Thursday, September 16, 2010

သိပြီးသား ဖြစ်ချင် ဖြစ်နေလိမ်မရ် ကြည့်ကြည့် လိုက်ပါဦး....




ပဲခူး အခြေစိုက် ခလရ ၅၉ မှ စစ်ဗိုလ် တစ်ဦး ဖြစ်သူ ဗိုလ်ကြီး သိဒ္ဓိစိုး က
ပစ်မိန့် ပေးသဖြင့် စစ်သားများက ကျဉ်ကပ် အတွဲ လိုက် ပစ်ခတ်၍
သေဆုံးခဲ့သည့် လူငယ်နှစ်ဦး ဖြစ်သည့် ကို အောင်သူဟိန်း နှင့်
ကိုစိုးပိုင် ဇော် တို့ နှစ်ဦး၏ ရုပ်အလောင်း ကို အင်္ဂါနေ့ နံနက် တွင်
ပဲခူးမြို့ ဆေးရုံကြီးမှ ဆင်ဖြူကွင်း သုဿာန် သို့ ပို့ ဆောင်မီးသဂြိုလ်
မည့် အစီအစဉ် တွင် ပဲခူးမြို့ အနီး ရှိ ဝေါ ၊ ဘုရားကြီး စသည့် မြို့ များ
မှ ပြည်သူလူထု အပြင် လှည်ကူး၊ဒိုက်ဦး ၊မှော် ဘီ စသည့် ကျေးရွာများ မှ
ပြည်သူများ လည်း လိုက်ပါပို့ ဆောင် မည်ဖြစ်သည်။



စစ်တပ်၏ ဥပဒေမဲ့ လုပ်ရပ်ကြောင့် ကာယကံရှင် မိသားစု ၀င်များ သာမက
ပဲခူးမြို့ နေ လူထု လည်း စစ်တပ် ကိုရွံ့ မုန်း လျှက် ရှိပြီး အချို့ မြို
့ခံများ က စစ်သားများ အား ကန့် ကွက်ရှုံချရန် ပြင်ဆင် ထားသောကြောင့် ပဲခူး
အခြေစိုက် စစ်တပ်များ မှာ လုံခြုံရေး တင်းကျပ် စွာချထားပြီး
တပ်ရင်းမှုးများ က လည်း ၎င်း တို့ ၏ ငယ် သားများ အား တပ်ပြင် သို့ စစ်ဝတ်စုံ
ဝတ်၍ မထွက်ရန် အမိန့် ပေးထားသည်။



ပဲခူးမြို့ နေ ပြည်သူများ က စစ်တပ်၏ ယုတ်မာ ရက်စက်မှု ကို
အော့နှလုံးနာလျှက် ရှိပြီး ပဲခူးမြို့ အထက်တန်း ကျောင်းမှ ကျောင်းဆရာ မ
တစ်ဦး ဖြစ်သူ ဒေါ်သီတာမြင့် က 'ဒါ ပဲခူးက ဒုတိယ ပခုက္ကူ ဖြစ်သွား နိုင်တယ်
၊လူ တွေက စစ်တပ် ဆို စိတ်နာနေပြီ ဟု ယနေ့ အခြေအနေ များ နှင့် ပတ်သက်၍
သုံးသပ် ပြောကြား သွားသည်။

ပဲခူးမြို့မှာ စစ်တပ် ရမ်းကားပြီး လူငယ်နှစ်ဦးအား ရပ်ကွက်ထဲတွင်ပစ်သတ်ခြင်း

ပဲခူးမြို့မှာ စစ်တပ် ရမ်းကားပြီး လူငယ်နှစ်ဦးအား ရပ်ကွက်ထဲတွင်ပစ်သတ်ခြင်း



နယ်မြေခံ တပ်ရင်းက အရာရှိနှစ်ယောက်နဲ့ စကားများရာကနေ စစ်သားတွေက သေနတ်နဲ့
လိုက်ပစ်လို့ အရပ်သား လူငယ် ၂ ယောက် သေဆုံးသွားရတဲ့ အမှုတခု
မနေ့ညသန်းခေါင် ၁၂ နာရီခွဲခန့်က ပဲခူးမြို့ ဇိုင်ဂနိုင်
တောင်ပိုင်းရပ်ကွက်မှာ ဖြစ်ခဲ့ပါတယ်။



ခလရ (၅၉) ကလို့ဆိုတဲ့ အရာရှိနှစ်ယောက်ဟာ ဇိုင်ဂနိုင်
တောင်ပိုင်းမှာရှိတဲ့ ကယ်လီဖိုးနီးယား ဆိုတဲ့ စားသောက်ဆိုင်ကနေ
ဆိုင်ကယ်နဲ့ ထွက်လာတဲ့ အချိန်မှာ အောင်သူဟိန်း (၂၂နှစ်) နဲ့
စိုးပိုင်ဇော် (၁၈နှစ်) အပါအ၀င် လူငယ် ၅ ဦး စီးလာတဲ့ သုံးဘီးဆိုင်ကယ်နဲ့
ပွတ်တိုက်မိတာကနေ စကားများ ထိုးကြိတ်တာတွေ ဖြစ်ခဲ့ပါတယ်။



ရန်ပွဲပြီးချိန်မှာတော့ အရာရှိတွေကလည်း တပ်ကိုပြန်၊ လူငယ်တွေကလည်း
အိမ်ကို ပြန်ကြတဲ့ အချိန်မှာ သေနတ်တွေနဲ့ စစ်သားတွေက ရန်ဖြစ်ခဲ့တဲ့
လူငယ်တွေကို လိုက်ရှာကြတယ်လို့ ဆိုပါတယ်။ မြလမ်းကို လမ်းထိပ်ကနေ စစ်သား ၈
ယောက်လောက်က စောင့်ကျန်နေရစ်ပြီး ကျန်တဲ့ ၅ ယောက်ကတော့ လမ်းထဲကို
ဝင်လာတယ်လို့ ပြောကြပါတယ်။



လူငယ်လေးတွေရဲ့ အိမ်တွေကိုလိုက်ရှာနေတုန်း စစ်သားတယောက်က သေနတ်ကို
အပေါ်ထောင်ပြီး ၄ ချက် ပစ်တယ်သေးလို့ သိရပါတယ်။ ဟာဒယ လက်ဖက်ရည်ဆိုင်နားမှာ
အောင်သူဟိန်းနဲ့ စိုးပိုင်ဇော် ကို တွေ့လိုက်ရချိန်မှာတော့ စစ်သားတယောက်က
G-3 သေနတ်နဲ့ လှမ်းပြီးပစ်လို့ အောင်သူဟိန်းက ၆ ချက်မှန်ပြီး၊
စိုးပိုင်ဇော်က ၄ ချက်ထိမှန်ပြီး နှစ်ယောက်လုံး နေရာတင် ပွဲချင်းပြီး
သေဆုံးသွားကြတယ်လို့ မျက်မြင်တွေက ပြောပြပါတယ်။

http://www.youtube.com/watch?v=oGVr8VHqU9w

Sunday, September 5, 2010

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အရေး ဒေါ်အောင်ဆန်းစုကြည်ပြော

cncletterhead


နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး အပါအ၀င် ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်တွေနဲ့ပတ်သက်ပြီး အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့  စစ်အစိုးရအကြား တင်းမာနေတဲ့ အခြေအနေကို စိုးရိမ်နေကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ အကျိုးဆောင်ရှေ့နေ ဦးဥာဏ်ဝင်းနဲ့ တွေ့ဆုံရာမှာ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။
"တိုင်းရင်းသား ငြိမ်းချမ်းရေးအဖွဲ့တွေ မပြေမလည် ဖြစ်နေတဲ့ သတင်းတွေကြားတာ စိတ်မကောင်းဘူးတဲ့။ ဒါပေမယ့် ဒီကိစ္စတွေဟာ ညှိနှိုင်းဆောင်ရွက်မှသာ အဆင်ပြေမယ်၊ နိုင်ငံရေးနည်းအရ ဆောင်ရွက်မှသာ ရေရှည် အကျိုးခံစားခွင့် ရှိမယ်လို့ သူ ယုံကြည်တဲ့အကြောင်း ပြောပါတယ်"ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုကိစ္စတွေနဲ့ ပတ်သက်လို့ အဓိကထား ဆွေးနွေးခဲ့ကြတယ်လို့ ဦးဥာဏ်ဝင်းက ပြောပါတယ်။"အစိုးရအပေါ် ရွေးကောက်ပွဲဥပဒေတွေ ပြဌာန်းတဲ့အပေါ်မှာ ကျနော်တို့က တရားစွဲဖို့ကိစ္စကို ဆွေးနွေးကြတာပေါ့။ ဆွေးနွေးတော့ ဆိုလိုတာက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရပ်တည်မှုအတွက်၊ တမှုက ၉ဝ ပြည့်နှစ် ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များ အတွက်၊ အဲဒီလို နှစ်မှုခွဲပြီး စွဲဖို့ ကျနော်တို့ ဆွေးနွေးကြပါတယ်"လက်ရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ နယ်လှည့်စည်းရုံးရေး ခရီးစဉ်တွေနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ကျေနပ်အားရမှု ရှိတယ်လို့လည်း ဆိုပါတယ်။နေအိမ်အကျယ်ချုပ် ထိန်းသိမ်းခံနေရတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အကျိုးဆောင်ရှေ့နေတွေ ဖြစ်တဲ့ ဦးကြည်ဝင်း၊ ဦးဥာဏ်ဝင်းနဲ့ ဒေါ်ခင်ဌေးကြွယ်တို့ ဒီကနေ့ နေ့လည်ပိုင်းမှာ သွားရောက် တွေ့ဆုံခွင့် ရခဲ့တာဖြစ်ပါတယ်။ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ပြဌာန်းချက်တွေဟာ တရားဥပဒေနဲ့ ကိုက်ညီမှု ရှိမရှိဆိုတာ အများပြည်သူ သိအောင် ဝိုင်းဝန်း ရှင်းပြကြဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး ဒီကနေ့ တွေ့ဆုံခွင့် ရခဲ့တဲ့ ရှေ့နေဦးဥာဏ်ဝင်းကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

RFA Web Administrator