဲချက် ပေးခဲ့ကြပြီးနောက် ယနေ့တွင် စီရင်ချက်ချမည်ဟု ချိန်းဆိုခဲ့ရာမှာ အယူခံကို ပယ်ချလိုက်ခြင်း ဖြစ်သည်။

''အောက်တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို အတည်ပြုတယ်ဆိုပြီး တိုင်းရုံးက ပြောတယ်။ ဒါပေမဲ့ ကောင်းတာက ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဟာ အသက်မရှိတော့ဘူးလို့ ဒီကနေ့ တရားရုံးက ပြောတယ်။ လုံးဝ ယုတ္တိမရှိဘူးလို့ ပြောတယ်'' ဟု ယနေ့ တရားရုံးအခြေအနေကို လေ့လာစောင့်ကြည့်နေသူတဦးက မဇ္ဈိမကို ပြောသည်။

ပြီးခဲ့သည့် မေလဆန်းတွင် အမေရိကန်နိုင်ငံသား မစ္စတာ ဂျွန်ဝီလျံ ရက်တော ဆိုသူသည် ရန်ကုန် အင်းလျားကန် ဘေးတွင် တည်ရှိသည့် ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ် ကျခံနေရသည့် နေအိမ်အတွင်း တိတ်တဆိတ် ဝင်ရောက်ခဲ့သည်ကို ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံဥပဒေအရ အရေးယူ၍ တရားစွဲခဲ့ပြီး ခရိုင်တရားရုံးက ပြစ်ဒဏ်စီရင်ခဲ့ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက ထို ဥပဒေမှာ ပျက်ပြယ်ပြီး ဖြစ်သော ဥပဒေအဖြစ် တရားရုံးတွင် ခုခံချေပ ခဲ့ကြသေးသည်။

''၇၄ ဥပဒေကို မရှိတော့ဘူးလို့ ပြောတာ ကောင်းပါတယ်။ နောက်ပိုင်းမှာ လာမယ့် အမှုတွေအတွက် ရှင်းသွားတာပေါ့။ အခုဟာက ဥပဒေဆိုင်ရာ ထက် နိုင်ငံရေးအမှုဖြစ်တယ်။ အဲဒါကြောင့် အခုလို အသိအမှတ်ပြုတာ ကောင်းပါတယ်'' ဟု တရားရုံးအခြေအနေ လေ့လာ စောင့်ကြည့်သူက ဆိုသည်။

ခရိုင်တရားရုံး ဆုံးဖြတ်ချက်အတိုင်း တိုင်းတရားရုံးက ဆက်လက် အတည်ပြုပါက ဗဟိုတရားရုံးချုပ်သို့ ဆက်လက် အယူခံသွားမည်ဟု အစောပိုင်း ဆက်သွယ် မေးမြန်းချက်တရပ်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေတဦးဖြစ်သူ ဦးဥာဏ်ဝင်းက မဇ္ဈိမကို ပြောဆိုခဲ့သည်။

မြန်မာ့လွတ်လပ်ရေး သူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်သည် လွန်ခဲ့သည့် ၂၀ ခန့်တွင် ၁၄ နှစ်ခန့် အကျယ်ချုပ် ကျခံခဲ့ရသည်။

အတိုက်အခံ အင်အားစုများကမူ စစ်အစိုးရသည် ဒေါ်အောင်ဆန်းစုကြည်အား ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ လူမြင်ကွင်းမှ ပျောက်ကွယ်နေစေ ရန် ဆက်လက် ချုပ်နှောင်ထားလိုပြီး၊ အများပြည်သူအကြား သူမ၏ ကျော်ကြားမှုကို စိုးရိမ်နေသည်ဟု ဝေဖန်သုံးသပ်ကြသည်။

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင်က အနောက်ကမ္ဘာ ဦးဆောင်သည့် ပြစ်ဒဏ်ခတ် အရေးယူမှုများ အဆုံးသတ်ရန် အတွက် ပူးပေါင်း ဆောင်ရွက်ရန် ဆန္ဒရှိကြောင်း ကမ်းလှမ်းသည့်စာကို မကြာသေးခင်က စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ ပေးပို့ ခဲ့သေးသည်။ သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် ပူးတွဲ ဆောင်ရွက်ရန်ကို သံသယရှိသူ ဗိုလ်ချုပ်မှူးကြီး အနေဖြင့် အဆိုပါ ကမ်းလှမ်းချက်ကို တုံ့ပြန်ဖွယ် မရှိကြောင်း လေ့လာသုံးသပ်သူများက ယုံကြည်ခဲ့ကြသည်။

Tuesday, September 22, 2009

cncletterhead
Posted by Thawng Sian Tung (CNC-Japan)
21 September News

Monday, September 21, 2009