Sunday, December 12, 2010

စစ်အာဏာရှင်တို့ရဲ့ ငရဲခန်းသို့သမင်လည်ပြန် ...........>>>>အရှင်ဇ၀န<<<<

စစ်အာဏာရှင်တို့ရဲ့ ငရဲခန်းသို့သမင်လည်ပြန် ...........>>>>အရှင်ဇ၀န<<<<

by San Maung on Monday, December 13, 2010 at 12:38am

ပေးထားတဲ့ နာမည်ပေါင်းစုံကိုကြည့် ယုဝတီတဲ့ လူတစ်ယောက်စီကို ရုပ်ရှင်မင်းသမီး တွေရဲ့နာမည်လှလှတွေတပ်ပေးတယ်။ နာမည်ခေါ်ရင် ရှင် ထူးရမယ် နေ့စဉ် အချိန်မှန် ထုတ်အရိုက်ခံရမယ်။ လက်သည်းခွံလောက်ရှိတဲ့ ကျောက်ခဲကျိုးတွေ အုတ်ခဲကျိုးတွေဖြန့်ခင်းထားတဲ့ ကွင်းပြင်မှာ လေးဘက်ထောက်အနေအထားနဲ့ ဒူးနဲ့တံတောင်ထောက်ရမယ်။ ဒူးရော တံတောင်ရော မှာ သွေးခြင်းခြင်းနီနေတယ်။ ခံရတာ သွေးသံတရဲရဲကို ပေးထားတဲ့နာမည်က ဆီမီးခွက် အကတဲ့။ 

အရှင်ဇ၀န

စစ်အာဏာရှင်လက်အောက်မှာ တနိုင်ငံလုံး ထောင်ထဲရောက်နေသလိုပဲ ဆိုတာကို ပြောဆိုနေကြတာကြားဘူးမှာပါ။

ဒါကတော့စစ်အာဏာရှင်တွေရဲ့လူ့အခွင့်အရေး ချိုးဖောက်မှုကို တနိုင်ငံလုံး ခံစားနေ၇တာ ပုံဖော်ပြီးပြောနေကြတာပါ။

တကယ့်ကိုထောင်ထဲရောက်ပြီး စစ်ကြောရေးစခန်းတွေရဲ့ ငရဲခန်းတွေထဲက အခွင့်ရေးချိုးဖောက်ခံရမှု ဆိုတာကို တဆင့်စကားတွေက ဒါမှမဟုတ်ကိုယ်တွေ့ကြုံခဲ့ရသူတချို့ရဲ့ ရေးသားချက်တချို့ကနေ သိသူတွေရှိနေကြပါပြီ။ ဒါပေမယ့်မလုံလောက်သေးပါဘူး။

ပြောစရာတွေကတယောက်နဲ့တယောက် တူသယောင်နဲ့ မတူညီခံစားခဲ့ရတာတွေကတော့ ရှိနေဦးမှာပါ။အခုဒီဆောင်ပါးကလည်း ကိုယ်တွေ့တွေထဲက မှတ်မိသမျှ မှတ်တမ်းပြုလိုက်တာပါ။ စစ်အာဏာရှင်တွေရဲ့ယုတ်မာမှုတွေ ကိုစုဆောင်းကြတဲ့အခါ ကိုယ်တွေ့ကြုံသူတွေပြောစကားကတော့ လိုအပ်ချက်တခုအဖြစ် ရှိနေမှာပါ။

စစ်အာဏာရှင်တွေရဲ့ စစ်ကြောခန်းကို ကြုံတွေခဲ့ရသူတွေက ငရဲခန်းလို့ ကင်ပွန်းတပ်ကြပါတယ်။ဒီအခန်းထဲကို စတင်ရောက်တဲ့မြင်ကွင်း လေးကို ပြန်စဉ်းစားမိပါတယ်။

အချိန်ကည ၁၂နာရီလောက်ရှိနေပါပြီ။ ဦးဇင်းရဲ့ကျောင်းကိုဝင်ပြီးစစ်တပ်နဲ့ဝိုင်း ကျောင်းကနေဦးဇင်းတို့ကို စတင်ခေါ်ဆောင်တော့ ကိစ္စရှိလို့ ခဏ လိုက်ခဲ့ပါ- ဒီစကားလေးပဲပြောတာပါ။

ဒါပေမယ့် ကားပေါ် စရောက်ရောက်ခြင်းပဲ ခေါင်းကိုအဝတ်တခုနဲ့စတင်အုပ်လိုက်ပါတော့တယ်။ဝမ်းယားမှောက် လူငါးယောက်က လက်တဖက်ကိုတယောက်စီ၊ ခြေတဖက်ကိုတယောက်စီ၊ ခါးပေါ်ခွလျှက် တယောက်ချုပ်ထားလိုက်တော့တယ်။ ကျောင်းကနေ သူတို့ ထောက်လှမ်းရေးစခန်း ရေကြည်အိုင်တလျှောက် ကားပေါ်မှာ အဲဒီပုံစံအတိုင်း လိုက်ပါခဲ့ရတယ်။

ဘယ်နေရာ ဘယ်အရပ်လို့ မသိအောင် ခေါင်းကိုအုပ်ထားတာပါ။ ဒါပေမဲ့ ရွှေပြည်သာမှာ နေသူတစ်ယောက်အတွက် အခုရောက်နေတာ ဘယ်နားလောက်ဆိုတာ ခန့်မှန်းလို့ရပါတယ်။ ကားပေါ်က ဆင်းဆင်းခြင်း လူနှစ်ယောက်က လက်တစ်ဖက်ဆီကို ဆုပ်ကိုင်ပြီး ဆွဲခေါ်သွားပါတယ်။

ရှေ့မှာ အတားအဆီးများ ရှိနေသည့် ဟန်ဖြင့် "ခြေထောက်မြှောက် ကျော်ကျော်" ဆိုပြီး ခိုင်းပါတယ်။ နှစ်ခု၊ သုံးခုကို ကျော်ခိုင်းပြီး "ခေါင်းငုံ့ ခေါင်းငုံ့" ဆိုပြီး တစ်ခါထပ်ခိုင်းပြန်တယ်။ ငုံ့ခိုင်းတာမှ သာမန်လောက် ငုံ့ရုံမဟုတ်ဘဲ ခါးကို တစ်အားညွှတ်ပြီး ငုံ့ခိုင်းတာပါ။

အဲဒီကနေ အခန်းတံခါးကို ဖွင့်ပြီး အထဲကို ၀င်ခိုင်းလိုက်ပါတယ်။ အခန်းက ၄x၂ သစ်သားချောင်းများ ကာရံထားသော အခန်းကျဉ်းလေးဖြစ်ပါတယ်။ ၀ါကျင့်ကျင့် မီးလုံးလေးတစ်လုံးက အခန်းထဲကို အလင်းရောင်ပေးနေပါတယ်။

ဖျာအကြမ်း တစ်ချပ် ခင်းထားတာတွေ့တယ်။ အကြောက်တရားဆိုတာကတော့ မဖိတ်ခေါ်ဘဲရောက်လာတယ်။ ဘေးနှစ်ခန်းကျော်လောက်က နာကျင်စွာ ညည်းညူသံက အကြောက်တရားကို ပိုပြီး အရှိန်မြင့်စေတယ်။

အမှောင်ထဲမှ ညရဲ့အရိပ်ကိုခိုပြီး အသံမျိုးစုံကိုပေးနေတဲ့ သတ္တ၀ါတို့ရဲ့ အော်မြည်သံကလည်း အကြောက်တရားဆီသို့ စိတ်ကို တွန်းပို့နေပြန်တယ်။ အပြင်လမ်းပေါ်မှာ ကင်းသမားရဲ့ ခေါက်တုန့်ခေါက်ပြန် လျှောက်နေတဲ့ ခြေလှမ်းတွေ တစ်ခါတစ်ခါ ငယ်သံပါအောင် အော်လိုက်တဲ့ အဝေးဆီက နာကျင်သံတွေက ငါ့အလှည့်ကျရင် ဘယ်လိုရင်ဆိုင်မလဲဆိုတဲ့ အတွေးပေါင်းစုံနဲ့ စိတ်က ဂနာမငြိမ် ဖြစ်နေတာအမှန်ပါ။

မကြာဘူး သော့ခလောက်သံက ငရဲခန်းရဲ့ တံခါးဝကို သွားရတော့မယ်လို့ လှမ်းပြောလိုက်သလိုပါပဲ။ "ထွက်မယ် "တံခါးဝနားကို တိုးကပ်လိုက်တော့ တစ်ယောက်က ခေါင်းစွပ်တစ်ခုနဲ့ ခေါင်းကိုစွပ်လိုက်တယ်။ တစ်ယောက်က လက်ကိုစွဲပြီး လက်ထိပ်ခတ်လိုက်တယ်။

နောက် " လိုက်ခဲ့ " ဒီစကားတစ်ခွန်း ပြောပြီး လူကိုဆွဲခေါ်သွားပါတယ်။ အခန်းတစ်ခန်းထဲ အရောက်မှာ ထိုင်ခုံတစ်လုံးပေါ်ထိုင်ခိုင်းလိုက်တယ်။ နောက်မှီမပါ ဘေးလက်တန်းမပါတဲ့ ထိုင်ခုံလေးပါ။ အဲဒီထိုင်ခုံပေါ်မှာ အချိန်တော်တော်ကြာတဲ့အထိ ထိုင်ခိုင်းထားတယ်။ ပတ်ဝန်းကျင်တစ်ခုလုံးမှာလည်း တိတ်ဆိတ်ခြင်းများ လွှမ်းမိုးနေတယ်။ တစ်ခါတစ်ခါ ဖြတ်လျှောက်သွားတဲ့ တဖျပ်ဖျပ် ခြေသံ အချို့သာ ကြားနေရတယ်။

ဒီလိုနဲ့ နှစ်နာရီ လောက်အကြာမှာ လူသုံးယောက်လောက် လှမ်းလာတဲ့ ခြေသံတွေက အခန်းနားကို ပိုပြီးနီးလာတယ်။ အခန်းထဲဝင်လာကြတယ်။ သူစမေးတဲ့ မေးခွန်းက "ကဲ ခင်ဗျား ဒီနေရာကို ဘာကြောင့် ရောက်လာတယ်ထင်သလဲ" ဒါ ပထမဦးဆုံး ငရဲခန်းသခင်ရဲ့ ပဋိသန္ထာရ စကားပါပဲ။

နောက်ဆက်တွဲ အတွေ့အကြုံတွေကတော့ ဘေးက လိုက်လာတဲ့ ပါးကွက်သားတို့ရဲ့ လက်သံပြောင်တဲ့ ညာဖြောင့် လက်သီးလား၊ ဘယ်ဖြောင့်လက်သီးလား မသိတဲ့ အရှိုက်ထဲ ပစ်သွင်းခံရတဲ့ လက်သီးချက်တွေပါပဲ။

ဒဏ်ရာဒဏ်ချက်တွေကို စာမဖွဲ့ပြချင်တော့ပါဘူး။ လေယာဉ်ပျံစီးရတာတွေ၊ ဆိုင်ကယ်စီးရတာတွေဟာ ငရဲခန်းရောက်သူတိုင်းအတွက် ကျော်ဖြတ်ရမည့် ခရီးကြမ်းတွေပါပဲ။ လူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို နင်းချေ ပစ်တဲ့ အပြုအမူတွေပါပဲ။

အကျင့်သီလနဲ့ ပြည့်စုံသူရော ပညာဥာဏ်မြင့်မားသူရော မည်သူမဆို ငရဲခန်းထဲရောက်ခဲ့ရင် အထိုးခံ၊ အကန်ခံ လူမဆန်စွာ ကြိုဆိုခြင်းကို ခံရမှာပါပဲ။ သံဃာတစ်ပါးအတွက် အထွဋ်အမြတ်ထား အဆက်အဆံခံခဲ့ရတာတွေဟာ ငရဲခန်းထဲရောက်ရင် မေ့ထားလိုက်ပါတော့လို့ ပြောနေသလိုပါပဲ။

ဘယ်လောက်ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများဖြစ်ပါစေ ဒီငရဲခန်းကိုတော့ ဖြတ်သန်းခဲ့ကြရတာပါ။ ကာယကံအားဖြင့် လူမဆန်မှုကိုသာ ခံရတာမဟုတ်ပါဘူး။ဝစီကံ အားဖြင့်လည်း ယုတ်ရင်း ကြမ်းတမ်းသော အသုံးအနှုံးတွေက အခန်းထဲဝင်လာသူတိုင်းရဲ့ နှုတ်က ဖေါဖေါသီသီ ဒလဟော သွန်ချနေတာပါ။

ဦးဇင်းကြုံခဲ့ရတာတွေက တခြားသူများထက်စာရင် သက်သာတယ် ဆိုရမှာပါ။ သက်သာတယ်ဆိုတာတောင် တစ်သက်လုံး မမေ့နိုင်စရာပါ။ ကိုယ့်ထက်ဆိုးသူတွေကတော့ တစ်စက်ချင်းချတဲ့ ရေစက်ရဲ့ ဒဏ်ကို ခံရတဲ့ အကြောင်းတွေကို ကိုယ်တိုင်ကြုံသူတွေရဲ့ တကယ့်ဖြစ်ရပ်စကားတွေက ထောင်ထဲမှာ နားမဆံ့အောင် ကြားခဲ့ရတာပါ။

ကဗျာဆရာ ကိုကြည်တင်ဦးဆို ထောင်ထဲရောက်ပြီးမှ တဖန် ပြန်လည်စစ်ကြောခံရတာက မြင်ရသူပါ တောက်ခေါက်သံမဆုံးအောင် ဖြစ်ရပါတယ်။ ကိုယ်တုံးလုံးတီးချွတ်ပြီး ၀ါးခြမ်းပြားနဲ့ မွေးရာပါ ပစ္စည်းအရိုက်ခံရတာ မီးနဲ့တို့ခံရတာတွေဟာ ကြားရသူတွေ၊ မြင်ရသူတွေကိုပါ နာကျင်စေတုန်းပါပဲ။ လူကိုဇောက်ထိုးဆွဲပြီး အစစ်ခံရတာလည်း လူပြောများတဲ့ ငရဲခန်းထဲက လက်စွမ်းပြမှုပါပဲ။

ငရဲခန်းထဲက အကြောင်းတွေဟာ ပြန်မတွေးချင်ဆုံး အကြောင်းတွေ ဖြစ်သလို ဘယ်လိုဖျက်ဖျက် စိတ်မှတ်ဥာဏ်ထဲက ဆွဲထုတ်လို့မရတဲ့ အကြောင်းတွေပါပဲ။ မဟာမြတ်မုနိဘုရားတန်စောင်းထဲက ကြေးရုပ်ကြီးတွေဟာ ဗိုက်တွေ ရင်ဘတ်တွေမှာ အချိုင့်တွေ ဖြစ်နေတာ တွေ့ဘူးမှာပါ။ အင်မတန် မာကြောတဲ့ ကြေးရုပ်ထုအပေါ် သာမန်လက်ကလေးနှင့် ပွတ်တာ ကြိမ်ဖန်များစွာ ကြာလာတော့ ကြေးသားတွေ ချိုင့်သွားရတာကို အထူးအဆန်း ထင်ခဲ့မိပါသေးတယ်။ ခုမြင်ရတဲ့ လူတစ်ယောက်ရဲ့ ဦးခေါင်းက ဒဏ်ရာတွေမြင်တော့ ထိုကြေးရုပ်တွေထက် နုတဲ့လူသားရဲ့ အသားပေါ် ထမင်းစားတူလောက်ရှိတဲ့ ဒုတ်ချောင်းလေးနဲ့ နေ့ရက်ဆက်တိုက်မပျက် အခေါက်ခံရတဲ့ ဦးခေါင်းခွံဟာ ကြေးမဟုတ်တော့ ရက်ပိုင်းလေးနဲ့တင် ဒဏ်ရာတွေ သေရွာပါခဲ့ရတယ်။

ဒါတွေက မသေပဲ ပြန်လာခဲ့ကြသူတွေရဲ့ ငရဲခန်းထဲက ဒဏ်ရာတွေကိုသာ ပြောနေတာပါ။ အသက်သေပြီး အစပျောက်သွားရသူတွေ ဦးနှောက်ပျက် ရူးသွပ်သွားရသူတွေဟာ စစ်အာဏာရှင်တို့ရဲ့ ငရဲခန်းထဲမှာ များစွာရှိနေပါသေးတယ်။

ဒါတွေဟာ ယခု လူကိုယ်တိုင်ပြောပြနိုင်သူတွေရှိတုန်း မှတ်တမ်းတွေ ရယူထားသင့်ပါတယ်။ ဖက်ဆစ်တို့ရဲ့ ကိုယ့်လူမျိုးအပေါ် ကမ်းကုန်အောင် ရက်စက်မှုဟာ အာဏာငမ်းဖမ်းမှုတစ်ခုထဲကြောင့် ဖြစ်ရတာပါ။ သူတို့တွေဘယ်လိုပဲ အာဏာတွေပါဝါတွေနဲ့ ယုတ်မာမှုတွေ၊ ရက်စက်မှုတွေကို ဖုံးကွယ်ထား ဖုံးကွယ်ထား အမှန်တရားကို ဖော်ထုတ်နိုင်မယ့် တရားဥပဒေရှေ့မှောက် ရောက်တဲ့အခါ အာဏာရူးတို့ကိုချည်နှောင်တဲ့ ကြိုးတွေအဖြစ် ငရဲခန်းထဲက အံကြိတ်သံတွေ တောက်ခေါက်သံတွေက တာဝန်ယူပါလိမ့်မယ်။

စစ်ကြောရေးခန်းက လွတ်လာသူဟာ (ဘယ်သူမှမရောက်ချင်တဲ့ ) ထောင်ကို ပို့တော့မယ်ဆိုရင် နေ့ညမပြတ် ခံစားနေရတဲ့ ဒုက္ခက လွတ်ပြီလို့ ၀မ်းသာကြသူတွေချည်းပါပဲ။ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေကတော့ တရားရုံး ရောက်တဲ့အခါ ထောင်ထဲနေတဲ့အခါတွေမှာ များစွာ တွေ့ကြုံရပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေအတွက် သီးသန့် ဆောင်းပါးတစ်စောင်ရေးရမှာပါ။

ငရဲခန်းအကြောင်းကိုသာ ခေါင်းစီးပို့ထားတာမို့ ထောင်ထဲကရက်စက်မှုတွေကိုလွည်း အကြမ်းဖျင်း ပြောချင်ပါသေးတယ်။

ထောင်ထဲက ဥပဒေအရ (jail manual) ပေးရမယ့် အခွင့်အရေးတွေများစွာ ရှိပါတယ်။ သူသတ်မှတ်ထားတဲ့ ဥပဒေကို သူကိုယ်တိုင် မလိုက်နာဘဲ ထင်တိုင်းကြဲခဲ့တာတွေကိုတော့ လူ့အခွင့်အရေးအကြောင်းမှာ သီးသန့်ရေးပါမယ်။

ထောင်ထဲက ကြောပေါ် ဒုတ်ချက်များစွာ ကျရောက်ခဲ့ရတဲ့ ဇာတ်လမ်းတွေဟာ ကိုယ်တိုင် မကြုံတွေ့ခဲ့ရသော်လည်း ကြုံတွေ့သူတွေနဲ့ လက်ပွန်းတသီး နှစ်ရှည်လများ နေလာခဲ့ရတော့ ကိုယ်တိုင် ခံစားခဲ့ရသလိုပါပဲ။ အင်းစိန်ထောင်ထဲက ယုဝတီတိုက်ဆိုတာ နာမည်ကြီး ငရဲခန်းတစ်ခုပါပဲ။

ဒီငရဲခန်းကို ကိုယ်တိုင်ရောက်ခဲ့သူရဲ့ နာကျည်းသံ အံကြိတ်သံ တောက်ခေါက်သံတွေဟာ ထောင်ကလွတ်ပေမယ့် ကြားရနေတုန်းပါပဲ။ ယောက်ျားတစ်ယောက်ကို နာမည်ခေါ်တဲ့အခါ ယောက်ျားထူးသလို ဗျာ လို့ထူးရင် အရိုက်ခံရတယ်။ ရှင် လို့ ထူးရတယ်။

တစ်ယောက်ချင်းစီကိုလည်း နာမည်ကြီး အနုပညာသည်တွေရဲ့ နာမည်တွေကို တပ်ပြီးခေါ်တယ်။ ထက်ထက်မိုးဦး၊ ခင်သန်းနု၊ခိုင်သင်းကြည်၊ နန္ဒာလှိုင် စတဲ့ နာမည်တွေဟာ ယောက်ျားဖြစ်တဲ့ ယုဝတီတိုက်ရောက် အကျဉ်းသားတွေ အခေါ်ခံရတဲ့ နာမည်တွေပါ။

ဦးဇင်းနဲ့ အင်မတန် ရင်းနှီးတဲ့ ဦးတင်ထွန်းဆို ပိန်ပိန်ပါးပါးနဲ့မို့ သူ့ကို ခေါ်တဲ့ နာမည်က ဒေါ်မြတ်လေးတဲ့။ နာမည်လှလှလေးတွေရဲ့နောက်က နာမည်နဲ့ လုံးဝဆန့်ကျင်ဘက်ဖြစ်တဲ့ ရက်စက်မှုတွေက ကြားရသူတွေပါ နှိပ်စက်ခံရသလို ဖြစ်စေခဲ့ပါတယ်။

ပေးထားတဲ့ နာမည်ပေါင်းစုံကိုကြည့် ယုဝတီတဲ့ လူတစ်ယောက်စီကို ရုပ်ရှင်မင်းသမီး တွေရဲ့နာမည်လှလှတွေတပ်ပေးတယ်။ နာမည်ခေါ်ရင် ရှင် ထူးရမယ် နေ့စဉ် အချိန်မှန် ထုတ်အရိုက်ခံရမယ်။ လက်သည်းခွံလောက်ရှိတဲ့ ကျောက်ခဲကျိုးတွေ အုတ်ခဲကျိုးတွေဖြန့်ခင်းထားတဲ့ ကွင်းပြင်မှာ လေးဘက်ထောက်အနေအထားနဲ့ ဒူးနဲ့တံတောင်ထောက်ရမယ်။ ဒူးရော တံတောင်ရော မှာ သွေးခြင်းခြင်းနီနေတယ်။ ခံရတာ သွေးသံတရဲရဲကို ပေးထားတဲ့နာမည်က ဆီမီးခွက် အကတဲ့။

ယုဝတီတိုက်ထွက်တွေရဲ့ တစ်ကိုယ်လုံးမှာ ဒဏ်ရာတွေဟာ သေရာပါသွားမှာ သေချာတယ်။ အင်းစိန်ထောင်သမိုင်းမှာ ယုဝတီတိုက်ဆိုတာ လူမဆန်ဆုံးသော ငရဲခန်း ပါပဲ။

၁၉၉၉ ဇူလိုင်လ ဆေးကုသဖို့ သာယာဝတီထောင်ကနေ အင်းစိန်ထောင်ကို ပြန်ရောက်စဉ်က ကြုံတွေ့ခဲ့ရတဲ့ အဖြစ်တစ်ခုက စိတ်ထဲမှာ ခုထိ ဒဏ်ရာပြင်းစွာ ရနေတဲ့ အဖြစ်တစ်ခုပါပဲ။

ဘာသာရေးစကား၊ ဘာသာရေးတရား ပြောဆိုနေကြတဲ့ နိုင်ငံရေး အကျဉ်းသား ( ယခု အမေရိကားရောက်နေတဲ့ ကိုစိုးသန်း) ကို အသံကျယ်လို့ လာရောက်ဆဲဆိုတဲ့ ၀န်ထမ်းအား ဘာသာရေးအရ ဦးဇင်းနဲ့ ကိုစိုးသန်းက ပြောပြသောအခါ အဲဒီဝန်ထမ်းတော်တော် အရှက်ရသွားတယ်။ ဒီကိစ္စကို မကျေနပ်လို့ ဦးဇင်းတို့နှစ်ယောက်ကို ထောင်မှူးကြီး ရုံးခန်းခေါ်ပြီး ပညာပေးခံလိုက်ရတာ တော်တော်နာကျည်းစရာကောင်းတယ်။ဖရုသ၀ါစာ ယုတ်ရင်းကြမ်းတမ်းတဲ့စကား ပြောသူက အမှန် ပီယ၀ါစာ ပြောသင့်တယ်လို့ တင်ပြသူက အမှား ပြစ်ဒဏ်ကျခံရတယ်။

ယုဝတီတိုက်မရှိတော့တာ ဦးဇင်းတို့အတွက် ကံကောင်းတာပဲ။ (၂)တိုက်မှာ နေစဉ်က ရှေ့တည့်တည့်မှာ အမြဲပိတ်ထားတဲ့ အခန်းတစ်ခန်းကိုတွေ့ရတယ်။ ဘာကြောင့်ပိတ်ထားတာလဲလို့ ဘေးအခန်းမှာ ရှိတဲ့ လူတွေကို မေးကြည့်တော့ သူတို့ကပြောတယ်။ ဒါ ပြစ်ဒဏ်အခန်းတဲ့။ ပြစ်ဒဏ်ကျခံသူများကို မိကျောင်းတက် တက်ခိုင်းပြီး လူနှစ်ယောက်က (လူနှစ်ယောက်ဆိုတာ ၀န်ထမ်းဖြစ်ချင်လည်း ဖြစ်မယ်။ ၀န်ထမ်းမဟုတ်လည်း အာဏာပိုင် လက်ပါးစေအကျဉ်းသားလည်း ဖြစ်မယ်) အဆက်မပြတ် ရိုက်နှက် ခေါ်ဆောင်လာတဲ့ ပြစ်ဒဏ်ကျအကျဉ်းသားရဲ့ ဒုက္ခကို မြင်ခဲ့သူတိုင်းက သနားမဆုံး ရှိကြတယ်။

အလုံပိတ်ထားတဲ့ အခန်းကျဉ်းထဲမှာ ရက်သတ္တနှစ်ပတ်လောက် ပိတ်ထားတယ်။ ပုံစံထမင်းဟင်းကို လာပေးချိန်သာ သူ့ခမြာ အလင်းရောင်မြင်ရတယ်။ သနားလို့ ငပိကြော်လေး မုန့်လေးသွားမပေးလိုက်နဲ့ ပေးတဲ့သူပါ ပြဿနာရှာခံရတယ်။ မသင်္ကာရင် ပြစ်ဒဏ်ကျ အခန်းထဲကို ၀င်ရှာတယ်။ မသင်္ကာစရာ ငပိကြော်၊ ဆေးလိပ်တို ဒါမှမဟုတ် စားစရာတစ်ခုခုများ တွေ့လို့ကတော့ ပြစ်ဒဏ်ကျခံသူလည်း မသက်သာ။ အနီးအနားက အခန်းတွေလည်း ပြဿနာရှာတော့တယ်။

အဲဒီငရဲခန်းကလည်း ICRC ၀င်တော့မယ်ဆိုတဲ့ အသံကြားမှ ရပ်တန့်သွားတယ်။ ICRC ဟာ အကျဉ်းသားတွေ တကယ်အားကိုးရတဲ့ အဖွဲ့အစည်းပါပဲ။ (၁၆) နှစ်တာကာလမှာ ကဗျာစာရွက်မိလို့ တိုက်ပိတ်ခံရတာ၊ ဘာသာရေးစကားပြောလို့ တိုက်ပိတ်ခံရတာတွေဟာ ဘ၀မှာ မေ့ဖျောက်လို့မရနိုင်တဲ့ ဒဏ်ရာတွေလို့ပဲ ဆိုလိုက်ချင်ပါတယ်။

တချို့ကိစ္စတွေဟာ အကြောင်းတိုက်ဆိုင်မှ ပြန်လည်ပေါ်လာတာမို့ တစ်ခုချင်းကို တစ်ပေါင်းတစ်စည်းတည်းတော့ မတင်ပြနိုင်တော့ပါဘူး။ အကြောင်းသင့်လို့ ပေါ်လာရင်ပေါ်လာသလို မှတ်တမ်းတွေရေးမှာပါ။ ကိုယ့်လူမျိုး အချင်းချင်း ဘာကြောင့် နှိပ်စက်တာလဲဆိုတဲ့ အဖြေကို စာဖတ်သူလည်း ထုတ်ကြည့်စေချင်ပါတယ်။

အရှင်ဇဝန

နိုင်ငံရေးအကျဉ်းသားဟောင်း

http://www.facebook.com/?ref=home#!/profile.php?id=100001168658232&sk=wall

Free all political prisoners in Burma ( နေဘုန်းလတ် )............

by San Maung on Monday, December 13, 2010 at 6:00am

နအဖ စစ်အစိုးရ၏ ပုဒ်မ ၅ဝ၅ (ခ) ဖြင့် ၂ နှစ် ၊ ဗီဒီယို အက်ဥပဒေ ပုဒ်မ ၃၂ (ခ)၊ ၃၆ ဖြင့် ၃ နှစ် ၆ လ ၊ အီလက်ထရောနစ် အက်ဥပဒေ ပုဒ်မ ၃၃ (က)၊ ၃၈ ပုဒ်မဖြင့် ၁၅ နှစ်၊ စုစုပေါင်း နှစ်ပေါင်း (၂ဝ)နဲ့ (၆)လကြာအောင် ထောင်ချခံရသည့် ဘလော့ဂါ နေဘုန်းလတ် အဖမ်းမခံရခင်က ရေးသားခဲ့သော ဝတ္ထုတို ဖြစ်သည်။

စူးရှပြောင်မြောက်သော အတွေးအခေါ်ဖြင့် မတရားမှုကို တိုက်ပွဲဝင်ရင်း မတရား ဖမ်းဆီးခံရသော နေဘုန်းလတ်အား သူရေးသားခဲ့သောစာကို ဖော်ပြ၍ လေးစားစွာ ဂုဏ်ပြုလိုက်ပါသည်။

နေဘုန်းလတ်နှင့်တကွ မတရား အဖမ်းဆီးခံနေရသော နိုင်ငံရေးအကျဉ်းသမားများ အမြန်ဆုံး ပြန်လည် လွတ်မြောက်လာရန် ဝိုင်းဝန်းကြိုးပမ်းကြပါစို့။

ဇာဂနာနှင့် နေဘုန်းလတ် ပူးတွဲဆုရရှိ ........

နိုင်ငံကျော် ဟာသ ပညာရှင် ကိုဇာဂနာနှင့် ဘလော့ဂ်ဂါ ကိုနေဘုန်းလတ်တို့သည် ပြင်သစ်အခြေစိုက် နယ်စည်းမခြား သတင်းသမားများ အဖွဲ့ (RSF)၏ ၂၀၀၈ ခုနှစ်အတွက် ဆိုက်ဘာ အတိုက်အခံ ဘလော့ဂ်ဂါဆုကို ကြာသပတေးနေ့တွင် ပူးတွဲ ရရှိလိုက်သည်။ 

ကိုဇာဂနာနှင့် ကိုနေဘုန်းလတ်တို့သည် ရွှေဝါရောင် တော်လှန်ရေးနှင့် နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးချိန် ကာလများက စစ်အစိုးရ၏ တားမြစ်ပိတ်ပင်မှုများ အကြားက ပြည်တွင်းနှင့် ပြည်ပမှ ပြည်သူများ သတင်းမှန် ရရှိရေးအတွက် ဘလော့ဂ်များမှ တဆင့် တင်ပြပေးခဲ့၍ ယခုဆုကို ချီးမြှင့်ခြင်း ဖြစ်သည်ဟု RSF ၏ သတင်းစာ မျက်နှာများတွင် ဖော်ပြထားသည်။

ထောင်ထဲမှာပင် လူပြောများဖွယ် ပြက်လုံးများ ပြောကြားခဲ့သေးသည့် ကိုဇာဂနာကို ထောင်ဒဏ် ၅၉ နှစ်နှင့် ကိုနေဘုန်းလတ်ကို ထောင်ဒဏ် အနှစ် ၂၀ အသီးသီး ချမှတ်ထားသည်။

ကိုဇာဂနာကို ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ ညကပင် မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ် မြစ်ကြီးနားထောင်သို့ ပို့လိုက်သည်။

"ဆုရတာတောင် ၀မ်းသာတယ်ဆိုတာထက် မပျော်နိုင်တော့ပါဘူး။ အခုလို အဝေးကြီးကို ပို့လိုက်တော့ ကျမတို့ တမိသားစုလုံး စိတ်ဆင်းရဲနေရတယ်။ အခု အဲဒီကို ဘယ်လိုလိုက်ရမလဲပဲ စဉ်းစားနေရတယ်လေ။ သူနဲ့ တွေ့ဖြစ်ရင်တော့ သူ့ကို ဒီအကြောင်း ပြောပြမယ်။" ဟု ကိုဇာဂနာ၏ မိသားစုဝင် တဦးက မဇ္ဈိမကို ပြောပြသွားသည်။

ဆုအဖြစ် ဘလော့ဂ်ဂါဆု ရုပ်တုနှင့် မြန်မာငွေ ကျပ်သိန်း ၄၀ နီးပါးနှင့် ညီမျှသော ယူရိုငွေ ၂၅၀၀ ကို အခမ်းအနားဖြင့် အီရန်နိုင်ငံမှ နိုဘယ် ငြိမ်းချမ်းရေးဆုရှင် ရှီရန် အဘာတီမှ ပေးအပ်မည် ဖြစ်သည်။ 

ကိုယ်တိုင် ဆု တက်ရောက် ယူနိုင်ခြင်း မရှိသော ကိုဇာဂနာနှင့် ကိုနေဘုန်းလတ်တို့ ကိုယ်စား လန်ဒန်မှ မြန်မာ ပန်းချီဆရာ ကိုထိန်လင်းက တက်ရောက်ရယူမည် ဖြစ်သည်။ 

"အခုလိုဆုပေးတာမှာ အရေးအကြီးဆုံးကတော့ နိုင်ငံတကာ အသိုင်းအ၀ိုင်းက သူတို့ကြုံတွေ့နေရတာတွေကို အာရုံစိုက်မိဖို့နဲ့ သူတို့ဟာ အပြစ်မရှိဘူးဆိုတာကို ပြသလိုက်တာပါပဲ"ဟု RSF ၏ အာရှ ပစိဖိတ်ဒေသ တာဝန်ရှိ ပုဂ္ဂိုလ် ဗင်းဆင့် ဘရော့စ်ဝဲလ်က မဇ္ဈိမကို ပြောသည်။

အိုင်တီနည်းပညာသိချင်လို့ အင်တာနက်သုံးတာ အင်းစိန်ထောင်ကို ရောက်ခဲ့သည်ဆိုသော ကိုဇာဂနာ၏ ပြက်လုံးမှာ လူအများ ပါးစပ်ဖျား ရေပမ်းစားနေသည်။

ကိုနေဘုန်းလတ်၏ မိခင် ဒေါ်အေးအေးသန်းက "ဒီလိုဆုရတဲ့ အတွက် ၀မ်းသာပါတယ်။ ဗင်းဆင့်နဲ့ တကွ ဆုရွေးချယ်ရေး အဖွဲ့ကိုလည်း ကျေးဇူးတင်ပါတယ်။ ဒါက မြန်မာပြည်မှာ လူငယ်တွေကို အထင်မှားပြီးတော့ အပြစ်ပေး အရေးယူခံနေရတာကို ပေါ်လွင်စေတယ်။ အခုဆို ဒါကို ကမ္ဘာက အကုန်လုံး သိသွားတာပေါ့နော်။ နောက်ဒါက တယောက်ထဲကိုပေးတာဆိုပေမယ့် လူငယ်အများစုရဲ့ကိုယ်စား နေဘုန်းလတ်က ရတယ်လို့ပဲ ယူဆတယ်လေ။" ဟု မဇ္ဈိမကို ပြောသည်။ 

သားဖြစ်သူရောက်ရှိနေသော ကရင်ပြည်နယ် ဘားအံထောင်သို့ ထောင်ဝင်စာ သွားရောက်တွေ့ဆုံမည့် အချိန်တွင် သားဖြစ်သူကို ဆုရသည့်အကြောင်း ပြောပြမည်ဟု သူက ဆက်ပြောသည်။

................................

ကျွန်တော်နှင့် ငရဲကြီး ၁၂ထပ် …

ရေးသားသူ – နေဘုန်းလတ် at Wednesday, July 25, 2007

ငရဲပြည်ကို အရှင်လတ်လတ် ရောက်သွားခဲ့ဖူးတဲ့ ဇာတ်ကြီးဆယ်ဘွဲ့ထဲက ဘုရားလောင်း နေမိမင်းအကြောင်းကို အားလုံး ကြားဖူးကြမယ် ထင်ပါတယ်။ ကျွန်တော်က ဘုရားလောင်းနေမိမင်းနဲ့ ဘယ်လိုမှ မပတ်သက်ပေမယ့် ကျွန်တော်လည်းငရဲပြည်ကို အရှင်လတ်လတ်လိုလို၊ အိပ်မက်လိုလိုနဲ့ ရောက်သွားခဲ့ဖူးတယ်။ ခင်ဗျားတို့ယုံချင်ရင်ယုံ၊ မယုံချင်ရင်လည်းနေကြပါ။ ကျွန်တော်ကတော့ ငရဲမင်းကြီး အမိန့်ရှိခဲ့တဲ့အတိုင်း ငရဲပြည်က သတင်းအချက်အလက်တွေကို သိသင့်သူတွေသိစေဖို့ ပြန်ပြောပြဖို့တာဝန် ရှိနေတဲ့အတွက် အားလုံးကို ပြောပြချင်ပါတယ်။

အဖြစ်ကဒီလိုပါ…။

အဲဒီ့နေ့က … တိတိကျကျပြောရရင်တော့ အဲဒီ့ညနေကပေါ့…။ ကျွန်တော့်ကို ငရဲသားခန့်ခန့်ကြီးနှစ်ယောက်က သူတို့ရဲ့ စီးတော်ယာဉ်ကြီးနဲ့လာခေါ်သွားတယ်။ ဟိုရောက်တော့ သူတို့က ကျွန်တော့်ကို ငရဲမင်းကြီးနဲ့မိတ်ဆက်ပေးတယ်။ အဲဒီ့မှာပဲ ငရဲမင်းကြီးက ကျွန်တော့်ကိုပြောတယ်…

" မင်းကို ဒီခေါ်ရတဲ့ အဓိကအကြောင်းအရင်းကတော့ ငရဲပြည်ရဲ့တိုးချဲ့ဆောင်တွေအကြောင်း လူပြည်က အချို့သောသူတွေကို သတင်းပေးချင်လို့ပဲ၊ မင်းက သတင်းထောက်တစ်ယောက် ဆိုတော့ ဒီကနေ ပြန်သွားရင် ဒီကသတင်းတွေကို လူ့ပြည်မှာ ဖြန့်ဖြူးပေးရလိမ့်မယ်။ ´´

သူကအဲဒီ့လိုပြောတော့ ကျွန်တော်က ကောင်းပြီပေါ့…။ ငြင်းစရာအကြောင်းမှမရှိတာ။ ငရဲပြည်ကနေ အခုလို အထူးဧည့်သည်တော် အဖြစ်နဲ့ ဖိတ်ခေါ်သတင်းပေးတဲ့အဖြစ်က တကယ့်ကိုဖြစ်တောင့်ဖြစ်ခဲ ပဲဟာ။ အဲဒီ့လိုနဲ့ ခုနက ကျွန်တော့်ကို လာခေါ်တဲ့ ငရဲသားနှစ်ယောက်က ကျွန်တော့်ကို ငရဲကြီးရှစ်ထပ်ကို တစ်ထပ်ပြီးတစ်ထပ် လိုက်ပြတယ်။ ဒီငရဲတွေအကြောင်းကတော့ အားလုံးလဲ သိပြီးဖြစ်တာကြောင့်ကျွန်တော် ထွေထွေထူးထူးပြောပြမနေတော့ပါဘူး။

ကျွန်တော်တကယ်ပြောပြချင်တာက ငရဲပြည်ရဲ့တိုးချဲ့ဆောင်တွေ အကြောင်းပါ။ ကျွန်တော်လည်း အဲဒီ့ငရဲတွေကို ပါလာတဲ့ ကင်မရာလေးနဲ့ ဓါတ်ပုံတွေ တဖျတ်ဖျတ်ရိုက်ရင်း ကြောက်ကြောက်လန့်လန့်နဲ့ တစ်ထပ်ပြီးတစ်ထပ် ကြည့်လာလိုက်တာ ငရဲကြီးရှစ်ထပ်က ခဏလေးအတွင်းမှာပဲ ကြည့်လို့ ပြီးသွားပါတယ်။ အဲ့ဒီလိုနဲ့ အောက်ဆုံးထပ်ဖြစ်တဲ့ အ၀ီစိငရဲရဲ့အောက်တစ်ထပ်ကို ကျွန်တော်တို့ ဆင်းလိုက်တယ်ဆိုရင်ပဲ အခုမှ ထပ်ပြီးပြင်ဆင်ဆောက်လုပ်နေတဲ့ ငရဲပြည်ရဲ့တိုးချဲ့ငရဲတစ်ခုစီကို ရောက်သွားပါတော့တယ်။

အဲဒီ့ ၉ထပ်မြောက်ငရဲမှာက အလွန်မြင့်မားတဲ့တောင်တန်းကြီးတွေနဲ့ အလွန်နက်ရှိုင်းမတ်စောက်လှတဲ့ ချိုင်းဝှမ်းကြီးတွေ၊ တွင်းကြီးတွေ ရှိတယ်။ အဲဒီ့ငရဲမှာ စောင့်ကျပ်နေကြတဲ့ ငရဲသားတွေကလည်း ဆူးချွန်တွေတပ်ထားတဲ့ ကြာပွတ်ရှည်ကြီးတွေကို တရွှမ်းရွှမ်းနဲ့ ကြမ်းပြင်ကိုရိုက်ရင်း လက်တပြင်ပြင် လုပ်နေကြတယ်။ ကျွန်တော် တအံ့တသြနဲ့ ငေးမောနေတုန်းမှာပဲ ကျွန်တော့်ဘေးနားက ငရဲသားက ကျွန်တော့်ကို ရှင်းပြတယ် …

" ဒီငရဲကတော့ လူ့ပြည်မှာ လုပ်အားပေး၊လုပ်အားပေးဆိုပြီး လူတွေကို အကျပ်ကိုင်၊ အဓမ္မ စေခိုင်းခဲ့တဲ့သူတွေအတွက်ပဲ။ စားဝတ်နေရေးအတွက် အနိုင်နိုင်ရုန်းကန်နေရတဲ့သူတွေကို ရေနစ်သူဝါးကူထိုး ဆိုသလိုပဲ မတရားလုပ်အားပေး ခိုင်းနေတဲ့အဖြစ်တွေ လူ့ပြည်မှာ အခုတလော တိုးသထက်တိုးလာနေတာကြောင့် ဒီငရဲကို ငါတို့သီးသန့်ထပ်ဆောက်နေကြရတာပဲ။

အဲဒီ့မတရားစေခိုင်းတဲ့သူတွေက ဒီကိုရောက်လာရင် အဲဒီ့တောင်ကြီးတွေကိုဖြိုပြီး၊ ဟောဟိုက ချိုင့်တွင်းကြီးတွေကို ဖို့ကြရလိမ့်မယ်။ သူတို့ဖြိုပြီးတဲ့ တောင်တွေနေရာမှာတွင်းတွေ ပြန်ပြန်ဖြစ်သွားပြီး၊ သူတို့ဖို့လိုက်တဲ့တွင်းတွေနေရာကလည်းတောင်တွေ ပြန်ဖြစ်သွားကြလိမ့်မယ်။ အဲဒီ့အလုပ်ကို သူတို့မနားမနေနဲ့ နှစ်ပေါင်းများစွာ လုပ်ကြရလိမ့်မယ်၊ ခဏနားလိုက်တာနဲ့ အနားမှာ စောင့်နေကြတဲ့ ငရဲသားတွေက ဆူးချွန်ကြာပွတ်တွေနဲ့အဆက်မပြတ် ၀ိုင်းရိုက်ကြလိမ့်မယ်။´´

ကျွန်တော်လည်း သူပြောပြတာတွေကို သေသေချာချာလိုက်မှတ်ပြီး စိတ်ထဲကနေလည်း နည်းတောင် နည်းသေးတယ်လို့ စဉ်းစားနေမိတယ်။ သူတို့က ကျွန်တော့်စိတ်ကျေနပ်အောင် လေ့လာပြီးတဲ့နောက်မှာ နောက်ငရဲတစ်ထပ်စီကိုခေါ်သွားပါတယ်။ ၁၀ထပ်မြောက်ငရဲပေါ့။ ဒီငရဲမှာကတော့ ဘာမှထွေထွေထူးထူး မရှိဘူး။ နီရဲပူပြင်းနေအောင်မီးမြှိုက်ထားတဲ့ လူတစ်ကိုယ်စာ လှောင့်ချိုင့်လေးတွေအများကြီးကိုပဲတွေ့ရတယ်။

" ဒီငရဲကတော့ သိပ်ပြီးမထူးခြားဘူးနော် …´´

ကျွန်တော်က အဲဒီ့လိုပြောလိုက်တော့ ဘေးကငရဲသားက …

" ရုတ်တရက်ကြည့်ရင်တော့ ဘာမှမဟုတ်ဘူးပေါ့ကွာ၊ ဒါပေမယ့် အဲဒီ့လှောင့်ချိုင့်လေးတွေက အထူးစီမံထားတာကွ၊ ဒီငရဲကို ရောက်လာမယ့်သူတွေက အဲဒီ့လှောင်ချိုင့်ထဲမှာ နေရမယ်၊ အဲဒီလှောင်ချိုင့်လေးတွေက တဖြည်းဖြည်းနဲ့သေးသေးလာကြပြီး သူတို့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကို အပြင်းထန်ဆုံး ဆွဲညှစ်ကြလိမ့်မယ်။ နောက်ဆုံးမှာ သူတို့ရဲ့ခန္ဓာကိုယ်ထဲအထိ သေးငယ်ကျုံဝင်သွားရင်း သူတို့ရဲ့နှလုံးသားတွေကို တစ်ဆစ်ဆစ် နာကျင်နေစေပြီး လုပ်ခဲ့တဲ့အမှားတွေအတွက် တမြေ့မြေ့နဲ့ နောင်တ ရနေစေလိမ့်မယ်။ အဲဒီ့တော့မှ လှောင်ပိတ်ခံရခြင်းရဲ့ဝေဒနာကို သူတို့ကိုယ်ချင်းစာမိကြလိမ့်မယ်။´´

" ဘယ်လိုလူတွေအတွက်တုန်းဗျ …´´

" ရှင်းပါတယ်ကွာ … လူတွေကို လူလူခြင်း စာနာစိတ် မထားပဲ မထင်ရင်မထင်သလို ဖမ်းဆီး ထောင်ချနေတဲ့သူတွေအတွက်ပေါ့။ ငါတို့လုပ်ချင်တိုင်းလုပ်လို့ရတယ်ဆိုပြီး ဘ၀ပေါင်းများစွာကို လွယ်လွယ်ကူကူနဲ့ ချုပ်နှောင် ဖျက်ဆီးပစ်နေကြတဲ့သူတွေအတွက် အထူးစီမံ ဆောင်ရွက်ထားတဲ့ငရဲပေါ့…´´

ကျွန်တော်ကတော့ သူပြောတာတွေကို နားထောင်နေရင်း သူတို့က တရားသဖြင့် ခံရတာဆိုတော့ မတရား ချုပ်နှောင် နှိပ်စက်ခံရတဲ့ခံစားမှုကိုတော့ ကိုယ်ချင်းစာမိမှာ မဟုတ်ပါဘူးလို့ စဉ်းစားနေမိတယ်။ အဲဒီ့လိုနဲ့ ကျွန်တော်တို့ နောက်ထပ် ငရဲတစ်ခုကို ရောက်သွားပြန်တယ်။ ဒီ ၁၁ထပ်မြောက် ငရဲမှာက ပွက်ပွက်ဆူအောင် ကျိုထားတဲ့ချော်ရည်ပူအိုးကြီးတွေ၊ ရဲရဲတောက်နေအောင် မီးကင်ထားတဲ့ သံဆူးချွန်ကြီးတွေနဲ့ လက်သန်းလုံးလောက်ရှိတဲ့ အပ်နဲ့ အပ်ချည်ကြိုး အကြီးကြီးတွေ အများကြီးကို ပြင်ဆင်ထားတယ်။ ကျွန်တော်လည်း ဘေးနားကငရဲသားကို လှမ်းမေးမယ်အလုပ်မှာပဲ သူက …

" အဲဒီ့ချော်ရည်ပူတွေက လူ့ပြည်မှာလူတကာရဲ့ နားတွေထဲကို မဟုတ်ကဟုတ်က အတင်းအဖျင်းတွေ ဇွတ်ရောအတင်းရော ရိုက်ရိုက်ထည့်နေတဲ့သူတွေရဲ့ နားတွေထဲကို လောင်းထည့်ဖို့၊ ဟောဒီ့မီးကင်ထားတဲ့ သံဆူးချွန်ကြီးတွေက လူတကာရဲ့ မျက်လုံးတွေကို ဘာမှမမြင်နိုင်အောင် အာဏာတွေ၊ ပါဝါတွေသုံးပြီး လိုက်လိုက်ကာဆီးနေတဲ့ လူအချို့ရဲ့ မျက်လုံးတွေကို ထိုးဖောက်ဖို့၊ ဟောဟိုက အပ်နဲ့အပ်ချည်ကြိုးကြီးတွေကတော့ လူတွေကို ဘာဆိုဘာမှ မပြောရဲမဆိုရဲအောင် ချိန်းခြောက်တားဆီးတဲ့အပြင် မှန်တာကို ပြောပြန်ဆိုပြန်ရင်လည်း မတရားတဲ့ နည်းစနစ်တွေသုံးပြီး လူတွေရဲ့ပါးစပ်ပေါက်တွေကို လိုက်လိုက်ပိတ်ပစ်နေတဲ့ အချို့သောသူတွေရဲ့ ပါးစပ်တွေကို အထပ်ထပ်ချုပ်ပစ်ဖို့ပဲ ´´

" လူတိုင်းလူတိုင်းရဲ့အနာဂတ်တွေဆီသွားမယ့် ခြေထောက်တွေကို ရိုက်ချိုးပစ်နေတဲ့သူတွေအတွက်၊ မသန့်စင်တဲ့ အတ္တဆန္ဒတွေ အတွက်နဲ့ လူတကာရဲ့မျှော်လင့်ခြင်း အိပ်မက်တွေကို ရက်ရက်စက်စက် ချနင်းခြေမွပစ်နေတဲ့ သူတွေအတွက်၊ တောမီးလောင်တိုင်း ထထပြီး လက်ခမောင်းခတ်တတ်ကြတဲ့ တောကြောင်တွေအတွက်၊ နောက်ြ့ပီး တက်လာသမျှလူတိုင်းကို တည့်အောင်ပေါင်းပြီး တောင်းစားမယ်ဆိုတဲ့ တသုံးလုံးကျေ လူအချို့အတွက်လည်း ခင်ဗျားတို့တစ်ခုခုစီစဉ်သင့်တယ်ဗျ …´´

ကျွန်တော် အဲဒီ့လိုအကြံပေးတာကို ငရဲသားတစ်ယောက်က သေသေချာချာ လိုက်မှတ်ပြီးတဲ့နောက်မှာ သူတို့က ကျွန်တော့်ကို နောက်ဆုံးငရဲစီကို ခေါ်သွားတယ်။ အ၀ီစိငရဲရဲ့အောက်က လေးထပ်မြောက်ငရဲ တစ်နည်းပြောရရင် ၁၂ထပ်မြောက်ငရဲပေါ့။ ရောက်ပါပြီ …။

ရောက်ရောက်ခြင်းမှာပဲ ချိုင့်တွေ၊ ခွက်တွေ၊ အချွန်အတက်တွေ၊ ပြည့်နေတဲ့လမ်းတစ်ခုရဲ့ တစ်ဘက်တစ်ချက်မှာ သံချွန်တွေ၊ ၀ါးရင်းတုတ်တွေ၊ တင်းပုတ်တွေ၊ မီးမြှိုက်ထားတဲ့ ကျောက်တုံးကျောက်ခဲတွေ စတဲ့စတဲ့ လက်နက်ပေါင်းစုံကိုကိုင်ဆွဲထားတဲ့ ငရဲသားတွေက တန်းစီပြီးရပ်နေကြတဲ့ မြင်ကွင်းကို ကျွန်တော်စပြီး မြင်လိုက်ရတယ်။

အဲဒီ့မြင်ကွင်းကို မြင်လိုက်ရခြင်းမှာပဲ ကျွန်တော့်မျက်စိထဲမှာ မေလ ၃၀ရက်နေ့ဆိုတဲ့ နေ့စွဲတစ်ခုရဲ့ သွေးပျက်ဖွယ်အဖြစ် အပျက်တွေက တစ်ကွက်ပြီးတစ်ကွက် ပေါ်လာကြတယ်။ ယုတ်မာပတ်စက်မှုတံခွန်ကို ထပ်မံစိုက်ထူလိုက်တဲ့ လူ့အန္ဓတို့ရဲ့ သွေးပျက်ဖွယ် နှိပ်ကွပ်မှုတွေကြောင့် အပြစ်မဲ့ လူသားတွေရဲ့သွေးတွေ သမိုင်းမှာစွန်းပေခဲ့တဲ့ နေ့တစ်နေ့အကြောင်းကို ပြန်စဉ်းစားမိနေရင်း ကျွန်တော် မျက်ရည်ဝဲလာတယ်။

" သံသရာဆိုတဲ့ စက်ဝိုင်းမှာ ခြွင်းချက်ဆိုတာ မရှိပါဘူးကွာ …။ ကိုယ်ပြုခဲ့တဲ့အမှုတွေအတွက် တစ်နေ့နေ့မှာ အားလုံး ပြန်ပေးဆပ်ရမှာပါပဲ။ဒီငရဲကို ဘယ်လိုလူတွေ ရောက်လာမယ် ဆိုတာကိုတော့ ငါမပြောပြလဲမင်းသိနေမှာပါ…။

သူတို့တွေ ဒီကိုရောက်လာရင် ဒီလမ်းရဲ့တစ်ဘက်တစ်ချက်က ငရဲသားတွေက သူတို့ကို သံချွန်တွေနဲ့ဝိုင်းထိုး၊ ၀ါးရင်းတုတ်တွေနဲ့ရိုက်၊ ကျောက်ခဲတွေနဲ့ဝိုင်းထု၊ နောက်ပြီး သူတို့ရဲ့ဆံပင်တွေကိုဆွဲပြီး ကြမ်းတမ်းတဲ့လမ်းရဲ့မျက်နှာပြင်တွေနဲ့ ၀ိုင်းဆောင့်ကြလိမ့်မယ်။ ဒါတွေအားလုံးဟာ သူတို့ကိုယ်တိုင်ရွေးချယ်ခဲ့တဲ့ အစီအမံတွေပါ …´´

အဲဒီ့လိုနဲ့ ကျွန်တော်လည်း ငရဲပြည်ရဲ့တိုးချဲ့ဆောင်တွေအကြောင်းကို အားရအောင်လေ့လာ အကြံပေးပြီးတဲ့နောက်မှာ ပြန်တော့မယ်ဆိုပြီး နှုတ်ဆက်ဖို့ ငရဲမင်းကြီးရဲ့ရှေ့ကိုပြန်ရောက်လာခဲ့တယ်။

ငရဲပြည်ရဲ့အသစ်စီမံထားမှုတွေကိုကြည့်ပြီး ကျွန်တော်တကယ့်ကို စိတ်မကောင်းခဲ့ပါဘူး။ အပြစ်တွေကျေရာ ကျေကြောင်း တစ်ခုခုကိုစဉ်းစားနိုင်ရင် ပိုကောင်းလိမ့်မယ်လို့ကျွန်တော်ယူဆမိတာနဲ့ …

" ငရဲမင်းကြီးကို ကျွန်တော် တစ်ခုလောက်မေးချင်ပါတယ်၊ အားလုံးဟာ ကိုယ်ပြုခဲ့တဲ့ အကုသိုလ်ကံတွေအတွက် ပြန်လည်ပေးဆပ်ဖို့ ငရဲကို ရောက်လာကြရမှာ မှန်ပေမယ့် ကြီးတဲ့အမှုကိုငယ်စေ၊ ငယ်တဲ့အမှုကို ပပျောက်စေ ဆိုတဲ့စကားအတိုင်း အဲဒီ့အပြစ်တွေကို သူတို့တွေ ဘယ်လိုများ လျော့ပေါ့ပစ်နိုင်မလဲ ဆိုတာလေးကို ကျွန်တော်သိပါရစေ …´´

ကျွန်တော်က အဲဒီ့လိုမေးလိုက်တော့ ငရဲမင်းကြီးက သူ့ရဲ့မုတ်ဆိတ်မွှေးကြီးကိုပွတ်ပြီး အကြာကြီး စဉ်းစားနေတယ်။ တော်တော်လေးကြာမှ …

" ကံကြမ္မာနဲ့ သံသရာ ဆိုတာကို ရှောင်လွှဲလို့မရပေမယ့်၊ မင်းပြောသလို အတိတ်က အကုသိုလ်ကံတွေကို ပစ္စုပ္ပါန် ကောင်းမှုကုသိုလ်ကံတွေနဲ့ အနည်းအကျဉ်းတော့ ပြန်လည်ဖာထေးလို့ရပါတယ်။ ပေါက်တဲ့နှဖူး မထူးတော့ပါဘူးဆိုပြီး မထူးဇာတ် ခင်းနေမယ့်အစား အခုအချိန်ကတည်းက နောင်တတွေရပြီး အမှန်ကိုပြင်နိုင်ကြမယ်ဆိုရင် အားလုံးအတွက်လည်းအကောင်းဆုံးဖြစ်နိုင် သလို၊ သူတို့တွေအတွက်လည်း အပြစ်တွေကို အတိုင်းအတာတစ်ခုအထိ ပြန်လည်ဆေးကြောရာ ရောက်သွားမှာပေါ့ကွာ …။ အဲဒီ့အကြောင်းကိုလည်း မင်းလူ့ပြည်ရောက်ရင် ပြောပြလိုက်စမ်းပါ။ ´´

အဲဒီ့နောက်မှာတော့ ကျွန်တော်ကို သူတို့က လူ့ပြည်ကို ပြန်ပို့လိုက်ကြတယ်။ ကျွန်တော့်ရဲ့ အဖြစ်အပျက်လေးကတော့ အဲဒါပါပဲ …။ ကျွန်တော်ပြောခဲ့တာတွေဟာ ယုံတမ်းစကားတွေပါလို့ ခင်ဗျားတို့ ယူဆချင်ရင် ယူဆလို့ရပါတယ်။ ဖြစ်နိုင်မဖြစ်နိုင် သေသေချာချာစဉ်းစားပြီး ယုံကြည်လိုက်လို့လည်းရပါတယ်။

ကျွန်တော်ကတော့ ငရဲမင်းကြီး အမိန့်ရှိလိုက်တဲ့အတိုင်း အားလုံးသိအောင် ပြန်ပြောပြရုံသက်သက်ရယ်ပါ။ ရဲသော်မသေ သေသော်ငရဲမလား ဆိုတဲ့စကားကို လက်ကိုင်ထားပြီး ကျွန်တော်ပြောပြတာတွေကို လစ်လျှူရှုပစ်မယ်ဆိုရင်လည်းကျွန်တော်က ဘာမှမတတ်နိုင်ပါဘူး …။ ။

ရေးသားသူ – နေဘုန်းလတ် at Wednesday, July 25, 2007

မူရင်း- ကျွန်တော် လွတ်ကျခဲ့တဲ့ မြို့တော်

Shared from Ye Thurein Min

Free all political prisoners immediately ......Song...>>>> http://www.facebook.com/notes/san-maung/-/181056961907141#!/video/video.php?v=140363726019235&comments&notif_t=like




နေဘုန်းလတ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏တရားဝင်ရပ်တည်မှု့ကိုကာကွယ်ကြ...........

by San Maung on Monday, December 13, 2010 at 6:50am

အမေရိကံပြည်ထောင်စု၊နယူးရောက်ပြည်နယ်၊ဘတ်ဖဲလိုးမြို့တွင် ယနေ့ ( ၁၂-၁၂-၂၀၁၀ ) တွင် နိုင်ငံရေး အခမ်းနားတစ်ခုကျင်းပခဲ့ပါသည်။ အခန်းနားကျင်းပရခြင်း၏ရည်ရွယ်ချက်မှာ--------

          အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည်……..

-       ရွှေးကောက်ပွဲကော်မရှင်တွင်တရားဝင် ဥပဒေနှင့်အညီမှတ်ပုံတင်ပြီးခဲ့သော နိုင်ငံရေးပါတီတခုဖြစ်သည်။

-       ၁၉၉၀ ပါတီစုံဒီမိုကရေစီရွှေးကောက်ပွဲတွင် ရာခိုင်နှုန်း ၈၀ ကျော်ဖြင့် အနိုင်ရရှိခဲ့ပြီးသော တရားဝင်နိုင်ငံရေးပါတီတခုဖြစ်သည်။

-       ယခုအခါတွင် နအဖ စစ်အာဏာရှင်များသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏တရားဝင်ရပ်တည်မှု့ကိုပျက်ပြယ်ရန် ရန်ပြုခြိမ်းခြောက်လာပြီဖြစ်သည်။

ကျွှနုပ်တို့ ဘတ်ဖဲလိုး ဒီမိုကရက်တစ်အင်အားစုများအနေဖြင့် အထက်ဖော်ပြပါ အချက်များအရ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏တရားဝင်ရပ်တည်မှု့ကို အစွမ်းကုန်ကာကွယ်ရန်တာဝန်ရှိသည်ဟုယုံကြည်မိပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ပါတီဝင်များ၏ ပါတီဖြစ်ယုံမျှမက လူထုပါတီတခုဖြစ်သည်ဟုလည်းအကြွင်းမဲ့ယုံကြည်သည်။

လွတ်လပ်ရေးကြိုးစားပမ်းမှု့အချိန်ကာလက ( ဖဆပလ ) ဖက်ဆစ်တိုက်ဖျက်ရေးပြည်သူ့လွတ်မြောက်ရေးအဖွဲ့သည် လူထုရှေ့ဆောင် ၊ လူထုပါတီတခုအဖြစ် တပ်ဦးမှ လွတ်လပ်ရေးကို ရယူရန် ဆောင်ကျဉ်းပေးနိုင်သော ပါတီတခုဖြစ်သကဲ့သို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည်လည်း အမိမြန်မာနိုင်ငံ ဒီမိုကရေစီနှင့်လူ့အခွင့်ရေးလွတ်မြောက်မှု့တိုက်ပွဲတွင် လူထုရှေ့ဆောင်၊တပ်ဦးပါတီတခုအဖြေစ် ယုံကြည်ထားပါသည်။

ထို့ကြောင့် ကျွှန်ပ်တို့အနေဖြင့် မြန်မာပြည်သူ ပြည်သားများအပါဝင် နိုင်ငံတကာရောက် ဒီမိုကရက်တစ်အင်အားစုများကို အထူးတိုက်တွန်းလိုသည်မှာ...

-       အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏တရားဝင်ရပ်တည်မှု့ကို ကာကွယ်ကြ ဟူသောဆောင်ပိုဒ်ကိုကိုင်စွဲပြီး ကျွှန်ပ်တို့နှင့်အတူဆက်လက်တိုက်ပွဲဝင်သွားကြရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။                                                            

ဘတ်ဖဲလိုး

ဒီမိုကရက်တစ်အင်အားစုများ                                                                                          

အမေရိကံပြည်ထောင်စု



တပ်မတော်သားအဖြစ် ဂုဏ်မယူလိုတော့ပါ

by Kashmira Kash on Sunday, December 12, 2010 at 11:43pm

ကရင်ပြည်နယ် ကော့ကရိတ်မြို့အခြေစိုက် အမှတ် ၃၁၂ အမြောက်တပ်ရင်းမှတပ်စုမှူး ဗိုလ်ရဲထက် ဟာ မေမြို့ စစ်တက္ကသိုလ် မဟာသိပ္ပံ ပထမနှစ်တက်နေရင်းမြန်မာစစ်အစိုးရဲ့ လုပ်ရပ်တွေကို မခံစားလာနိုင်တဲ့ အတွက် ထိုင်းမြန်မာနယ်စပ်တနေရာကို ဇန်န၀ါရီလလယ် လောက်မှာ ထွက်ပြေးလာပါတယ်။ ယနေ့မြန်မာစစ်တပ်ထဲမှာ ဖြစ်ပျက်နေတာတွေနဲ့ပတ်သက်ပြီး ဧရာဝတီမဂ္ဂဇင်းက တွေ့ဆုံမေးမြန်း ဖော်ပြလိုက်ပါ တယ်။

မေး။ ။ ဗိုလ်ရဲထက် အနေနဲ့ ဘာကြောင့် မြန်မာ့ တပ်မတော်ကနေ ထွက်ပြေးလာရတာလဲ။

ဖြေ။ ။ လက်ရှိနိုင်ငံတော်မှာ ဖြစ်နေတဲ့အနေအထားစီးပွားရေးအရပြည်သူလူထုတွေအရမ်းကြပ်တည်း နေ တယ်။ နောက်ပြီး လူမှုရေး၊နိုင်ငံရေးအရလည်း နိုင်ငံမှာအများကြီးချွတ်ယွင်းနေတယ်။ ဒီလိုကဏ္ဍပေါင်းစုံ ချွတ်ခြုံကျနေတဲ့ အနေအထားမှာ စစ်အစိုးရက ကာကွယ်ရေး၊လက်နက်ပစ္စည်းအတွက်ပဲ ဦးစားပေးပြီး လုပ်နေတဲ့ အနေအထားမျိုးတွေဖြစ်နေတယ်။ဒီအပေါ်မှာ တပ်မတော်သားတယောက်အနေနဲ့ကတော့သုံးမယ့်လက်နက်ပစ္စည်းခေတ်မီလာတယ်၊ ကမ္ဘာနဲ့ရင်ပေါင်တန်းလာနိုင်လာတဲ့အပေါ်မှာ၊ ကာကွယ်ရေး ကဏ္ဍတွေတိုးတက်လာတဲ့အပေါ်မှာဂုဏ်ယူသဘောကျတယ်။ ဒါပေမယ့်စစ်ကဏ္ဍ၊ ကာကွယ်ရေးကဏ္ဍ တခု တည်း တိုးတက်လာရုံနဲ့တိုင်းပြည်တိုးတက်ဖို့ဆိုတာမဖြစ်နိုင်ဘူး။ ကဏ္ဍပေါင်းစုံတိုးတက်ရမယ်ပြည်သူလူထု ရဲ့ လူနေမှုအဆင့်အတန်း၊ ပညာရေး၊ စီးပွားရေး၊နိုင်ငံရေးတိုးတက်မှသာ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတနိုင်ငံအဖြစ်ရပ်တည်နိုင်မှာဖြစ်တယ်။ ဒါကြောင့်မိမိအဖွဲ့အစည်းတိုးတက်မှုတခုတည်းအတွက် မကြည့်ဘဲနဲ့တိုင်းပြည်နဲ့လူမျိုးအပေါ်မှာ အားလုံးကိုဖြစ်စေချင်တဲ့ရည်ရွယ်ချက်နဲ့အဲ့ဒီအပေါ်မှာအမြင်မတူတဲ့ အနေ အထားနဲ့ အဓိကထွက်လာရတယ်။

နောက်ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့တဲ့ တပ်မတော်ဟာဒီနိုင်ငံ၊ဒီလူမျိုးတွေရဲ့ကိုးကွယ်ရာ၊ အားထားရာဖြစ် တယ်။ ဒီလိုမှမဟုတ်ဘဲနိုင်ငံသူနိုင်ငံသားတွေရဲ့ရွံစရာ၊ မုန်းတီးစရာတွေဖြစ်လာတယ်ဆိုရင် တပ်မတော်ဖွဲ့စည်းထားတာဟာအလကားပဲလို့ ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းမကျဆုံးခင်မှာခဲ့တဲ့စကားလည်း ရှိတယ်။ ဒီဘက်ခေတ်နောက်ပိုင်းတပ်မတော်ရဲ့ကဏ္ဍတွေမှာ စစ်သားဆိုတာ အမိန့်အရလုပ်ဆောင်ရတာ တွေရှိတယ်။ဒီအပေါ်မှာ စစ်အစိုးရရဲ့မူဝါဒကို လိုက်လံအကောင်အထည်ဖော်ပြီးအမိန့်ကိုနာခံရတဲ့စစ်သားနဲ့၊ အောက်ခြေစစ်သည်တွေနဲ့ ပြည်သူ့အကြားဖြစ်လာတဲ့အနေအထားမှာ ပြည်သူက အစိုးရရဲ့ လုပ်ရပ်လို့မမြင် ဘဲတပ်မတော်ရဲ့လုပ်ရပ်လို့မြင်လာတယ်။ ပြည်သူနဲ့တပ်မတော်ဟာ တသားတည်းမဖြစ်တော့ဘူး။ ပြည်သူ ကမွေးထုတ်ပေးလိုက်တဲ့ တပ်မတော်သားတွေဟာပြည်သူ့အတွက်မဟုတ်တော့ဘဲ စစ်အစိုးရ အတွက်ပဲ လို့ ကျနော့်အနေနဲ့မြင်တယ်။ဒီတော့ပြည်သူရဲ့ အော့နှလုံးနာစရာဖြစ်နေတဲ့ တပ်မတော်မှာ ကိုယ့်ကိုယ်ကိုယ်တပ်မတော်သားတယောက်လို့ ဂုဏ်ယူပြီး မနေချင်တော့ဘူး။ ဒါကြောင့် ထွက်လာရတာပါ။

မေး။ ။ ဒီကနေ့ တပ်မတော်ထဲမှာ ဘာတွေဖြစ်နေကြလဲ။နေ့စဉ်ကြုံတွေ့နေရတဲ့ပြဿနာတွေကို ရှင်းပြပေး ပါ။ တပ်မတော်မှာ အရာရှိနဲ့အခြားအဆင့် ရဲဘော် အကြပ်တွေနဲ့ ကွာဟတာတွေရှိတယ်ကြားရတယ်။ အဲဒါလည်းပြောပြပေးပါ။

ဖြေ။ ။ ဥပမာ တရားစီရင်ရေးအာဏာမှာ တပ်ရင်းမှူးတယောက်မှာတပ်နဲ့ပါတ်သတ်တဲ့အာဏာသုံးရပ် ကိုင်စွဲ ပိုင်ခွင့်ရှိတယ်။ဒီနောက်ပိုင်းမှာ မရှိတော့ဘူး။ တပ်ရင်းမှူးအဆင့်မှာ သူ့ရဲ့အာဏာနဲ့တပ်ပိုင်းဆိုင်ရာကို အုပ် ချုပ် ပိုင်ခွင့်မရှိတော့ဘူး။ တပ်ရင်းမှူးအဆင့်တောင်ဒီလိုဖြစ်နေတယ်ဆိုရင် ကျန်တဲ့ကျနော်တို့လို အရာရှိငယ် တွေမှာလည်းမရှိတော့ဘူး။ ဒါ့အပြင်တချို့ရာခိုင်းနူန်း တော်တော်များများတပ်ရင်းမှူးတွေက သူတို့ရဲ့လက် အောက်မှာ သူတို့အကျိုးစီးပွားကိုဖြစ်စေမယ့်စစ်သည်လူတရာမှာ ငါးယောက်လောက်ကို လက်သပ် မွေးတဲ့ ပုံစံမျိုးတွေလုပ်တယ်။သူတို့ရဲ့ အကျိုးစီးပွားကိုပဲကြည့်ပြီး ကျန်တဲ့စစ်သည်၊ရဲမေတွရဲ့အကျိုးစီးပွားကို မကြည့်တော့ဘူး။ သူတို့ကိုယ်ကျိုးအတွက်ပဲဒီစစ်သည်တွေနဲ့ အလုပ်လုပ်သွားတဲ့အနေအထားတွေရှိတယ်။ ဒီလိုအချိန်မှာကျနော်တို့အရာရှိငယ်တွေနဲ့ ကျန်တဲ့စစ်သည်တွေဟာကြားထဲမှာဘာမှသုံးလို့မရတဲ့ အနေ အထားတွေ ဖြစ်နေတယ်။ ဒီတော့အထက်လူကြီးတွေကအောက်ခြေရဲ့အခက်အခဲကို နားလည် မပေးနိုင်တော့ တဲ့ အနေအထားတွေ၊အဲ့ဒီလိုအချိန်မှာ အောက်ခြေကလည်း မကျေနပ်ချက်တွေရှိတယ်။ ဒါပေမယ့် စစ်သားဖြစ်နေတဲ့အတွက် အမိန့်ကို နာခံရမယ်ဆိုတဲ့ ကဏ္ဍတခုတည်းနဲ့အောင့်အည်းသီးခံပြီး နေရတဲ့ အနေအထား မျိုးတွေရှိတယ်။

မေး။ ။ ယနေ့ မြန်မာ့ တပ်မတော်မှာ တပ်ထဲဝင်ချင်တဲ့သူနဲ့ထွက်ချင်တဲ့သူဆို ထွက်ချင်တဲ့သူတွေက များတယ်လို့ ကြားသိရပါတယ်။ တပ်ထဲကထွက်ချင်ရသူတွေအကြောင်းလည်းပြောပြပါဦး။

ဖြေ။ ။ ကျနော်တို့ ဒီ တပ်မတော်ကနေ အငြိမ်းစားယူချင်တယ်။ ထွက်ချင်တဲ့အရာရှိစစ်သည်တွေအများကြီး ရှိတယ်။ အသက်ကြီးလို့ ထွက်ချင်တဲ့လူတွေမဟုတ်ပါဘူး။ ကျနော်တို့ အရာရှိငယ်ထဲမှာပဲ တပ်ကထွက်ရရင် ပြီးရောဆိုပြီးတော့လုပ်နေကြတဲ့ကဏ္ဍတွေ အများအပြားရှိတယ်။ ဟိုတခါတည်းနဲ့ထွက်လို့မရရင်တောင် အရပ်ဘက်ကိုပဲ ဖြစ်ဖြစ်ပြောင်းမယ်။အဓိကဒီတပ်ကထွက်ရရင်ပြီးရောဆိုတဲ့ ခံစားချက်တွေများတယ်။အခြားအဆင့်တွေထဲမှာဆိုပိုဆိုးပါတယ်။ ကျနော်နေခဲ့တဲ့တပ်မှာဆိုရင် ဆေးဘုတ်ရသူကအနားယူသွားရရင် ဒီ တပ်ကနေထွက်ခွင့်ရပြီ။ ထွက်မိန့်လည်းကျပြီ။ဒါပေမယ့်တပ်မှာလိုလို့ ဆိုပြီးတော့ခေါ်သုံးထားတယ်။ အဲ့ဒီလိုအနေအထားမျိုးတွေရှိတယ် အဲဒီတော့သူ့ကိုဒီလိုခေါ်သုံးတဲ့အတွက်ကော လက်ရှိလစာပေးလားဆိုတော့ ဒါတွေကလည်းပြောမယ်ဆို သူ့ကိုအထက်က အမိန့်ချထားတဲ့အတွက်လစာမရတော့ဘူး။ ဒါပေမယ့် တပ်ရင်းမှူးကနေ ခေါ်သုံးထားတဲ့ အနေအထားမျိုးတွေရှိတယ်။ အဲဒီတော့အားလုံးလိုလိုက ဒီတပ် ကနေထွက်ချင်နေကြတဲ့ အနေအထားမျိုးမှာထွက်ပြီးသွားတဲ့လူတောင်မှ လိုအပ်ချက်အရဆိုပြီး ဆွဲသုံးခံနေ ရတယ်ဆိုတော့ကျန်တဲ့မထွက်ရသေးတဲ့လူတွေကိုလည်း တော်တော်နဲ့တော့အခုနောက်ပိုင်းမှာထွက်ခွင့် မပေးတော့ဘူး။ ဘာကြောင့်လဲဆိုရင်တော့ ကျနော့်ထင်မြင်ယူဆချက်အရဆိုရင် လက်ရှိတပ်မတော်က တပ်အင်အားတွေ အများကြီးတိုးချဲ့ဖွဲ့စည်းလိုက်ပြီးတော့ နောက်ထပ် တပ်သားသစ်စုဆောင်းရရှိမှုမှာ နည်းတယ်။ အဲ့ဒီပြင် ဒီလိုလွယ်လင့်တကူထွက်ခွင့်မရတဲ့ အခါကျတော့ကျနော်တို့အင်အား ပြုန်းတီးမှုပေါ့။ တပ် ပြေးတွေဖြစ်တယ်။ ထောင်တွေကျတယ်အဲ့ဒီလိုမျိုးတွေဖြစ်ပြီးတော့ အင်အားပြုန်းတီးမှုနဲ့ ဒီစစ်သည် စုဆောင်းရရှိမှုက level ကျတယ်။ တခါတလေမှာ ပြုန်းတီးမှုကပိုများတယ်။

အဲ့ဒီလို အနေအထားမျိုးတွေရှိ တော့ သူတို့ကရှိပြီးသား လူတွေကိုထပ်မထွက်စေချင်ဘူး။ တချို့တပ်တွေ ဆိုရင် ဥပမာထွက်ချင်ရင်အသစ် ၅ယောက်ရှာပေး၊ အဲ့ဒီလိုအနေအထားမျိုးတွေနဲ့ ကြုံရတဲ့ဟာမျိုးတွေ ရှိတယ်။အဲ့ဒီတော့သူတို့ကလည်း ရှာပေးဆိုတော့ ထွက်ရရင်ပြီးရောဆိုပြီး ဖြစ်လာကြတယ်။အဲ့ဒီမှာပဲတွေ့ တဲ့ လူကိုခေါ်သွင်း ဘာညာ အဲ့ဒီလို မျိုးတွေပေါ့။ အဲ့ဒီတော့ဒီတပ်ကထွက်ချင်ကြတာက အဓိကတခြားတော့ မဟုတ်ဘူး။ ကိုယ့်ရဲ့ရှိတဲ့အဆင့်အတန်းပေါ်မူတည်ပြီးမှ လုပ်ပိုင်ခွင့်တွေမရှိတော့ဘူး။ လုပ်ပိုင်ခွင့်ဆိုတာကအခုလုပ်နေတဲ့အစိုးရ ဒီဗိုလ်ချုပ် တွေလုပ်နေသလိုမျိုးသူတို့ရဲ့လုပ်ပိုင်ခွင့်ကိုပြောတာမဟုတ်ဘူး။ ကျနော်တို့ဒီတပ်ပိုင်းဆိုင်ရာအထက် အောက်ကို အာဏာနဲ့လုပ်တာ။ ဒီတပ်တွင်း တကယ့်စည်းကမ်းပြည့်ဝတဲ့တပ်မတော်တရပ်ရဲ့လုပ်ပိုင်ခွင့်ကို မရှိတော့တဲ့အနေအထားမျိုး ဖြစ်နေတယ်။

မေး။ ။ မေမြို့စစ်တက္ကသိုလ် တက်ခဲ့တဲ့ အတွေ့ကြုံတွေကို ပြောပြပေးပါ။

ဖြေ။ ။ ကျနော်စစ်တက္ကသိုလ် အပတ်စဉ် ၅၀ က ကျောင်းပြီးခဲ့တာပါ။ကျောင်းတက်ခဲ့တုန်းက ကျနော်တို့ ဒီဗိုလ်လောင်းဘဝမှာ စီနီယာ၊ဂျူနီယာအုပ်ချုပ်မှုစနစ်ရှိတယ်။ စီနီယာ၊ဂျူနီယာအုပ်ချုပ်မှုမှာ အပြစ်ပေး၊အရေးယူတဲ့ဟာတွေကို သဘောလည်းကျပါတယ်။ သဘောကျတယ်ဆိုတာက ဘယ်လို သဘောကျလဲ ဆိုရင် ဒီအပြစ်တခုအတွက် ရုံးတင်လိုက်ရင် သူ့ဘဝထဲကနေပေးရမှာ။ ဥပမာထားပါတော့ဆေးလိပ်မသောက်ရဆိုတဲ့ဟာကို ကျနော်ကဆေးလိပ်သောက်တယ်။ ဒီဟာကို စီနီယာနေသူကအပြစ်မပေးဘဲနဲ့ရုံးတင်လိုက်ရင် ကျနော်အမှတ်လျော့မယ်။အမှတ်လျော့သွားရင် သူများထက်ကျနော်နောက်ကျမယ်။ အမှတ်နည်းသွားမှာဖြစ်တဲ့အတွက် ဒါဘဝထဲကပေးရတယ်လို့ကျနော်တို့သုံးနှုန်းတဲ့အသုံးအနှုန်းဖြစ်တယ်။ အဲ့လိုဘဝထဲက မပေးရအောင်မြင့်တဲ့စီနီယာကနေသူ့ကို ထိုက်သင့်တဲ့အပြစ်ပေးတယ်။ အဲ့ဒါမျိုးတွေပေါ့။ အဲ့ဒီထဲမှာမှ တချို့က ဘယ်လိုမျိုးတွေလုပ်လာသလဲဆိုတော့ ဥပမာကျနော်တို့တပ်စုရဲ့ အပတ်စဉ် အထက် စီနီယာတွေက ကျနော်တို့ကိုစာမေးပွဲနီးတာကို စာမကျက်ဘူးပြီးတော့ Position ဒီတပ်စုရဲ့ Transition ကိုမထိန်းဘူးဆိုတဲ့အနေအထားမျိုးနဲ့ ကျနော်တို့စာမေးပွဲပြီးတော့တပ်စုတစုလုံးကို စီနီယာ အစ်ကိုကြီးတွေ က အပြစ်ပေးတာပေါ့။အပြစ်ပေးတယ်ဆိုတာလည်း သူတို့က စေတနာနဲ့အပြစ်ပေးတာပါ။ အဲ့ဒီမှာ တခြားတပ်စုက စီနီယာတွေက မဆီမဆိုင်ဝင်ပြီးအပြစ်ပေးတာတွေ ရှိတယ်။အပြစ်ပေးတဲ့အချိန်မှာ ကျနော်ဆိုရင်ပဲ တောလျှောက်နေတဲ့အချိန်မှာ နောက်ကနေစတီးရိုးနဲ့ အရိုက်ခံရတယ်။ ဒါမျိုးတွေပေါ့။ ဆိုလိုတာက သူ့ အနေနဲ့ကျနော့်ကိုအမြင်မတော်ဘူးထင်ရင်တောင် စီနီယာကောင်းစိတ်ဓာတ်အနေနဲ့ကျနော်တို့တပ်စုကိုအပြစ်ပေးပြီးတဲ့အချိန်မှ ကျနော့်ကိုသီးခြားခေါ်ပြီးအပြစ်ပေးရင်ကျနော်လက်ခံနိုင်တယ်။ တပ်စုကအပြစ်ပေးတဲ့အချိန်မှာဝင်ပြီးတော့ အပြစ်ပေးတာလည်းမဟုတ်ဘူး။ သူများပေးတဲ့ဟာကိုကောင်းကောင်းလိုက် မလုပ် ဘူးလားမင်းက Fighter လားတို့ ဘာတို့ဆိုတဲ့အနေအထားမျိုးနဲ့ ရိုက်နှက်တာကြတော့ မဖြစ်သင့်ဘူးလို့ ကျနော်ထင်တယ်။

မေး။ ။ တာဝန်ထမ်းဆောင်စဉ် အခက်အခဲ ကြုံတွေ့ခဲ့တာတွေကိုလည်းပြောပြပါဦး။

ဖြေ။ ။ စစ်တပ်ထဲမှာ တာဝန်ထမ်းခဲ့တာ မနိုင်ဝန် ထမ်းနေရသလိုပဲ။လက်ရှိတပ်မတော်မှာက တပ်ခွဲမှူးဆိုတဲ့ ရာထူးက တကယ်တော့ ဗိုလ်မှူးအဆင့်။စီနီယာကျတဲ့ ဗိုလ်မှူးကမှ ဌာနချုပ်တပ်ခွဲမှူး။ အဲဒီ ဌာနချုပ်တပ်ခွဲမှူး ကမှတပ်ရင်းမှူးသင်တန်းတွေတက်ပြီးမှ တပ်ရင်းမှာ 2 IC ခေါ်တဲ့ဒုတပ်ရင်းမှူးဖြစ်တာ။ တကယ်မှာတော့ နှစ်ပွင့် ဗိုလ်လောက်နဲ့တပ်ခွဲမှူးရာထူးတွေ ကိုင်ထားရတယ်။ လူအင်းအားမပြည့်ဘူးပေါ့။ လူအင်းအားအရတော့ ဘာမှမဖြစ်ပေမယ့် ကိုင်လိုက်တဲ့ ရာထူးကတော့ မမျှဘူးပေါ့။အခုနောက်ပိုင်းမှာ လေ့ကျင့်ရေး ကျောင်းတွေက စာထုတ်ထားတာရှိတယ်။ ဒါကတော့လက်ရှိ မိမိအဆင့်ရဲ့ တဆင့်မြင့်တာဝန်ကို ထမ်း ဆောင်နိုင်ရမယ် မိမိရဲ့အထက်နှစ်ဆင့်မြင့်တာဝန်ကို နားလည်နိုင်ရမယ် လိုအပ်ရင်ထမ်းဆောင်ရမယ်လို့ညွှန်ကြားထားတယ်။ ကျနော်ဆိုရင် တပ်စုမှုး နှစ်ပွင့်ဗိုလ် ကျနော့်ရဲ့တဆင့်မြင့်တာဝန်က တပ်ခွဲမှူး တာဝန်ကို ထမ်းဆောင်နိုင်ရမှာဖြစ်တယ်။ဒါ့အပြင် နှစ်ဆင့်မြင့် တာဝန်က ဒု တပ်ရင်းမှူး။ တကယ်လို လိုအပ်လာရင် လည်းကျနော် နှစ်ပွင့် တပ်စုမှူးက ဒုတပ်ရင်မှူးအဆင့်အထိတာဝန်ထမ်းဆောင်နိုင်ရမယ်လို့ ဆိုလိုထားတာ။ တချိန်တည်းမှာပဲလူအင်းအားမပြည့်တော့ ဘာမှ မလုပ်နိုင်ဘူး။ တပ်ခွဲတခွဲမှ လူအင်အား ၃၀ ဆိုတာအများ ဆုံးပဲ။ တပ်ရင်းတရင်းမှာ လူ ၁၅၀ ဟာအများဆုံးပဲ။

မေး။ ။ စစ်ပညာတော်သင်တွေ နိုင်ငံခြားကိုလွှတ်တယ်လို့ ကြားတယ်။ဘယ်နိုင်ငံတွေကိုများ လွှတ်ထားတာ ရှိလဲ။

ဖြေ။ ။ စာပေပညာနဲ့တော့ ရုရှားကို လွှတ်တယ်။ စစ်ဘက်ဆိုင်ရာနဲ့တော့အစ္စရေး၊ ယူကရိန်း၊ တရုတ်၊ မြောက်ကိုရီးယား၊ ပါကစ္စတန် တို့ကို လွှတ်ပါတယ်။အရာရှိရော အခြားအဆင့် အကြပ်ကြီးတွေလည်း ပါတယ်။ ယူကရိန်းကို သံချပ်ကားတပ်ကလူတွေကိုလွှတ်တယ်။ အမြောက်နဲ့ပတ်သတ်တဲ့ စစ်ပညာကိုတရုတ်၊ မြောက်ကိုရီးယား၊ ပါကစ္စတန်တို့ကိုလွှတ်ပါတယ်။

မေး။ ။ တပ်မတော်က အရာရှိငယ်တယောက်ရဲ့ ခံစားချက်ကို ပြောပြပါ။

ဖြေ။ ။ ကျနော်တို့က ပင်ပန်းဆင်းရဲတာကို ခံနိုင်တယ်။ အရင်တုန်းကလွတ်လပ်ရေး စယူတုန်းက ကျနော် တို့ ရှေ့က တပ်မတော်သားတွေဟာလွတ်လပ်ရေးအတွက် တိုက်တယ်။ ဘယ်လိုပဲ ပင်ပန်း ပင်ပန်းခံနိုင် တယ်။ကျနော်တို့ ဗိုလ်ချုပ်တွေက ပြောတယ်။ မင်းတို့တွေကံကောင်းပါတယ်။ကံကောင်းလားဆိုတော့ အဲဒါ မှန်ပါတယ်။ သူတို့လိုမျိုး အသက်နဲ့ရင်းပြီးလုပ်ခဲ့တာ တိုက်ခဲ့တာ တခါမှမရှိခဲ့ဘူး။ ကံဆိုးတယ်လို့ လည်း ပြောလို့ရတယ်။ကျနော်တို့ တပ်မတော်ကိုရောက်တဲ့အချိန်မှာ စစ်တပ်ထဲမှာအရာရှိဖြစ်တဲ့အချိန် ပြည်သူက တပ်မတော်ကို မုန်းနေပြီ။ဘာကြောင့်မုန်းတယ်ဆိုတော့ တပ်မတော်ကို မုန်းတာမဟုတ်ဘူး လက်ရှိ တပ်မတော်ရဲ့ လုပ်ရပ်ကိုမုန်းတာ။ ဒါက ဘာကိုသက်ရောက်လည်းဆိုတော့ စစ်တပ်ကအစိုးရခိုင်းတော့ လုပ်ရ တယ်။ ကျနော်တို့နိုင်ငံကို ကြည့်တော့ အစိုးရက စစ်ယူနီဖောင်း ၀တ်ထားကြတယ်။ကျနော်တို့နိုင်ငံက ပြည်သူက အစိုးရနဲ့စစ်တပ်ကို မခွဲတတ်အောင်လုပ်ထားတယ်။စစ်တပ်က တိုင်းပြည်ကို အနှစ် ၄၀ လောက်အုပ်ချုပ်နေ တယ်။ သူတို့မျက်စိထဲမှာ စစ်တပ်ကလည်း ယူနီဖောင်းဝတ်ထားတယ်။ အုပ်ချုပ်သူလည်းယူနီဖောင်းဝတ် ထားတယ်။ လုပ်တဲ့လူကလည်း ယူနီဖောင်းဝတ်ထားတယ်။အတူတူလို့ထင်တယ်။ စစ်တပ်ထဲကြည့်ပြန်တော့ လည်း အခြားအဆင့် အကြပ်စစ်သည်တွေစီးပွားရေးကြပ်တည်းနေကြတယ်။ စစ်သည်တော်တော်များလည်း လစာထုပ်ရင် လစာကိုအကုန် မကိုင်ကြရတော့ဘူး။ အရင်လက အကြွေးတွေကို ဆပ်လိုက်ရလို့ဗျာ ...



Saturday, December 11, 2010

Fwd: ဒေါ်အောင်ဆန်းစုကြည်ကို ကူညီသူ ဦးဝင်းထိန် နှင့် ဆက်သွယ်မေးမြန်းခြင်း ..............

ဒေါ်အောင်ဆန်းစုကြည်ကို ကူညီသူ ဦးဝင်းထိန် နှင့် ဆက်သွယ်မေးမြန်းခြင်း ..............

by San Maung on Saturday, November 27, 2010 at 3:45am

"အခုရွေးကောက်ပွဲကလည်း သူတို့က တရားဝင် မကြေညာဘဲနဲ့ အာဏာ ပြန်သိမ်းတာပဲ။ သဘောကတော့ ဒီအတိုင်းပဲ။    ပြည်သူလူထုတွေကို မေးကြည့်လိုက်ရင် မကျေနပ်တဲ့လူက အများကြီး။ ဒါပေမယ့် အကြောက်တရား ရှိနေကြတယ်။ အဲဒီ အကြောက်တရားကိုတော့ ကိုယ့်ကိုယ်ကို ဆင်ခြင်ပြီးတော့မှ မတရားတာကို နည်းမျိုးစုံနဲ့ တတ်နိုင်သမျှ ဆန့်ကျင်ပေးကြပါ။ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်တွေကို ပိုပြီးတော့ ထောက်ခံပေး ကြပါလို့ မေတ္တာရပ်ခံချင်တယ်။ ဒါပါပဲဗျာ။"

ဗိုလ်ကြီးဟောင်း ဦးဝင်းထိန်


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်မှာ အကျယ်ချုပ်နဲ့ အကျဉ်းကျနေရာက နိုဝင်ဘာ၁၃ရက်နေ့မှာ ပြန်လည် လွတ်မြောက်လာခဲ့ပါပြီ။ ဒီနှစ်ထဲမှာပဲ ကသာအကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာခဲ့သူဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ထောက် တစ်ဦးဖြစ်ခဲ့သူ ဗိုလ်ကြီးဟောင်း ဦးဝင်းထိန်ပါ။ သူ့ရဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး ဦးဝင်းထိန်ရဲ့ ရှုမြင် သုံးသပ်ထားတဲ့ အမြင်သဘောထားတွေကို ဒီတပတ် "တပ်မှူးတပ်သား ပြောစကား" အပတ်စဉ်ကဏ္ဍမှာ "မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် အောင်စစ်သည်ဆုရ ဗိုလ်ကြီးဟောင်း ဦးဝင်းထိန်" ခေါင်းစဉ်နဲ့  ဦးရော်နီညိမ်းက စီစဉ် တင်ဆက်ထားပါတယ်။

ဦးရော်နီညိမ်း။          ။ စစ်အစိုးရက ချမှတ်ခဲ့တဲ့ ထောင်ဒဏ်၁၄နှစ်ကို လျှော့ရက်မရှိ အပြည့်အ၀ ကျခံခဲ့ရပြီးတော့၊ ပြီးခဲ့တဲ့ ဇူလိုင်လ၁၅ ရက်နေ့က ကသာထောင်ကနေ ပြန်ပြီး လွတ်မြောက်လာသူကတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် [NLD] က ဗိုလ်ကြီးဟောင်း ဦးဝင်းထိန် ဖြစ်ပါတယ်။ ပြည်ပ သတင်းမီဒီယာတွေကို သတင်းမှားတွေ ပေးပို့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ၁၉၉၆ခုနှစ်မှာ ဦးဝင်းထိန်ဟာ ဒုတိယအကြိမ် ဖမ်းဆီးခံရပြီး ထောင်ဒဏ်၁၄နှစ် ကျခံခဲ့ရတာ ဖြစ်ပါတယ်။ ၁၉၈၉ ခုနှစ်ကလည်း ဇူလိုင်လ၂၀ရက်နေ့မှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ အထိန်းသိမ်းခံခဲ့ရပြီး ပထမအကြိမ် ထောင်ဒဏ်၆နှစ် ကျခံခဲ့ရပါတယ်။ ၁၉၉၅ ခုနှစ်မှာ ပြန်ပြီး လွတ်လာခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ရဲ့ အနီးကပ် လက်ထောက်တစ်ဦး ဖြစ်လာခဲ့ပုံကို ဦးဝင်းထိန်က အခုလို ရှင်းပြခဲ့ပါတယ်။

 ဦးဝင်းထိန်။          ။ စစချင်းကတော့ ကျနော်က ဦးတင်ဦး အနားမှာပဲ ရှိတယ်လေ။ ဒေါ်အောင်ဆန်းစုကြည်က နေပြီးတော့ တစ်နိုင်ငံလုံး စည်းရုံးရေး ခရီးထွက်မယ်၊ ထွက်တဲ့အခါ မြို့တွေမှာ ရင်ဆိုင်ရမယ့် ကိစ္စတွေကို ဒိုင်ခံ ဖြေရှင်းနိုင်မယ့် လူတစ်ယောက် ပေးပါ ဆိုပြီးတော့၊ ဒေါ်အောင်ဆန်းစုကြည်က ဦးတင်ဦးဆီကို ပြောတဲ့အခါမှာ ကျနော်က ပါသွားတယ်။ စစချင်း အထက်မြန်မာပြည်ပေါ့၊ ပြည်တို့ မကွေးတို့ တောင်တွင်းကြီး တို့ အစရှိတဲ့ နေရာတွေ သွားတဲ့အခါမှာ အဲဒီကတည်းက သူတို့က NLD ကို စနစ်တကျ နှိပ်ကွပ်ရမယ် ဆိုတာ ညွှန်ကြားချက် ရှိထားတယ်နဲ့ တူတယ်။ ရောက်တဲ့နေရာတွေမှာ ပြဿနာ ရှာတယ်။ ပြဿနာရှာတဲ့ အခါကျတော့ မ၀တ ဥက္ကဋ္ဌတွေက များသောအားဖြင့်ကလည်း စစ်တပ်က လူတွေ ဆိုတဲ့ အခါကျတော့၊ ကျနော်က ပြောရ ဆိုရတာ လွယ်တယ်။ သာယာ ညှင်းပြောင်း ပြောမယ်၊ သို့မဟုတ်လည်း တခါတလေ ကျရင် ဆွေးနွေးမယ်၊ တခါတလေ ကျရင်လည်း နည်းနည်း တင်းတင်းမာမာ ပြောမယ်နဲ့ ပြဿနာတွေကို ဖြေရှင်းလာတော့၊ နောက်ဆုံးမှာ ပြန်လာတဲ့အခါမှာ ကျနော့်ကို ဒေါ်စုရုံးမှာ ထားပေးပါလို့ မေတ္တာရပ်ခံတော့ ကျနော်ကလည်း လိုလိုလားလားနဲ့ ရောက်သွားတယ်။

ရောက်သွားတဲ့ အခါမှာတော့ ဒေါ်စုရဲ့ ရုံးကိစ္စတွေ အစည်းဝေး ကိစ္စတွေ၊ စာတွေ ဖတ်တယ်၊ ပြင်တယ် လုပ်တဲ့အခါမှာ သူများတွေက ကျနော့်ကို မျိုးစုံပြောတာပေါ့၊ ဒေါ်စုရဲ့ ပီအေ၊ ဒေါ်စုရဲ့ ပီအက်စ်အို၊ ဒေါ်စုရဲ့ ရုံးအဖွဲ့မှူး ဘာညာ။ ကျနော်ကတော့ ကိုယ့်ကိုယ်ကို ရာထူးရယ်လို့ သတ်မှတ်ထားတာကို မရှိဘူး။ ဒေါ်စု အထွေထွေ အတွင်းရေးမှူးရဲ့ ရုံးကိစ္စတွေ လုပ်ပေးတဲ့ လူတစ်ယောက် အဖြစ်ပဲ ကိုယ့်ကိုယ်ကို သတ်မှတ်ထားတယ်။ ဒါ တစ်ချက်။

နောက်တစ်ချက်က ဒေါ်အောင်ဆန်းစုကြည်ကလည်း ကျနော့်ထက် ငယ်တာကိုး။ ငယ်တော့ ကျနော့်ကို သူ့ရဲ့ လက်ထောက် အနေနဲ့ ပြောရမှာ ပါးစပ်က သူ နှုတ်တွန့်နေဟန် တူတယ်။ အားနာနေဟန် တူတယ်။ ဒါကြောင့် ကျနော့်ရဲ့ရာထူးကို သီးခြား ဘာမှ ကျနော်တို့ နှစ်ယောက်ကြားမှာ သတ်မှတ်ထားတာ မရှိဘဲနဲ့ သူများ ပြောရင်လည်း ရုံးအဖွဲ့မှူး ဆိုလည်း 'ဟုတ်တာပေါ့'၊ ဒေါ်စုလက်ထောက် ဆိုလည်း 'သြော် ဟုတ်တယ်'၊ ဒေါ်စု ရဲ့ပီအေ ဆိုလည်း 'ထားလိုက်ပါတော့'။ အဲ… အဲဒီလိုမျိုးနဲ့ ဖြစ်လာတာပါ။

ဦးရော်နီညိမ်း။          ။ ပြီးခဲ့တဲ့၂၂နှစ်အတွင်း ထောင်ထဲမှာ စုစုပေါင်း နှစ်၂၀လောက် နေခဲ့ရသူ ဦးဝင်းထိန်ဟာ ၁၉၆၃ ခုနှစ် စစ်တက္ကသိုလ် ဗိုလ်သင်တန်း အပတ်စဉ်၅ရဲ့ အောင်စစ်သည်ဆု နဲ့ စာပေထူးချွန်ဆု၊ ဆုနှစ်ဆုကို ရပြီး ကျောင်းဆင်းခဲ့သူ ဖြစ်ပါတယ်။ မြန်မာ့တပ်မတော် ကြည်းမှာ အရာရှိ ဖြစ်လာခဲ့သူ ဗိုလ်ကြီးဝင်းထိန်ဟာ ၁၉၇၆ ခုနှစ်မှာတော့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးသူရကျော်ထင်ရဲ့ ကိုယ်ရေးအရာရှိ ဗိုလ်ကြီးအုန်းကျော်မြင့်ရဲ့ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ ထိပ်တန်း ခေါင်းဆောင်တွေကို လုပ်ကြံမယ့် အစီအစဉ်မှာ ပတ်သက်မှု ရှိခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ တပ်မတော်ကနေ ထုတ်ပယ်ခြင်း ခံခဲ့ရပါတယ်။

ဦးဝင်းထိန်ဟာ ၁၉၈၈ ခုနှစ် လူထုအုံကြွမှု အရေးတော်ပုံ ကာလအထိ နိုင်ငံခြားကုမ္ပဏီတွေရဲ့ ဌာနေ ကိုယ်စားလှယ်အဖြစ်၊ အဲဒီခေတ်က အောင်မြင်တဲ့ ကိုယ်ပိုင် စီးပွားရေး လုပ်ငန်းကို လုပ်ကိုင်ခဲ့သူ တစ်ဦး ဖြစ်ပါတယ်။ ရှစ်လေးလုံး အရေးတော်ပုံကြီး ကာလမှာ ဦးဝင်းထိန်ဟာ "မျိုးချစ် ရဲဘော်ဟောင်းများ" အဖွဲ့ဝင် တစ်ဦး ဖြစ်ခဲ့ပြီးတော့၊ NLD ကို ဖွဲ့စည်း တည်ထောင်ခဲ့ရာမှာ အငြိမ်းစား ဗိုလ်ချုပ်ကြီး သူရဦးတင်ဦးရဲ့ လက်ထောက်တွေထဲက တစ်ဦးအဖြစ်နဲ့ NLD ပါတီထဲကို ရောက်ရှိလာခဲ့ပါတယ်။ ဒီလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယုံကြည်စိတ်ချစွာ တာဝန်တွေ ပေးအပ်ခြင်းခံရသူ ဖြစ်လာတဲ့အခါမှာ။ ကိုယ့်ရဲ့ ခေါင်းဆောင် အပေါ် ပထမဆုံး သူ့ရဲ့ ရှုမြင် သုံးသပ်ခဲ့မှုကို ဦးဝင်းထိန်က အခုလို ပြောပါတယ်။

ဦးဝင်းထိန်။          ။ ပွင့်ပွင့်လင်းလင်း ပြောရမယ် ဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည် ဆိုတာ နာမည်ပဲ ကြားဖူးတာကိုး။ နာမည်ပဲကြားဖူးတဲ့ အခါကျတော့ သူ့ အရည်အချင်းလည်း ကျနော် မသိဘူး။ ကျနော့်ထက်လည်း ငယ်တယ်။ နောက်ပြီးတော့ နိုင်ငံခြားမှာလည်း သွားနေတယ် ဆိုတော့၊ ကျနော် သိပ်ပြီးတော့ လေးလေးနက်နက် မရှိမိဘူး။ သို့သော် ခရီးသွားရင်းနဲ့ တွေ့တဲ့အခါမှာ၊ ပြည်သူလူထုနဲ့ ဆက်ဆံတာတွေ နောက် သူ့ရဲ့ပြောဆိုတာတွေ၊ နှစ်ယောက်ချင်း အချိန်ရလို့ ပြောတာ ဆိုတာတွေ ရှိတဲ့အခါမှာ သူဟာ ကျနော့်ထက် ငယ်သော်လည်းပဲ၊ နိုင်ငံရေး အရည် အချင်းကတော့ ကျနော့်ထက် အများကြီး မြင့်တယ် ဆိုတာ သိလိုက်ရတဲ့အတွက်၊ ဒါက တစ်ကြောင်း။

နောက် တစ်ကြောင်းက သူ့ရဲ့ စေတနာ။ ဘာ စေတနာလဲ ဆိုရင် နိုင်ငံရေး လုပ်တဲ့အခါမှာ ဒီနိုင်ငံရဲ့ အာဏာ အပြောင်းအလဲကို သွေးထွက်သံယို မရှိဘဲနဲ့ လုပ်တဲ့ ထုံးတမ်းစဉ်လာတစ်ခု တည်ဆောက်မယ် ဆိုတဲ့ သူ့ရဲ့စေတနာကို ကျနော်က လေးစားပြီးတော့မှ သူ့ဆီမှာ လုပ်ဖို့ သဘောတူခဲ့တာ။

ဦးရော်နီညိမ်း။          ။ ၁၉၈၉ ခုနှစ် အာဇာနည်နေ့မှာ စစ်အစိုးရက NLD ပါတီအနေနဲ့ လူထုကို ဦးဆောင်ပြီး အာဇာနည်ဗိမာန်ကို ချီတက်ပွဲ ပြုလုပ်ရင်၊ ပစ်ခတ် နှိမ်နင်းမယ်လို့ ရာဇသံ ပေးထားခဲ့တဲ့အပေါ် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အရေးကြီးတဲ့ ဆုံးဖြတ်ချက်ကို ချတာမှာ အနီးကပ် လက်ထောက်ဖြစ်နေသူ ဦးဝင်းထိန်အနေနဲ့ သူကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံကို အခုလို ပြောပါတယ်။

ဦးဝင်းထိန်။          ။ အာဇာနည်နေ့ ကိစ္စကတော့ ဒါ န၀တ အစိုးရ ထောင်ဖမ်းတဲ့ သဘောပေါ့။ ဘယ်လို ထောင်ဖမ်းသလဲ ဆိုရင်၊ အာဇာနည် ကုန်းကို ချီတက်တဲ့နေ့မှာ ဘယ်နှစ်ယောက်ပဲ လာရမယ်တို့ ဘယ်နှစ်ယောက်ပဲ အလေးပြုခွင့်ရှိတယ်တို့ သတ်မှတ်လိုက်တယ် ဆိုတာ ဒါ တမင် သက်သက် နိုင်ငံရေးဆင်ကွက်ကိုး။ အဲဒါကို ဒေါ်စုက လက်မခံဘဲနဲ့ ပထမ သူတို့အမိန့်ကို မနာခံဘဲ ချီတက်မယ် ဆိုပြီးတော့၊ ညကျမှ လူကြီးတွေနဲ့ တိုင်ပင်ပြီးတော့ နောက်တစ်နေ့ မချီ တက်တော့ဘူး ဆိုတဲ့ သဘောဖြစ်တဲ့အခါ၊ ဒါပေမယ့် အဲလို လုပ်တဲ့အခါမှာ နောက်ကျသွားပြီ။ သူတို့က နှိပ်ကွပ်ဖို့ ဆုံးဖြတ်လိုက်တဲ့ အခါမှာ၊ ကျနော် အပါအ၀င် ဒေါ်စုခြံထဲမှာ ရှိတဲ့လူတွေ အကုန်လုံးကို ထောင်ထဲ ပို့လိုက်တာပေါ့။

ဒေါ်အောင်ဆန်းစုကြည်ကတော့ သူက နိုင်ငံတကာ အတွေ့အကြုံကော၊ ပြည်တွင်းမှာ ၁၉၈၉ခုနှစ် ဇူလိုင်လအထိ လှုပ်ရှားခဲ့တာကော၊ နည်းတာမဟုတ်ဘူး။ နောက်ပြီးတော့ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ချမယ် ဆိုလို့ရှိရင် ဒီ CEC [Central Executive Committee – ဗဟို အလုပ်အမှုဆောင် ကော်မီတီ] ပေါ့၊ ဦးကြည်မောင်တို့ ဦးအောင်ရွှေတို့ ဗိုလ်ချုပ်ကြီးတင်ဦးတို့ နဲ့ တိုင်ပင်သလို ကျနော်တို့နဲ့လည်း သီးသန့် တိုင်ပင်တာတွေ ရှိတယ်။ တိုင်ပင်တဲ့အခါမှာ ကျနော်တို့က ကိုယ့်အမြင်ကို ပွင့်ပွင့် လင်းလင်း ပြောတဲ့အခါမှာ တခါတလေကျ သူ လက်ခံတာလည်း ရှိတယ်။ လက်မခံတာလည်း ရှိတယ်။ သူ လက်မခံတဲ့ဟာတွေလည်း ကျနော်တို့က နားလည်တယ်။ အဲဒီလိုပေါ့၊ တဘက်သတ် န၀တ စွပ်စွဲသလို အာဏာကို သုံးပြီးတော့မှ သူ့အရှိန်အ၀ါနဲ့ လူကြီးတွေကော လူငယ်တွေကော ဒရွတ်တိုက်ပြီး ခေါ်သွားတယ် ဆိုတဲ့ဟာ မဟုတ်ပါဘူး။

ဦးရော်နီညိမ်း။          ။ ပထမအကြိမ် ဖမ်းဆီးခြင်း ခံခဲ့ရပြီး ၆နှစ်အကြာ ၁၉၉၅ ခုနှစ်မှာ ဦးဝင်းထိန်ဟာ ဒေါ်အောင်ဆန်းစုကြည်ထက် လအနည်းငယ်စောပြီး လွတ်မြောက်လာခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အကျဉ်းကျနေစဉ်မှာ စစ်အစိုးရရဲ့ဖိအားပေးမှုနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို NLD ကနေ ထုတ်ပယ်ခဲ့ရတယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ဒီကိစ္စ အပေါ်မှာ ရပ်တည်ခဲ့ပုံကို ဦးဝင်းထိန်က အခုလိုပြောပြပါတယ်။

ဦးဝင်းထိန်။          ။  ၁၉၉၅ ခုနှစ်မှာ ကျနော်က ဖေဖော်ဝါရီလ ၅ရက်နေ့မှာ လွတ်တယ်။ ဒေါ်စုက ဇူလိုင်လ၁၀ ရက်နေ့မှာ လွတ်တယ် ဆိုတော့၊ ၅ လလောက် ကွာတာပေါ့။ အဲဒီတုန်းက န၀တရဲ့ ဖိအားပေးမှုကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦးကို NLD က ထုတ်ထားပြီးပြီ။ အဲဒီတော့ နယ်တွေမှာလည်း အဲဒီလို ထုတ်ထားလို့ မကျေနပ်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး အသီးသီး တကွဲတပြား ဖြစ်နေကြပြီ။ အဲလိုဆိုတော့ …အင်း ..ဒေါ်စု လွတ်ရင်တော့ ဘယ်လိုများနေမလဲမသိဘူး ဆိုပြီး၊ ကျနော် အတွေးတွေ ဝေနေတာပေါ့။

တကယ်လည်း ဇူလိုင်လ ၁၀ ရက်နေ့ လွတ်တဲ့ အခါကျတော့၊ အပြင်က လူအုပ်ကြီးတွေ အများကြီးပေါ့လေ။ နိုင်ငံခြားသံရုံးတွေ နိုင်ငံခြားသတင်းထောက်တွေပါ အကုန်လုံး ရောက်လာတဲ့အချိန်မှာ ပထမဦးဆုံးမေးတဲ့ မေးခွန်းက ဘာလဲ ဆိုရင်၊ "ဒေါ်အောင်ဆန်းစုကြည်က ဦးအောင်ရွှေအပေါ်မှာ ဘယ်လို သဘော ထားသလဲ" ဆိုတာ။ အဲဒီ မေးခွန်းက သိပ်အရေးကြီးတယ်။ ကျနော်လည်း လုံးဝ မမျှော်လင့်ထားဘူး။

ဦးအောင်ရွှေတို့ ဦးလွင်တို့ ဆိုတာက NLD ကနေ ဒေါ်စုကို ထုတ်ထားတဲ့ ပုဂ္ဂိုလ်တွေ။ အဲဒီအချိန်မှာ ထိုင်နေတာက ညာဘက်မှာ ဦးအောင်ရွှေနဲ့ ဦးလွင်၊ ဘယ်ဘက်မှာ ဦးတင်ဦး နဲ့ ဦးကြည်မောင်။ ကျနော်က မှတ်တမ်းတင်ပေါ့။ အဲဒီတော့ ဒေါ်စုရဲ့အဖြေက ဘယ်လောက်အထိ အချက်ကျသလဲ ဆိုလို့ရှိရင် "ကျမတို့ အခု ဒီလို အတူတူ ထိုင်နေကြတာပဲ ကြည့်ကြပါ။ ဒီလို အတူတူ ညီညီညွတ်ညွတ် ထိုင်နေကြသလို နောင်ဆိုရင်လည်း ဒီလိုပဲ ညီညီညွတ်ညွတ် လုပ်သွားကြမယ်" ဆိုတဲ့ အဖြေ တစ်ခုနဲ့တင် အရင်တုန်းက န၀တ ဆင်ထားတဲ့ ဆင်ကွက်ကြီးက အကုန်လုံး ပျက်သွားတယ်။ သူတို့ ဆင်တာက ဘယ်လိုလဲ ဆိုတော့ ဦးအောင်ရွှေနဲ့ ဦးလွင်ကတော့ ဒေါ်စုကို ထုတ်လိုက်ပြီ။ ဒေါ်စုက မာနကြီးတယ်။ စိတ်ထက်တယ်။ ဒေါ်စုကတော့ ခံမှာ မဟုတ်ဘူး။ ဦးအောင်ရွှေနဲ့ ဦးလွင်ကို ဆော်ကြမှာပဲ။ NLD နှစ်ခြမ်းကွဲမှာပဲ ဆိုတဲ့ ပုံစံမျိုးနဲ့ လုပ်တဲ့ ခွင်ကြီးဟာ၊ အဲဒီ အဖြေ တစ်ခုတည်းနဲ့ ကိစ္စ ပြီးသွားပြီ လို့ ကျနော်က ဘေးကနေရင်းနဲ့ သဘောပေါက်လိုက်တယ်။

ဦးရော်နီညိမ်း။          ။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ဦးဝင်းတင်က ပြောပါတယ်။ "ဒီရွေးကောက်ပွဲ ဒီလိုပဲ ဖြစ်လိမ့်မယ်။ ဒီလိုတွေပဲ ကြုံရမယ်" ဆိုတာ သိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်က ဒီရွေးကောက်ပွဲကို NLD အနေနဲ့ မ၀င်ဖို့ ဆုံးဖြတ်ချက်ချမှုက ခိုင်မာတယ်၊ ဒီဆုံးဖြတ်ချက်ပေါ် မူတည်ပြီးတော့ "ပြည်သူလူထုကလည်း ကိုယ် မဲမပေးချင်တဲ့ပါတီကို မဲမပေးဘဲ နေလို့ရတယ်" ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြည်သူကို သတင်းပေးချက်ကလည်း အောင်မြင် ပေါက်ရောက်တယ်၊ ဒါတွေ အတွက်ကြောင့် မို့လို့ "ဒီရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် နိုင်တယ်" လို့ ဦးဝင်းတင်က ပြောပါတယ်။ အဲဒီအပေါ်မှာကော ဦးဝင်းထိန် အနေနဲ့ ဘယ်လိုများ မှတ်ချက်ပေးချင်ပါသလဲ ခင်ဗျာ။

ဦးဝင်းထိန်။          ။  ကျနော်က အခု သွားတာ လာတာတွေက ဘတ်စ်ကားနဲ့ သွားနေတယ်။ ဘာ့ကြောင့်လဲ ဆိုရင် ဘတ်စ်ကားထဲမှာ လူတွေ ပြောတဲ့ဆိုတဲ့အသံကို နားထောင်ချင်လို့။ အခု ရွေးကောက်ပွဲလည်း ပြီးလို့ မနေ့ကကော တမြန်နေ့ကကော ဘတ်စ်ကားပေါ်မှာ "ဟာ အန်အယ်လ်ဒီလုပ်တာ မှန်တာပေါ့၊ ဒေါ်စုလုပ်တာ မှန်တာပေါ့" ဆိုတာမျိုးတွေ ကြားရတယ်။ အဲဒီလိုတွေ ဖြစ်လာတယ်။ ပြောရရင်တော့ ပါဠိ စကား ပေါ့ဗျာ။ ဗဟိဒ္ဓ နဲ့ အဇ္ဇျတ။ ဗဟိဒ္ဓ ဆိုတာ 'အပြင်' ပေါ့။ 'အဇ္ဇျတ' ဆိုတာ အတွင်းသားပေါ့။ ဗဟိဒ္ဓအားဖြင့် ဆိုရင် သတင်းစာထဲမှာ ကြည့်လိုက်၊ အမတ်တွေဟာ ပြည်ခိုင်ဖြိုး၊ ပြည်ခိုင်ဖြိုး၊ ပြည်ခိုင်ဖြိုး၊ ပြည်ခိုင်ဖြိုး အကုန်လုံးပဲ။ ဒါ ဗဟိဒ္ဓအားဖြင့် သူတို့ နိုင်တယ် ဆိုတဲ့ သဘောပေါ်တာပေါ့။ သို့သော်လည်း အဇ္ဇျတ အားဖြင့် ဆိုရင် အရပ်ထဲမှာ သွားကြည့်၊ ဈေးထဲမှာ သွားကြည့်၊  ဘတ်စ်ကားပေါ်မှာ သွားကြည့်၊ လူတွေက ဒီရွေးကောက်ပွဲကြီးကို ဟာသ လုပ်နေကြတယ်။ အပြစ် ပြောနေကြတယ်။ ဟာ.. ရိုက်စားကြီးပါကွာ ပေါ့။ အဲဒီတော့ အဇ္ဇျတအားဖြင့် ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ အနှစ်သာရဟာ မှန်ကန်တယ်။ အမှန်အတိုင်း သုံးသပ်ကြည့်ရမယ် ဆိုရင်တော့ ကျနော်တို့ NLD ဟာ၊ တကယ့် ဒေါင်ဒေါင်မြည်တွေပဲ ကျန်တယ်။ နောက်ပြီးတော့ ယောယိယောရာ informer စစ်အစိုးရကို သတင်းပေးသူများ တွေကလည်း အများကြီးပဲ။ ကျနော် သတိထားမိတယ်။ နောက် ဒေါ်စုအနေနဲ့ ဘာ program ချမလဲ ဆိုတာလည်း ကျနော်တို့ မျှော်လင့်နေတယ်။

အခုတလော ခင်ဗျားတို့ လည်း ကြားမှာပေါ့။ "ဒုတိယ ပင်လုံညီလာခံ" ခေါ်မယ့် ကိစ္စ။ အဲဒီကြေညာချက် ထုတ်တုန်းက ကျနော် ဒုလဘ္ဘ ရဟန်းဝတ်နေလို့ မကြားမိဘူး။ အပြင် ထွက်လာတဲ့ အခါကျမှ ကြားတဲ့အခါကျတော့ စဉ်းစားကြည့်တာမှာ ဒီအယူအဆဟာ တော်တော်တော့ အဓိပ္ပာယ် ရှိတယ်လို့။ ဘာလို့လဲ ဆိုရင် ကျနော်တို့ တိုင်းပြည်မှာ အခုထက်ထိ တိုင်းရင်းသား အချင်းချင်း ညီညီညွတ်ညွတ်နဲ့ စစ်မှန်တဲ့ငြိမ်းချမ်းရေး မရနိုင်သေးဘူး။ တကယ့် စစ်မှန်တဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မရနိုင်သေးတဲ့အတွက် ရအောင်လုပ်ဖို့၊ ဒုတိယအကြိမ် ပင်လုံညီလာခံ လုပ်တာဟာ အင်မတန် အဓိပ္ပာယ်ရှိတယ်လို့ ကျနော် သဘောပေါက်တယ်။ ကိုယ့်ဘာသာ စဉ်းစားပြီးတော့ ဒါကို သိပ်သဘောကျနေတာ။

ဦးရော်နီညိမ်း။         ။ ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်လာတဲ့အခါမှာ ဦးဝင်းထိန်အနေနဲ့ ကိုယ့်ရင်ထဲက လာတဲ့ ရဲဘော်ရဲဘက် စကားမျိုး ဘယ်လိုများ ပြောဖို့ စဉ်းစားထားပါသလဲလို့ နောက်ဆုံး မေးပါရစေခင်ဗျာ။

ဦးဝင်းထိန်။          ။ ကျနော်တို့ နှစ်ပေါင်း ၂၀ NLD မှာ လှုပ်ရှားပါဝင်တဲ့အခါမှာ၊ ဒေါ်စုက စပြီး ဟိုးအောက်ခြေက NLD ပါတီဝင်တွေ အထိဟာ ဆုံးရှုံးမှုတွေ၊ နစ်နာမှုတွေ၊ ပေးဆပ်မှုတွေ အသက်တောင် သေသွားပြီး အသက် စွန့်တဲ့လူတွေ အများကြီး ရှိခဲ့တယ်။ ရှိခဲ့တော့၊ အဲဒီလို လူတွေ ရှိတဲ့အတွက်ကြောင့် ကျနော့်မှာ ဆုံးရှုံးရချည်ရဲ့လို့ ပြောရမှာ ရှက်တယ်။ အဲဒီတော့ ကိုယ့်ယုံကြည်ချက်ကလည်း ရှိနေတဲ့ အတွက်ကြောင့်မို့ ဒေါ်စု လုပ်တဲ့အတိုင်း ကျနော် ဆက်ပြီးတော့ လုပ်ရလိမ့်မယ်။ ဆက်ပြီးတော့လည်း သူ ကျနော့်ကို ဘယ်မှာ ထားမလဲ၊ သူ့နားမှာ ထားချင်လည်း ထား၊ မထားချင်လည်း မြို့နယ် ပို့မလား၊ တိုင်း ပို့မလား၊ ကြိုက်တဲ့နေရာ ပို့၊ လုပ်မယ်လို့ ကျနော် ဆုံးဖြတ်ပြီးပြီ။



ကျနော်တို့ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲကြီး တစ်ခုလုံးမှာ NLD က ပြတ်ပြတ်သားသား နိုင်ခဲ့တဲ့အတွက်ကြောင့်မို့၊ အခုရွေးကောက်ပွဲကလည်း သူတို့က တရားဝင် မကြေညာဘဲနဲ့ အာဏာ ပြန်သိမ်းတာပဲ။ သဘောကတော့ ဒီအတိုင်းပဲ။ ပြည်သူလူထုတွေကို မေးကြည့်လိုက်ရင် မကျေနပ်တဲ့လူက အများကြီး။ ဒါပေမယ့် အကြောက်တရား ရှိနေကြတယ်။ အဲဒီ အကြောက်တရားကိုတော့ ကိုယ့်ကိုယ်ကို ဆင်ခြင်ပြီးတော့မှ မတရားတာကို နည်းမျိုးစုံနဲ့ တတ်နိုင်သမျှ ဆန့်ကျင်ပေးကြပါ။ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်တွေကို ပိုပြီးတော့ ထောက်ခံပေး ကြပါလို့ မေတ္တာရပ်ခံချင်တယ်။ ဒါပါပဲဗျာ။

ရော်နီညိမ်း - VOA

http://moemaka.com/

၁၉၉၅ ခုနှစ်က ရိုက်ကူးထားသော ဓာတ်ပုံ တပုံတွင် ဦးကြည်မောင်၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းထိန် တို့ကို အထက်ပါအတိုင်း တွေ့ရသည်။ (photo(photo - getty images)
ဦးဝင်းတင်၏ ဘာလဲဟဲ့ လူငရဲ - စာအုပ်

ကိုယ်တိုင်ရေး ထောင်တွင်း အတွေ့အကြုံ နှင့် အတွေးအမြင် (၁၉၈၉ - ၂၀၀၈)

စာမျက်နှာ ၃၀၀ ကျော်၊ တန်ဖိုး ၁၅ ဒေါ်လာ၊ စာပို့စာရိတ် ၅ ဒေါ်လာ - စုစုပေါင်း ၂၀ ဒေါ်လာ

မြန်မာပြည်တွင်းရှိ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး ရန်ပုံငွေအဖြစ် သုံးစွဲရန် ဖြစ်ပါတယ်။

(ယူအက်စ်အေ အတွင်းသာ ပေးပို့မှာ ဖြစ်ပါတယ်)

ဗိုလ်ခင်ညွန့် ဘယ်ပျောက်နေသလဲ

နိုဝင်ဘာ ၂၆၊ ၂၀၁၀

 

အကျယ်ချုပ် ချခံနေရသူ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်ကို ပြောင်းရွှေ့ချုပ်နှောင်သည့်မြင်ကွင်းဟု ယူဆရသည့် ဗီဒီယိုဖိုင်တခု မကြာသေးမီက အင်တာနက်စာမျက်နှာသို့ ရောက်လာသည်။

FaceBook အင်တာနက် လူမှုကွန်ရက်တွင် အကောင့် ရှိသူများ  http://www.facebook.com/video/?id=100001219370983#!/video/video.php?v=144212602296051 တွင် သွားရောက် ကြည့်ရှုနိုင်သည်။

          မိုး အနည်းငယ်ရွာနေသည့် ညဘက်တွင် ရန်ကုန်မြို့ရှိ ဦးခင်ညွန့်၏ အိမ်ရှေ့သို့ လုံခြုံရေး အရာရှိတချို့  စုဝေးနေပုံကို ဗီဒီယို အစပိုင်းတွင် တွေ့ရသည်။ ခြံတခါးဝ၊ အိမ်ရှေ့တံခါးဝတို့တွင် ၂ မိနစ်ကြာမျှ စောင့်ဆိုင်းပြီးနောက် ဦးခင်ညွန့်၊  ဇနီးဖြစ်သူ ဒေါ်ခင်ဝင်းရွှေတို့ တံခါးဖွင့်ပေးသည်ကို တွေ့ရသည်။

          ဆံပင်ဆေးဆိုးမထားသည့် ဦးခင်ညွန့်သည် ပုဆိုး၊ ဂျာကင်အဖြူတို့ကို ၀တ်ဆင်ထားသည်။

         အရာရှိများထဲမှ ရဲချုပ်ခင်ရီဟု ယူဆရသူက ဦးခင်ညွန့်ကို အလေးပြုပြီး အိမ်ထဲသို့ ၀င်သွားကြသည်။ ဦးခင်ညွန့်က ပြန်လည် အလေးပြုခြင်း မရှိပေ။

          ထို့နောက် အရာရှိများနှင့် ဦးခင်ညွန့်တို့ ၀ိုင်းဖွဲ့စကားပြောပုံကို တွေ့ရသည်။ ဦးခင်ညွန့်က စကား အများဆုံး ပြောဆိုကြောင်း တွေ့ရသည်။ သို့သော်လည်း ဗီဒီယိုဖိုင်တွင် အသံ ပါဝင်ခြင်း မရှိသဖြင့် မည်သည့်အကြောင်းအရာများကို ပြောနေကြောင်း မသိရပေ။

          ဦးခင်ညွန့်သည် ယခင်က ကဲ့သို့ ကိုယ်လက်အမူအယာဖြင့် သွက်လက်စွာ စကားပြောနေသည်ကို မြင်ရသည်။

          မကြာမီ ဇနီးမောင်နှံ ၂ ဦး အိတ်ငယ် ကိုယ်စီဖြင့် အပေါ်ထပ်မှ ဆင်းလာသည့်ပုံကို တွေ့ရသည်။

          အမျိုးသမီး လေးဦးခန့်ကိုလည်း တွေ့ရသည်။ တချို့က ကလေးများကို ပွေ့ထားကြသည်။

ဦးခင်ညွန့်က ကလေးများကို နမ်းရှုံ့ပြီးနောက် အိမ်မှ ထွက်ကြသည်။

          အဆောက်အအုံတခုသို့ အရောက်တွင် ၎င်းတို့ လင်မယားကို ကြိုဆိုသူများ ရှိနေသည်။ အမျိုးသမီး ၂ ဦးက လက်သုတ်ပုဝါများ ပေးကြသည်။

          ဧည့်ခန်းအတွင်း စကားဝိုင်း ဖွဲ့ပုံကို ပြရာ ဦးခင်ညွန့်က စကားအများဆုံး ပြောသည်ကို တွေ့ရသည်။

          ထိုမြင်ကွင်းများကို မကြာခဏ ဓာတ်ပုံရိုက် မှတ်တမ်းတင်နေသည်။

          ဦးခင်ညွန့်သည် ၂၀၀၄ ခုနှစ် အောက်တိုဘာလတွင် ရာထူးမှ ဖယ်ရှားခံရပြီး မကြာမီ ထောင်ဒဏ် ၄၄ နှစ် ချမှတ်ခံရပြီး မိသားစုလိုက် နေအိမ်အကျယ်ချုပ် ချခံခဲ့ရသည်။

          ဤမှတ်တမ်းဗီဒီယိုကို မည်သည့်အချိန်က ရိုက်ကူးထားမှန်း မသိရပေ။

          လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိုအိမ်ဝန်းကျင်တွင် မတွေ့ရသည်မှာ တလကျော်ခန့် ရှိပြီဟု  ၎င်း၏ အိမ်အနီး နေထိုင်သူ မိုးမခ ပရိသတ် တဦးက ပြောသည်။

http://moemaka.com/index.php?option=com_content&task=view&id=7729&Itemid=1



Wednesday, November 17, 2010

Germany SEO | SEO Berlin | Global SEO Strategies for International SEO

professionellen Suchmaschinenoptimierung

Hasenheide 54

10967 Berlin

Tel. 015204865339

info@concept4seo.de

Steuernummer: DE 173199132

Inhaltlich Verantwortlicher laut  § 6 MDStV:

Michael Bissinger

 

 



For several international brands, global Search engine marketing remains a virtually untrained arena. According to Oban Multilingual, 70% of internet search queries may not be in English.
Despite the numerous SEO blogs I sign up for, I see very very little information posted on international SEO strategies. Below I've gathered most of the international SEO best businesses and tips for global seo.
1. Use Local Sector Extensions: The most effective system for international SEO will be most obvious one. If you are trying to optimize intended for Google. ca and your domain includes a. ca extension, you employ a great advantage
 (though it is still very possible devoid of one. ) In addition for the domain extension, Google probably looks with the IP address location of this server to determine the geographical relevance of the site.
2. Translation Isn't really Enough: Many assume a word-for-word Google translation with existing website content will cause high rankings on global SERPs. Those of use who have ever read a word-for-word translation by another language to Uk realize this isn't recommended. You may get on the SERPs, but your possibilities of converting the customer and slim to not one.
3. Get Links via international domains: If your webblog contains a good multiplicity of incoming links coming from many domain extensions (. corp. uk,.ca,.fr, etc), Google are going to notice your site within the non-US versions of Search engines.
4. Links to foreign domains: While I'm uncertain if this will genuinely improve rankings, it at the very least shows you're participating within a global community by associating to international sources.
5 VARIOUS. Keyword + Country Attaining Pages: I've found people sometimes do a key phrase search and append its country name to the idea. (e. g. "ipods uk") By optimizing a webpage for this combination, begin ranking for the phrases.
6. Do International Keyword and key phrase Research: It doesn't make sense to have your keyword suggestions in addition to counts from keyword gear only showing US final results. Aaron Wall's International SEO keyword tool permits you to get keyword data by 15 different countries.
SEVEN. Know the Local Terms: Anyone who has walked to another English speaking country knows you can find significant differences in community lingo. For example, certainly one of my clients discovered of which "shop" is more generally used than "store. " in numerous European countries.
8. Consider Local Engines like google: Google doesn't exactly rule everyone of search....yet. While its still the amount #1 engine internationally, local engines like Voila in France, Ansearch around Australia, or Yandex in Russia are popular. If you're targeting a particular local audience, it pays to be familiar with the algorithms of alternative engines besides Google.
The web is making the globe a smaller place. When you need it, forward-thinking companies will commence to capitalize on world-wide research traffic, not just using their own country.

Check out my photos!

Hi,

I set up a profile where I can post photos, connect and share.

Do me a favor and confirm our relationship here.


Thanks,
lianthang
This message was intended for thawngsian82.cncjp@blogger.com and was sent as a notification, invitation or reminder (digital goods subject to change in reminders) of an event initiated by lianthang using a third-party or platform application and may contain promotional materials and/or services for sale including digital goods received.

To control messages sent to or from you, your contacts and/or FanBox, click here.
Our offices are located at: FanBox - 255 G Street, Ste 723, San Diego, CA 92101

Check out my photos!

Hi,

I set up a profile where I can post photos, connect and share.

Do me a favor and confirm our relationship here.


Thanks,
lianthang
This message was intended for nanglianthang.cncjp@blogger.com and was sent as a notification, invitation or reminder (digital goods subject to change in reminders) of an event initiated by lianthang using a third-party or platform application and may contain promotional materials and/or services for sale including digital goods received.

To control messages sent to or from you, your contacts and/or FanBox, click here.
Our offices are located at: FanBox - 255 G Street, Ste 723, San Diego, CA 92101

Monday, November 15, 2010

NLD ရုံးေ၇ှ့တွင် ဟောပြောခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်း ကောက်နှုတ်ချက်



မိန့်ခွန်း ကောက်နုတ်ချက် ... " သတ္တိဆိုတာ စိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့
ကိုယ်လိုချင်တဲ့ ကိစ္စကို မှန်မှန်ကန်ကန်နဲ့ လုပ်တာဟာ သတ္တိပဲ။ လုပ်ရဲရမယ် "

" ကျမတို့ပြောနေတာလဲ နိုင်ငံရေးဘဲ။ အားလုံးနိုင်ငံရေးဘဲ။ ကျမတို့ပြည်သူတွေ
နိုင်ငံရေးကို နားလည်အောင်လုပ်ပါ။ အရှေ့က လုပ်နေတဲ့သူကို အနောက်က လူက
ထိန်းနိုင်ရမယ်။ ဒါဟာ ဒီမိုကရေစီဘဲ။ ကျမတို့ ပြည်သူတွေ ထိန်းသိမ်းတာကို
ခံပါမယ်။ တခြားသူ ထိန်းသိမ်းတာကို မခံနိုင်ဘူး။ ကျမ ထိန်းသိမ်းခံရတဲ့ချိန်မှာ
လုံခြုံရေးသမားတွေ အများကြီး တွေ့ရပါတယ်။ ကျေးဇူးတင်ထိုက်သူကို
ကျေးဇူးတင်ပါတယ်။ ကျမအပေါ် ကောင်းကောင်းဆက်ဆံတဲ့ သူတွေကိုပါ။ ကျေးဇူးကို
သိတတ်တဲ့သူက နည်းတယ်။ ကျေးဇူးသိတတ်တဲ့သူ ရှားတယ် ဆိုတာကို ကျမကတော့
လက်မခံချင်ဘူး။ ကျေးဇူးသိတယ်ဆိုတာ ဘာလဲ။ တယောက်နဲ့တယောက် သည်းခံရမယ်။ အရှေ့က
လူက နောက်ကလူကို သိတတ်ရမယ်။ နောက်ကလည်း ရှေ့ကလူကို သိတတ်ရမယ်။ ဒါဟာ ကျမရဲ့
အခင်းအကျင်းဘဲ။"

" ပြည်သူကြားမှာ အားလုံးကြားမှာ အမျိုးသား ရင်ကြားစေ့ရေးကို ဆက်လုပ်သွားမယ်။
ဘယ်သူဘဲဖြစ်ဖြစ် အဆင်ပြေအောင် လုပ်ချင်ရင် ရတယ်။ စကားပြောချင်လည်း ရတယ်။
ကျမတို့ဘက်က ပြည်သူ့အင်အားတွေ လိုပါတယ်။ အခု ပြည်သူတွေ
ကျမတို့ဘက်မှာရှိတယ်ဆိုတာ သိရတယ်။ ပြည်သူရဲ့ယုံကြည်မှု၊ ပြည်သူရဲ့ ထောက်ခံမှုကို
ရယူသွားမယ်။ အခု ဘာလုပ်နိုင်တယ် ဆိုတာကို မပြောနိုင်တာ ခွင့်လွှတ်ပါ။
အပြင်ထွက်ထွက်လာခြင်း ဘာလုပ်မယ်၊ ညာလုပ်မယ်ဆိုတာကို ပြောတာက နားမလည်ဘဲ ပြောတယ်
ဖြစ်မှာစိုးလို့ပါ။ ကျမတို့အားလုံး အနာခံရပါတယ်။ လုပ်ဖော်ကိုင်ဘက်တွေလည်း
အနာခံခဲ့ရပါတယ်။  အနာခံရမယ်ဆိုရင် သည်းခံပြီး အနာခံကြပါလို့ ကျမပြောချင်တယ်။
လိုတော့လိုချင်တယ် အနာတော့ မခံချင်ဘူးဆိုတာတော့ မဖြစ်ဘူး။ အမှားအမှန်ကို
ကိုးစားပြီး သိရမယ်။ အမှန်ဘက်က ရပ်တည်ရမယ်။ အမှားအမှန်က တစ်ချိန်လုံး
အတည်ယူလို့မရဘူး။ အချိန်အတိုင်း ပြောင်းလဲမှု ရှိတယ်။
မှန်မှန်ကန်ကန်နဲ့ဖြစ်လာတဲ့ အင်အားကို ဘယ်သူကမှ ဖြိုလို့မရဘူး။"

" ကျမကို ထိန်းသိမ်းခဲ့တဲ့လူတွေအပေါ်မှာလည်း ဘာအာဃာတမှာ မရှိဘူး "

"ကျမတို့ မြန်မာတွေဟာ ကောက်ရိုးမီးလိုပဲလို့ ပြောတာကို ကျမတော့ မကြိုက်ဘူး''

"ကျမတို့ ပြည်သူတွေက လက်ဖြန့်ပြီး တောင်းချင်စိတ် မရှိဘူးလို့ ကျမ ယုံတယ်''

"ကျမကို ထိန်းသိမ်းတဲ့လူတွေကို မမုန်းဘူး။ ပုဂ္ဂိုလ်ရေးအရ ဘယ်သူကိုမုန်းတီးတာ
မရှိဘူး။"

"ကျမ တရားဥပဒေစိုးမိုးရေးကို ယုံကြည်တယ်။ တောင်းပန်တာကို ကျမက တန်ဖိုးထားတယ်။
ကျေးဇူးတင်ထိုက်တာကို ကျမ ကျေးဇူးတင်တယ်။"

"လူ့အခွင့်အရေးကြေညာစာတမ်းမှာ လူတိုင်းလူတိုင်းအတွက်နဲ့ စထားတယ်။ ဒါကို
လေးစားရမယ်။ လူတိုင်းလူတိုင်း တာဝန်ကျေပွန်ရမယ်။ တာဝန်သိရမယ်။ ဒါမှ ကျမတို့
နိုင်ငံတိုးတက်မယ်။ ကျမတို့နိုင်ငံတိုးတက်တယ်၊ မတိုးတက်တာ ပြည်သူသိတယ်။
မတိုးတက်တာ ဘယ်သူ့ကြောင့်လို့ ပြောနေလို့ အပိုဘဲ။ ကျမတို့ကို
လုပ်ပိုင်ခွင့်ပေးပါလို့ဘဲ ပြောမယ်။
ကျမတို့ပြည်သူက လက်ဖြန့်ပြီးတောင်းမှာ မဟုတ်ဘူးလို့ ကျမ သိတယ်။
ကိုယ့်လုပ်ပိုင်ခွင့်ကို တောင်းဆိုတာဖြစ်တယ်။"

"ကျမ အမျိုးသားရင်ကြားစေ့ရေးကို ကျမ အမြဲ ယုံကြည်ပါတယ်။ ကျမတို့ဟာ ပြည်သူရဲ့
အင်အားကို အားကိုးပြီးတော့ အလုပ်လုပ်နေတာလို့ အကြိမ်ကြိမ်အခါခါ
ပြောခဲ့ပြီးပါပြီ။ ပြည်သူရဲ့ အင်အားကို စနစ်တကျသုံးမှပဲ ထိရောက်မှာပါ။
ပြည်သူတွေကို ထပ်ပြီး မှာပါရစေ။ ကိုယ်လိုချင်တာကို မျှော်လင့်နေရုံနဲ့
မအောင်မြင်ပါဘူး။ ကိုယ်လိုချင်တာကို ရအောင် လုပ်ကြမှ လုပ်ရဲမှ လုပ်နိုင်မှ
ရမယ်။ အကောင်းဆုံး နည်းလမ်းကို ရှာရမယ်''

"ကျမရဲ့ လုံခြုံရေးကို တာဝန်ယူတဲ့ သူတွေက ကျမကို ကောင်းကောင်းမွန်မွန်
ဆက်ဆံကြတယ်။ အဲဒီအတွက် ကျေးဖူးတင်တယ်။ ကျမကို ကောင်းကောင်းမွန်မွန် ဆက်ဆံသလိုပဲ
ပြည်သူအားလုံးအပေါ်မှာ ကောင်းကောင်းမွန်မွန် ဆက်ဆံရင် ဘယ်လောက်
ကောင်းလိုက်မလဲလို့ ကျမ တွေးမိပါတယ်။ ဒါပေမဲ့ ကျမကို အကျယ်ချုပ် ချသလိုတော့
ပြည်သူကို မချစေချင်ဘူး။ ပြည်သူကို အကျယ်ချုပ် မချပါနဲ့။ ကောင်းကောင်းမွန်မွန်
ဆက်ဆံစေချင်ပါတယ်''

"မကောင်းတာကို မပြောစေချင်ရင် မလုပ်ပါနဲ့။ ကောင်းတာတွေကို ကျမတို့က
တန်ဖိုးထားပါတယ်၊ ကျေးဇူးလည်း တင်ပါတယ်။ ကောင်းတာတွေချည်း လုပ်နေရင် တသက်လုံး
ကျမ ကျေးဇူးတင်လို့ ဆုံးမှာ မဟုတ်တော့ပါဘူး''

"ပြည်သူတွေဟာ လုပ်စရာရှိတာ လုပ်ရမယ်၊ လူတိုင်း ကိုယ့်တာဝန် ကိုယ်ကျေရမယ်''



Saturday, November 13, 2010

 
Burma democracy activists and Asia regional governments have welcomed the release of Aung San Suu Kyi from detention but are also urging Burma's military government to support calls for national reconciliation.

The release of Burma's pro-democracy leader Aung San Suu Kyi, from detention Saturday has been widely welcomed by Burmese expatriate communities, democracy activists and regional governments.

Aung San Suu Kyi, released after the end of an 18 month sentence, has spent much of the past two decades in some type of government confinement for her calls for democracy in Burma.

Bo Kyi, a former political prisoner himself and secretary of the Assistance Association for Political Prisoners (Burma) based in Mae Sot Thailand, hoped Suu Kyi's release would mark a step toward democracy in Burma.

"I am extremely happy for her release as well as the Burmese people who are extremely happy. Now thousands of people are singing to Daw Aung San Suu Kyi in Burma," he said. "She will do her best for the national reconciliation and then to restore democracy and human rights in Burma."

News  Source  : VOA

Sunday, November 7, 2010

Monday, October 25, 2010

Wednesday, October 6, 2010

Fwd: ရွေးကောက်ပွဲ၊ လွှတ်တော်တက်ရန် ပြင်နေသူများနှင့် လူထုအဆုံးအဖြတ်.................

ရွေးကောက်ပွဲ၊ လွှတ်တော်တက်ရန် ပြင်နေသူများနှင့် လူထုအဆုံးအဖြတ်.................

by San Maung on Sunday, October 3, 2010 at 8:30pm

 

'အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း' အပိုဒ် (၂၁) အရ "ရွေးကောက်ပွဲ" ဆိုသည်မှာ ဒီမိုကရေစီကျင့်စဉ်၏ အစိတ်အပိုင်းတခု၊ ရွေးကောက်ပွဲသည် လူ့အခွင့်အရေးဆိုင်ရာ ရပိုင်ခွင့်ဆိုသည်ကို ယနေ့ပြည်သူတို့ ယေဘုယျမျှဖြစ်စေ သိမြင်လာပြီ ဖြစ်ပါသည်။

 

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း၊ အပိုဒ် (၂၁) တွင် ယခုကဲ့သို့ ဖော်ပြထားသည်။ 

 

(၁) လူတိုင်းသည် မိမိတို့နိုင်ငံ၏ အစိုးရဆိုင်ရာ လုပ်ငန်းများတွင် တိုက်ရိုက်ဖြစ်စေ၊ လွတ်လပ်စွာ ရွေးချယ် တင်မြှောက်ထားသော ကိုယ်စားလှယ်များမှ တဆင့်ဖြစ်စေ ပါဝင်ဆောင်ရွက်ရန် အခွင့်အရေးရှိသည်။ 

 

(၂) လူတိုင်းသည် မိမိတို့နိုင်ငံ၏ အများပြည်သူဆိုင်ရာ ၀န်ဆောင်မှုလုပ်ငန်းများကို ညီမျှစွာ ရယူခံစားပိုင်ခွင့်ရှိစေရမည်။

 

(၃) ပြည်သူအများ၏ ဆန္ဒသည် အစိုးရအာဏာပိုင်စိုးမှု၏ အခြေခံအုတ်မြစ် ဖြစ်စေရမည်။ ဤဆန္ဒများကို ပုံမှန်အချိန်အပိုင်းအခြားအလိုက် ကျင်းပသော၊ 'စစ်မှန်သော ရွေးကောက်ပွဲများ' ဖြင့် ဖော်ပြရမည်ဖြစ်ပြီး ဤရွေးကောက်ပွဲများတွင် လူတိုင်း မခွဲမခြား မဲပေးခွင့်ရှိ၍ လျှို့ဝှက်မဲပေးစနစ်ဖြင့်ဖြစ်စေ သို့မဟုတ် အလားတူ ညီမျှသော လွတ်လပ်သည့် မဲဆန္ဒပေးနိုင်သည့် လုပ်ငန်းစဉ်များဖြင့်ဖြစ်စေ ကျင်းပပေးရမည်။

 

'အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း' သည် လူ့အခွင့်အရေးဆိုင်ရာ စံပြုသတ်မှတ်ထားသော အခြေခံ ကတိက၀တ်များလည်းဖြစ်သည်။ ထို့ပြင် 'ကုလသမဂ္ဂ နိုင်ငံသားအခွင့်အရေးနှင့် နိုင်ငံရေးအခွင့်အရေးများဆိုင်ရာ နိုင်ငံတကာသဘောတူညီချက်' (UN International Convenant on Civil and Political Rights - ICCPR) ၏ အပိုဒ် (၂၅) တွင်လည်း "နိုင်ငံသားတိုင်းအား ခွဲခြားကန့်သတ်မှု မရှိစေရဘဲ 'မဲပေးခွင့် အခွင့်အရေးနှင့် အခွင့်အလမ်း' ရှိစေရမည်ဖြစ်ပြီး 'ရွေးချယ်ခံပိုင်ခွင့်' လည်း ရှိစေရမည်" ဟု ဖော်ပြထားသည်။  

 

မြန်မာနိုင်ငံသည် ၁၉၆၀ ဖေဖော်ဝါရီလ (၆) ရက်တွင် ကျင်းပခဲ့သော တတိယအကြိမ် ပါလီမန်ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ပြီးသည့်နောက် ဒီမိုကရေစီ ရွေးကောက်ပွဲကျင့်စဉ်များနှင့် ကင်းကွာနေခဲ့သည်မှာ နှစ်ပေါင်း (၅၀) ခန့်ရှိခဲ့ပြီ။ ဗိုလ်နေ၀င်း ဦးဆောင်ရေးဆွဲသော ၁၉၇၄ ဖွဲ့စည်းပုံဥပဒေအရ ကျင်းပသည့် ရွေးကောက်ပွဲများမှာမူ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများကို ငြင်းပယ်ဖျက်သိမ်းသည့် ရွေးကောက်ပွဲများဟု သမိုင်းတွင်ခဲ့သည်။ ၁၉၇၄ ဖွဲ့စည်းပုံက ယှဉ်ပြိုင်သူမရှိ တဦးတည်းပြေးကာ ပထမရရှိသော (မဆလ) တပါတီအာဏာရှင်စနစ်ကို မွေးထုတ်ခဲ့သည်။ 

 

၁၉၉၀ ရွေးကောက်ပွဲဥပဒေတွင်လည်း အားနည်းချက် (သို့မဟုတ်) ညစ်ကွက်တခု တွေ့ရသည်။ ယင်းညစ်ကွက်မှာ 'ရွေးကောက်ပွဲရလဒ်များ' ထွက်ပေါ်လာပြီးနောက် အချိန်ကာလမည်မျှ အတောအတွင်း မည်သို့မည်ပုံ ပြည်သူ့လွှတ်တော်ကို အသက်ဝင်စေမည်ဟု ဖော်ပြမထားခြင်းဖြစ်သည်။ ဤအချက်သည် ဒီမိုကရေစီနည်းအရ ရွေးကောက်ပွဲကျင်းပပေးခြင်း၏ ပဓာနကိစ္စလည်းဖြစ်သည်။ ယင်းအချက်ကို ထည့်သွင်းမထားခြင်းသည် "အစိုးရအာဏာပိုင်များ၊ တာဝန်ရှိသူများက နိုင်ငံသားများ၏ ရွေးချယ်ခံပိုင်ခွင့်ကို လေးစားအသိအမှတ်ပြုရမည်။ ̏ မဲအရေအတွက် ပြည့်မီသည့် အနိုင်ရ ကိုယ်စားလှယ်များအား သက်ဆိုင်သည့် အခွင့်အာဏာကို အပ်နှင်းရမည်˝ ဆိုသော အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်းများအား လျစ်လျူရှုထားကြောင်း ထင်ရှားစေသည်။

 

နိုင်ငံတကာ အနက်ဖွင့်ဆိုချက်များအရ 'ရွေးကောက်ပွဲစနစ်' ဆိုသည်မှာ နိုင်ငံတခုအတွင်း ဖြစ်ပေါ်လျက်ရှိသော နိုင်ငံရေးပဋိပက္ခများကို လျှော့ကျအောင်လုပ်သည့် ကိရိယာဟု ဆိုထားသည်။ (မဆလ) တပါတီစနစ်သည် "ငါနှင့်မတူ ငါ့ရန်သူ" သဘောထားဖြင့် ရွေးကောက်ပွဲများကို တဖက်သတ် ပြုလုပ်ခဲ့ရာ နိုင်ငံရေးပဋိပက္ခများကို လျော့ပါးအောင် လုပ်ရမည့်အစား တိုးပွားအောင်လုပ်ခဲ့ကြောင်း တွေ့ရသည်။ ထို့ကြောင့် ဒီမိုကရေစီလိုလားသော၊ ပြည်သူများနှင့် တန်းတူအခွင့်အရေး လိုလားသော တိုင်းရင်းသားများ၏ ဆန့်ကျင်မှုကို အဆက်မပြတ် ရင်ဆိုင်ခဲ့ရပြီးနောက် ၁၉၈၈ ဒီမိုကရေစီ လူထုအရေးတော်ပုံကာလ၌ ချုပ်ငြိမ်းခဲ့ရသည်။ စင်စစ် ရွေးကောက်ပွဲစနစ်နှင့် ဖြစ်စဉ်တို့ကို ဖြစ်ပေါ်စေသော ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေသည် တိုင်းပြည်တပြည်၏ သာယာဝပြောရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အခရာကျပေသည်။ 

 

ရွေးကောက်ပွဲစနစ်တခုသည် နိုင်ငံတခု၏ နိုင်ငံရေးပဋိပက္ခများကို လျော့ပါးအောင် စေ့စပ်ပေးနိုင်သကဲ့သို့ ပြည်တွင်းစစ် အသစ်တခုကိုလည်း ဖြစ်ပေါ်စေနိုင်သည်။ လက်ရှိ မြန်မာနိုင်ငံအခြေအနေသည်ပင်လျှင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ တဖက်စောင်းနင်း ဖြစ်နေမှုများကြောင့် အကျဉ်းအကျပ် တွေ့နေသည်။ အမှန်ကိုဆိုရလျှင် ၂၀၀၈ ဖွဲ့စည်းပုံ၏ ရည်ရွယ်ချက်မှာလည်း ၁၉၇၄ ဖွဲ့စည်းပုံနှင့် တထပ်တည်း ဖြစ်နေသည်။ ထို့ကြောင့် ဤဖွဲ့စည်းပုံ ရည်ရွယ်ချက်ကို ဖြည့်ဆည်းရန် ထွက်ပေါ်လာသည့် "၂၀၁၀ ရွေးကောက်ပွဲဥပဒေ" ဆိုသည်မှာ နိုင်ငံရေးပဋိပက္ခများကို လျော့ပါးအောင် လုံးဝ လုပ်ပေးနိုင်မည်မဟုတ်။ တိုးပွားလာဖို့သာမြင်ရသည်။ 

 

နိုင်ငံတကာနှုန်းစံတို့အလိုအရ ပြောရလျှင် ရွေးကောက်ပွဲ ကျင်းပသည့် အဓိကရည်ရွယ်ချက်မှာ လူထုဆန္ဒကို အမှန်တကယ် ကိုယ်စားပြုနိုင်မည့် လူထုကိုယ်စားလှယ်များ ပေါ်ထွက်လာရေး၊ လူထုကိုယ်စားပြု ပါလီမန်လွှတ်တော်နှင့် လူထုကိုယ်စားပြု အုပ်ချုပ်ရေးအဖွဲ့များ ပေါ်ပေါက်လာရေးဖြစ်သည်။ ပြည်သူများ၏ ဆန္ဒသည် အစိုးရအာဏာပိုင်စိုးမှု၏ အခြေခံအုတ်မြစ် ဖြစ်စေရမည်ဟူသော အနှစ်သာရမပျက်ဖို့ အလွန်အရေးကြီးသည်။ ရွေးကောက်ပွဲများတွင် လူတိုင်းမခွဲမခြား မဲပေးခွင့်ရှိ၍ လျှို့ဝှက်မဲပေးစနစ်ဖြင့်ဖြစ်စေ သို့မဟုတ် အလားတူ ညီမျှသော လွတ်လပ်သည့် မဲဆန္ဒပေးနိုင်သည့် လုပ်ငန်းစဉ်များဖြင့်ဖြစ်စေ ကျင်းပပေးရမည်။ ဤအချက်ကို လက်ရှိ ရွေးကောက်ပွဲ ကျင်းပပေးမည့် အာဏာပိုင်အဖွဲ့အစည်းက တာဝန်ခံရမည်ဖြစ်သည်။ ထို့ကြောင့် လွတ်လပ်၍ တရားမျှတမှုရှိသော ရွေးကောက်ပွဲများဟုတ် မဟုတ်ဆိုသည်ကို အာဏာပိုင်အဖွဲ့အစည်းက ခိုင်ခိုင်မာမာ တာဝန်ခံကြီးကြပ်စေရန် ပြည်တွင်းနှင့် နိုင်ငံတကာ ရွေးကောက်ပွဲ စောင့်ကြည့်အဖွဲ့များ ရှိဖို့လိုခြင်းဖြစ်သည်။ 

 

သို့သော် အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကာ့တ်ကမ်ဘဲလ်၏ မေလခရီးစဉ်အတောအတွင်း ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးအား နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်အဖွဲ့များ ခွင့်ပြုပါမည်လားဟု မေးခဲ့ရာတွင် ခွင့်ပြုမည်မဟုတ်ကြောင်း၊ သူတို့တွင် ရွေးကောက်ပွဲ အတွေ့အကြုံ ပြည့်ပြည့်စုံစုံ ရှိသည်ဟု အရှက်မဲ့စွာ ပြန်ကြားခဲ့သည်။ ယခုရွေးကောက်ပွဲ ပြုလုပ်မည့် နိုဝင်ဘာ (၇) ရောက်ရန် တလခွဲခန့်အလိုတွင် စောင့်ကြည့်အဖွဲ့များကို ဘာကြောင့် ငြင်းပယ်ခဲ့သနည်းဆိုသော မေးခွန်းအတွက် အဖြေများ ထွက်ပေါ်နေပေပြီ။ အမြင်သာဆုံး အချက်မှာ နိုင်ငံတကာသဘောတူစာချုပ်များတွင် တည်ဆဲအစိုးရများအနေဖြင့် အောက်ပါအချက်များကို လေးစားလိုက်နာ စောင့်ထိန်းကြရမည့် ၀တ္တရားရှိသည်။ 

 

● နိုင်ငံရေးပါတီများတည်ထောင်ခွင့်ကို လေးစားအသိအမှတ်ပြု၍ ပါတီအားလုံးကို ဥပဒေရှေ့မှောက်၌ တန်းတူ အခွင့်အရေးများပေးကာ ယှဉ်ပြိုင်စေရမည်။ အာဏာပိုင်များက ပါတီအားလုံးကို မခွဲမခြား တန်းတူဆက်ဆံရမည်။

 

● ပါတီများအား လွတ်လပ်ပွင့်လင်းသော ၀န်းကျင်တွင် နိုင်ငံရေးစည်းရုံးမှုများ ဆောင်ရွက်ခွင့်ပေးရမည်။ နိုင်ငံရေးပါတီများအပေါ်၌ဖြစ်စေ၊ ကိုယ်စားလှယ်များအပေါ်၌ဖြစ်စေ၊ မဲဆန္ဒရှင်ပြည်သူများအပေါ်၌ဖြစ်စေ၊ အာဏာပိုင်များက မလျော်မကန်ပြုမှု၊ ခြိမ်းခြောက်မှု၊ အကြမ်းဖက်မှု၊ လက်စားချေမှုများ ပြုလုပ်မည်ကို ကြောက်ရွံ့နေရသည့် အခြေအနေများ မရှိစေရ။

 

သို့သော် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စုပအို့ဝ်အမျိုးသားအဖွဲ့ချုပ်၊ ရှမ်းပြည်ကိုးကန့် ဒီမိုကရက်တစ်ပါတီနှင့် အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ အစရှိသည့် (၅) ပါတီကို မှတ်ပုံအသစ် ထပ်မတင်၍ဟုဆိုကာ ရွေးကောက်ပွဲကော်မရှင်က စက်တင်ဘာ (၁၄) တွင် တရားမ၀င်ပါတီများဟု ကြေညာခဲ့သည်။ တဖန် အသစ်ထူထောင်သည့် ပါတီများအနက်မှလည်း ပြည်ထောင်စုကရင်အမျိုးသားမျာအဖွဲ့ချုပ်၊ မြန်မာ့လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ မြန်မာဒီမိုကရေစီကွန်ဂရက်၊ မြိုတိုင်းရင်းသားပါတီ၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးပါတီ (ပြည်) များကိုလည်း ရွေးကောက်ပွဲတွင် ကိုယ်စားလှယ် (၃) ဦး မ၀င်နိုင်၍ဆိုကာ ပယ်ဖျက်လိုက်သည်။ ပိုဆိုးသည်မှာ ကချင်ပြည်နယ်တိုးတက်ရေးပါတီ (KSPP)၊ ညီညွတ်သော ဒီမိုကရေစီပါတီ (ကချင်ပြည်နယ်) (UDP)၊ ရှမ်းပြည်နယ်မြောက်ပိုင်း တိုးတက်ရေးပါတီ (NSSPP) တို့ကို အကြောင်းပြချက် ခိုင်ခိုင်မာမာမပြဘဲ ပါတီထူထောင်ခွင့် မပေးခဲ့ခြင်းဖြစ်သည်။ ဤအချက်မှာ နိုင်ငံရေးပါတီများ တည်ထောင်ခွင့်ကို လေးစားအသိအမှတ်မပြုခြင်း၊ ပါတီအားလုံးကို ဥပဒေရှေ့မှောက်၌ တန်းတူအခွင့်အရေးများ မပေးခြင်းကို ပေါ်လွင်စေသည်။ ထိုမျှမက ယင်းပါတီများမှ ကချင်တိုင်းရင်းသားကိုယ်စားလှယ်များက ပါတီထောင်ခွင့်မရသဖြင့် တသီးပုဂ္ဂလအနေဖြင့် ပါဝင်ရန် လျှောက်ထားခြင်းကိုလည်း ရွေးကောက်ပွဲကော်မရှင်က ပယ်ချခဲ့ပြန်သည်။ ထိုလုပ်ရပ်မှာလည်း "လူတိုင်းသည် မိမိတို့နိုင်ငံ၏ အစိုးရဆိုင်ရာလုပ်ငန်းများတွင် တိုက်ရိုက်ဖြစ်စေ၊ လွတ်လပ်စွာ ရွေးချယ်တင်မြှောက်ထားသော ကိုယ်စားလှယ်များမှ တဆင့်ဖြစ်စေ၊ ပါဝင်ဆောင်ရွက်ရန် အခွင့်အရေးရှိသည်။" ဆိုသော  'အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း' ပါ သဘောတူညီချက်ကို ချိုးဖောက်ခြင်းဖြစ်သည်။ 

 

ထို့ပြင် သတင်းလွတ်လပ်ခွင့်နှင့် လွတ်လပ်စွာ ရေးသားပိုင်ခွင့်မှာလည်း နိုင်ငံရေးပါတီများအဖို့ အထူးအရေးကြီးသော ကိစ္စပင်ဖြစ်သည်။ ရွေးကောက်ပွဲတခု ကျင်းပရာတွင် နိုင်ငံရေးရာသီဥတုကို သာယာမျှတအောင် ဖန်တီးထားရှိနိုင်ဖို့ လိုသည်။ ထိုအထဲတွင် သတင်းစာလွတ်လပ်ခွင့်သည် မရှိမဖြစ် လိုအပ်ချက်ဖြစ်သည်။ သတင်းမီဒီယာကို အကန့်အသတ်မရှိ၊ ခွဲခြားမှုမရှိ၊ လွတ်လပ်စွာ တန်းတူအသုံးပြုခွင့်ပေးရမည်။ 'အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း' အပိုဒ် (၁၉) အရ လူတိုင်းတွင် လွတ်လပ်စွာ ထင်မြင်ယူဆနိုင်ခွင့်နှင့် လွတ်လပ်စွာ ဖွင့်ဟဖော်ပြနိုင်ခွင့်ရှိသည်။ အများပြည်သူသို့ သတင်းအချက်အလက် ဖြန့်ဝေခွင့်နှင့် ကိုယ်တိုင်လည်း သတင်းအချက်အလက် လက်ခံရယူပိုင်ခွင့်တို့သည် လူတိုင်း၏ ရပိုင်ခွင့်ဖြစ်သည်။ အဆိုပါ လွတ်လပ်စွာ ထင်မြင်ယူဆနိုင်ခွင့်နှင့် လွတ်လပ်စွာ ဖွင့်ဟဖော်ပြနိုင်ခွင့်ကို မရရှိပါက ကျန်လူ့အခွင့်အရေးဆိုသည်တို့ကို ခံစားခွင့်ရရှိရန်မှာ ဖြစ်နိုင်စရာမရှိချေ။ လွတ်လပ်စွာ ထင်မြင်ယူဆနိုင်ခွင့်နှင့် လွတ်လပ်စွာ ဖွင့်ဟဖော်ပြနိုင်ခွင့်များ ဆုံးရှုံးလျှင် နိုင်ငံရေးပါတီများအဖို့ မိမိတို့ နိုင်ငံရေးအယူအဆနှင့် မူဝါဒလမ်းစဉ်များကို ပြည်သူလူထု သိရှိနားလည်အောင် ရှင်းလင်းပြောပြနိုင်ခွင့် ဆုံးရှုံးရမည်ဖြစ်သည်။ 

 

လက်ရှိအခင်းအကျင်းအရ ကြံ့ဖွံ့ပါတီက အာဏာလက်ရှိ စစ်တပ်ပါတီဖြစ်၍ နိုင်ငံ့ငွေကြေးဘဏ္ဍာများနှင့် နိုင်ငံပိုင် ဆက်သွယ်ရေးယန္တရားများကို အကန့်အသတ်မရှိ ရယူသုံးစွဲကာ လွတ်လပ်စွာ မဲဆွယ်စည်းရုံးဟောပြောခွင့်ရနေသည်။ ယခုကြံ့ဖွံ့ပါတီက ရွေးကောက်ပွဲ မဲဆွယ်စာစောင်ကို ရောင်စုံ (၈) မျက်နှာ စောင်ရေ (၁) သိန်း ရိုက်နှိပ်၍ အခမဲ့ ဖြန့်ဝေနေသည်။ ကာလပေါက်ဈေးထက် တ၀က်လျှော့တွက်လျှင်ပင် ကျပ်ငွေ (၅) သန်းလောက်ရှိမည်။ စိစစ်ဖြတ်တောက်မှာလည်း မပူရ။ အခြားပါတီများမှာ စာပေစိစစ်ရေး၏ စည်းကမ်းများကို ကြောက်နေရသည်။ စာစောင်ထုတ်ဝေခွင့် မှတ်ပုံတင်ရန် ငွေကြေးမတတ်နိုင်သည့် ပါတီက အများစု။ သို့ဖြင့် သတင်းမီဒီယာကို အကန့်အသတ်ခံရသည်။ လွတ်လပ်စွာ တန်းတူအသုံးပြုခွင့်မရ။ ရေဒီယို၊ တီဗွီကျပြန်တော့လည်း ပါတီတခု (၁၅) မိနစ်သာ ပေးသည်။ အကန့်အသတ် စည်းမျဉ်းက အတန်တန်။ (၁၅) မိနစ်မျှနှင့် ကိုယ့်ပါတီမူဝါဒကို လူထုနားလည်အောင် ပြောခိုင်းသည်မှာ မည်ကာမတ္တပေးသည့် မဲဆွယ်ခွင့်သာဖြစ်သည်။ 

 

ထို့ကြာင့် ပါတီများအား လွတ်လပ်ပွင့်လင်းသော ၀န်းကျင်တွင် နိုင်ငံရေးစည်းရုံးမှုများ ဆောင်ရွက်ခွင့်ပေးရမည်ဆိုသော သဘောတူညီချက်ကိုလည်း စစ်အစိုးရက လုံးဝလိုက်နာခြင်းမရှိကြောင်း ထင်ရှားသည်။ စစ်တပ်၏ ကြံ့ဖွံ့ပါတီ အသာစီးရရှိရေးအတွက် အစိုးရအာဏာကိုသုံး၍လည်းကောင်း၊ ငွေကြေးအင်အား အသုံးပြု၍လည်းကောင်း၊ အခြားပါတီ ကိုယ်စားလှယ်များ၊ မဲဆန္ဒရှင်ပြည်သူများအပေါ်၌ အာဏာပိုင်များက မလျော်မကန်ပြုမှု ခြိမ်းခြောက်၍လည်းကောင်း လုပ်ဆောင်ချက် အများအပြား တွေ့ရသည်။ ထို့ကြောင့် အခြားပါတီများ လွတ်လပ်စွာ စည်းရုံးခွင့်မရရှိကြ။  

 

ယခုရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်အတွက် ကိုယ်စားလှယ် (၃၃၀)၊ အမျိုးသားလွှတ်တော်အတွက် ကိုယ်စားလှယ် (၁၆၈)၊ ပြည်နယ်နှင့် တိုင်းဒေသကြီးလွှတ်တော်အတွက် ကိုယ်စားလှယ် (၆၆၀)၊ စုစုပေါင်း ကိုယ်စားလှယ် (၁၁၅၈) ဦးအတွက် ပါတီများ ပြိုင်ဆိုင်ကြရမည်ဖြစ်သည်။ သို့သော် ကိုယ်စားလှယ်တဦးလျှင် မှတ်ပုံတင်ကြေး (၅) သိန်း တင်ရမည်ဟု စစ်အာဏာပိုင်တို့က ညစ်ပတ်လိုက်သည်။ ဤငွေကြေး အဟန့်အတားကြောင့် အခြားအတိုက်အခံပါတီများထဲမှ ကိုယ်စားလှယ် (၂၀၀) ပြည့်အောင် ၀င်ပြိုင်နိုင်သည့် ပါတီမရှိ။ ကြံ့ဖွံ့က နေရာအားလုံးပြိုင်သည်။ တစညက နေရာ (၉၈၀) ကျော်ပြိုင်သည်။ ရွေးကောက်ပွဲ မလုပ်ခင်ကပင် အဖြေက ထွက်နှင့်နေပြီ။ အတိုက်အခံအတွက် နေရာမရှိသည့် လွှတ်တော်၊ ကက်ဘိနက်ဖွဲ့ခွင့် မရှိသည့် လွှတ်တော်၊ ရွေးကောက်ခံ ကိုယ်စားလှယ်မဟုတ်သည့် စစ်ဗိုလ်သမ္မတက ပြဋ္ဌာန်းလိုသည့် ဥပဒေများကို အတည်ပြုပေးရမည့် ရုပ်သေးလွှတ်တော် မျှသာဖြစ်သည့် အချက်ကို မျက်ကွယ်ပြုလျက် လွှတ်တော်တက်ရန် စိတ်ကူးယဉ်ကြသူများ ရှိနေသည်။ 

 

မဲစာရင်းများလည်း တပြည်လုံးတွင် စနစ်တကျ ထုတ်ပြန်ပေးခြင်းမရှိ။ မဲစာရင်း ကူးယူလိုသည့် ပါတီများကိုလည်း တမျက်နှာ (၂၀၀) ကျပ် ပေးရမည်ဟု ငွေကြေးနှင့် ပိတ်ဆို့လိုက်ပြန်သည်။ ရွေးကောက်ပွဲ မသမာမှုကို ကန့်ကွက်ဖို့က ပို၍ပင် ခက်ခဲသေးသည်။ ငွေကျပ် (၁၀) သိန်းတင်မှ ကန့်ကွက်ခွင့်ရမည်ဆိုသည်။ ဤမျှ မတော်မတရား ညစ်ပတ်ထားသည့် ရွေးကောက်ပွဲအစီအစဉ်များမှာ ယခုမှ အစပျိုးကာစသာရှိသေးသည်။ နိုဝင်ဘာ (၇) ရက်နီးလာလေ ညစ်ပတ်ကောက်ကျစ်မှုများ ပို၍ ပို၍ များလာလေဖြစ်ဖို့ သေချာသည်။ အညစ်ပတ်ဆုံးကိစ္စကိုလည်း မျက်ဝါးထင်ထင် မြင်နေရပြီးဖြစ်သည်။ စစ်တပ် (၄) ပုံ (၁) ပုံ ယူပါရစေဆိုသည်ကို သဘောတူလိုက်သဖြင့် ယခု ကြံ့ဖွံ့စစ်တပ်ပါတီ ထပ်ဖွဲ့ကာ စစ်တပ်က လွှတ်တော်များတွင် (၄) ပုံ (၃) ပုံ မက အပိုင်စီးတော့မည်။ လွှတ်တော်ထဲတွင် political space ရှာမည်ဆိုသူများ ယခုထိ သဘောမပေါက်သေး၊ အရှည်ကို မမြင်နိုင်သေးသည်မှာ အံ့စရာဟု ဆိုရတော့မည်။

 

စင်စစ် စစ်အုပ်စု မလျော်မကန် ကြံစည်နေသော ၂၀၁၀ ရွေးကောက်ပွဲ၏ အဓိက ပစ်မှတ်မှာ ဒေါ်အောင်ဆန်းစုကြည် ဖြစ်သည်။ ၁၉၉၀ ရွေးကောက်ပွဲရလဒ်နှင့် ဒေါ်အောင်ဆန်းစုကြည်၏ အခန်းကဏ္ဍကို ၂၀၁၀ ရွေးကောက်ပွဲအသစ်ဖြင့် စစ်အုပ်စုက ချေဖျက်ရန် လုပ်နေခြင်းဖြစ်သည်။ ထိုသို့ မူလရည်ရွယ်ချက် ကိုယ်၌က မရိုးသားသည့်အလျောက် စစ်အစိုးရ၏ ၂၀၀၈ နာဂစ်ဖွဲ့စည်းပုံနှင့် "နိုင်ငံရေးပါတီများ မှတ်ပုံတင်ဥပဒေ" စသည်တို့သည် 'ဒီမိုကရေစီဆန့်ကျင်ရေး၊ ဒေါ်အောင်ဆန်းစုကြည် ဆန့်ကျင်ရေး စီမံချက်' ဖြစ်နေကြောင်း ထင်ရှားသည်။ ထို့ကြောင့် ပြည်တွင်းပြည်ပ နိုင်ငံရေးအကဲခတ်များက ၂၀၁၀ ရွေးကောက်ပွဲကို အတုအယောင်ဟု အကဲဖြတ်ကြခြင်းဖြစ်သည်။ အဓိက အတိုက်အခံ NLD ကို ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့် မပေးလို မပေးရဲသည့် သဘော၊ ဒေါ်အောင်ဆန်းစုကြည်အား လူထုက ထပ်မံရွေးချယ်မည်ကို ကြောက်လန့်နေသည့် သဘောက ပေါ်လွင်လွန်းသည်။ 

 

သို့တစေ NLD သည် လူထုတိုက်ပွဲအတွင်းမှ ပေါ်ထွက်ခဲ့သည့် လူထုပါတီဖြစ်သည်။ အာဏာရှင်အလိုကျ ပါတီမဟုတ်သဖြင့် အာဏာရှင်က အသိအမှတ်မပြုရုံနှင့် NLD ပျောက်ကွယ်သွားမည်မဟုတ်။ လူထုအကျိုးကို မဆောင်နိုင်တော့၍ လူထုက အသိအမှတ်မပြုတော့လျှင်သာ ကွယ်ပျောက်သွားနိုင်သည်။ NLD က ပါတီမှတ်ပုံမတင်၊ ရွေးကောက်ပွဲမ၀င်ဟု ဆုံးဖြတ်ဆောင်ရွက်လိုက်ခြင်းမှာ စစ်အာဏာကို အာခံဆန့်ကျင်လိုက်ခြင်းဖြစ်သည်။ မတရားသည့် အမိန့်အာဏာကို ဖီဆန်ခြင်း (Civil Disobedience)  ဖြစ်သည်။ NLD ၏ အမြင့်ဆုံး သပိတ်တိုက်ပွဲ ပုံသဏ္ဍာန်လည်းဖြစ်သည်။ NLD သည် တိုက်ပွဲအတွင်း၌ ဆက်ရှိနေသည်။ စစ်အာဏာကို သိဒ္ဓိတင်ပေးရမည့် ရွေးကောက်ပွဲမှန်းသိသိနှင့် ရွေးကောက်ပွဲဝင်ကြသူများသာ ဒီမိုကရေစီတိုက်ပွဲ စည်းအပြင်၌ ရောက်နေကြခြင်းဖြစ်သည်။

 

ပြည်သူအများကမူ ထိုမျှလောက် မေ၀၀ါးကြ။ တပ်ဦးပါတီများဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်နှင့် လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPP) တို့၏ သပိတ်တိုက်ပွဲခေါ်သံကို စတင်ထောက်ခံလာနေကြပြီ။ ယနေ့ပြည်သူသည် နိုင်ငံရေးစိတ်မ၀င်စားသော ပြည်သူမဟုတ်။ စစ်အာဏာရှင်သည် ပြည်သူကို နိုင်ငံရေးစိတ်မ၀င်စားရဲအောင် အကြီးအကျယ် ရက်ရက်စက်စက် ဖိနှိပ်ခဲ့သည်။ မအောင်မြင်ခဲ့။ 

 

ယနေ့ သတင်းနည်းပညာခေတ်တွင် ပြည်သူလူထုဘက်၌ လူထုဆက်သွယ်ရေးနည်းပညာ၊ အင်တာနက်ကွန်ရက်၊ သတင်းမီဒီယာစသည်တို့ ရှိနေသည်။ လူထုနားမျက်စိ အပျော်တမ်း သတင်းသမားလူငယ်များ၊ ဘလော့ဂါများလည်း ရှိနေပြီ။ ထို့ကြောင့် စစ်အာဏာရှင်တို့ ၀ါဒဖြန့်ချိသလို ၂၀၁၀ ရွေးကောက်ပွဲသည် ပြည်သူလူထုအဖို့ တခုတည်းသော ရွေးချယ်စရာ ထွက်ရပ်လမ်းဆိုခြင်းကို မျက်ကန်းရမ်းဆ လက်ခံကြလိမ့်မည်လည်းမဟုတ်။ 

 

လွတ်လပ်မျှတသည့် ရွေးကောက်ပွဲလား၊ အတုအယောင် ရွေးကောက်ပွဲလား။ အရောင်အသွေးစုံ ပါဝင်ခွင့်ရှိသည့် ရွေးကောက်ပွဲလား၊ နိုင်ငံတကာ လေ့လာအကဲခတ်သမားများ၏ ရှေ့မှောက်၌ မြင်သာထင်သာ ကျင်းပသည့် ရွေးကောက်ပွဲလား၊ တံခါးပိတ် ကျင်းပသည့် ရွေးကောက်ပွဲလား စသည်ဖြင့် မဆန်းစစ်ဘဲ နေကြမည်လည်းမဟုတ်။ ယခု ရွေးကောက်ပွဲသည် နိုင်ငံရေးပဋိပက္ခများကို လျော့ကျစေခြင်းထက် ပြည်တွင်းစစ်အသစ်တခုဆီ ဦးတည်နေသည်ကို လူထုက မမြင်ဘဲ နေမည်မဟုတ်။ လူထုသည် အချိန်ကျလျှင် နိုင်ငံရေးတာဝန်ကျေပွန်ကြသူများ ဖြစ်ကြောင်း သမိုင်းတွင် အထပ်ထပ်အဖန်ဖန် တွေ့ခဲ့ရပြီးဖြစ်သည်။ 

 

သို့ဖြစ်၍ ယခု ၂၀၁၀ နိုင်ငံရေးလမ်းဆုံတွင်လည်း လူထုသည် စစ်အာဏာရှင်တို့ ဆင်ထားသော သေတွင်းထောင်ချောက် လမ်းမှားသို့ လိုက်ကြမည်မဟုတ်သည်မှာ သေချာသည်။  အဆုံးအဖြတ်ကာလရောက်လျှင် လူထုကပင် ဆုံးဖြတ်ပါလိမ့်မည်။ ထိုအချိန်ရောက်လျှင် လူထုအသံကို နာခံရန် နိုင်ငံရေးသမားတို့ ပြင်ထားကြပါကုန်။