Saturday, February 27, 2010

(၆၂)နှစ်မြောက် ချင်းအမျိုးသားနေ့ အထိမ်းအမှတ် အခမ်းအနား

cncletterhead










ယနေ့ ကျရောက်တဲ့ (၆၂)နှစ်မြောက် ချင်းအမျိုးသားနေ့ အထိမ်းအမှတ် အခမ်းအနားကို TOKYO Toshima-ku မြို့ နယ် Ikebukuro Kohkaido ခန်းမ မှာ ဂျပန်နိုင်ငံရောက် ချင်းတိုင်းရင်းသားများ မှ  ညနေ ၆ နာရီ မှ ၉ အထိ နှစ် ပိုင်းခွဲပြီး ကျင်းပ ပြုလုပ်ခဲ့ပါသည်။

အစီအစဉ် ပထမပိုင်းမှာ အဖွင့် ဆုတောင်းအစီအစဉ်ကို Pu(Rev.)Ronald Lawm Bik မှ ဆုတောင်း ပေးပြီးသည့်နောက် ချင်းတိုင်းရင်းသားအဖွဲ့ အစည်း(ဂျပန်)CNC-Japan ဥက္ကဋ္ဌ Pu Thang Nang Lian Thang မှ အဖွင့်အမှာစကားကို ဂျပန်နိုင်ငံရောက် ချင်းမျိုးနွယ်စုများ ကိုယ်စား ပြောကြားခဲ့ပါသည်။ အထူးဧည့်သည်တော် Mr.Hisao Tanabe (U Shwe Ba, A friend of Chinland) မှ ချင်းအမျိုးသားနေ့  အတွက် နှုတ်ခွန်းဆက် အမှာစကားပြောကြားပြီး ချင်းအမျိုးသားနေ့ ပေါ်ပေါက်လာပုံ နောက်ခံ သမိုင်းကြောင်းကို Daw Ngun Than မှ ရှင်းလင်းပြောကြားခဲ့ပါသည်။ ချင်းပြည်နယ်အကြောင်းကို ပါဝါပွိုင့် ဖြင့် မိတ်ဆက် တင်ပြပြီး ချင်းပြည်နယ်မှာ `ကြွက်`များကြောင့် သီးနှံများ ဖျက်ဆီးခံရပြီး အငတ်ဘေးကြုံတွေ့ နေရပုံကို ရှင်းလင်းသွားပါသည်။ ဤ ကျင်းပပြုလုပ်သည့် ချင်းအမျိုးသားနေ့  အခမ်းအနားမှ ကောက်ခံရရှိသည့် အလှုငွေများကိုလည်း ကြွက်အန္တရယ် ကျရောက်သည့် ဒေသ သို့  လှုဒါန်းသွားပါမည်။

ဒုတိယပိုင်း ရိုးရာယဉ်ကျေးမူ ဖျော်ဖြေရေးအစီအစဉ် မှာ ချင်းရိုးရာ တေးသီချင်းများ ၊ Fashion Show အစီအစဉ်များ ၊ ချင်းတိုင်းရင်းသား ရိုးရာ ၀ါးညှပ်အက တို့ ဖြင့်တင်ဆက်သွားပြီး အထူးဧည့်သည်တော် စတီရီယို အဆိုတော် “ ဆုန်သင်းပါရ် ” နှင့် ကိုအောင်ပဏ်းတို့ မှ ခေတ်ပေါ်တေးသီချင်းများဖြင့် ဖျော်ဖြေ တင်ဆက် ပါသည်။ ချင်းတောင်တန်းသို့  အလည်တခေါက် လာခဲ့ပါ တေးသီချင်းဖြစ် စုပေါင်းသီဆိုကြပြီး အခမ်းအနားကို ည ၉ နာရီတွင် ပြီးဆုံးခဲ့ပါသည်။

ဒီနေ့ ကျင်းပပြုလုပ်သည့် (၆၂)နှစ်မြောက် ချင်းအမျိုးသားနေ့  အခမ်းအနားကို ဂျပန်နိုင်ငံရောက် ပြည်ထောင်စု ဘွား တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ နှင့် ဂျပန်ဧည့်သည်တော်များ အပါအ၀င် စုစုပေါင်း (၃၀၀)ကျော်ခန့်  တက်ရောက်ခဲ့ပါသည်။

Photo by / Lian Khan Sum (CNC-Japan)

Sunday, February 21, 2010

(၆၃) နှစ်မြောက်ပြည်ထောင်စုနေ့အခမ်းအနားကို သတင်းမှတ်တမ်းဓါတ်ပုံ

cncletterhead

၂၀၁၀ ခုနှစ် ဖေဖေါ်ဝါရီလ(၁၄)

ဂျပန်နိုင်ငံ တိုကျိုမြို့  Minami OsukaHall တွင် ညီညွတ်သော တိုင်းင်းသားများ အဖွဲ့ အစည်း(AUN-Japan) မှ ဦးဆောင်ကျင်းပသော(၆၃) နှစ်မြောက်ပြည်ထောင်စုနေ့ အခမ်းအနားကို စည်ကား သိုက်မြိုက်စွာ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အခမ်းအနား ပထမပိုင်း အစီအစဉ်တွင်
နိုင်ငံရေး ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပြီး ဒုတိယပိုင်းတွင် ယဉ်ကျေးမူ ပဒေသာ ကပွဲ အစီအစဉ်ဖြင့် ကျင်းပခဲ့ပြီး ဂျပန်ရောက် ပြည်ထောင်စုဘွား တိုင်းရင်းသားများနှင့် ဂျပန်နိုင်ငံသား စုစုပေါင်း ၅၀၀ ကျော် တက်ရောက်ခဲ့ကြပါသည်။

Photo by  Lian Khan Sum (CNC-Japan)

Saturday, February 20, 2010

Friday, February 12, 2010

လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ဒေါ်စုနဲ့ တွေ့ဖို့ မျှော်လင့်

cncletterhead
 မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ သောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) ဟာ တနင်္လာနေ့ မြန်မာနိုင်ငံကို ရောက်ရှိပြီးတဲ့အခါ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ မျှော်လင့်ထားတယ်လို့ ကြေညာချက်မှာ ပြောထားပါတယ်။

ဒီနှစ်နှောင်းပိုင်းမှာ ကျင်းပမယ့် ရွေးကောက်ပွဲ အစီအစဉ်နဲ့ ပတ်သက်ပြီး စစ်အစိုးရ ခေါင်းဆောင်တွေနဲ့လည်း မစ္စတာကင်တားနားက ဆွေးနွေးဖို့ ရှိပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်ဟာ မြန်မာနိုင်ငံကို ၅ ရက်ကြာ ခရီးစဉ်အဖြစ်နဲ့ သွားရောက်မှာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲကြောင့် ၂၀၁၀ ဟာ မြန်မာပြည်သူတွေအတွက် အရေးကြီးတဲ့ နှစ်တနှစ် ဖြစ်လိမ့်မယ်လို့ သူက ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြား နိုင်ငံရေး အကျဉ်းသား ၂၁၀၀ ကို ဖမ်းဆီးထားတဲ့အတွက် လုပ်မယ့် ရွေးကောက်ပွဲဟာ ယုံကြည်ထိုက်တဲ့ ရွေးကောက်ပွဲ ဖြစ်ပါ့မလားလို့ ဒီမိုကရေစီ လိုလားတဲ့ အဖွဲ့တွေနဲ့ အနောက်နိုင်ငံတွေက သံသယ ရှိနေကြပါတယ်။

VOA :
cncletterhead
Source :DVB

Tuesday, February 9, 2010

(၆၃)ကြိမ်မြောက် သျှမ်းအမျိုးသားနေ့အခမ်းအနား(တိုကျို)။

cncletterhead

Photo by : Lian Khan Sum (CNC-Japan)

ယနေ့ ၂၀၁၀ ခုနှစ် ဖေဖေါ်ဝါရီလ(၇) ရက်နေ့ သည် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ (ဂျပန်)SND-Japan မှ (၆၃)ကြိမ်မြောက် သျှမ်းအမျိုးသားနေ့အခမ်းအနားကို တိုကျို IKekukuro အရပ်ရှိ Kumin Center 6F တွင် ကျင်းပခဲ့ကြပါသည်။ သျှမ်းအမျိုးသားနေ့အခမ်းအနားကို သျှမ်းတိုင်းရင်းသားများတို့ မှ ဦးစီးကျင်းပပြုလုပ်ပြီး ဂျပန်နိုင်ငံ ရောက် ဒီမိုကရေစီ အင်အားစုများ တိုင်းရင်းသားအဖွဲ့အစည်းများ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနား အစီအစဉ်များတွင် SND-Japan ၏ နယက ဖြစ်သူ စိုင်းဆမ် မှ အဖွင့် အမှာစကား ပြောကြားပြီး သည့် နောက် SND-Japan ဥက္ကဋ္ဌ စိုင်းစီဝမ်းမှ သျှမ်းအမျိုးသားနေ့ အတွက် နှုတ်ခွန်းဆက် အမှာစကား ပြောကြား သွားခဲ့ပါသည်။ ဆက်လက်ပြီး သျှမ်းအမျိုးသားနေ့ ဖြစ်ပေါ်လာပုံ နောက်ခံသမိုင်းကြောင်း ကို ရှင်းလင်း တင်ပြခြင်း၊ သျှမ်းပြည်နယ် အတွင်း၌ တစ်နှစ်တာ ထူးခြားသည့် သတင်းဖြစ်စဉ်များကို ဖတ်ကြား တင်ပြခြင်း၊ SND-Japan ၏ သဘောထားထုတ်ပြန်ချက်အား ဖတ်ကြားခြင်း၊ သျှမ်းပြည်နယ် တွင် လူ့ အခွင့်အရေး ချိုးဖေါက်များနှင့် လက်ရှိ ပကတိအနေ အထားများကို ပါဝါ ပွိုင့် ဖြင့် ရှင်းလင်းတင်ပြခဲ့ပါသည်။

ကြွရောက်လာကြသော ဂျပန်ရောက် ဒီမိုကရေစီ အင်အားစုများ တိုင်းရင်းသားအဖွဲ့အစည်းများမှ ကိုယ်စားလှယ် များတို့ က ပင်လုံသမိုင်း အကြောင်းများ နှင့်တကွ ရှမ်း အမျိုးသားနေ့ သမိုင်း ကြောင်းဖြစ် ပေါ်လာပုံ ကို မိမိတို့ ၏အမြင်ဖြင့် ဆွေးနွေး ပြောကြားသွားခဲ့ကြပါသည်။

ဖျော်ဖြေရေးအစီအစဉ် တွင် သျှမ်းရိုးရာ သီချင်း သီဆိုခြင်း၊ သျှမ်းရိုးရာ အိုးစည်ဗုံမောင်း နှင့် တိုးနယား အက၊ သိုင်း အလှကပြခြင်း နှင့် အိုးစည်ဗုံမောင်း ၀ိုင်းပတ်အကဖြင့် စုပေါင်းကြခဲ့ကြပြီး အခမ်း အနား ကို နေ့ လည် ၁နာရီမှ စတင်ကျင်းပကာ ညနေ ၄း၃၀ နာရီတွင် အခမ်းအနားပြီးဆုံးခဲ့ပါသည်။

Friday, February 5, 2010

(၄၉)နှစ်မြောက် ကချင်တော်လှန်ရေး နေ့  အထိမ်းအမှတ်အခမ်းနားနှင့် မြစ်ဆုံရေကာတာစီမံကိန်း ရှုတ်ချကန့် ကွက်ဆန္ဒပြပွဲ အခမ်းအနား (တိုကျို)။

cncletterhead


(၄၉)နှစ်ပြည့်မြောက် ကချင်တော်လှန်ရေးနေ့  အထိမ်းအမှတ်အခမ်းနားနှင့် မြစ်ဆုံရေကာတာစီမံကိန်းအား ရှုတ်ချကန့် ကွက်ဆန္ဒပြပွဲ အခမ်းအနားကို တိုကျိုမြို့  Shinagawa အရပ်ရှိ နအဖ (သံရုံး) စစ်အခွန်ရုံးရှေ့ တွင် ဂျပန်နိုင်ငံရောက် ကချင်အမျိုးသား အစည်းအရုံး(ဂျပန်) KNO-Japan မှဦးစီး၍ ဂျပန်နိုင်ငံရောက် ပြည်ထောင်စုဘွား တိုင်းရင်းသား များတို့ မှ ပူးပေါင်းပါဝင်သည့် ဆန္ဒပြပွဲ အခမ်းအနားတရပ်ကို ကျင်းပပြုလုပ်ခဲ့ပါသည်။

ယနေ့ အခမ်းအနားကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက် နှင့် ကချင်ပြည်နယ်ဒေသ အတွင်း လက်ရှိဖြစ်ပေါ် နေသော လူ့ အခွင့်အရေးချိုးဖေါက်မှုများကို KNO-Japan ၏ ဥက္ကဋ္ဌ ဦးပီတာ ဘရန်းဆိုင်းမှ ရှင်းလင်း ပြောကြားပြီးသည့်နောက် ကချင်အမျိုးသားအစည်းအရုံး၏ ထုတ်ပြန်ကြေငြာချက်ကို မောင်ဘရန်မိုင်မှ ဖတ်ကြာသွားပါသည်။ထုတ်ပြန်ကြေငြာချက်၌ ကချင်တမျိုးသားလုံး၏ မူလကိုယ်ပိုင်အခွင့်အရေးနှင့် တန်းတူ အခွင့်အရေးရရှိနိုင်ရန်အတွက် တော်လှန်ရေးတွင် အသက်သွေးချွေး စတေးခဲ့ကြသော သူရဲကေါင်းများကို ဂါရ၀ ပြုထားသလို တော်လှန်ရေးခရီးမှာ ဆင်းရဲဒုက္ခမြောက်များစွာရင်ဆိုင်ခဲ့သော်လည်း အမျိုးသား လွတ်မြောက်ရေး ကို ဦးတည်ပြီး ကြိုးစားထမ်းဆောင်နေကြသော ကချင်ပြည်လွတ်မြောက်ရေး တပ်မတော် (KIA) အား ဂုဏ်ပြု ကြိုဆို ထားသည်ကိုတွေ့ ရပါသည်။

ယနေ့ ကျင်းပပြုလုပ်သည့် ဆန္ဒပြပွဲ အခမ်းအနားကို ဂျပန်နိုင်ငံတွင်းသာမက နိုင်ငံတကာတွင် ရောက်ရှိ နေကြသော ကချင်းအမျိုးသားများတို့ က တချိန်တည်းကျင်းပပြုလုပ်ခဲ့ကြသည့်ကို KNO-Japan ဒု ဥက္ကဋ္ဌ ဦးလဖိုင်ဇော်လ မှ ရှင်းပြခဲ့ပါသည်။တက်ရောက် လာခဲ့ကြသည့် အဖွဲ့ အစည်းအသီးသီးတို့ မှ တာဝန်ရှိသူ များက ကချင်ပြည်နယ်အတွင်း လူ့ အခွင့် အရေး ချိုးဖေါက်ခံနေမှု ကို အမြင်အမျိုးမျိုးဖြစ် ပြောကြားခဲ့ကြပါသည်။

ထုတ်ပြန်ကြေငြာချက်နှင့် တောင်းဆိုချက်များကို (ဂျပန်၊မြန်မာ) နှစ်ဘာသာဖြင့် နအဖ သံရုံးတာဝန်ခံသို့  လိပ်မူပြီး ပေးပို့ ခဲ့ပါသည်။ဆန္ဒပြပွဲ အခမ်းအနားကို ညနေ ၃း၀၀နာရီ မှ ၄း၀၀ အထိ ကျင်းပခဲ့ပြီး ဂျပန်ရောက် ဒီမိုကရေစီအင်အားစု(၂၀၀)ခန့် တက်ရောက်ခဲ့ကြပါသည်။


Photo by Lian Khan Sum(CNC-Japan)

AUN -JAPAN MEETING WITH JAR

cncletterhead



Photo by Lian Khan Suum (CNC-Japan)

Wednesday, February 3, 2010

မြန်မာအတွက် ဒေါ်လာ ၃၄.၈ သန်း အိုဘားမား အဆိုပြု

cncletterhead
မဇ္ဈိမသတင်းဌာန်
နယူးဒေလီ။     ။ အမေရိကန် သမ္မတ ဘားရတ် အိုဘားမား၏ ၂ဝ၁၁ ခုနှစ်အတွက် ဘတ်ဂျတ် အဆိုပြုချက်တွင် မြန်မာ့ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးကဏ္ဍအတွက် ထောက်ပံ့ရန် အမေရိကန်ဒေါ်လာ ၃၄.၈ သန်း အဆိုပြုထားသည်။

အဆိုပြုထားသော ဘတ်ဂျတ်အား လူ့အခွင့်အရေးကိစ္စ၊ လူထုပူးပေါင်းပါဝင်ရေးနှင့် ပြည်တွင်း၌ သတင်းအချက်အလက်များ ရရှိနိုင်ရေးအတွက်အပြင် ပြည်တွင်းရွှေ့ပြောင်း ဒုက္ခသည်များ၊ နယ်စပ်ဖြတ်ကျော် ဒုက္ခသည်များနှင့် ထိုင်း-မြန်မာနယ်စပ်ရှိ ရွှေ့ပြောင်းအလုပ်သမားများ၏ အရေးကို ကူညီရန်အတွက် အသုံးပြုမည်ဖြစ်သည်။
obama
အိုဘားမား အစိုးရမှာ အဆိုပါ ဘတ်ဂျတ်အား ''စီးပွားရေးထောက်ပံ့မှု ရန်ပုံငွေ'' အောက်တွင် ပေးအပ်ရန် ရည်ရွယ်ထားပြီး လူသားချင်းစာနာမှု အကူအညီလိုအပ်ချက်နှင့် ပြည်တွင်းပြည်ပ ပညာရေး အခွင့်အလမ်းများအတွက် အသုံးချရန် ရည်ရွယ်ထားသည်။

မြန်မာစစ်အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် ချမှတ်ထားသော စီးပွားရေးပိတ်ဆို့မှုများကို အမေရိကန်က ဆက်လက်ထားရှိသော်လည်း ထိတွေ့ဆက်ဆံရေးမူကို အသစ်တဖန် ပြန်လည် စတင်ရန်လည်း ဆုံးဖြတ်ခဲ့သည်။

ပြီးခဲ့သည့် နှစ်က အိုဘားမားအစိုးရ၏ အဆင့်အမြင့်ဆုံး ကိုယ်စားလှယ်အဖြစ် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး ကာ့တ်ကမ်းဘဲလ်ကို နေပြည်တော်သို့ စေလွှတ်ခဲ့ပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံ စကားပြော စေခဲ့သည်။ ကမ်းဘဲလ်က အမေရိကန်၏ မြန်မာအပေါ်ထားရှိသည့် မူဝါဒ အပြောင်းအလဲကြောင့် စိတ်မသက်မသာ ဖြစ်နေရသော အကျဉ်းကျခံ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံခဲ့သည်။

စစ်အစိုးရက နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးဖြစ်လာမည့် ယခုနှစ် ရွေးကောက်ပွဲအတွက် အရှိန်အဟုန်နှင့် လုပ်ဆောင်နေကြောင်း ပြောဆိုထားသည်။ သို့သော် ကျင်းပမည့် နေ့ရက်ကို ထုတ်ပြန်ကြေညာခြင်း မရှိသေးချေ။ စစ်အစိုးရအနေဖြင့် အတိုက်အခံ နိုင်ငံရေးပါတီများအား လွတ်လပ်စွာ မဲဆွယ်စည်းရုံးခွင့် မပေးသမျှ ရွေးကောက်ပွဲကို ယုံကြည်မှု လျော့နည်းလိမ့်မည်ဖြစ်ကြောင်း ဝေဖန်သူများက ပြောဆိုသည်။

ဆယ်စုနှစ် ၃ ခုတာမျှ အာဏာရှင်ဟောင်း ဗိုလ်ချုပ်နေဝင်း၏ တပါတီဆိုရှယ်လစ်စနစ် အဆုံးသတ်ပြီးနောက် ၁၉၉ဝ ပြည့်နှစ်တွင် ရွေးကောက်ပွဲ ကျင်းပခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က မဲအပြတ်အသတ်ဖြင့် အနိုင်ရခဲ့သော်လည်း စစ်အစိုးရက အာဏာလွှဲပြောင်းပေးရန် ငြင်းဆန်ခဲ့သည်။

ထိုစဉ်ကတည်းက အမေရိကန်က စစ်အုပ်စုအပေါ် ပြင်းထန်စွာ ဆန့်ကျင်ရပ်တည်ခဲ့ပြီး စီးပွားရေး ပိတ်ဆို့ကာ စစ်ဗိုလ်ချုပ်များ၏ ပိုင်ဆိုင်မှုငွေကြေးများကို တားမြစ်ခြင်း၊ စစ်ဗိုလ်ချုပ်များနှင့် ဆွေမျိုးများကို ပြည်ဝင်ခွင့်ဗီဇာ ပိတ်ဆို့ထားခြင်းနှင့် အမေရိကန် နိုင်ငံသားများနှင့် စီးပွားရေးလုပ်ငန်းများကို မြန်မာနိုင်ငံတွင် စီးပွားရေး မပြုလုပ်ရန် တားဆီးခြင်းတို့ကို ပြုလုပ်ထားသည်။

သို့သော် ၂၀၀၉ ခုနှစ်တွင် အိုဘားမား သမ္မတ ဖြစ်လာပြီးနောက် စီးပွားရေး ပိတ်ဆို့မှုနှင့် အပြုသဘော ဆက်ဆံမှု ၂ ရပ်စလုံးက မြန်မာနိုင်ငံတွင် တွေ့မြင်ချင်သည့် အပြောင်းအလဲကို ဖော်ဆောင် မပေးနိုင်ခဲ့ကြောင်းနှင့် လိုအပ်သည့် မူဝါဒ ပြန်လည်သုံးသပ်မှု စတင်ပြုလုပ်နေကြောင်း အမေရိကန်က ပြောဆိုခဲ့သည်။

ရွေးကောက်ပွဲကာလအတွင်း ဒေါ်အောင်ဆန်းစုကြည် လွတ်နိုင်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပြောကြား

cncletterhead
NEJ
မြန်မာနိုင်ငံတွင် ဒုတိယနှစ်ဝက်ပိုင်းအတွင်း ရွေးကောက်ပွဲကျင်းပနိုင်ပြီး ရွေးကောက်ပွဲကာလတွင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးနိုင်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ် ဖိရုန်က ယမန်နေ့က ပြောကြားလိုက်ကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြသည်။

မည်သည့်အချိန် ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးမည်ဆိုသည်ကို အတိအကျမပြောသော်လည်း ရွေးကောက်ပွဲ ပြုလုပ်မည့်ရက် ကြေညာသည့်နေ့ သို့မဟုတ် မကြေညာခင်တရက်နှင့် ကြေညာပြီး နောက်တရက်တွင် လွှတ်ပေးနိုင်သည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောဆိုခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။

ယခုနှစ်အတွင်း ရွေးကောက်ပွဲလုပ်မည်ဟု နအဖစစ်အစိုးရက ကြေညာထားသော်လည်း ယခုအချိန်အထိ ရက်အတိအကျကို တရားဝင်ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။

အာဆီယံဒေသတွင်း အစည်းအဝေးတွင် မြန်မာစစ်အစိုးရ၀န်ကြီးချုပ်က ယခုနှစ်အတွင်း ရွေးကောက်ပွဲ ကျင်းပပေးမည် ဖြစ်ကြောင်း၊ အစိုးရသစ်တရပ် သေချာပေါက် ဖွဲ့စည်းမည်ဖြစ်ကြောင်း အသေအချာပြောကြားခဲ့သည်ဟု မစ္စတာ ကဆစ်ဖိရုန်က ပြောသည်။

မြန်မာစစ်အစိုးရ ၀န်ကြီးချုပ်က ရွေးကောက်ပွဲဥပဒေ၊ နိုင်ငံရေးပါတီများဥပဒေနှင့် နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦ စသည်တို့မှာ (၇၀) မှ (၈၀) ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း ပြောကြားခဲ့သဖြင့် ရွေးကောက်ပွဲကို ယခုနှစ်ဝက် ဒုတိယပိုင်းတွင် ကျင်းပနိုင်လိမ့်မည်ဟု သူ့အနေဖြင့် ကြိုတင်ပြောဆိုလိုက်ခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ယခုအခါ နေအိမ်အကျယ်ချုပ် (၁၈) လ ချထားခြင်းခံနေရပြီး လာမည့်နိုဝင်ဘာတွင် ၎င်း၏ နေအိမ်အကျယ်ချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်သည်။

နအဖပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးက ဒေါ်အောင်ဆန်းစုကြည်အား လာမည့်နိုဝင်ဘာလကုန် နေအိမ်အကျယ်ချုပ် သက်တမ်းစေ့ပါက ပြန်လွှတ်ပေးမည်ဟု ပြီးခဲ့သည့် ဇန်န၀ါရီလအတွင်းက ပြောကြားခဲ့သည်။