Monday, August 31, 2009

cncletterhead
Posted by Thawng Sian Tung (CNC-Japan)
ကိုးကန့်နယ်မြေအတွင်း နအဖ စစ်တပ်များ ကျုးကျော်ဝင်ရောက်မှုကို ဂျပန်ရောက် ဒီမိုကရေစီ လိုလားသော မြန်မာနိုင်ငံသားများက ဂျပန်နိုင်ငံ တိုကျိုမြို့ ရှီနာဂါဝါ မြို့နယ် နအဖ အခွန်ရုံးရှေတွင် ကန့်ကွက် ရှုတ်ချ ဆန္ဒပြကြသည်။



Photos : Lian Khan Sum (CNC-Japan)

Saturday, August 29, 2009

ABFSU Statement

cncletterhead
Posted by Thawng Sian Tung (CNC-Japan)
Statement2ofabfsu 09 Bur

စစ်အစိုးရတပ်များက ကျေးရွာမီးရှို့ဖျက်ဆီးမှု

cncletterhead
Posted by Thawng Sian Tung (CNC-Japan)
သြဂုတ်လ 2009 သျှမ်းသံတော်ဆင့်
သျှမ်းပြည်အလယ်ပိုင်း၌ လှုပ်ရှားသော စစ်အစိုးရတပ်များ ကျေးလက်လူထု၏ရပ်ရွာ၊
နေအိမ်၊ စပါးကျီများ ဆက်တိုက် မီးရှို့ဖျက်ဆီးကာ ဒေသခံသျှမ်းလူထုအား
ရပ်ရွာမှမောင်းထုတ်၊ ဖမ်းဆီးရိုက်နက်ကြောင်း သျှမ်းပြည်အလယ်ပိုင်း
သတင်းရပ် ကွက်ကဆိုပါသည်။

“နမ့်ဇန်၊ လွယ်လင်၊ ပင်လုံ၊ လဲချား မိုင်းကိုင်၊ ကျေးသီး၊
မိုင်းနောင်အကြား တောရွာတွေဘက်မှာလှုပ်ရှားနေတဲ့ လွယ်လင် အခြေစိုက် ခလရ ၉
၊ ခလရ ၁၂ ၊ လဲချားအခြေစိုက် ခလရ ၆၄၊ ခမရ ၅၁၅ ၊ မိုးနဲအခြေစိုက် ခလရ ၂၄၈
တွေပေါ့။ အဲဒီတပ် တွေဘဲ ၂၇/၀၇/၀၉ စပြီး ရွာတွေကိုလိုက်ပြီးမီးရှို့နေတာ” -
ဟု အမည်မဖေါ်လိုသည့် ပင်လုံမြို့သားတဦးက ဆိုသည်။

ခမရ ၅၁၅ က မိုင်းယိုင်းကျေးရွာအုပ်စုရှိ ကျေးရွာသုံးရွာအား
အဓမ္မမောင်းထုတ်မှုကြောင့် လဲချားမြို့နယ် ပန်ဖုန်းကျေးရွာ ဘက်သို့ အိမ်ခြေ
၂၀ ကျော်ထွက်ပြေးကြကြောင်း၊ ခလရ ၆၄ က အသက် ၁၅ နှစ်အောက် ယောက်ျားလေး
အပါအ၀င် ဇီးဇေါ့ရွာသား ၁၄-၁၅ ယောက်ကို မေ့မျောသည်အထိ
ဖမ်းဆီးရိုက်နှက်ပြီး အဓမ္မရပ်ရွာပြောင်းခိုင်းကြောင်း၊ ခလရ ၂၄၈ က
ကွန်ဟိန်းမြို့နယ် နောင်တောဝ်းမိုင်းလုံး လားဟူရွာသား ၃၀ ကျော်ကို
ဖမ်းဆီးခေါ်ဆောင်သွားပြီး ယခုတိုင် ပြန်လွတ်ပေး ခြင်းမရှိသေးကြောင်း၊
ထို့အတူ ခလရ ၉ လွယ်လင် ကလည်း ဟိုခိုင်းရွာသူ/သားများအား
အဓမ္မပြောင်းရွေ့ခဲ့ကြောင်း စစ်အစိုးရလှုပ်ရှားမှု
စောင့်ကြည့်လေ့လာသည့်အသိုင်းအ၀ိုင်းက ဆိုသည်။

အမည်မဖေါ်လိုသည့် အသက် ၃၀ ကျော် လဲချားမြို့သူတဦးက -“၂၉ ရက်နေ့မနက်
လဲချားအရှေ့မြောက်ဘက် ၀မ့်တတ် မောက်၊ ကွန်ဟုန်း၊ ဟိုလုံး(မ်း) ရွာတွေကို
မီးရှို့တာက ခလရ ၉၉ မဟုတ်ဘူး လွယ်လင်အခြေစိုက် ခလရ ၁၂ ဖြစ်တယ်။ ရွာသုံးရွာ
အိမ်ခြေစုစုပေါင်း ၂၀၀ ကျော် မီးထဲအားလုံးပါသွားတယ်။
ဘာမှမကျန်အောင်ရှို့တယ်ဆိုတော့ စပါးကျီ အိမ်မွေး
ကြက်ခြံ/၀က်ခြံလဲအလွတ်မထားဘူး၊ ကျွဲ နွား တွေလဲ သတ်စားတဲ့အပြင်
တွေ့သမျှပစ္စည်းတွေ လဲယူသေးတယ်” - ဟုဆို၏။

သျှမ်းပြည်တပ်မတော် တပ်မှူးတဦးက စစ်အစိုးရတပ်လုပ်ရပ်သည်
ကုလားမနိုင်ရခိုင်မဲ ဆိုသည့်စကားအတိုင်း သျှမ်းပြည် တပ်မတော်ကို
မတိုက်ဝံ့ဘဲ ကျေးလက်လူထုကိုပစ်မှတ်ထား အနိုင်ကျင့်နှိပ်စက်ခြင်းသည်
ယုတ်ညံ့သည့်လုပ်ရပ်ဖြစ် ကြောင်း၊ အမှတ် ၂ စကခ မှူး
ဗိုလ်မှူးကြီးကျော်ဇံမြင့် ပြောသည့် “စစ်ဗျူဟာ ၂ ခု အသုံးပြုပြီး
သျှမ်းပြည်တပ်မတော်ကို အပြင်းအထန် တိုက်ခိုက်ချေမှုန်းမယ်”
ဆိုသည့်ကြွားလုံးသည် ကျေးလက်လူထု၏ဥစ္စာပစ္စည်းကိုမီးရှို့ဖျက်ဆီးခြင်းသာဖြစ်
ကြောင်း၊ သျှမ်းပြည်တပ်မတော်ကလည်း ပြည်သူ့ကိုယ်စား ဆက်လက်လက်စားချေ
တန်ပြန်တိုက်ခိုက်သွားမည်ဖြစ် ကြောင်း ထပ် ပြော၏။

သျှမ်းပြည်မျိုးချစ်ပုဂ္ဂိုလ်တဦးက - ယခုအချိန်သည်
သျှမ်းပြည်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ စုစည်း၍ နယ်ချဲ့
စစ်အစိုးရ/စစ်အာဏာရှင်အား တွန်းလှန်တိုက်ခိုက်ရန်
အချိန်ရောက်ပြီဖြစ်ကြောင်း၊ တော်လှန်ရေးတပ်များအနေဖြင့်
ထိရောက်သည့်အောင်ပွဲခံ တိုက်ပွဲမျိုးမဆင်နွှဲနိုင်သရွှေ့
စစ်အစိုးရကလူထုအပေါ် လူ့အခွင့်အရေးဆက်လက် ချိုးဖေါက်နေ မည် မလွဲကြောင်း -
ပြောဆိုသုံးသပ်ပါသည်။

စစ်အစိုးရနှိပ်စက်ညှင်းပမ်းမှုဒဏ်မှထွက်ပြေးနေသည့်
သျှမ်းပြည်အလယ်ပိုင်းဒုက္ခသည်အများအပြားသည် မည်သူ့ထံမှ ကူညီစောင့်ရှောက်
ထောက့်ပံ့မမှုမရ။ ဆွေမျိုးမဲ့သူများ တောတောင်ထဲ ပုန်းခိုနေထိုင်ရခြင်း၊
အချို့လည်း မြို့တွင်းရှိ
ဘုန်းတော်ကြီးကျောင်းများ၌ခိုကိုးနေထိုင်ရခြင်း၊
ကျေးရွာမီးရှို့ဖျက်ဆီးအဓမ္မပြောင်းရွေ့သည့် စစ်အစိုးရဘက်မှ တစုံတရာ
ကူညီဆောင်ရွက်ပေးမှု မရှိခြင်းတို့သည်သာမက ဒုက္ခသည်ရွာသားများ၏
ပစ္စည်းများလည်း အဓမ္မလုယူနေသေး ကြောင်း ဆိုသည်။

၂၀၀၉ မေ ၂၁ မှ စ၍ှဗ တောင်ပိုင်းတပ်ဖွဲ့နှင့် နအဖ စစ်တပ်အကြား
တိုက်ပွဲကြီးငယ် အကြိမ်ကြိမ်ဖြစ်ပွားခဲ့ရာ စစ်အစိုး ရတပ်ဘက်က (ဗိုလ်ကြီး၊
ဗိုလ်မှူးအဆင့်အထိပါဝင်)၂၀ ကျော်သေဆုံးကာ၊ SSA က လက်နက်ကြီးငယ် ၃၀ ကျော်
သိမ်းဆည်းရမိကြောင်း၊ SSA ဘက်မှ ( ၂၀၀၈ နိုဝင်ဘာ မှ ၂၀၀၉ ဂျွန် အထိ SSA ၏
ခြောက်လပတ်အစည်းအဝေး မှတ်တမ်း အရ) တပ်မတော်သား ၂ ယောက်ကျဆုံးပြီး လက်နက်
၁ လက် ဆုံးရှုံးကြောင်း ဆိုပါသည်။

အဆိုပါ တိုက်ပွဲများမှ စစ်အစိုးရဆုံးရှုံးမှုများသောကြောင့်
မိုင်းနောင်အခြေစိုက် ဒကစမှူးဗိုလ်မှူးကြီး ကျော်ဇံမြင့် က ၎င်း လက်အောက်ခံ
ခမရ၊ ခလရ တပ်မှူးများအားလုံး ခေါ်ယူပြီး ဂျူလိုင် ၂၀ ရက်နေ့က အရေးပေါ်အစည်း
အဝေးခေါ်ယူ ကျင်းခဲ့ပါသည်။ ထိုအစည်းအဝေးမှာ တောင်ပိုငှ်းှဗ တပ်ဖွဲ့အား
အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်ရန် စစ်ဗျူဟာနှစ်ခု ပြင်ဆင်ဖို့
အမိန့်ပေးခဲ့သည့်နောက်ပိုင်း ကျေးရွာမီးရှို့ဖျက်ဆီးမှု ပထမဆုံး
စတင်လာခဲ့ခြင်းဖြစ်သည်။

Thursday, August 27, 2009

Liberation Now

cncletterhead
Posted by Thawng Sian Tung (CNC-Japan)
csc1-2009

Wednesday, August 26, 2009

Chin Refugee Women Dies after three times operation

cncletterhead
Posted by Thawng Sian Tung (CNC-Japan)
VOCR
25 August, 2009
Kuala Lumpur
Ms. Man Don Hau from Tedim, who had suffered hydrocephalus sickness and reported by VOCR on 25 July, 2009 passed away on 21 August, 2009. She arrived to Malaysia in 2009 in order to reunite with her husband and live in secure life, which they had never been in our own country. But her dream was unfulfilled .she left her beloved husband alone in Malaysia.

When she became unhealthy she was admitted to Putra Jaya Hospital but on the same day, she was referred to General Hospital Kuala Lumpur for further treatment. Her husband was recognized refugee but she was still unrecognized due to queue set up by the UNHCR for family reunification.

“She had been operated three times but she could not be saved at all. I did not expect she would pass away, when she was admitted to hospital I believed that she will be recovered soon. I tried to do everything for her and we spent a lot of money for her, expecting her recovery. Even if I do not have to pay for her medical charges I tried to borrow the money from my friends and relatives. Her death is unbelievable” her husband said.

Her husband with tearful also added that “she had been operated three times but she left me. I don’t want to blame anyone on her death but I believed that if I were rich and legal person in this country, we will never face this kind of sorrow, and mourn.

After she was operated for second time, she sadly left a message to her friend, “Even though we live under fears and depressions there, in Myanmar, I just want to go back to see my family before I leave”.

When she was visited by CRC Health coordinator Mr. Henry and VOCR media in the hospital she had already been operated for one time but the doctor wrote a note on her medical file that they found no result. But at the time, she could not open her left eye. In second operation, the husband said that the operation is still uncompleted. But in the third time operation, the doctor said that she could not able to bear the third time operation because she lost most of her energy.

Ms. Man Don Hau is only 24 years old and they have no children. While her husband was trying to add her under his file at the UNHCR office, she passed away unexpectedly. The funeral service was held on 24 August at Seremban cemetery and around 200 chin refugees attended it.
The husband with tearful speaking at
the funeral service

Monday, August 24, 2009

International Human Rights

cncletterhead
Posted by Thawngsian Tung (CNC-Japan)
Human Right

Saturday, August 22, 2009

ဒေါ်အောင်ဆန်းစုကြည်အတွက် အယူခံ တင်သွင်းမည်

cncletterhead
Posted by Thawngsian Tung (CNC-Japan)
နယူးဒေလီ (မဇ္ဈိမ)။ ။ အင်းစိန်ထောင်တွင်း မြောက်ပိုင်းတရားရုံးက ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ချမှတ်ခဲ့သည်မှာ ဥပဒေနှင့် မကိုက်ညီဟုဆိုကာ သူမ၏ ရှေ့နေများက အယူခံ ဝင်သွားမည် ဖြစ်သည်။

တရားဝင် ရပ်ဆိုင်းပြီး ဥပဒေဖြင့် တရားစွဲဆို ပြစ်ဒဏ်ချခဲ့သဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက ရန်ကုန်တိုင်း တရားရုံးတွင် လာမည့် တပတ်အတွင်း အယူခံတင်ရန် ပြင်ဆင်နေခြင်း ဖြစ်သည်။

“ဒေါ်အောင်ဆန်းစုကြည်က အယူခံတင်ဖို့ ပြောပါတယ်။ အယူခံကို ရေးနေတုန်း ရှိပါသေးတယ်။ ပြီးတာနဲ့ ဒေါ်စုကို ပြမယ်။ ပြပြီးတာနဲ့ အတည်ပြုချက်ရရင် တိုင်းတရားသူကြီးရုံးကို တင်မှာပါ။ လာမယ့် အပတ်ထဲမှာ တင်ဖို့ လုပ်နေပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေတဦးဖြစ်သူ ဦးကြည်ဝင်းက မဇ္ဈိမကို ပြောသည်။

၁၉၇၄ ခုနှစ် ဖွဲ့စည်ပုံ အခြေခံဥပဒေအရ အလုပ်နှင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့ပြီးနောက် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အမိန့်အရ ထောင်ဒဏ်ကို ၁၈ လသို့ လျှော့ပေါ့ကာ ဆိုင်းငံ့ပြစ်ဒဏ်အဖြစ် ကန့်သတ်စည်းကမ်းများဖြင့် သူမ၏ နိုင်ငံရေး လုပ်ဖော်ကိုင်ဘက် ဒေါ်ခင်ခင်ဝင်း၊ သမီးဖြစ်သူ မဝင်းမမနှင့်အတူ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်တွင် ပြန်လည် ထိန်းသိမ်းခဲ့သည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ နိဒါန်း အပိုဒ် ၃ တွင် ဖော်ပြထားသည်မှာ ၁၉၈၈ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ဖြစ်ပေါ်ခဲ့သည့် အခြေအနေ အရပ်ရပ်ကြောင့် ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ရပ်ဆိုင်းသွားခဲ့ကြောင်း ဖော်ပြထားသည့်အပြင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ၂၀၀၈ ခုနှစ် မေလ ၂၉ ရက်နေ့ ရက်စွဲဖြင့် လက်မှတ်ထိုးပြီး ကြေညာခဲ့သဖြင့် ထိုဥပဒေသည် ယခုအခါ ပျက်ပြယ်ပြီးကြောင်း ဦးကြည်ဝင်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် အမှုတွင် အဓိက ပြစ်မှုကျူးလွန်ခဲ့သည့် ဂျွန်ယက်တောသည် ထောင်တွင်း တရားခွင်က အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့သော်လည်း စစ်အစိုးရက နေရပ်ရင်း အမေရိကန်နိုင်ငံသို့ ပြန်ပို့ခဲ့ပြီး ဖြစ်သည်။

Wednesday, August 19, 2009

SECURITY COUNCIL PRESS STATEMENT ON MYANMAR

cncletterhead
Posted by Thawngsian Tung (CNC-Japan)
securitycouncilpressstatementonmyanmar-090813181031-phpapp01

UN Council calls on Burma to Release of Political Prisoner

cncletterhead
Posted by Thawngsian Tung (CNC-Japan)



၁၄ သြဂုတ် နယူးယောက် ၊ ၊အေအက်(ဖ)ပီ

ဥရောပသမဂ္ဂ၏ အရေးယူမှုတွင်ပါရှိသည့် စစ်အစိုးရ သတင်းနှင့် စာနယ်ဇင်းမှ မြန်မာအလင်းသတင်းစာ ကိုဖတ်ရှုနေသူ တစ်ဦး Photo:AP

ကုလ သမဂ္ဂ လုံခြုံရေးကောင်စီ တွင် နှစ်ရက်ကြာအချေအတင် ဆွေးနွေးပြီးနောက် ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံးပြန်လွှတ်ပေးရန် ဆိုသည့် တောင်းဆိုချက် ကို ထုတပြန် နိုင်ပြီဖြစ်ကြောင်း ယမန် နေ့ က နယူးယောက်မှ လာသော အေပီ သတင်းတစ်ရပ်တွင် ဖေါ်
ပြထားသည်။

အမေရိကန်နိုင်ငံက မူလ တင်သွင်းသည့် အဆိုမူကြမ်းတွင် မြန်မာစစ်အစိုးရ အပေါ်ရင့်သီးသော အသုံး အနှုံးများပါ သည် ဟု ဆိုကာ အဖွဲ့ ဝင်နိုင်ငံ အချို့ က ၎င်းတို့ ၏ သက်ဆိုင်ရာ အစိုးရခေါင်းဆောင်များ နှင့် ဆွေးနွေး ပါရ စေအုံးဟု ဆိုသဖြင့် ယခု ထုတ်ပြန်ချက်မှ ရက်အတန်ကြာခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် အားဆိုင်းငံထောင် ဒဏ် တစ်နှစ်ခွဲ ချမှတ်ခြင်းနှင့် ပတ်သက်၍ တရုတ်နိုင်ငံက မြန်မာစစ်အစိုးရ ၏ တရားဥပဒေ ကို နိုင်ငံတကာမှ လေးစားလိုက်နာရန် စစ်အစိုးရဘက်မှ ကာကွယ်ပြောကြားပေးခဲ့သည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ ဝင်နိုင်ငံများဖြစ်သည့် ရုရှား နှင့် တရုတ် အပါအ၀င် ကျန်အဖွဲ့ ဝင်နိုင်ငံများဖြစ်သည့် လစ်ဗျား၊ဗီယက်နမ် များက ဒေါ်အောင်ဆန်းစုကြည် နှင့်ပတ်သက်၍ကုလ လုံခြုံရေးကောင်စီ ၏ အမေရိကန် မူကြမ်းရေးဆွဲသော ကြေညာချက် ကို ပြန်လည် သုံးသပ်ကြသည် ဟု ဆိုသည်။

ယနေ့ ထုတ် မြန်မာ့ အလင်းသတင်းစာ တွင် ဆောင်းပါးရှင် မန်းသာစိန်က ဒေါ်အောင်ဆန်းစုကြည် အားထောင်တွင်းထားရှိ မည့် အမိန့် ကို နေအိမ်သို့ ပြောင်းရွှေ့ ပေးလိုက်ခြင်းကြောင့် ဗိုလ်ချုပ်မှုးကြီးသန်းရွှေသည် မေတ္တတရား များ ကိန်းအောင်းနေသူ အပြောင်းအလဲ လိုလားသူ ဟု ရေးသားထားသည်။

ထို့ ပြင် ဒေါ်အောင်ဆန်းစုကြည် အား ထောင်တွင်းမထားပဲ နေအိမ်ခြံတွင်း ထားရှိခြင်းသတင်းကို
ကြေညာ သည့် အခါ မြန်မာ ပြည်သူများပြုံးပျော်သွားသည် ဟု ထိုဆောင်းပါးတွင် ပါရှိသည်။

ဥရောပ သမဂ္ဂ (အီးယူ)ကမူ မြန်မာ အစိုးရအပေါ် အရေးယူဒဏ်ခတ် ပိတ်ဆို့ မှု သက်တမ်းတိုးမြှင့်ခဲ့ပြီး စစ်အစိုးရ ၀ါဒဖြန့် ချီရေးလုပ်ငန်းများ အပြင် မြန်မာ့ ရုပ်ရှင် လုပ်ငန်း ကိုပါ ထည့်သွင်း ဒဏ်ခတ်လိုက်ခြင်းဖြစ် သည်။ထို့ ပြင် စစ်အစိုးရ နှင့် ဆက်နွယ်ခြင်း စစ်အစိုးရ အဖွဲ့ 
ဝင်မိသားစုများ ပိုင်ဆိုင် သည့် စီးပွားရေးလုပ်ငန်း ၁၀၂၇ ခုကိုလည်း ယခုပိတ် ဆို့ ဒဏ်ခတ်မှု
တွင် ထည့်သွင်းထားသည်။

မြန်မာ နိုင်ငံသို့ ရောက်ရှိနေသော အမေရိကန် လွှတ်တော်အမတ် ဂျင်းဝဘ် နှင့် မြန်မာ စစ်အစိုးရ
အပါအ၀င်အတိုက်အခံအဖွဲ့ များ ရင်းနှီးပွင့်လင်းစွာတွေ့ ဆုံဆွေးနွေး၍ အမျိုးသားပြန်လည် သင့်
မြတ်ရေးကို ဆောင်ရွက် ရန် ကုလလုံခြုံရေးကောင် စီက တိုက်တွန်းထားသည်။

Tuesday, August 18, 2009

ရန်ကုန်တွင် လုံခြုံရေးတိုးမြှင့်ချထား

cncletterhead
Posted by Thawngsian Tung (CNC-Japan)
သံဃာတော်များ အရေးအခင်းစမည်ဟု သတင်းထွက်ပေါ်
KhitPyaing
ရန်ကုန်တွင် သံဃာအရေးအခင်း စတင်မည်ဟူသော သတင်းများ ယခုရက်ပိုင်းအတွင်း ပျံ့နှံ့နေပြီး လုံခြုံရေးများ ထပ်မံတိုးချဲ့ချထားကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လ (၁၄) ရက်နေ့တွင် အဆိုပါသတင်း ထွက်ပေါ်လာခြင်းဖြစ်သည်ဟု ရန်ကုန်မြို့အခြေစိုက် သတင်းဂျာနယ် တခုမှ အယ်ဒီတာတဦးက ပြောသည်။

“ကြားနေတာပဲ။ အဲဒီသတင်းကတော့ ထွက်နေတာ (၃) ရက်လောက်ရှိပြီ။ ရန်ကုန်မှာတော့ သံဃာအရေးအခင်းဖြစ်မှာကို ကြောက်နေတဲ့သူတွေ ရှိသလို ဖြစ်စေချင်သူတွေလည်း ရှိကြပါတယ်။ အရေးအခင်းဖြစ်ရင် စားဝတ်နေရေး ထိခိုက်မှာကို တွေးပူနေကြသူတွေရှိတယ်။ ကုန်ဈေးနှုန်းတွေလည်း မြင့်တက်လာမယ် စသဖြင့်ပေါ့ဗျာ” ဟု အဆိုပါအယ်ဒီတာက ပြောသည်။

ကမ္ဘာအေးစေတီလမ်းပေါ်တွင် လုံခြုံရေးများစွာ ချထားသည်မှာ အဆိုပါသတင်းကြောင့်ဖြစ်ကြောင်း ကမ္ဘာအေးဘုရားရှေ့ ဂိတ်ပေါက်တွင် တာဝန်ကျရဲတပ်သားတဦးက ပြောသည်။

“ကျနော်တို့ကို အထက်က အမိန့်ချတာပါ။ တာဝန်ကျတယ်ဆိုတာနဲ့ပဲ လာပြီးစောင့်နေတာပါပဲ။ တိတိကျကျ မပြောဘူး။ ဘာလို့ လာစောင့်ရတယ်ဆိုတာကို။ ဒါပေမယ့် ပါဠိတက္ကသိုလ်က ဘုန်းကြီးတွေ အခြေအနေကို စောင့်ကြည့်ပါဆိုတဲ့ စကားတခု ကိုတော့ ပြောတယ်” ဟု အဆိုပါရဲတပ်သားက ပြောသည်။

ကမ္ဘာအေးစေတီလမ်းပေါ်တွင် ချထားသော လုံခြုံရေး ရဲတပ်သားများမှာ သေနတ်ကို အရန်သင့်အနေအထား ကိုင်ဆောင်ကာ သတိဆွဲကာ စောင့်နေကြခြင်းဖြစ်ကြောင်း မျက်မြင်တဦးက ပြောသည်။

“ပြီးခဲ့တဲ့ ၂၀၀၇ ခုနှစ်က ပုံစံမျိုးအတိုင်းပဲ၊ စောင့်နေတဲ့ပုံစံတွေက။ ဒါပေမယ့် ရဲတွေကိုလည်း အပြစ်ပြောလို့မရဘူး။ သူတို့ သိတာက သူတို့ကို ဒါလုပ်ပါလို့ပြောရင် လုပ်ရမှာကိုပဲ။ ဒါကြောင့် ရန်ကုန်က လူတွေဆိုရင် အစောင့်ချတဲ့ရဲတွေကို သနားလို့  ဆိုပြီး စားစရာတွေတောင် ၀ယ်ကျွေးတတ်ကြသေးတယ်” ဟု ကမ္ဘာအေးစေတီလမ်းမပေါ်ရှိ အင်တာနက်ကဖေးဆိုင်တဆိုင်၏ တာဝန်ခံက ပြောသည်။

သြဂုတ်လ (၁၆) ရက်နေ့ နံနက် (၁၀) နာရီခန့်က ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ် ကျောက်ရေတွင်း မှတ်တိုင်တွင် သံဃာ အပါး (၃၀) ခန့်က သပိတ်ကိုယ်စီကိုင်ဆောင်ကာ ရပ်နေကြကြောင်း ရန်ကုန်မြို့ခံတဦးက ပြောသည်။

“ခါတိုင်းရက်တွေက ဘုန်းကြီးတွေများတော့ များတယ်။ ဒီနေ့လိုတော့ မများဘူး။ လိုင်းကားတွေရပ်တဲ့မှတ်တိုင်မှာ ရပ်နေတာက ဆွမ်းခံဖို့သွားမှာမို့ ကားစောင့်တာလည်း ဖြစ်နိုင်တယ်လို့ ပြောလို့ရတယ်။ ဒါပေမယ့် အခုပုံစံက အဲဒီလိုကို မဟုတ်တာ။ ပြီးတော့ ကျောက်ရေတွင်း ခုံးကျော်တံတားနဲ့ ခုံးကျော်တံတား အနီးပတ်လည်မှာလည်း သံဃာတွေကို တွေ့နေရတယ်။ အရင်နေ့တွေနဲ့ မတူတာတော့ အမှန်ပဲ” ဟု ကျောက်ရေတွင်း ခုံးကျော်တံတားအနီးတွင် တာဝန်ကျနေသော ယာဉ်စည်းကမ်း ထိန်းသိမ်းရေး အရာထမ်းတဦးက ပြောပြသည်။

ရန်ကုန်တိုင်းအတွင်း ကျောင်းတိုက်များရှိ သံဃာတော်များကို အစိုးရဆန့်ကျင်မှုလုပ်ငန်းများတွင် ပါဝင်ပါက သံဃာများကို လူဝတ်လဲစေပြီး ထောင်ဒဏ် (၃) နှစ်ချမှတ်မည်ဟု မြို့နယ်အာဏာပိုင်များကတဆင့် အကြောင်းကြားထားကြောင်း မယ်လမု ဘုရားအနီး ကျောင်းတိုက်တခု၏ ဆရာတော်တပါးက မိန့်ကြားသည်။

တာမွေမြို့နယ် နတ်ချောင်းရပ်ကွက်အတွင်းရှိ ကျောင်းတိုက်များတွင်လည်း သံဃာတော်များကို အာဏာပိုင်များက အပြင်မထွက်ကြရန် တားမြစ်ထားကြောင်း မင်္ဂလာအေးကျောင်းတိုက်၏ ကျောင်းတိုက်တာဝန်ခံ ဘုန်းတော်ကြီးတပါးက မိန့်သည်။

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် ၂၀၀၇ ခုနှစ် စက်တင်ဘာလအတွင်းက ရွှေဝါရောင်တော်လှန်ရေးဖြစ်ပွားခဲ့ပြီး နောက်ပိုင်းတွင် အစိုးရက ဘုန်းတော်ကြီးကျောင်းများကို ယခုနှစ်တိုင် အထူးစောင့်ကြည့်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း ဗဟန်းမြို့နယ်အတွင်း ရှိ ဘုန်းတော်ကြီးကျောင်းတကျောင်းက ပြောသည်။

အဆိုပါကာလအတွင်း ပခုက္ကူမြို့၌ သံဃာတော်များ ငြိမ်းချမ်းစွာ မေတ္တာပို့လမ်းလျှောက်သည်ကို နအဖစစ်အစိုးရက ကြိုးတုပ်ဖမ်းဆီး ရိုက်နှက်ခဲ့သဖြင့် သံဃာတော်အားလုံးက သပိတ်မှောက်ကံဆောင်ခဲ့ကြသည်မှာ ယနေ့ထိတိုင် ကံသပိတ်မလှန်ရသေးပေ။ မြန်မာနိုင်ငံတွင် သံဃာတော်ဦးရေမှာ (၄) သိန်းကျော်ရှိသည်ဟု သိရသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးက မတရားဖမ်းဆီးထားသော သံဃာတော်များအား လွှတ်ပေးရန်နှင့် သံဃာတော်များအပေါ် နှိပ်စက် သတ်ဖြတ်စော်ကားမှုများကို စစ်အစိုးရအာဏာပိုင်များက ပြန်လည်တောင်းပန်ရန်နှင့် မလိုက်နာပါက တတိယအကြိမ် ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှောက်မည်ဟု ထုတ်ပြန်ထားသည့် ကြေညာချက်တစောင် အင်တာနက်များမှတဆင့် ပြန့်လွှင့်နေသည်။

အဆိုပါကြေညာချက်တွင် လာမည့် သီတင်းကျွတ်လဆန်း (၁၄) ရက်၊ (၂-၁၀- ၂၀၀၉)၊ နေ့လယ် (၁၂) နာရီနောက်ဆုံးထား၍ ဖမ်းဆီးထားသောသံဃာတော်များအား ပြန်လွှတ်ပေးရန်နှင့် သာသနာတော်အပေါ် စော်ကားထားမှုများကို စစ်အစိုးရအနေဖြင့် ၀န်ချတောင်းပန်ရန် တောင်းဆိုထားသည်။

တောင်းဆိုချက် (၂) ရပ်ကို မလိုက်နာပါက လာမည့် သီတင်းကျွတ်လပြည့် (၁၅) ရက်၊ (၃-၁၀-၂၀၀၉) တွင် မြန်မာတနိုင်ငံလုံးရှိ သံဃာတော်များနှင့် ပြည်ပနိုင်ငံအသီးသီးရှိ သံဃာတော်များ ပူးပေါင်းကာ နအဖစစ်အစိုးရနှင့် အပေါင်းပါများအား ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှောက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းပျိုသမဂ္ဂနှင့် သံဃသာမဂ္ဂီအဖွဲ့ဟူ၍ ဖော်ပြထားသည်။

Sunday, August 16, 2009

US Senator Meets Burma Leader and Aung San Suu Kyi

cncletterhead
Posted by Thawngsian Tung (CNC-Japan)
By Heda Bayron
Bangkok

US Senator Jim Webb’s meeting with Burma's opposition leader Aung San Suu Kyi in Rangoon, 15 Aug 2009
U.S. Senator Jim Webb made significant inroads on his visit to Burma Saturday, meeting separately with the head of Burma's ruling military government and the opposition leader Aung San Suu Kyi. Senator Webb also secured the release of an American jailed for visiting Aung San Suu Kyi.
Within hours of holding talks with Burma's leader General Than Shwe in the administrative capital Naypyitaw, Senator Jim Webb flew to Rangoon and met with democracy leader Aung San Suu Kyi at a government guest house.

Handout photo taken on 13 May 2009, provided by Myanmar News Agency shows US Citizen John William Yettaw in Rangoon
The unprecedented access to Aung San Suu Kyi comes just days after her house arrest was extended to another 18 months. She was convicted Tuesday of violating the terms of her house arrest after American John Yettaw swam uninvited to her lakeside villa in May and stayed for two days.
Webb secured the release of Yettaw, who had been sentenced to seven years in prison. Yettaw will leave Burma Sunday for Thailand together with the senator.
In a statement, Webb said he is grateful to Burma's government for honoring those requests. He says he hopes the U.S. and Burma could "take advantage of these gestures as a way to begin laying a foundation of goodwill and confidence-building in the future."

Senator Jim Webb’s meeting with Burma's Chairman of the State Peace and Development Council Senior Gen. Than Shwe, in Naypyidaw, 15 Aug 2009
Senator Webb became the first senior U.S. official to meet with the reclusive General Than Shwe. The Democrat senator is the chairman of the Senate Foreign Relations subcommittee on East Asia and Pacific Affairs. He has publicly expressed support for diplomacy, aimed at eventually lifting U.S. sanctions on Burma.
Both the White House and the State Department say Webb is not carrying any specific message from U.S. President Barack Obama.
Debbie Stothard, coordinator of the rights group, Alternative ASEAN Network on Burma in Bangkok says it is still unclear whether real political reforms in Burma will follow.
"General Than Shwe would have welcomed Senator Webb as an ally because Senator Webb has taken a public stand against US sanctions against the regime," she said. "He would have gone out of his way to grant Senator Webb a meeting with Aung San Suu Kyi."
"If we really want to see change, if we really want to see Senator Webb making a change on Burma, we've got to see the release of political prisoners and cessation of military hostilities against ethnic nationality groups," she added.

Senator Jim Webb’s meeting with Burmese Prime Minister General Thein Sein, 14 Aug 2009
Senator Webb also met with Prime Minister Thien Sein, Foreign Minister Nyan Win, the chairman of the State Constitution Drafting Commission Aung Toe and representatives from political parties, including Aung San Suu Kyi's National League for Democracy and state-affiliated social organizations.
Webb's visit has raised speculation of a policy shift in Washington toward the repressive state. The White House said prior to the meeting that Webb would convey "strong" U.S. views on Burma's political future.
Last month, Secretary of State Hillary Clinton said the release of Aung San Suu Kyi would open doors for an expansion in bilateral ties and U.S. investments in Burma. The U.S. has imposed economic sanctions on Burma's government, including an investment ban, because of the government's repressive policies.

အမေရိကန် အမတ် မြန်မာနိုင်ငံရောက်

cncletterhead
Posted by Thawngsian Tung (CNC-Japan)
By VOA News
ဒီမိုကရက်တစ်ပါတီဝင် အမေရိကန် အထက်လွှတ်တော်အမတ် ဂျင်မ် ၀က်ဘ် (Jim Webb) ဟာ ဒီကနေ့မှာ မြန်မာနိုင်ငံကို ရောက်သွားပါပြီ။ သူ့ရဲ့ မြန်မာနိုင်ငံ သုံးရက်ကြာ ခရီးစဉ်အတွင်း စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ တွေ့ဆုံမယ်ဆိုတဲ့ သတင်းတွေကလည်း ကျယ်ကျယ်ပြန့်ပြန့် ထွက်နေပါတယ်။ အပြည့်အစုံကို ဘန်ကောက်မြို့ကနေ ၀ိုင်းတော်သား ကိုကျော်ကျော်သိန်း က ဆက်သွယ် မေးမြန်းပြီး တင်ပြထားပါတယ်။

မစ္စတာ ဂျင်မ် ၀က်ဘ်ဟာ သာမန် အထက်လွှတ်တော် အမတ်တဦး သက်သက်မဟုတ်ဘဲ အထက်လွှတ်တော် နိုင်ငံခြား ရေးရာကော်မတီ၊ အရှေ့အာရှနဲပစိဖိတ်ရေး ကော်မတီခွဲရဲ့ ဥက္ကဋ္ဌလည်းဖြစ်ပါတယ်။ ဒီကော်မတီခွဲဟာ အရှေ့အာရှ၊ အရှေ့တောင်အာရှ၊ ပစိဖိတ်ကမ်းရိုးတန်းနိုင်ငံတွေ၊ သမုဒ္ဒရာတွင်းနိုင်ငံတွေနဲ့ အမေရိကန်ပြည်ထောင်စုကြား ဆက်ဆံရေး ကို စောင့်ကြပ် ကြည့်ရှုရပါတယ်။ ဒါ့အပြင် အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ ASEAN လို၊ အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ APEC လို အဖွဲ့အစည်းတွေနဲ့ပတ်သက်လို့လည်း စောင့်ကြပ်ကြည့်ရှုရပါတယ်။

မြန်မာနိုင်ငံဟာ ASEAN အဖွဲ့ဝင်နိုင်ငံတခုဖြစ်သလို မကြာသေးခင်က မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ်ချမှတ်လိုက်တာ၊ မတည်မငြိမ်ဖြစ်နေတဲ့ မြန်မာ့နိုင်ငံရေး အခြေအနေ၊ ဆယ်စုနှစ် တခုကျော်အတွင်း မြန်မာနိုင်ငံကို ပထမဆုံးလာတဲ့ အမေရိကန် ထိပ်တန်းနိုင်ငံရေးသမား စတဲ့အချက်တွေကြောင့် မစ္စတာဝက်ဘ်ရဲ့ မြန်မာနိုင်ငံခရီးစဉ်ဟာ အများ က စိတ်ဝင်တစား စောင့်ကြည့်ကြရတဲ့ ခရီးစဉ်ဖြစ်နေပါတယ်။

ဒီခရီးစဉ်အတွင်းမှာ မြန်မာစစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ တွေ့ဆုံဖို့ရှိတယ်လို့ မစ္စတာဝက်ဘ် ရဲ့ တရားဝင် အင်တာနက်စာမျက်နှာမှာ ထုတ်ပြန်ကြေညာထားပါတယ်။

မြန်မာနိုင်ငံက အဓိကနိုင်ငံရေးပါတီကြီးဖြစ်တဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုတော့ အရေးကြီးပုဂ္ဂိုလ်တယောက်နဲ့ တွေ့ဖို့ ရှိတယ်ဆိုပြီး ဒီကနေ့မှာ နေပြည်တော်ကိုလာဖို့ အာဏာပိုင်တွေက ဖိတ်ကြားထားတဲ့အကြောင်း NLD သတင်းနဲ့ ပြန်ကြားရေး အဖွဲ့ဝင်တဦးဖြစ်သူ ဦးအုန်းကြိုင်က ပြောပါတယ်။

“ကျနော် သိတာပြောရရင် ဂျင်မ်ဝက်ဘ် နဲ့ တွေ့တာမတွေ့တာ agenda ကို ကျနော် မသိဘူးခင်ဗျ။ မနေ့ကတုန်းက ကျနော်တို့ ဥက္ကဋ္ဌအိမ်ကို သက်ဆိုင်ရာက သွားပြီးတော့ ဖိတ်စာ ၄ စောင် ပို့ပါတယ်။ နံမည်တွေနဲ့ပါ။ တယောက်ကတော့ ဦးသန်းထွန်း၊ နောက်တယောက်က ဦးလှဖေ၊ နောက်တယောက်က ဦးစိုးမြင့်၊ နောက်တယောက်က ဦးညွှန့်ဝေ ပါ။ အဲဒီပုဂ္ဂိုလ်များကို နေပြည်တော်ကို ကြွရောက်ပါရန် ဆိုပြီးတော့ နေပြည်တော်ကို ဖိတ်ပါတယ်။ အဲဒီတော့ ဒီကနေ့ ၁၂နာရီ မှာ ထွက်ခွာဖို့ စီစဉ်ကြပါတယ်။ အဲဒီမှာ ဖိတ်စာထဲမှာဖော်ပြထားတာက အရေးကြီး ပုဂ္ဂိုလ်တဦးနဲ့ တွေ့ဆုံရန် ဆိုပြီးတော့ ဖော်ပြထားပါတယ်။ အဲဒါက ဒီနေ့ ကျနော်တို့ သုံးယောက် ထွက်ခွာသွားပါတယ်။ ဦးသန်းထွန်းရယ်၊ ဦးစိုးမြင့် ရယ်၊ ဦးညွှန့်ဝေ ရယ် ဖြစ်ပါတယ်။ ဦးလှဖေကတော့ ကျန်းမာရေးအရ အကြောင်းမညီညွတ်လို့ လိုက်ပါ မသွားနိုင်ပါဘူး။”

မစ္စတာဝက်ဘ်ဟာ မြန်မာနိုင်ငံအပေါ် ဒဏ်ခတ် ပိတ်ဆို့အရေးယူမှုတွေကို ကန့်ကွက်တဲ့သူ၊ အခု ဒီခရီးစဉ်အတွင်း မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး နိုင်ငံရေးအရ ဘာမှဖော်ပြပြောဆိုတာတွေ မရှိတဲ့အတွက် ဒီခရီးစဉ်အပေါ် စိတ်ဝင်စားမှုမရှိဘူး လို့ NLD ပြောရေး ဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ဗွီအိုအေကို အရင်ရက်မှာ ပြောထားဖူးပါတယ်။

ဘယ်သူနဲ့တွေ့ရမယ်မှန်းမသိရသေးဘဲ အခု နေပြည်တော်ကို သွားရောက်ကြတဲ့ NLD ခေါင်းဆောင်တွေအနေနဲ့တော့ သူတို့ရဲ့ နိုင်ငံရေးရည်တည်ချက်အတိုင်း ဆွေးနွေးသွားမယ်လို့ ဦးအုန်းကြိုင်ကပြောပါတယ်။

“အဓိက ၂ ကြောင်းပဲ ဖြစ်ပါတယ်။ တကြောင်းကတော့ လက်ရှိ အဲန်အယ်လ်ဒီ ရဲ့ နိုင်ငံရေး အထွေထွေ အခြေအနေ အပေါ်မှာ ရပ်တည်ထားချက်ပေါ့လေ။ နောက်တခုကတော့ အခု အရေးပေါ်ဖြစ်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ် ချမှတ်ထားခြင်းကနေ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် အမြန်ဆုံး ထုတ်ပြန်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို အမျိုးသားပြန်လည်သင့်မြတ်ရေးကို ရှေ့ရှုပြီးတော့ အမြန်ဆုံး လွှတ်ပေးဖို့ အဓိက ထားပြီးတော့ ပြောပါမယ်လို့ အဲဒီလို ကျနော်တို့ကို ပြောသွားပါတယ်။”

NLD သတင်းနဲ့ပြန်ကြားရေးအဖွဲ့ဝင် ဦးအုန်းကြိုင်ပါ။

မစ္စတာဝက်ဘ်ဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ တွေ့တဲ့အချိန်မှာ ထောင်ဒဏ် ၇ နှစ် ချမှတ်ခံထားရတဲ့ အမေရိကန်နိုင်ငံသား ဂျွန် ၀ီလီယမ် ယက်တောကို ပြန်လွှတ်ပေးဖို့ ပြောဆိုမယ်လို့ ခန့်မှန်းထားတယ်ဆိုပြီး ရန်ကုန်ကလာတဲ့ DPA သတင်းတပုဒ် မှာ ဖော်ပြ ထားပါတယ်။

မြန်မာပြည်တွင်း ဒီမိုကရေစီရေး လှုပ်ရှားသူတွေကတော့ ဒီခရီးစဉ်နဲ့ပတ်သက်လို့ မစ္စတာဝက်ဘ် ဆီကို မကြာသေးခင် ရက်ပိုင်းက အိတ်ဖွင့်ပေးစာတစောင် ပေးပို့ပြီး သတိပေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသား၂,၁၀၀ကျော်ကို မတရားအကျဉ်းချထားတာ၊ နိုင်ငံသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်တာတွေ၊ တိုင်းရင်းသားလူမျိုးစုတွေအပေါ်ကြီးမားကျယ်ပြနြ့်ပီး အဆက်မပြတ်တဲ့အနိုင်ကျင့် တိုက်ခိုက်မှုတွေကို လာရောက်အတည်ပြုပေးတာအဖြစ် စစ်အစိုးရအနေနဲ့လှည့်ဖျားဝါဒဖြန့်ချိမှာကိုစိုးရိမ်တဲ့အကြောင်း အိတ်ဖွင့်ပေးစာပေးပို့ခဲ့ကြတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့၊ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့နဲ့ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်တို့က ပြောထားပါတယ်။

မစ္စတာဝက်ဘ်ဟာ ဒီကနေ့မှာ နေပြည်တော်၊ မနက်ဖြန် စနေနေ့မှာ ရန်ကုန်ကိုရောက်မှာဖြစ်ပြီး တနင်္ဂနွေနေ့ထိ မြန်မာနိုင်ငံမှာ ရှိနေမယ်လို့ သိရပါတယ်။

Wednesday, August 12, 2009

ဂျပန်နိုင်ငံခြားရေးရုံးရှေ့တွင် ဆန္ဒပြပွဲ ထပ်မံကျင်းပ

cncletterhead
Posted by Thawngsian Tung (CNC-Japan)



Photos : Lian Khan Sum(CNC-Japan)

ဂျပန် မြန်မာသံရုံးရှေ့တွင် ဆန္ဒပြပွဲ ပြုလုပ်

cncletterhead
Posted by Thawngsian Tung (CNC-Japan)



Photos : Lian Khan Sum(CNC-Japan)

လုံခြုံရေးကောင်စီမှာ မြန်မာ့အရေး ထုတ်ပြန်ချက် မူကြမ်းဆွေးနွေး

cncletterhead
Posted by Thawngsian Tung (CNC-Japan)
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အခုလို ထောင်ဒဏ် ၃ နှစ် တရားရုံးက ပြစ်ဒဏ်ချမှတ်လိုက်တဲ့အပေါ် နယူးယောက် ကုလသမဂ္ဂ ဌာနချုပ်မှာ လုံခြုံရေးကောင်စီ တံခါးပိတ် အစည်းအဝေးတရပ် ခေါ်ယူကျင်းပခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ လုံခြုံရေးကောင်စီ သဘောထားထုတ်ဖို့ မူကြမ်း ညှိနှိုင်းခဲ့ကြပါတယ်။ အကြောင်းစုံကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

လုံခြုံရေးကောင်စီရဲ့ ပုံမှန်အချိန်ဇယားအတိုင်း မဟုတ်ဘဲ အရေးပေါ်ခေါ်ယူတဲ့ အစည်းအဝေး ဖြစ်ပါတယ်။ ဒါကြောင့်လည်း တက်လာတဲ့ နိုင်ငံအချို့က ဒီမူကြမ်းကို အတည်ပြုဖို့ သူတို့ကိုယ်တိုင် အဖြေမပေးနိုင်ဘဲ သက်ဆိုင်ရာနိုင်ငံ အစိုးရနဲ့ ညှိနှိုင်းရမှာ ဖြစ်တာမို့ မြန်မာ့အရေး လုံခြုံရေးကောင်စီ အစည်းအဝေးကို ဒီကနေ့မှာ ဆက်လုပ်ဖို့ ချိန်းထားကြပါတယ်။ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက် (Resolution) တော့မဟုတ်ဘဲ အလှည့်ကျဥက္ကဋ္ဌ ကြေညာချက် (statement) အဖြစ် ထုတ်ပြန်ဖို့ အမေရိကန် ပြည်ထောင်စုက ဦးဆောင်တင်သွင်းထားတာပါ။ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်ပြည်ထောင်စု အမြဲတမ်းကိုယ်စားလှယ် ဆူဇန် ရိုက်စ် (Susan Rice) ကတော့ အဖွဲ့ဝင်နိုင်ငံတွေကြားမှာ အခြား မတူညီတဲ့ သဘောထားတွေ ရှိမယ်ဆိုတာ သဘောပေါက်ပေမယ့် လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ စံနှုန်းစံထားဆိုင်ရာနဲ့ ကုလသမဂ္ဂ ပဋိညာဉ် အခြေခံမူ ကိစ္စတရပ်အနေနဲ့ အခုအခြေအနေကို ဆွေးနွေးတိုင်ပင်ကြရမယ်လို့ အစည်းအဝေးမတိုင်ခင် ပြောသွားပါတယ်။

“ဒေါ်အောင်ဆန်းစုကြည် အမြန်ဆုံး လွတ်မြောက်ပြီး နိုင်ငံရေး လုပ်ငန်းစဉ်တွေမှာ ပါဝင်လာစေရေးအတွက် အခုလို သူမကို ပြစ်ဒဏ်ချမှတ်လိုက်တဲ့ အပေါ်မှာ လုံခြုံရေးကောင်စီ အနေနဲ့ ကြေညာချက်တရပ် ထုတ်ပြန်နိုင်ဖို့ အမေရိကန်နိုင်ငံက အခြားနိုင်ငံတွေနဲ့အတူ မူကြမ်းတင်သွင်းမှာ ဖြစ်ပါတယ်။ လုံခြုံရေးကောင်စီ အဖွဲ့ဝင်တွေကြားမှာ မတူညီတဲ့ အမြင်တွေ ရှိနိုင်တယ်ဆိုတာ သဘောပေါက်ပါတယ်။ ဒါပေမယ့်လည်း လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေး စံနှုန်းစံထားတွေ၊ ကုလသမဂ္ဂ ပဋိညာဉ် အခြေခံမူတွေအရ ဒီကိစ္စကို ဆွေးနွေးပြီး အခြေခံမူဝါဒ သဘောထားတရပ်အနေနဲ့ ချမှတ်ဖို့ ကြိုးစားသွားပါမယ်။”

လက်ရှိမူကြမ်းအပေါ် နိုင်ငံအားလုံးက ထောက်ခံဖွယ်ရှိတယ်လို့ လုံခြုံရေးကောင်စီ လက်ရှိဥက္ကဋ္ဌ ဗြိတိန် အမြဲတမ်းကိုယ်စားလှယ် ဂျွန် ဆောဝါးစ် (John Sawers) က ပြောပါတယ်။

“ဒီကနေ့ ဆွေးနွေးချက်တွေအရ လုံခြုံရေးကောင်စီရဲ့ ထုတ်ပြန်ချက်မူကြမ်းကို အဖွဲ့ဝင်နိုင်ငံတွေအကြား သဘောတူညီကြမယ့် အလားအလာ၊ အတည်ပြုနိုင်မယ့် အလားအလာ ရှိပါတယ်။ ဒါပေမယ့်လည်း ကိုယ်စားလှယ်အချို့က သူတို့ သက်ဆိုင်ရာ အစိုးရတွေဆီက အကြံဉာဏ်ယူ ညှိနှိုင်းလိုတယ်လို့ ပြောပါတယ်။ အဲတော့ မနက်ဖြန် ဆက်ပြီး ဆွေးနွေးမှာပါ။”

ဒီမူကြမ်းထဲမှာတော့ ထူးထူးထွေထွေ မတွေ့ရပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို အခုလို အမိန့်ချလိုက်တဲ့အပေါ် လုံခြုံရေးကောင်စီက ရှုတ်ချကန့်ကွက်ပြီး ဒီအခြေအနေကြောင့် မြန်မာနိုင်ငံ အခြေအနေအတွက် အလွန်အမင်း စိုးရိမ်မိတယ်လို့ ဖော်ပြထားပါတယ်။ ကျန်တာတွေကတော့ အရင်တောင်းဆိုချက်တွေ အတိုင်းပါ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ဖို့၊ မြန်မာနိုင်ငံ နိုင်ငံရေးလုပ်ငန်းစဉ်တွေကို အများက လက်ခံယုံကြည်နိုင်မယ့် အခြေအနေရှိအောင် ဖန်တီးဖို့ ဆိုတာတွေပါ။ တဖက်မှာတော့ မြန်မာနိုင်ငံရဲ့ အနာဂတ်ဟာ မြန်မာပြည်သူတွေ အပေါ်မှာပဲ မူတည်တယ်၊ ဒါကြောင့် အနာဂတ်ကို တည်ဆောက်နိုင်ဖို့ ဒီလူတွေ လွတ်လွတ်လပ်လပ် လုပ်ကိုင်ဆောင်ရွက်ခွင့် ရှိရမယ်လို့ ဖော်ပြပါတယ်။ ပြင်သစ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ယန်း ပြဲ လာခရို (Jean Pierre Lacroix) ကတော့ အခုလို ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်ချမှတ်တာဟာ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို ချိုးဖောက်လိုက်တာ ဖြစ်တယ်လို့ စွပ်စွဲသွားပါတယ်။

“အခုစီရင်ချက်ဟာ လုံခြုံရေးကောင်စီရဲ့ တောင်းဆိုချက်တွေအပေါ် ချိုးဖောက်လိုက်တယ်ဆိုတာ ရှင်းနေပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ဖို့၊ အားလုံးပါဝင်နိုင်တဲ့ နိုင်ငံရေးလုပ်ငန်းစဉ် ဖြစ်ဖို့ လုံခြုံရေးကောင်စီ အနေနဲ့ ဆုံးဖြတ် တောင်းဆိုထားတာပါ။”

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အကြံပေးပုဂ္ဂိုလ် အီဘရာဟင်မ် ဂမ်ဘာရီ (Ibrahim Gambari) ကတော့ အခုဖြစ်ရပ်အပေါ် အလွန်တရာ စိတ်ပျက်မိတယ်လို့ ဗွီအိုအေကို ပြောခဲ့ပါတယ်။

“ကျနော်တို့ မျှော်လင့်ထားတာက ပထမအချက် တရားရုံးတင် စစ်ဆေးဖို့အထိ ဖြစ်မလာဘူး၊ ဒုတိယအချက် ဒီစွဲဆိုချက်တွေကို ပလပ်လိုက်မယ်၊ တတိယအချက် ဒေါ်အောင်ဆန်းစုကြည်မှာ အပြစ်မရှိကြောင်း ဆုံးဖြတ်မယ် ဆိုတာတွေပါ။ ဒါပေမယ့်လို့ ဒါတွေအားလုံး ဖြစ်မလာပါဘူး။ ဒါကြောင့် အရမ်းကို စိတ်ပျက်ရပါတယ်။”

ဒါဟာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ကိုယ်တိုင် ကမ်းလှမ်းထားချက်တွေ၊ အပေးအယူကိစ္စတွေ၊ အကြံပြုချက်တွေကို မြန်မာအစိုးရဘက်က ပယ်ချလိုက်တာ ဖြစ်တယ်လို့လည်း မစ္စတာဂမ်ဘာရီက ပြောခဲ့ပါတယ်။ အခု တရားခွင် အခြေအနေတွေ မတိုင်ခင်က အနေအထားထက်ကို မြန်မာ့နိုင်ငံရေး အခြေအနေဟာ နောက်ပြန်ရောက်သွားတယ်လို့ မစ္စတာဂမ်ဘာရီက ယူဆပါတယ်။ ဒါပေမယ့်လည်း ဒေါ်အောင်ဆန်းစုကြည် လွတ်လာနိုင်ခြေရှိပြီး နိုင်ငံရေးမှာ ပြန်လည်ပါဝင်နိုင်ဖို့ သူ့အနေနဲ့ မျှော်လင့်နေတုန်းပါ။

“အခုကိစ္စမှာ ပြန်ပြီး အယူခံနိုင်တဲ့ အခြေအနေ ရှိနေတုန်းပါ။ လွတ်ငြိမ်းချမ်းသာခွင့်ဆိုတဲ့ အလားအလာလည်း ရှိပါတယ်။ ဒါတွေ ဖြစ်လာလိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်နေပါတယ်။”

မစ္စတာဂမ်ဘာရီ ဗွီအိုအေကို ပြောခဲ့တာ ဖြစ်ပါတယ်။

အတွင်းရေးမှူးချုပ်အနေနဲ့ ခိုင်းမယ်ဆိုရင် သူ့အနေနဲ့ မြန်မာနိုင်ငံကို ထပ်သွားလိုတယ်၊ သူ့လုပ်ငန်းစဉ်ဟာ မပြီးပြတ်သေးဘူး၊ ဆက်ရှိနေတုန်းပဲလို့လည်း မစ္စတာဂမ်ဘာရီက ပြောပါတယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ထုတ်ပြန်ချက်ကတော့ အတည်ပြု ကျလာနိုင်ဖွယ် ရှိပါတယ်။ ဒါပေမယ့် မြန်မာအစိုးရအနေနဲ့ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တွေ၊ ထုတ်ပြန်ချက်တွေ၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မေတ္တာရပ်ခံချက်တွေအပေါ် ဘယ်လောက်အထိ လေးစားလိုက်လျောမလဲ ဆိုတာ စဉ်းစားစရာပါ။

လုံခြုံရေးကောင်စီရဲ့ ပြီးခဲ့တဲ့ ဆုံးဖြတ်ချက်တွေအပေါ် မြန်မာအစိုးရဘက်က လိုက်နာတာမျိုး ဒီအချိန်အထိ ဘာမှ မတွေ့ရသေးပါဘူး။ နိုင်ငံရေးလှုပ်ရှားသူတွေကို ဖမ်းမြဲဖမ်း၊ ထောင်ချမြဲထောင်ချ၊ တိုင်းရင်းသားတွေကိုလည်း ဖိအားပေး၊ နိုင်ငံရေး လမ်းပြမြေပုံကို သူတဦးတည်း ဇွတ်တရွတ်လုပ်နေတော့ မစ္စတာဂမ်ဘာရီ ပြောသလိုပဲ အခြေအနေက နောက်ကိုဆုတ်နေတယ်လို့ ယူဆစရာ ရှိပါတယ်။

မြန်မာနိုင်ငံအပေါ် အမေရိကန်မူဝါဒ တင်းမာလာဖွယ်ရှိ

cncletterhead
Posted by Thawngsian Tung (CNC-Japan)
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ကန့်သတ်မိန့် ချိုးဖောက်မှုနဲ့ မြန်မာစစ်အစိုးရ တရားရုံးက မနေ့က ထောင်ဒဏ် ၃ နှစ် ပြစ်ဒဏ်ချမှတ်ခဲ့တဲ့အတွက် မြန်မာနိုင်ငံအပေါ် အမေရိကန်ရဲ့ မူဝါဒတွေ ပိုပြီးတော့ တင်းမာလာမယ့် အလားအလာ ရှိနေပါတယ်။ အခုလို ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်တာဟာ စစ်အစိုးရဘက်က အခွင့်အလမ်းကောင်းတရပ် ဆုံးရှုံးသွားပြီလို့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနရဲ့ အရှေ့တောင်အာရှရေးရာ ညွှန်ကြားရေးမှူး စတီဗင် ဘလိတ် (Stephen Blake) က ပြောခဲ့တာပါ။ မစ္စတာ ဘလိတ်ကို ဒီကနေ့ပဲ ဗွီအိုအေ မြန်မာပိုင်းကနေ မခင်ဖြူထွေးက သီးသန့် ဆက်သွယ်မေးမြန်းခွင့် ရခဲ့ပါတယ်။

အခုလို မြန်မာစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်တာနဲ့ ပတ်သက်လို့ အမေရိကန်အနေနဲ့ ဘယ်လိုမြင်ပါသလဲရှင့်။

“နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) ပြောခဲ့သလိုပါပဲ၊ အမေရိကန်အနေနဲ့ အခုကိစ္စကို အထူးစိုးရိမ်ပါတယ်။ ဖြစ်ရပ်တခုလုံးကို ကြည့်ရင် ဒီအမှုက လုံးဝ လက်ခံနိုင်စရာ မရှိပါဘူး။ ဟိုးအစကတည်းက ဒေါ်အောင်ဆန်းစုကြည်ဟာ အပြစ်မရှိဘဲ ထိန်းသိမ်းခံနေရတာပါ။ ဒီလိုမျိုး အမှုရင်ဆိုင်စရာ အကြောင်းလည်း မရှိပါဘူး။ ဒါကြောင့် အခုဖြစ်ရပ်က လုံးဝကို မဖြစ်သင့်တဲ့ ကိစ္စပါ။”

အခုလို လက်မခံနိုင်စရာ ဖြစ်လာတယ်ဆိုတော့ အမေရိကန် အစိုးရအနေနဲ့ မြန်မာနိုင်ငံအပေါ်မှာ ချမှတ်ထားတဲ့ မူဝါဒတွေကို အခုထက်ပိုပြီး တင်းကျပ်သွားဖို့ရော ရှိပါသလား။

“မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အမေရိကန်ရဲ့ မူဝါဒတွေကို ပြန်လည်သုံးသပ်နေတယ်ဆိုတာ ခင်ဗျားတို့လည်း သိမှာပါ။ ဒီကိစ္စနဲ့ ပတ်သက်လို့ အမေရိကန် အကြီးတန်း အစိုးရအရာရှိတွေအကြား မကြာခင် ဆွေးနွေးမှုတွေ လုပ်သွားဖို့ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အပေါ် ဘယ်လိုပြစ်ဒဏ် ချမှတ်လိုက်တယ် ဆိုတာကို ကျနော်တို့ သိရတယ် ဆိုပေမယ့်လည်း အခုပဲ သိရတာဆိုတော့ အမေရိကန်အနေနဲ့ ဘယ်လို မူဝါဒမျိုးတွေ ချမှတ်မယ် ဆိုတာကိုတော့ လောလောဆယ် ကျနော့်အနေနဲ့ သေချာ မပြောနိုင်သေးပါဘူး။ မြန်မာနိုင်ငံကိစ္စကို ကျနော်တို့ အနီးကပ် စောင့်ကြည့်နေတာပါ။

“တကယ်လို့ မြန်မာစစ်အစိုးရအနေနဲ့ အပြောင်းအလဲတွေ လုပ်မယ်ဆိုရင် အမေရိကန်ဘက်က အကူအညီတွေနဲ့ လက်ကမ်းကြိုဖို့ အသင့်ရှိတယ် ဆိုတာကို အရင်ကလည်း ကျနော်တို့ ပြောခဲ့ပြီးသားပါ။ ဒါပေမယ့် အခု ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ်ချမှတ်လိုက်တယ် ဆိုတော့ မြန်မာစစ်အစိုးရ အနေနဲ့ အခွင့်အလမ်းကောင်းတခု လက်လွတ်ဆုံးရှုံး လိုက်တာပါပဲ။ အခုကိစ္စကို အမေရိကန် ပြည်ထောင်စုတင် မကဘဲ ကမ္ဘာကြီးတခုလုံးက အလွန်အမင်း စိုးရိမ်နေကြတာပါ။ ကမ္ဘာတ၀န်းက ထုတ်ပြန်တဲ့ ကြေညာချက်တွေကို ကြည့်ရင် သိနိုင်ပါတယ်။”

မြန်မာစစ်အစိုးရကို ဖိအားပေးတဲ့နေရာမှာ ဒေသတွင်း နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ အမေရိကန်နိုင်ငံက အရင်ကတည်းက ပြောဆိုနေတာ ရှိပါတယ်။ ဒီနေရာမှာ မြန်မာစစ်အစိုးရအပေါ် သြဇာလွှမ်းမိုးနိုင်ဆုံးလို့ အများက ယူဆထားတဲ့ အိမ်နီးချင်း တရုတ်နိုင်ငံကိုရော အမေရိကန်အနေနဲ့ မြန်မာနိုင်ငံကိစ္စအတွက် ဘယ်လိုမျိုး ချဉ်းကပ်ဆောင်ရွက်သွားဖို့ ရှိပါသလဲ။

“ကျနော်တို့ အနေနဲ့ကတော့ မြန်မာ့နိုင်ငံရေး ပြဿနာနဲ့ ပတ်သက်လို့ ဒေသတွင်းနိုင်ငံတွေ အားလုံးနဲ့ စကားပြောနေတာပါ။ ဒီအတိုင်း ဆက်ပြီးတော့ ဆွေးနွေးမှုတွေ လုပ်သွားမှာပါ။ ဒေါ်အောင်ဆန်းစုကြည်ကို စပြီး ရုံးတင်စစ်ဆေးမှုတွေ လုပ်ကတည်းက နိုင်ငံတွေ အတော်များများနဲ့ ကျနော်တို့ ဆွေးနွေးပြီးတော့ မြန်မာ့အရေးမှာ သူတို့ရဲ့ စိုးရိမ်မှုတွေကို ပြကြဖို့ ပြောနေတာပါ။ ဒီအတိုင်းပဲ ကျနော်တို့ ဆက်ပြီးလုပ်သွားမှာပါ။ မြန်မာ့အရေး ချဉ်းကပ်ဆောင်ရွက်တဲ့ နေရာမှာ ဘယ်နိုင်ငံကိုမှ ကျနော်တို့ ချန်ထားခဲ့မှာ မဟုတ်ပါဘူး။ လာမယ့်ရက်ပိုင်းအတွင်း မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ဆွေးနွေးမှုတွေ လုပ်ဖို့ရှိတယ် ဆိုတာကို စောစောက ကျနော် ပြောခဲ့ပါတယ်။

“ဒီလို အမေရိကန်အစိုးရ အရာရှိတွေအကြား ဆွေးနွေးမှုတွေအပြင် မြန်မာ့အရေး စိတ်ဝင်စားကြတဲ့ ကမ္ဘာအ၀န်းက တခြားနိုင်ငံတွေနဲ့လည်း ကျနော်တို့ ဆွေးနွေးမှုတွေ လုပ်သွားမှာပါ။ သူတို့ရဲ့ သဘောထားတွေကို နားထောင်ပြီးတော့ ကျနော်တို့ရဲ့ သဘောထားတွေကိုလည်း သူတို့ သိစေရပါမယ်။ အဲဒီကနေမှ ဘယ်လို ရှေ့ဆက်ပြီးတော့ အကောင်းဆုံးဖြစ်အောင် ကြိုးစားကြမယ် ဆိုတာကို သိရမှာပါ။ ဒါကြောင့် လာမယ့်ရက်ပိုင်းတွေအတွင်း၊ သီတင်းပတ်နဲ့ ချီပြီးတော့လည်း ကြာကောင်းကြာနိုင်ပါတယ်၊ အဲဒီအချိန်အတွင်း ဘယ်လို ရှေ့ဆက် ဆောင်ရွက်သင့်တယ် ဆိုတာကို အဖြေထွက်လာပါလိမ့်မယ်။”

ဒေါ်အောင်ဆန်းစုကြည် ခြံဝင်းထဲကို တိတ်တဆိတ် ရေကူးဝင်ရောက်ခဲ့တဲ့ အမေရိကန် နိုင်ငံသား မစ္စတာယက်တော ကိုလည်း အခု မြန်မာစစ်အစိုးရက ထောင်ဒဏ် ၇ နှစ် ချမှတ်လိုက်ပါပြီ။ သူ့ရဲ့ ကျန်းမာရေး အခြေအနေကလည်း စိုးရိမ်ရတယ်လို့ ပြောနေကြပါတယ်။ အမေရိကန်အနေနဲ့ မစ္စတာယက်တော ပြန်လွတ်လာအောင် ကြိုးပမ်းဖို့ရော ရှိပါသလားရှင့်။

“မစ္စတာယက်တောကို အခုလို ပြစ်ဒဏ်ချမှတ်လိုက်တယ် ဆိုတာကိုလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး သိရသလိုပါပဲ၊ သိပ်မကြာခင်လေးကမှ သိရတာပါ။ သူ့ကိစ္စအတွက်လည်း ကျနော်တို့ အနီးကပ် စောင့်ကြည့်နေပါတယ်။ လောလောဆယ်တော့ ရန်ကုန်မြို့မှာရှိတဲ့ ကျနော်တို့ သံရုံးက သူ့နဲ့ပတ်သက်တဲ့ ကိစ္စအ၀၀ကို ကူညီဆောင်ရွက်ပေးနေပါတယ်။ သူ့ကို ပြင်းပြင်းထန်ထန် ပြစ်ဒဏ်ချမှတ်လိုက်တဲ့အပေါ် အလွန်အမင်း စိုးရိမ်မကင်း ဖြစ်တဲ့အကြောင်းလည်း ကျနော်တို့ ပြောခဲ့ပါတယ်။ အထူးသဖြင့် သူ ကျန်းမာရေးမကောင်း ဖြစ်နေချိန်မှာ ကျနော်တို့ ပိုပြီးတော့ စိုးရိမ်မိပါတယ်။ ဒါကြောင့် သူ့အတွက်လည်း ကျနော်တို့ အနီးကပ် စောင့်ကြည့်နေပါတယ်။ သူ့ရှေ့နေကလည်း အဲဒီလိုပဲ ဖြစ်မှာပါ။ သူ့အတွက် အကောင်းဆုံးနည်းလမ်းတွေ ရှာဖွေကြိုးပမ်းနေမှာပါ။”

အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနရဲ့ အရှေ့တောင်အာရှရေးရာ ညွှန်ကြားရေးမှူး စတီဗင် ဘလိတ်ကို မေးမြန်းဆက်သွယ်ခဲ့တာ ဖြစ်ပါတယ်။

အခုလို မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အမေရိကန်ရဲ့ မူဝါဒတွေ ပြန်လည်သုံးသပ်နေချိန်မှာ မြန်မာစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်ချမှတ်လိုက်တာပါ။ ဒါကြောင့် အမေရိကန် အပါအ၀င် ကမ္ဘာတ၀န်းက မြန်မာစစ်အစိုးရကို ပြစ်တင်ရှုတ်ချနေကြသလို မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အမေရိကန်ရဲ့ မူဝါဒတွေ အခုထက်ပိုပြီးတော့ တင်းမာလာမယ့် သဘောလည်း ရှိနေပါတယ်။

Thursday, August 6, 2009

မြန်မာနိုင်ငံအခြေအနေ ကုလအတွင်းရေးမှူးချုပ် ရှင်းလင်း

cncletterhead
Posted by Thawngsian Tung (CNC-Japan)
Source : khitpyaing
မြန်မာစစ်အစိုးရအာဏာပိုင်များက ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးမှု ရှိမရှိဆိုသည်ကို နိုင်ငံတကာအသိုင်းအ၀န်းက အသေအချာစောင့်ကြည့်နေကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက ပြောကြားသည်။

မြန်မာနိုင်ငံ တိုးတက်မှုအခြေအနေများနှင့်ပတ်သက်၍ နိုင်ငံပေါင်း (၁၄) နိုင်ငံနှင့် ဒေသတွင်းအုပ်စုတခု ပါဝင်သည့် မြန်မာ့မိတ်ဆွေများအဖွဲ့နှင့် နယူးယောက်၊ ကုလသမဂ္ဂရုံးချုပ်တွင် ပြုလုပ်သည့် ယမန်နေ့အစည်းအဝေးတွင် ယင်းသို့ပြောကြားလိုက်ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံအနာဂတ်တွင် အရေးကြီးသည့် အခြေခံကိစ္စရပ်များအတွက် နိုင်ငံတကာအသိုင်းအ၀န်း၏ စိုးရိမ်ပူပန်မှုများ၊ မျှော်လင့်ချက်များ တိုက်တွန်းအားပေးမှုများကို မြန်မာအစိုးရအနေဖြင့် အပြုသဘောဖြင့် အချိန်မီတုံ့ပြန်သည်ကို မြန်မာ့မိတ်ဆွေနိုင်ငံများက မြင်လိုကြကြောင်း မစ္စတာဘန်ကီမွန်းက သတင်းထောက်များကို ပြောကြားခဲ့သည်။

ပြီးခဲ့သည့်လအတွင်း မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သည့် ၎င်း၏ခရီးစဉ်အတွင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တွေ့ဆုံရာတွင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွှတ်ပေးရန်၊ အစိုးရနှင့် အတိုက်အခံအကြား ခိုင်မာသည့် တွေ့ဆုံဆွေးနွေးရေး ပြုလုပ်ရန်နှင့် ၂၀၁၀ ရွေးကောက်ပွဲကို စစ်မှန်သည့် ရွေးကောက်ပွဲဖြစ်စေမည့် အခြေအနေများ ဖန်တီးပေးရန်ဆိုသည့် အချက်သုံးချက်ကို အဓိကတောင်းဆိုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏အမှုအား စီရင်ချမည့်ကိစ္စနှင့်ပတ်သက်၍လည်း မြန်မာစစ်အစိုးရအနေဖြင့် အသေအချာစဉ်းစား လုပ်ဆောင်ရန်နှင့် ယင်းအခြေအနေသည် ဒေါ်အောင်ဆန်းစုကြည်အား ပြန်လွှတ်ပေးရန် အခွင့်အရေးတရပ်ရရှိခြင်း ဖြစ်သည်ဟုလည်း နိုင်ငံတကာအသိုင်းအ၀န်းက မျှော်လင့်နေကြကြောင်း မစ္စတာဘန်ကီမွန်းကပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏အမှုအား စီရင်ချက်ချရန် ပြီးခဲ့သည့်သောကြာနေ့က ရုံးချိန်းတင်ခဲ့သော်လည်း ယခုလ (၁၁) ရက်သို့ အင်းစိန်အထူးတရားရုံးမှ ရက်ရွှေ့ပြောင်းခဲ့သည်။

မြန်မာနိုင်ငံတွင် ရင်ဆိုင်နေရသည့် အဓိကစိမ်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းနိုင်ရန်အတွက် နိုင်ငံတကာအသိုင်းအ၀ိုင်း၏ ထိရောက်သည့် စုပေါင်းကူညီမှုသည် အရေးကြီးသကဲ့သို့ လိုအပ်လျက်ရှိကြောင်းလည်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က အစည်းအဝေးတွင် အလေးထားပြောကြားသွားသည်။

မြန်မာနိုင်ငံနှင့်ပတ်သက်သည့် ကုလသမဂ္ဂ၏ကြိုးပမ်းဆောင်ရွက်ချက်များကို ဆွေးနွေးညှိနှိုင်းရာတွင် ဆွေးနွေးဖက်နိုင်ငံများမှာ သြစတြေးလျ၊ တရုတ်၊ ဥရောပသမဂ္ဂ၊ ပြင်သစ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဂျပန်၊ နော်ဝေး၊ ရုရှ၊ စင်ကာပူ၊ တောင်ကိုရီးယား၊ ထိုင်း၊ ဗြိတိန်၊ အမေရိကန်ပြည်ထောင်စုနှင့် ဗီယက်နမ်နိုင်ငံတို့ ပါဝင်ကြသည်။

ရှေ့လာမည့်လတွင် ကုလသမဂ္ဂအထွေထွေညီလာခံ ကျင်းပမည်ဖြစ်ပြီး မြန်မာနိုင်ငံနှင့်ပတ်သက်၍လည်း သီးခြားဆွေးနွေးကြရန်ရှိသည်ဟု သိရသည်။

Monday, August 3, 2009

GLOBAL ACTION FOR BURMA

cncletterhead
Posted by Thawngsian Tung (CNC-Japan)
17832417-Gab