Saturday, January 30, 2010

ဒေါ်အောင်ဆန်းစုကြည်လွှတ်ဖို့ အမေရိကန်တို့ လိုလား

cncletterhead


မြန်မာစစ်အစိုးရ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦး က အစည်းအဝေးတခုအတွင်း ပြောခဲ့တဲ့ မှတ်ချက်နဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်က ဒါဟာ သူ့အပေါ် ချမှတ်ထားတဲ့ ထောင်ဒဏ်နဲ့ပတ်သက်ပြီး ပြင်ဆင်ချက် လျှောက်ထားတဲ့အပေါ် ဆုံးဖြတ်ချက် မချရသေးခင် တရားရုံးချုပ်ရဲ့ လုပ်ပိုင်ခွင့်ကို ထိခိုက်နိုင်တယ်လို့ ပြောဆိုလိုက်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် ကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့ မကြာသေးခင်ကပဲ ပြောဆိုခဲ့ပါတယ်။

"ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ အမြန်ဆုံး လွတ်မြောက်လာတာကို မြင်ချင်ပါတယ်။ မြန်မာနိုင်ငံနဲ့ ပိုပြီးကောင်းမွန်တဲ့ နှစ်နိုင်ငံဆက်ဆံရေး ထူထောင်ချင်ပြီး အဲဒီအလားအလာတွေကိုလည်း ကမ်းလှမ်းခဲ့ပါတယ်။ ဒါပေမဲ့ အာဏာရှင် အုပ်ချုပ်ရေးကာလကနေ၊ အထီးကျန်ဖြစ်နေတဲ့ အခြေအနေကနေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေရာကနေ ပြောင်းလဲဖို့ အဆင်သင့်ရှိတယ် ဆိုတာကိုပြတဲ့ တိုးတက်မှုမျိုးတွေကို မြင်ရဖို့ တကယ့်ကို မျှော်လင့်နေ ပါတယ်။ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးကောင်းအောင် လုပ်ဖို့နဲ့ အကူအညီတွေပေးဖို့ အမေရိကန်ပြည်ထောင်စုက အဆင်သင့်ရှိပါတယ်။ ဒါပေမဲ့ အထောက်အထားတချို့ကို အရင်ဆုံးကြည့်ရမှာဖြစ်တယ်၊" - လို့ ဟီလာရီ ကလင်တန် က ပြောသွားပါတယ်။

ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာရောက်နေတဲ့ နိုင်ငံခြားရေးဝန်ကြီး ကလင်တန် နဲ့ ဗွီအိုအေ တို့ သောကြာနေ့က သီးခြားတွေ့ဆုံ မေးမြန်းရာမှာ အဲဒီလို ပြောဆိုခဲ့တာဖြစ်ပါတယ်။
Source : VOA

Tuesday, January 19, 2010

cncletterhead



ဇန်န၀ါရီလ (၁၂)ရက်နေ့က ငလျင်ဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရသည့် ဟေတီနိုင်ငံသို့ အစ္စလာမ် လူမှုရေး အဖွဲ့အစည်းများက အကူအညီ အထောက်အပံ့များ အလျင်အမြန် ပေးပို့လိုက်ပြီဖြစ်ကြောင်း သိရသည်။ “တကယ်ဆိုးတဲ့ ငလျင်ကြီးပါ။ ဟေတီရဲ့ အရှိန် အဟုန် နဲ့ အားယူနေတဲ့ အခြေအနေမှာ ဒီငလျင်ကြီး လှုပ်သွားတာတော့ အရမ်းရက်စက်တဲ့ ရိုက်ချက်ပါပဲ”ဟု အစ္စလာမ် ထောက်ပံ့ရေး အဖွဲ့မှ CEOဟာမစ်အဇက်က ပြောကြားခဲ့သည်။ “လောလောဆယ် ဟေတီပြည်သူတွေဟာ အရေးပေါ် အကူအညီတွေ၊ အထောက် အပံ့တွေ လိုနေတယ်ဆိုတာ အထင်အရှားပဲလေ။ သူတို့ရဲ့ အခြေခံ လိုအပ်ချက်ကို ကျွန်တော်တို့ တတ်နိုင်သလောက် ကူညီဖြည့်ဆည်း သွားမှာပါ”ဟု အဇစ်က အဖွဲ့၏ တရားဝင် ၀က်ဘ် ဆိုက်မှတဆင့် ပြောကြားသွားသည်။ ယခုအခါ အစ္စလာမ် အဖွဲ့အစည်းများသည် စုပေါင်း ကောက်ခံမှု ရံပုံငွေ ပေါင်စတာလင် (၂၅၀၀၀၀)ကို ဟေတီရှိ ဒုက္ခသည်များကို ကူညီ ထောက်ပံ့ရန် ပေးပို့လိုက်ပြီဖြစ်သည်။ “ဟေတီ ပြည်သူတွေရဲ့ ခြောက်ခြားစရာ ဘေးဒုက္ခ ဆိုးကြီးအတွက် ကျွန်တော်တို့အားလုံး နက်နက်ရှိုင်းရှိုင်း ကြေကွဲကိုယ်ချင်းစာမိ တယ်ဆိုတာ ပြောချင်ပါတယ်။ နောက်ပြီးတော့ သူတို့ကို ကူညီဖို့ ရက်ရောတဲ့ အစ္စလာမ် အလှူရှင် တွေကိုလည်း ဖိတ်ခေါ်ချင်ပါတယ်”ဟု အဇစ်က ပြောကြား ခဲ့သည်။ ဟေတီနိုင်ငံ၊ ပို့တ်ဒူပရင့်စ်တွင် လှုပ်ရှားသွားသော ငလျင်ကြီးမှာ ပြင်းအားအဆင့် (၇)ရှိပြီး မြို့တော်၏ (၈၀)ရာခိုင်နှုန်းကို ပြားပြားဝပ်အောင် ဖျက်စီးချေမွှလိုက်သည်။ နေအိမ်များ၊ ကျောင်းများ၊ ဆေးရုံများ၊ ဟိုတယ်များအပြင် သမ္မတ နန်း တော်ကြီးပါ ပြိုကျပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ပြီး ငလျင်ဒဏ်ကို လူပေါင်း(၃)သန်းမျှ အလူးအလဲ ခံစားခဲ့ရသည်။ ဟေတီသည် အနောက် ကမ္ဘာတွင် အဆင်းရဲဆုံးနိုင်ငံတစ်ခုလည်းဖြစ်သည်။ ဟေတီနိုင်ငံ လူဦးရေ (၉)သန်းအနက် (၈၀)ရာခိုင်နှုန်းမျှသည် အလွန်ဆင်းရဲသော အခြေအနေတွင် ရှိနေသည်။ နှစ်ပေါင်း(၂၀၀)ကျော် ကာလအတွင်း အဆိုးရွားဆုံး ကြုံရသည့် ငလျင်ကြီးအတွင်း ဟေတီလူဦးရေ (၁၀၀၀၀၀)မျှ သေဆုံးနိုင်ကြောင်း ကယ်ဆယ်ရေးများက ခန့်မှန်းထားသည်။ ဟေတီတွင် ငလျင်လှုပ်ခတ်ပြီးနောက် ကမ္ဘာ့ကြက်ခြေနီ အဖွဲ့က ဒေါ်လာ(၁၀)သန်း ပေးပို့လှူဒါန်းခဲ့သလို၊ ကမ္ဘာ့စားနပ်ရိက္ခာပရိုဂရမ် အဖွဲ့ကြီးက အစားအသောက် တန်ချိန်(၁၅၀၀၀)ကို ပေး ပို့ခဲ့သည်။ အမေရိကန်၊ ကနေဒါနှင့် အခြားကမ္ဘာ့နိုင်ငံ အသီးသီးကလည်း ကယ်ဆယ်ရေးတပ်ဖွဲ့များ၊ စစ်တပ်များ၊ စစ်သင်္ဘောများ၊ စားနပ်ရိက္ခာနှင့် ငွေကြေးအထောက်အပံ့များ ပေးပို့ခဲ့သည်။ အခြားသော နိုင်ငံအများစုက အကူအညီ အထောက်အပံ့များ ပေးပို့နေသလို အစ္စလာမ် လူမှုရေး အဖွဲ့အစည်းများသည်လည်း တတ်စွမ်းသမျှ အလှူဒါနများ ပြုလုပ်လျက်ရှိသည်။ Islamic Relief USAအဖွဲ့က ငလျင် ဒဏ်ခံ ဒေသများအတွက် ဒေါ်လာ(၁)သန်း မတည်လှူဒါန်းခဲ့ပြီး အခြားသော ထောက်ပံ့ရေး ပစ္စည်းများကိုလည်း ပေးပို့သွားနိုင်ရန် လက် တွဲဆောင်ရွက်မည့် အဖွဲ့များကို ဆက်သွယ်ရှာဖွေနေကြောင်း သတင်းရရှိသည်။

Saturday, January 16, 2010

Chin Singer Won MRTV's First Prize

cncletterhead

15 January 2010 (Chinland Guardian): A rising Chin singer Ms. Tin Khan Cing won the first prize of MRTV's nationwide singing contest in Burma last Thursday, according to Zogamnuam.com.

The Tedim-Chin singer has been hailed for her singing talents and achievement in a singing competition organised by Myanmar Radio and Television (MRTV).

MRTV, formerly known as Burma Broadcasting Service (BBS), held its nationwide singing competition entitled 'Gitah takhalay phwinpa Oo', contested by aspiring singers from public auditions.

Out of many contestants, a panel of judges, which included Burma's famous songwriters and singers, selected 30 most talented singers, who were then further split into a group of five.

Ms Khan Cing, a third year medical student, was awarded the first prize of 108,000 Kyats.

The MRTV's singing competition, which was held at MICT Park, Rangoon, is said to be aired in its national television programmes soon.

Myanmar Radio and Television (MRTV), first introduced in 1981 as the first television channel, is the parent of state-run Myanmar Radio National Service, and three television channels TV Myanmar, MRTV-3 and MRTV-4

Monday, January 11, 2010

ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးတောင်းဆိုဆန္ဒပြပွဲ(တိုကျို)

cncletterhead



Photos by Lian Khan Sum (CNC-Japan)

“ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးသည် ပထမ”
“ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးသည် အဓိက”

နအဖ စစ်အုပ်စုသည် ဒာမျိုးသားခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အပေါ် မတရားအမှုဆင်ပြီး ထောင်ဒဏ် ချမှတ်ခဲ့သည်မှာ (၅)လပြည့်သွားပြီဖြစ်သည်။လက်ရှိ မြန်မာနိုင်ငံ၏ အထွေထွေ အကျပ်အတည်းများကို ကျော်လွှားနိုင်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည် ၊ ဦးတင်ဦး ၊ ဦးခွန်ထွန်ဦး ၊ ကိုမင်းကိုနိုင် အပါအ၀င် နိုင်ငံ ရေး အကျဉ်းသားများ လွတ်မြောက်ရေးသည် အလွန်ပင် အဓိကကြပါသည်။ အထူးပင် လိုအပ်ပါသည်။

ဤကဲ့သို မြန်မာ့နိုင်ငံရေးမှာ လက်ရှိနိုင်ငံရေး အကျပ်အတည်းများကို ဖြေရှင်းနိုင်ရန်အတွက် အဓိက အရေးပါ သော အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံး ပြန်လည် လွတ်မြောက်ရေး အတွက် ချီတက် ဆန္ဒပြ တောင်းဆိုမူတရပ်ကို ကနေ့  ၂၀၁၀ ခုနှစ် ဇန္န၀ါရီလ(၁၁)ရက် နေ့ လည် ၁၄း၀၀ နာရီ မှ ၁၆း၃၀ နာရီ အထိ တိုကျိုမြို့  Episu ပန်းခြံ မှ Sandagaya(Meiji) ပန်းခြံအထိ ချီတက် ဆန္ဒပြ တောင်းဆိုခဲ့ကြပါသည်။

အဆိုပါ ချီတက် ဆန္ဒပြပွဲတွင် ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများ၊တိုင်းရင်းသားအင်အားစုများ နှင့် မြန်မာ့အရေးကို ထောက်ခံအားပေးကြသော ဂျပန် အဖွဲ့ အစည်းများ NGO များ စုစုပေါင်း အင်းအား(၃၀၀) ကျော် ပါဝင်ဆန္ဒပြခဲ့ကြပါသည်။ နအဖ စစ်အုပ်စုသည် ၁၉၉၀ ပြည့်နှစ်တွင် ကမ္ဘာက အသိအမှတ်ပြု လက်ခံထား သည့် တရားမျှတသော ရွေးကောက်ပွဲကို ကျင်းပပြုလုပ်ခဲ့သော်လည်း ၁၉၉၀ ရွေးကောက်ပွဲ ရလဒ် ကို ယနေ့ ထိတိုင် အကောင်အထည် ဖေါ်ဆောင်ခြင်းမရှိပဲ လာမည့် ၂၀၁၀ အောက်တိုဘာလတွင် ရွေးကောက် ပွဲ ထပ်မှန်ကျင်းပပြုလုပ်မည်ကို လက္ခံယုံကြည်နိုင်ဘွယ်ရာမရှိကြောင်း နှင့် ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေးအကျဉ်းသားများတို့ ကို အမြန်ဆုံးလွတ်ပေးပြီး တွေ့ ဆုံဆွေးနွေးရေးပြုလုပ်သွားရန် တိုက်တွန်း တောင်းဆို ဆန္ဒပြခဲ့ကြပါသည်။

Friday, January 8, 2010

Two Receive Death Sentence for Information Leak

cncletterhead

By THE IRRAWADDY

A former military officer and a foreign affairs official were sentenced to death and another foreign affairs official was sentenced to long-term imprisonment on Thursday in a special court of the Rangoon Northern District held in Insein Prison, according to Insein prison sources.

Win Naing Kyaw, a former personal staff officer assigned to the State Peace and Development Council’s Secretary-2, the late Lt-Gen Tin Oo, was sentenced to death under the State Emergency Act III for leaking military secrets to the exiled media.
Win Naing Kyaw also received a 20-year sentence for violation of the Electronic Act and holding illegal foreign currency. The Electronic Act prohibits sending information, photos or video damaging to the regime abroad via the Internet.

Thura Kyaw, aka Aung Aung, of the ministry of foreign affairs office was also sentenced to death under the state emergency act.

Pyan Sein of the Ministry of Foreign Affairs received a 15-year sentence for violation of the Electronic Act.

The three were arrested after information and photos about Gen Shwe Mann's trip to North Korea were leaked to exiled news media last year. The trip involved procuring military arms, tunnel building and other matters.

Dozens of officials in the Ministry of Defense and Ministry of Foreign Affairs, including Col Kyaw Kyaw Win, who was director general of the State Peace and Development Council, were also arrested, military sources said. The status of their cases is not known.

After the information leak, the junta made a significant reshuffle at the Ministry of Foreign Affairs that affected more than 70 positions, including two directors, four deputy directors and eight assistant directors. It is not known if the reshuffle was directly a result of the information leak.

Yin Yin Oo, a sister of former deputy minister Kyaw Thu, who was the director of the ministry's influential political department, was transferred to Saudi Arabia to a counselor post.

Thursday, January 7, 2010

မယ်လစခန်းမှ ပထမအသုတ်ဒုက္ခသည်များ ဂျပန်သို့သွားရန် လူတွေ့စစ်ဆေးမည်

cncletterhead

ဂျပန်နိုင်ငံက ပထမဦးဆုံးလက်ခံမည့် မယ်လဒုက္ခသည်စခန်းမှ မြန်မာဒုက္ခသည် (၃၀) သည် လာမည့်စက်တင်ဘာတွင် ဂျပန်နိုင်ငံသို့ စတင်ထွက်ခွာကြမည်ဖြစ်သည်။


ဂျပန်နိုင်ငံ၏ မြန်မာဒုက္ခသည်များအတွက် စမ်းသပ်မည့် (၃) နှစ်စီမံကိန်းအရ ဂျပန်အစိုးရကိုယ်စားလှယ်အဖွဲ့သည် ယမန်နှစ်ကုန်ပိုင်းက ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လဒုက္ခသည်စခန်းသို့ လာရောက်လေ့လာခဲ့ပြီးနောက် ဒုက္ခသည်များ လက်ခံမည့်အစီအစဉ် စတင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါစီမံကိန်းအရ ထိုင်းနယ်စပ်ရှိ မြန်မာဒုက္ခသည်စခန်းများထဲမှ တနှစ်လျှင် ဒုက္ခသည် (၃၀) ကို (၃) နှစ် စီမံကိန်းဖြင့် ဂျပန်နိုင်ငံက ခေါ်ယူခြင်းဖြစ်သည်။

မြန်မာဒုက္ခအများစုမှာ လူဦးရေ အကန့်အသတ်မရှိ ခေါ်ယူသည့် နိုင်ငံများသို့သာ သွားရောက်အခြေချလိုကြပြီး ဂျပန်နိုင်ငံသို့ သွားရောက်အခြေချလိုမှုကို စိတ်ဝင်စားသူ အလွန်နည်းပါးသည်ဟု မယ်လဒုက္ခသည်စခန်း၏ ဒု-ဥက္ကဋ္ဌစောထွန်းထွန်းက ပြောသည်။

“ဂျပန်က ခေါ်တာနည်းတဲ့အပြင် ကန့်သတ်ချက်တွေကလည်းများတော့ လျှောက်တဲ့ဒုက္ခသည်တွေက ဆယ်ဂဏန်းလောက်ပဲ ရှိတယ်။ သူတို့်စီမံကိန်းအရ (၃) နှစ်မှာ ဒုက္ခသည်(၉၀) ပဲ သွားရမှာဖြစ်တယ်။ မယ်လစခန်းမှာဆိုရင် လက်ရှိ ဒုက္ခသည် (၅) သောင်းကျော် ရှိတယ်” ဟု ပြောသည်။

ဂျပန်အစိုးရ၏ သတ်မှတ်ချက်အရ လာရောက်အခြေချမည့် ဒုက္ခသည်များသည် မိသားစုအလိုက်ဖြစ်ရမည်၊ ကလေးငယ်များ ပါရှိရမည်၊ မိဘများအသက် (၄၀) အောက်ဖြစ်ပြီး ကျန်းမာသန်စွမ်းကာ အလုပ်လုပ်ကိုင်နိုင်သူဖြစ်ရမည် စသည့် ကန့်သတ်ချက်များ ပါဝင်သည်။

မယ်လဒုက္ခသည်စခန်း ဇုန် (စီ) မှ ဒုက္ခသည်တဦးက “တို့လင်မယားက (၆၀) ကျော်တွေ၊ ကလေးတွေလည်း အရွယ်ရောက် ကုန်ပြီ၊ အမေရိကန်ထွက်ဖို့ စောင့်နေတာကြာပြီ။ ဂျပန်သွားဖို့ လျှောက်လွှာတင်တာ မရဘူး၊ ဂျပန်မူနဲ့ မကိုက်ဘူးလို့ ပြောတယ်” ဟု ပြောသည်။

ပထမဆုံး ဂျပန်သို့အခြေချခွင့်ရရန် လျှောက်ထားသည့် မယ်လဒုက္ခသည်စခန်းမှ ဒုက္ခသည်များကို ယခုလကုန်တွင် (UNHCR) နှင့် ဂျပန်နိုင်ငံကိုယ်စားလှယ်များက လူတွေ့စစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်ပြီး ရွေးချယ်ခံရသူများကို လာမည့်စက်တင်ဘာတွင် ဂျပန်သို့ ခေါ်ဆောင်မည်ဖြစ်သည်။

Soure :